ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, January 15, 2018
နှင်းခူဆေး
ကျွန်တော့်ရဲ့မိတ်ဆွေတွေထဲမှာ( နှင်းခူ )ပေါက်နေတဲ့သူ ရှိလားတော့ မသိဘူး..
အကယ်၍ မိမိ၏ အရေပြားပေါ်၌ နှင်းခူ ပေါက်နေရင် လုံးဝ လုံးဝ စိတ်မညစ်ပါနဲ့..
နှင်းခူနဲ့ပတ်သက်ပြီး ဆေးကောင်းတလက်ကို ကျွန်တော် အာမခံပြီး ဖော်ပြပေးပါ့မယ်။
နှင်းခူကို (Eczema)လို့ ခေါ်ပါတယ်။
နှင်းခူရောဂါဟာ အမျိုးအစား(၈)မျိုးခန့် ရှိပါတယ်။
(1)Atopic dermatitis.
(2)Contact dermatitis.
(3)Dyshidrotic eczema.
(4)Hand eczema.
(5)Neurodermatitis/Lichen simplex chronicus.
(6)Nummular eczema.
(7)Seborrheic dermatitis.
(8)Stasis dermatitis.
ဒီ (၈)မျိုးဟာ နှင်းခူ ဖြစ်တည်လာပုံခြင်း မတူဘူး ခင်ဗျ..
ဥပမာ”အချို့က သွေးကြောင့်ဖြစ်တတ်တယ်၊လက်ပတ်နာရီ၊စတီး၊နီကယ်နှင့်အခြားသော သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖန်စီပစ္စည်းတွေ ဝတ်ဆင်လို့လည်းဖြစ်တတ်တယ်၊ခုခံအားကျဆင်းလို့လည်းဖြစ်တတ်တယ်၊ဓာတ်မတည့်တဲ့အစားအစာတွေ စားသုံးမိလို့လည်းဖြစ်တတ်တယ်၊တစ်ကိုယ်ရေမသန့်ရှင်းလို့လည်းဖြစ်တတ်တယ် စသည်ဖြင့်ပေါ့ မတူညီကြပါဘူး..
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အရေပြားပေါ်မှာ ဖြစ်ပေါ်လာပြီဆိုကတည်းက မကူးစက်အောင် ကာကွယ်ရတော့မှာပဲ...
ပျောက်ကင်းအောင် ကုသမယ်ဆိုရင် ဆေးနည်းတွေက အများကြီးပါ..
အဲသလိုအများကြီးရှိတဲ့အထဲမှ အထိ့ရောက်ဆုံး၊အလွယ်ကူဆုံးနဲ့ လက်တွေ့အမြန်ပျောက်တဲ့နည်း တစ်မျိုးတည်းကို ကျွန်တော် လမ်းညွှန်ပြောပြပါ့မယ်။
ဒီနည်းက အရမ်းလွယ်ကူတယ် ခင်ဗျ...တခြားခက်ခက်ခဲခဲတော့မဟုတ်ပါဘူး.. မြို့ပြနှင့်ကျေးလက်ဒေသတွေမှာ အလွယ်တကူရနိုင်တဲ့ ငါးခူ(catfish)ငါးကို ဦးခေါင်းကိုဖြတ် အတွင်း ပသိများကိုဖယ်ရှားပြီး နေအခြောက်လှန်း၍ မီးဖြင့်အပူပေးပြီး ပြာချပါ။
ရရှိလာတဲ့ ငါးခူခေါင်းပြာအမှုန့်ကို အုန်းဆီ(သို့)ရေနံဆီဖြင့် ပျစ်ပျစ်ဖျော်စပ်ပြီး နှင်းခူးထဲသို့ စိမ့်ဝင်အောင်ပွတ်ပေး၍ အဝတ်စပါးပါးဖြင့် စည်းထားပေးလိုက်ပါက တစ်ပတ်အတွင်းမှာ သိသိသာသာ နည်းပါးလာပြီး ပျောက်ကင်းသွားပါလိမ့်မယ်။
ကျွန်တော် အာမခံပါတယ်..လက်တွေ့ပြုလုပ်ကြည့်ပါ။
ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။
ဘဝခါးခါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment