Saturday, September 17, 2022

စအိုနာ(ခေါ်)ဂရင်ဂျီနာ ပျောက်ဆေး

"အဒေါ်တစ်ယောက်စအိုပတ်ပတ်လည်နားမှာ အဖုလေးတွေပေါက်နေလို့ ဆေးနည်းလေးညွှန်းပေးကြပါဦးရှင်။" -အဲလိုလေးဖတ်ရပါတယ်။ ကျမတို့အခေါ်တီကျိတ်နာလို့ခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ် ခြောက်ဆယ်နီးပါးကကျမရဲ့မောင်အငယ်ဆုံးဖြစ်ခဲ့ဖူးတယ်။စအိုတစ်ဝိုက်တစ်လုံးပြီးတစ်လုံးမပြတ်ဘူး။စစ်တွေသွားလို့ဆရာဝန်ပြလည်းမကောင်းဘူး။အဲဒီတုန်းကမောင်လေးနှစ်ကျော်အရွယ်။အမြဲတငိုငိုတရယ်ရယ်နဲ့နာလွန်းတော့ကလေးကစိတ်တိုနေပြီ။ တစ်နေ့တော့လူကြီးတစ်ယောက်ကအကြံပြုတယ်။ငှက်ပျောပင်ကြားက တီကိုလှော်ပြီးပြာချ အဲဒီပြာနဲ့အနာကိုဖိသိပ်လို့ပြောပါတယ်။ မေမေတို့ကလည်းအဲလိုလုပ်ဖို့သတ္တိမရှိတော့ခြံကအလုပ်သမားဘီဆနိုကိုခိုင်းလိုက်ပါတယ်။သူကလည်းလုပ်ပြီးဗလာစာရွက်နဲ့ထုပ်ပြီးပေးလာပါတယ်။အများဆုံးရှိလှ တစ်ကျပ်သားလောက်ပါပဲ။ပထမတစ်ခါထည့်ကတည်းကသိသာပါတယ်။ဆေးလည်းကုန်အနာလည်းကောင်း (59)နှစ်လုံးလုံးတသေတိလုံးဝမဖြစ်ခဲ့တော့ပါ။ ခု-သုံးကြမလားဆိုရင်ဘယ်သူမှသုံးရဲမှာမဟုတ်ဘူး။ကိုယ်တောင်စဉ်းစားရဦးမယ်။ ပျောက်ခဲ့တာတော့အမှန်ပဲ။ zawgyi စအုိနာ(ခေၚ)ဂရင္ဂ်ီနာ ေပ်ာက္ေဆး "အေဒၚတစ္ေယာက္စအိုပတ္ပတ္လည္နားမွာ အဖုေလးေတြေပါက္ေနလို႔ ေဆးနည္းေလးၫႊန္းေပးၾကပါဦးရွင္။" -အဲလိုေလးဖတ္ရပါတယ္။ က်မတို႔အေခၚတီက်ိတ္နာလို႔ေခၚပါတယ္။လြန္ခဲ့တဲ့ႏွစ္ ​ေျခာက္ဆယ္နီးပါးကက်မရဲ႕ေမာင္အငယ္ဆုံးျဖစ္ခဲ့ဖူးတယ္။စအိုတစ္ဝိုက္တစ္လုံးၿပီးတစ္လုံးမျပတ္ဘူး။စစ္ေတြသြားလို႔ဆရာဝန္ျပလည္းမေကာင္းဘူး။အဲဒီတုန္းကေမာင္ေလးႏွစ္ေက်ာ္အ႐ြယ္။အၿမဲတငိုငိုတရယ္ရယ္နဲ႔နာလြန္းေတာ့ကေလးကစိတ္တိုေနၿပီ။ တစ္ေန႔ေတာ့လူႀကီးတစ္ေယာက္ကအႀကံျပဳတယ္။ငွက္ေပ်ာပင္ၾကားက တီကိုေလွာ္ၿပီးျပာခ် အဲဒီျပာနဲ႔အနာကိုဖိသိပ္လို႔ေျပာပါတယ္။ ေမေမတို႔ကလည္းအဲလိုလုပ္ဖို႔သတၱိမရွိေတာ့ၿခံကအလုပ္သမားဘီဆႏိုကိုခိုင္းလိုက္ပါတယ္။သူကလည္းလုပ္ၿပီးဗလာစာ႐ြက္နဲ႔ထုပ္ၿပီးေပးလာပါတယ္။အမ်ားဆုံးရွိလွ တစ္က်ပ္သားေလာက္ပါပဲ။ပထမတစ္ခါထည့္ကတည္းကသိသာပါတယ္။ေဆးလည္းကုန္အနာလည္းေကာင္း (59)ႏွစ္လုံးလုံးတေသတိလုံးဝမျဖစ္ခဲ့ေတာ့ပါ။ ခု-သုံးၾကမလားဆိုရင္ဘယ္သူမွသုံးရဲမွာမဟုတ္ဘူး။ကိုယ္ေတာင္စဥ္းစားရဦးမယ္။ ေပ်ာက္ခဲ့တာေတာ့အမွန္ပဲ။

No comments:

Post a Comment