Monday, August 19, 2013

လိမ်ပြီးတောင် ကျေးဇူးကန်းရတယ်လို့


*************************

အီဂျစ်နိုင်ငံမှာ စစ်အစိုးရ အာဏာ သိမ်းတာနဲ့ ဘယ်လိုမှ မသက်ဆိုင် ပဲ မွတ်စ်လာမ် အကြမ်းဖက် လူအုပ်ကြီးက ခရစ်ယာန် ဘုရား ရှိခိုးကျောင်းတွေကို မီးကုန်ယမ်းကုန် မီးရှို့ဖျက်ဆီး အကြမ်းဖက် ခဲ့ကြတာ မနည်းမနောပါပဲ ။ စာရင်းဇယား အတိအကျ ဆိုရင် - ခရစ်ယာန် ဘုရားကျောင်းပေါင်း (၂၀) ကျော် (၃၀) နီးပါး မီးလောက် ပျက်စီး ခဲ့ရပြီး ကိုင်ရို မှာ ရှိသမျှ ခရစ်ယာန် ဘုရားကျောင်း ကုန်သလောက် နီးပါး ပါပဲ ။ အီဂျစ် မှာဖြစ်နေတဲ့ ပဋိပက္ခ ဆိုတာ ကလည်း သူတို့ စစ်အစိုးရ ကို မကျေနပ် လို့ ပြဿနာရှာပြီး အစိုးရက အကြမ်းဖက် နှိမ်နင်းတဲ့ -


( မွတ်စ်လာမ် Vs မွတ်စ်လာမ် ) အလ္လာရှင်မြတ် ပေးသနားတဲ့ သွေးမြေ
ကျ တိုက်ပွဲကြီး လို့ပဲ ဆိုရမှာပေါ့လေ ။

သို့ပေမယ့် ဒေါသအမျက် ချောင်းချောင်းထွက်နေတဲ့ မွတ်စ်လာမ်လူရမ်းကား အုပ်စုကြီး ကတော့ မဆီမဆိုင် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေကို မီးတိုက် ဖျက်ဆီး ကြရုံတင် မက ဘုရားကျောင်း အတွင်းမှာ ရှိနေတဲ့
ခရစ်တော်နှင့် သက်ဆိုင်တဲ့ ရုပ်တုတွေအထိ ချမ်းသာမပေးပဲ ဖျက်ဆီးခဲ့တာ သတင်း စာမျက်နှာတွေမှာ မကြည့်ချင်မှ အဆုံးပါပဲ ။

ဒီလို ဆိုတော့ အီဂျစ် စစ် အစိုးရ အာဏာ တက်သိမ်း တာနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီး လိုက်ကြတာနဲ့ ဘယ်လို ဆက်စပ်ပြီးနားလည်ပေး ရမှန်း မသိပေမယ့် ဒါကလည်း မွတ်စ်လာမ်နိုင်ငံ တွေမှာ ဘာသာခြား အဆောက် အဦးတွေကို အကြောင်းရှာ ဖျက်ဆီး လေ့ရှိတဲ့ မူလဗီဇ စရိုက်လက္ခဏာ မို့ သိပ်တော့ ထူးဆန်းတယ် မထင်ခဲ့ ။

ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ ကုန်သလောက်ရှိပြီဆိုမှပဲ မြို့ပေါ်မှာအထင်ကရရှိတဲ့ ဘုရားကျောင်း တစ်ခုအရှေ့မှာ မွတ်စ်လာမ်တွေမှန်းသိသာာရလေအောင် တူညီဝတ်စုံတွေ ဝတ် ၊ လက်ချင်း ချိတ်ပြီးခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေကို ကာကွယ် ပေးကြ ပါတယ်ဆိုတဲ့ ဇာတ်ကွက်
လောက်နဲ့ ဓါတ်ပုံအရိုက်ခံပြီး ပျားရည်နဲ့ဝမ်းချဖို့ ကြိုးစားနေလေရဲ့။

မည်သည့် ဘာသာဝင်တွေ ရဲ့ ကိုးကွယ်မှု ဆိုင်ရာ အဆောက် အဦး တွေပျက်စီးရင် ဘာပဲပြောပြော စိတ်မကောင်း ဖြစ်ရပေမယ့် သူတို့မျိုးနွယ်တူမူလ နိုင်ငံသား အချင်းချင်း ကျေကျေ နပ်နပ် ဖြစ်ကြတယ် ဆိုရင်တော့လည်း ပြီးတာပဲပေါ့ ။ သို့ပေမယ့်လည်း -

အမှန်တရားကတော့ လူနည်းစု ကိုးကွယ်ရာ ခရစ်ယာန် ဘုရား ကျောင်းတွေကို ပဋိပက္ခ အကြောင်း ပြပြီး လူများစု ဖြစ်တဲ့ မွတ်စ်လာမ် များမှ အကြမ်းဖက် ဖျက်ဆီး မီးရှို့ တတ်ကြတာကိုတော့ ကမ္ဘာကလည်း ရိုးနေပြီမို့
ဒီလောက်နဲ့ ဆင်သေကို ဆိတ်သားရေ နဲ့ ဖုံးလို့ မရသေးပါဘူးပဲ ပြောချင်မိပါရဲ့ ။

အဲဒါကိုမှ မြန်မာနိုင်ငံက ပြည်တွင်းနေ - မွတ်စ်လာမ် တွေ က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို မွတ်စ်လာမ်တွေကမီးရှို့ဖျက်ဆီး နေကြစဉ်မှာ ကျိတ်ဝမ်းသာလို့ မည်သည့်အသံမှ ထွက်မလာပေမယ့် ကာကွယ်ပေးနေကြတယ်ဆိုပြီး ရှုထောင့် မျိုးစုံက ပတ်ရိုက်ထားတဲ့ ဘုရားကျောင်း တစ်ခု
ရှေ့က ဓါတ်ပုံတွေနဲ့ မဆီ မဆိုင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေကို ခိုင်းနှိုင်းပြီး မွတ်စ်လာမ်ဇာတ်နာခန်း ၊ ချီးမွန်းခန်း တွေဖွင့်လို့ မြန်မာတွေကို ပုတ်ခတ်နေတာ အတော်လေး လွန်လာ လို့ရေးလိုက်ပါတယ်။

အီဂျစ်မှာ မွတ်စ်လာမ်တွေ ဖျက်ဆီးတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ မွတ်စ်လာမ်တွေ ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ ခရစ်ယာန်ဘုရားကျောင်းအရေအတွက် ဘယ်ဟာ ပိုများမယ် ထင်သလဲ ?

ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူ ဘုရားကျောင်း (၄၇)ကျောင်းနဲ့ အိမ်ခြေ (၇၀၀)ကျော်ကို ဖျက်ဆီးခဲ့ကြတာ
မွတ်စ်လာမ် လူအုပ်စု တစ်ခုတည်းလား ? ဘင်္ဂလားသား မွတ်စ်လာမ်တိုင်း နီးပါး ပါဝင်ခဲ့ကြတာလား ?

မိတ္ထီလာ လားရှိုး ပဋိပက္ခတွေမှာ မြန်မာတွေ ကယ်တင်ခဲ့တဲ့ မွတ်စ်လာမ်တွေ အသက် ထောင်ပေါင်းများစွာ အသက်ချမ်းသာရာ - ရရှိ ခဲ့ကြလား ? .... မရရှိခဲ့ကြဘူးလား ? ကယ်တင်တယ် ဆိုတော့လည်း ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာ လူငယ်တွေပဲ - ဟုတ်လား ? .... မဟုတ်ဘူးလား ?

ဖျက်ဆီး ခံရတယ် ဆိုတဲ့ ဗလီ အရေအတွက် နဲ့ ဘင်္ဂလားဒေ့ရှ် - ရခိုင်နယ်စပ်မှာ ရှိတဲ့ ဘုန်းတော် ကြီးကျောင်းတွေ ရခိုင်ရွာတွေ ဘယ်ဟာကပိုများမယ် ထင်လဲ ?

မြန်မာပြည်မှာ ဖြစ်ခဲ့ရတဲ့ ပြဿနာတိုင်းကိုစပြီး မီးမွှေးခဲ့တာ မွတ်စ်လာမ်တွေချည်းပဲ ဘာကြောင့် ဖြစ်နေရတာလဲ ?

ရန်ကုန် - မန္တလေး မြို့ကြီးတွေမှာ မွတ်ဆလင်တွေနဲ့ဖြစ်နိုင်မယ့် ပဋိပက္ခအရိပ်ယောင်တွေ ရှိလာရင် အရင်ဦးဆုံး ဟန့်တားပြီး ထိန်းသိမ်း ပေးနေတာ မြန်မာတွေ မဟုတ်လို့ မင်းတို့ အမေလင်တွေလို့ ထင်နေလို့လား ?

ဒုက္ခသည် စခန်းတွေမှာ မွတ်စ်လာမ်တွေ ဘက်က မွတ်စ်လာမ် သီးသန့်အထောက်အပံ့တွေသာ လုပ်နေကြပေမယ့် ၊ မြန်မာတွေ ဘက်က ရိက္ခာတွေကို မွတ်စ်လာမ်တွေ ဘက်ကိုပါ ခွဲဝေပေး လှူဒါန်းနေကြတာ မြန်မာတွေပဲ မဟုတ်လို့ မင်းတို့ အမေလင်တွေ လို့ချည်းထင်နေလို့လား ?
(ရေဘေး ဒုက္ခသည်တွေ အပါအဝင်)

ကျေးဇူးတရား ဆိုတာကို ဘယ်သောအခါမှ မတင် တတ်ပဲ စော်ကားနေတာတွေ အူအိုင်စီ ပထွေးမျှော်ပြီး အမြီးနှန့်နေတာတွေကို ပြည်တွင်းနေမွတ်စ်လာမ်တွေ လျော့ကြဖို့ အချိန်တန်နေပြီလို့ ထင်မိပါရဲ့ဗျာ ။

ဦးယဉ်ကျေး ။ ။
၂၀၊၈၊၁၃။

မှတ်ချက်။ ။

ဓါတ်ပုံရိုက်ပြီးချိန်မှာတော့ ထို ခရစ်ယာန် ဘုရားကျောင်းမှာ မီးရှို့ဖျက်ဆီး
ခံခဲ့ရပါတယ် ။

အကြမ်းဖက် မီးရှို့မခံရစဉ် ဓါတ်ပုံအရိုက်ခံနေပုံ ။
https://www.facebook.com/photo.php?fbid=326556924147229&set=pcb.326564510813137&type=1&theater

ဟန်ရေးပြ ဓါတ်ပုံ အရိုက်ခံပြီး အကြမ်းဖက် မီးရှို့ ခံနေရသောပုံ
https://www.facebook.com/photo.php?fbid=326557090813879&set=pcb.326564510813137&type=1&theater

ဓါတ်ပုံနှစ်ပုံယှဉ်ကြည့်ပါက မီးရှို့ဖျက်ဆီးခံရသော ခရစ်ယာန်ဘုရားကျောင်း
နှင့် လက်ချင်း ယှက် တူညီ ဝတ်စုံနှင့် ဟန်ရေးပြ ဓါတ်ပုံ အရိုက်ခံ နေသော
အနောက်မှ ခရစ်ယာန် ဘုရားကျောင်း မှာအတူတူပင် ဖြစ်ကြောင်း တွေ့ရ
မှာဖြစ်ပါတယ် ။

Photo credit > ရာဇာဓိ ရာဇာ

No comments:

Post a Comment