Saturday, August 17, 2013

ပြည်သူပိုင်တာကို စစ်ဆေးတွေ့ရှိရင် ပြန်ပေးရမယ်လေ

အရင်အစိုးရလက်ထက်က အုပ်ချုပ်ရေး အာဏာပိုင်တချို့ဟာ တောင်သူတွေဆီက လယ် ယာမြေတွေကို သိမ်းယူထားပြီး မိသားစုဝင်နာမည်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပြုလုပ်ထားကြ တယ်လို့ ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးစောရွှေက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီ အုပ်ချုပ်ရေးအာဏာပိုင်တချို့ဟာ သိမ်းထားတဲ့လယ်တွေကို သီးစားချထားတာတွေလည်း ရှိတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (၈) ရဲ့ ဥက္ကဌလည်းဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောရွှေက RFA ကို ပြောပါတယ်။

"အခုလောလောဆယ်က ကျနော်အခုသွားစစ်တဲ့ အထဲမှာလည်းရှိတယ်၊ ထွေအုပ်ရယ်၊ ရဲရယ်၊ မြေစာရင်းရယ်စသဖြင့် အာဏာပိုင်တွေက ယူပြီးတော့မှ သူတို့ကသီးစားချထားတာ အပိုင်း(၃)မှာ အဲဒါတွေကို ပြန်ပေးသင့်ပါတယ်လို့၊ အရင်အစိုးရတုန်းကတော့ ယူကြတာပေါ့ဗျာ၊ အုပ်ချုပ်ရေး အပိုင်းတွေက သူ့နာမည်နဲ့ မယူတာတောင်မှ အမျိုးသမီးနာမည်နဲ့ သားနာမည်နဲ့ အဲဒါတွေ ယူထားတဲ့ တိုင်စာတွေပါတယ်၊ အဲဒါကတော့ အဓိပ္ပာယ်မရှိဘူးလေ၊ သူတို့ အာဏာရှိ တုန်းယူတာ၊ ဒီခေတ်မှာတော့ ကျနော်တို့ကဒါတွေကို စစ်ဆေးပြီးတော့ မှ ပြန်ပေးရ မယ်လေ ပြည်သူပိုင်တာ"

RFA Burmese (16-8-2013)

No comments:

Post a Comment