ဦး ယဉ်ကျေး
ပုဂံမင်း
******
ပုဂံမင်း ဟု ဆိုလိုက်လျှင် မင်းတုန်းမင်းနှင့် ကနောင်မင်းသား တို့၏ နောင်တော်ကုန်းဘောင်မင်း ( ၁၁ ) ဆက် စာရင်းဝင် ဘုရင် တစ်ပါး ဖြစ်ပေမယ့် သီပေါမင်းထက်ပင် အရည်အချင်း ညံ့ဖျင်းသော ဘုရင် ဟု မှတ်တမ်းတင်ထိုက်သည် ။ သီပေါမင်း လက်ထက်တွင် မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ ရောက်ခဲ့ရသည် ဆိုစေကာမူ တစ်ဘက်က ရန်သူ အင်္ဂလိပ်က အစစ အရာရာ သာလွန်ပြီး အကွက်ကျကျ စီမံ၍ စစ်မက်ပြုခြင်းကြောင့်ဟု ဖြေတွေးနိုင်သေး၏ ။
ပုဂံမင်းသည်ကား ဤသို့မဟုတ် မိခင် မိဖုရားခေါင်းကြီး၏ ကြံစည်မှုကြောင့်သာထီးနန်း အရိုက်အရာကို ရခဲ့သော်လည်း မင်းသား ဘဝမှာပင် မင်းတို့ တတ်အပ်သော ပညာ တို့ကိုမသင် ။ အသောက်အစားအပျော် အပါး တို့၌သာပျော်မွေ့ပြီး၊ထီးနန်း လက်ဝယ် ရရှိ လာစဉ်တွင် တိုင်းရေး ပြည်ရာ စီမံမှုတို့ကို စိတ် မဝင်စား နံနက်အိပ်ရာ နိုးထသည်နှင့် " သည်နေ့ တိုက်ပွဲ ဘယ်နှစ်မျိုး စီစဉ်ထားပြီး ပြီလဲမောင်မင်းတို့ " ဟူ၍သာ မေး နေကျ မေးခွန်းကို နန်းသက် ၆ နှစ် တာ အတွင်းမိန့်တော်မူလေ့ ရှိခဲ့သည် ဟူ၏ ။ သူ၏ လက်ထက်တွင် တိုင်းရေးပြည်မှု ကိစ္စတို့တွင် မင်းညီ မင်းသား မှူးမတ်များသို့ လွဲထားပြီးအပျော် အပါးမှု၊ တိရိစ္ဆာန်တိုက်ပွဲ ၊ လက်ဝှေ့တိုက်မှု များတွင်သာ မွေ့လျော်နေခဲ့သည် ။
ပုဂံမင်းသည် ဖခင်ရွှေဘိုမင်း၏ အရိုက်အရာကို မိခင်၏ အကူအညီ ဖြင့်သာ ရခဲ့သော်လည်းပြည်သူတို့၏ ချစ်မြတ်နိုးမှုကို မင်းသားဘဝကပင်ရရှိခဲ့သည်မဟုတ်။ဘုရင်ဖြစ် လာသော အချိန် တွင်လည်းလူ လက်ဝှေ့ပွဲ ၊ ဆင်ချင်း ထိုးပွဲတို့မှ စ၍ကြက် ၊ ငှက် ၊ သိုး ၊ ဆိတ် ၊ လိပ် စသည်တို့ကို အရာရှိငယ် တို့က တွဲဖက်ဝန်းရံ
ပေး ထားပြီး ရပြီး တိုက်ခိုက်ပွဲ အတွက် အစုံပေါင်း မည်မျှရှိပါသည်ဟု လျှောက်တင်ရလေ၏ ။
ဘိုင်ဆပ် ဆိုသည်မှာ
**************
မြို့တော်အနီး ဗုန်းအို ရွာမှ " ဘိုင်ဆပ် " ဟုခေါ်သော မွတ်စ်လာမ်ကုလားလူမျိုးသည် မူလက တောလိုက် မုဆိုး ဖြစ်၍ တိုက်ခိုက် တတ်သောသဘာဝ ရှိသည့်တိရိစ္ဆာန်များ အကြောင်းကို နားလည် ကျွမ်းကျင်လှသည်။ ထို့ကြောင့် တိရိစ္ဆာန်တိုက်ခိုက်ပွဲများ၌ ပျော်မွေ့လှသော ဘုရင့် ဝါသနာနှင့်အံကိုက်၍ အပါးသို့ ခစား
ဝင်ထွက်နိုင်သူ ဖြစ်လာသည်။ ထို့အပြင် ဘုရင် ကြိုက် နှစ်သက်သော နိုင်ငံခြားဖြစ် အရက်များကိုလည်း မပြတ်မလပ် ရအောင်ဆက်သနိုင်သော ပြည်ပမှ ကုန်သည် အဆက်အသွယ်ရှိသူ ဖြစ်ရကား ဘုရင်မှ အထူးပင်သဘောတွေ့ပြီး ဘိုင်ဆပ် မှာ မျက်နှာသာရလေ၏ ။
ပုဂံမင်းသည်သူ၏ ဝါသနာနှင့် အပျော်အပါး တို့တွင် မင်းအကြိုက် ဆောင်တတ်လွန်း၍ အထူး အားကိုးရသော ဘိုင်ဆပ် ကို ဆုတော်လာဘ်တော် ပေးသနားရုံမျှမက အရေးပါသော မြို့ဝန်မင်း ရာထူး ကိုပေး၍ ချီးမြှောက်ပြီး သူကောင်းပြုလိုက်သောအခါ ရဟန်း ရှင်လူ အပေါင်းတို့ စိတ်နှလုံး ညှိုးခြုံးစေ၍ ဒုက္ခကြီး စွာ
ဖြစ် ရလေတော့သည် ။
အမှန် စင်စစ် ငဘိုင်ဆပ် ဆိုသည်မှာ ကား ၎င်း၏ မူလ အမည် အရင်း မဟုတ်။ပုဂံမင်း ၏ လက်ရင်းတပည့် မဖြစ်မှီကပင် မြန်မာတွေနှင့် ဆက်ဆံ ရာတွင် မူလမွတ်ကုလား နာမကို ဖျောက်ပြီး ဘိုင်ဆပ် ဟု သာ လူလည် ကုလားမှ ခေါ်တွင်စေခြင်းဖြစ်သည် ။
ဘိုင် = ဆရာ
ဆပ် = သခင်
ဘိုင် + ဆပ် = ဆရာသခင် ၊ ဟု
ုမြန်မာလို အဓိပ္ပါယ် ရသည် ။ ထိုသို့ တင်တင် စီးစီး ခေါ် စေရန် လူလည် ကျပြီးလူပါးဝစွာ သူ့ကိုယ် သူ ပေးထားသော အမည်ဖြစ်သည် ။ ဘိုင်ဆပ် ၏ အမည်အရင်းကို မည်သူမှမသိကြ ။ အမှန် ဆိုလျှင် အီစွပ် ၊ အဒူလဒူ ၊ ဘီလား ၊ မူဆာစသော ကုလားနာမည်များထဲက တစ်ခုခုသာလျှင်ဖြစ်ပေလိမ့်မည်။ ထိုသို့ မူလ
စိတ်ထားကပင် မြန်မာတွေအပေါ် သဘောထားမဖြူစင်ခဲ့သူ ငဘိုင်ဆပ် ပင်ဖြစ်သောကြောင့် ရာထူးနှင့် အာဏာ လက်ဝယ် ရရှိ လာသော အခါတွင် လွန်စွာမှယုတ်မာမှု အပေါင်းကို လုပ်ဆောင်ပြီး ထီးနန်း အထိပါ ကြံစည်လေတော့၏ ။
မြို့ဝန်မင်း ဘိုင်ဆပ်
******************
ပုဂံမင်း နန်းတက်ပြီး ၁၂၀၈ ခုနှစ်၌ ပင် တောလိုက် မုဆိုး ဘဝမှ အမရပူရ ရွှေမြို့တော်ဝန် ဖြစ်လာ၏ ။ နန်းတော်မြို့အတွင်း၌တိရိစ္ဆာန် တိုက်ပွဲများ ကျင်းပရန်ကန်များ ၊ မြောင်းများကို မုဆိုးကျော် ဘိုင်ဆပ် မှ ကြီးကြပ် ဆောက်လုပ် ပေး ခဲ့သဖြင့် ထိုနေရာများတွင် ယနေ့ထိကျန်ရှိတွေ့မြင်နိုင်သည်ဟူ၏ ။ ရှင်ဘုရင် နှင့်
အမတ်တို့ အလောင်းအစား ပြုလုပ်ကြရာတွင် ဘိုင်ဆပ်က ရှင်ဘုရင် ၏ ဘက်မှနိုင်စေရန် ထင်ကြေးများ ၊ အကြံ အဥာဏ်များပေး နိုင်သဖြင့် ရှင်ဘုရင် နှစ်လို ၍ကား တဖြည်းဖြည်း နှင့် သြဇာ ကြီးမားလာသည် ။ ရှင်ဘုရင် ကြက်တိုက် နေစဉ်ငဘိုင်ဆပ် က ထင်ရာစိုင်းပြီး မြန်မာပြည်သူတို့ကို အနိုင်ကျင့်လေတော့သည်။
ဘိုင်ဆပ် သည် သူ၏ လက်ရင်း တပည့် လူမိုက်များ အား ရာထူး နေရာ ကောင်းများ ပေးထားပြီး ပြည်သူ လူထု ကို ယုတ်မာခဲ့ ပုံမှာကား ပြော၍ မကုန် နိုင်ဘွယ်ဇာတ်လမ်းများ အဖြစ်ရှိခဲ့လေတော့၏ ။ (၁) မြို့စာရေး မောင်ပိန် (၂) တံခါး နီမှူးငရွှေဘော် (၃) ဈေးခေါင်း ငမှုံ (၄) ထန်းခေါင်း ငရှင်ကလေးတို့မှာထင်ရှားသည်။
ပြည်သူလူထုတို့အား စီးပွားရေးတောင့်တင်းသူများကို အမှုဆင်ကာ ဘိန်းထုပ်ပစ်၍ ဖမ်းဆီးခြင်း ၊ ဝက်သားတွဲ ပစ်၍ ဖမ်းဆီးခြင်း စသည့် လုပ်ထုံး လုပ်နည်းများဖြင့်အမှုဆင်သည်။ ရွှေ ငွေများ ပုံပေး နိုင်မှသာလျှင် အမှု မှ လွတ်ရ၏ ။ ၎င်းတို့ ရှောင်ကြဉ် ရသော ဝက်သားကို မည်သူမှ မစားဝံ့ ။ အမှု ကြီးငယ် အလိုက်တံစိုး လာဘ်မည်မျှ ပေးမှသာလျှင် လွတ်စေ ဟူ၏ ။ မိန်းမပျို ချောမော လှပ သူဟူလျှင် လင်ရှိ
မယားဆိုလျှင် လင်ကို အပြစ်ရှာပြီး ဖမ်းဆီး၍ မယားကို မရ အရ သိမ်းပိုက်သည်။မိန်းမပျို များအား ယုတ်မာ ဖျက်ဆီး၏ ။ အတည်တကျ ဖြင့် သိမ်းပိုက်ထားသောမိန်းမ ဦးရေ သည်ပင် (၄၀) ကျော်ခန့်ရှိသည် ။ ရဟန်းရှင်လူတို့သည်ထို ကုလားရန်ကြောင့် ကိုယ် စိတ် နှလုံး ကြိမ်မီး အုံး သကဲ့သို့ရှိကြလေ၏ ။
ဘိုင်ဆပ် မြို့ဝန်လုပ်သက် (၅) နှစ်တာအတွင်း သူနှင့်အပေါင်းအပါတို့ ညှင်းပန်းနှိပ်စက် သတ်ဖြတ် မှုကြောင့် မြန်မာများ ( ၃၀၀၀) ကျော်ခန့် အသက် အိုးအိမ် စည်းစိမ်ပျက်စီးခဲ့ရသည် ။ ထိုကြောင့်နေပြည်တော်တွင် ဘိုင်ဆပ် တို့ယုတ်မာမှုကို ဘုရင့်ရွှေနားတော်သို့ ပေါက်စေရန် စာချိုးပြီး ပညာရှိတို့မှ စပ်ဆိုကြ၏ ။
မျိုးနွယ်မတူ ၊ ဘယ်က လူ ပြည်သူပွက်အောင် ၊ ထားပါလိမ့် ။ချိုးကြက်တည်ရာ တွေ့ခဲ့ပါပြည်တော် ဘယ်သာမှာပါလိမ့် ။
ဘိုင်ဆပ်တို့ အဖွဲ့က မြန်မာအမျိုးသမီးများကိုလည်း မှန်မှန်ပင်ဖျက်ဆီး နေကြသဖြင့် အမရပူရ သူတို့မှာ သတိနှင့် နေကြရ သလို အချို့ မြို့ရွာ များသို့ တိမ်းရှောင်ကြရသည် ။
အမရပူရ ၊ ပြည်ဋ္ဌာန
သည်အလှ ခက်တယ် ။
ကုလား က အားရမှ
လွှတ်တော်မူတယ်
မလွတ်သူ ရှေးကံ အကြောင်း - ဟု
ကံကိုပဲ ယိုးမယ်ဖွဲ့ရသည်အထိ ကယ်သူ ကူသူမဲ့ ဖြစ်နေ ရရှာလေ၏ ။ ငဘိုင်ဆပ်၏ လက်ထောက် မြို့စာရေး ငပိန်က တောင်သမန် အင်းကို ဖြတ်ကူး သော ကျွန်းသစ်သားတံတားကြီးကို ဆောက်လုပ် ခဲ့ခြင်း အကြောင်းမှာ စေတနာ အရင်းခံ နှင့်မဟုတ် ။ စစ်ကိုင်း နှင့် အင်းဝ အရပ်တို့၌ ရှိသော နန်းတော်ဟောင်းများမှ သစ်များကို အခမဲ့ ဖျက်ယူကာ တံတားဆောက်ခြင်း ဖြစ်သည် ။ ရှေးဟောင်း ယဉ်ကျေးမှုအနုပညာလက်ရာ အမွေအနှစ်များ ပျောက်ပျက်ကုန်ရသည် ။ တံတားကိုဆောက်
ရခြင်း ၏ ရည်ရွယ်ချက် သည်ကား တောင်သမန် တစ်ဘက်ကမ်းတွင် ကုလားတို့များစွာ နေထိုင် ကြသည် ။ ငဘိုင်ဆပ် တို့ အခွင့်သာ ၍ ရွှေမြို့တော် သို့ အာဏာသိမ်းလိုသောအခါတွင်အလွယ်တကူ ထိုတံတားမှကူးလာ၍ ကူညီနိုင်ရန်ုဖြစ်သည်ဟု ငပိန်မှ ဆိုခဲ့၏ ။ ငဘိုင်ဆပ် ၏အစီအမံ ဖြင့် ငပိန် က ပြည်သူ တို့ကို ရက်စက်စွာ စေခိုင်းပြီး အလွန် အမင်း အင်အားသုံး၍ တံတား ထိုးရာ တွင် မှူးမတ်တို့ ရိပ်မိ
သော်လည်း ငဘိုင်ဆပ်တို့ အကြံကို မည်သူမှ ရှင်ဘုရင်ထံ မလျှောက် တင် ဝံ့ကြပေ ။ ထို့ကြောင့် သမာဒေဝ နတ်များမှ အိပ်မက်ပေးရသည်ဟု ရာဇဝင်က ဆို၏ ။
ထိုကြောင့် ၁၂၁၃ ခု သီတင်းကျွတ်လဆုတ် ၅ ရက် ည၌ ပုဂံမင်း စက်တော်ခေါ်နေစဉ် စလေမြို့စားဝန်ကြီးသည် ဝတ်ဖြူ စင်ကြယ်နှင့် ဖြေတော်ရင်းသို့ လာပြီးလျှင် " တိုင်းပြည်ကို ကြည့်ရှုတော်မူပါ " ဟု လျှောက်၏ ။ " မည်သို့ ကြည့်ရှု ရမည် နည်း "ဟု မေးတော်မူရာ" မြောက်စမုခ်တော်တွင် ရုပ်စုံပွဲခံ ၍ ကြည့်တော်မှုလျှင်သိတော်မူပါမည် " ဟု လျှော်သည်တွင် ဘုရင် နိုးထတော်မူ၏ ။
ထို့ကြောင့် အိပ်မက်အရ မြောက်စမုခ်တော် ၌ ရုပ်စုံပွဲခံ၍ ကြည့်ရှုတော်မူရာ မြို့ဝန်ငဘိုင်ဆပ် ၏ ကျူးလွန်မှုများကို ပေါ်ပေါက်လာ၍ ဘုရင်သိတော်မူ၏ ။
နန်းတွင်း၌ အနောက်ဆောင် ခေါ် မိဖုရားနှင့် အပျိုတော်များ နေထိုင်ရာသို့ ဘုရင်မှအပ မည်သည့် ယောကျာင်္းမှ ဝင် ၊ ထွက်ခွင့် မရှိသည်ကို ဘိုင်ဆပ်နှင့် သူ၏ စာရေးငပိန် တို့က အကွက် ဆင်ကာ ကျူးကျော် ဝင်ရောက်ပြီး နန်းတွင်း အစဉ်အလာ ကိုချိုးဖောက်၏ ။ ဖြစ်စဉ်မှာ အကျဉ်းထောင်၌ကျရောက်နေသူ မိနှစ်ဆိုသူအား မြို့ဝန်ငဘိုင်ဆပ် က လွှတ်လိုက်ပြီး နောက် နန်းတော်၌ စကား မိဖုရားထံ အဝင် အထွက်
လုပ်စေသည် ။ ထိုနောက် မိနှစ် က နန်းတွင်းမှ ငွေဖလား ခိုးယူသည့် အမှု ဖြစ်ပွားလေသည် ။ အမှု စစ်ချက်တွင် နန်းတွင်၌ စစ်ဆေး ဖမ်းဆီး စရာ ရှိသည်ဟု ဆိုကာအနောက်ဝန်အား လည်းကောင်း ၊ ရှင်ဘုရင်အား လည်းကောင်း ခွင့်ပန်ခြင်း မရှိပဲ -အနောက် မိဖုရား အဆောင်များကို ငဘိုင်ဆပ် က သူ့သဘော အရ ဝင်ထွက်ကာအမျိုးသမီးများကို ဖမ်းဆီးလေ၏ ။
ဘုရင်လည်း ပွဲကြည့်တော်မူ နေရာမှ ထိုကိစ္စကို ကြား သိတော်မူပြီး ငဘိုင်ဆပ် နှင့်ငပိန် တို့ကို ခေါ်ယူ စစ်ဆေး ရာ ခွင်မတိုင်ကြားမိဘဲ အနောက်ဆောင်သို့ ဝင်သည်ဟုထွက်ဆိုကြသည် ။ ထို့မှစ၍ ငဘိုင်ဆပ် တို့၏ မကောင်းမှု များ တစ်ခုပြီး တစ်ခု ပေါ်လာပြီး နောက်ဆုံး ငပိန် ၏ ဖော်ကောင် လုပ်မှု အရ နိုင်ငံတော်ကို လုပ်ကြံရန်အထိတံတား ဆောက်လုပ်ရာတွင် သစ်များ ခိုးထုတ်မှုနှင့် ငဘိုင်ဆပ် ၏ အကြံအစည်တို့ ပေါ်ပေါက် လာခဲ့ပြီး ဘုရင်က သိတော်မူပြီး ကွပ်မျက်လေ၏ ။ ကြံရာပါများ ဖြစ်သောတံခါးနီမှူး ငရွှေဘော် နှင့် ဈေးခေါင်း ငမှုန် စသည့် လူယုတ်မာ အပေါင်း အပါ များအားလုံး တစ်စုလည်းပါလေသည် ။
ယင်းတို့အား ကွပ်မျက်ပုံမှာ အမရပူရ မြို့လယ်၌ ကားစင်တင် တံကျင်လျှိုပြီး ခြံခတ်ကာ အများ မြင်သာအောင် ပြသထား၏ ။ ထိုနေ့သည်ကား ၁၂၁၃ ခု ၊ နတ်တော်လပြည့်ကျော် (၇) ရက်နေ့ ဖြစ်ကြောင်း ကုန်းဘက် ဆက် မဟာ ရာဇဝင် တွင် ဖော်ပြခဲ့သည် ။ သို့သော်ပြည်သူလူထု၏ မကျေနပ်ချက်ကား ငဘိုင်ဆပ်ကို ကွပ်မျက်လိုက်ရုံနှင့်မကျေနိုင်ခဲ့ပေ ။ တိုင်းသူပြည်သားများအား လျစ်လျူရှုပြီး ကြက်ငှက်များလောက်ပင် စိတ်မဝင်စားဘဲ မိမိတို့ကို ဥပေက္ခာပြု လွန်းသော ပုဂံမင်းကို လွန်စွာမှ နာကျည်း
လှသည် ။ ပုဂံမင်းလည်း ထိုသို့ ပြည်သူတို့၏ နာကျည်းချက်ကိုဖြေသိမ့်နိုင်ရန် ၁၂၁၄ခုနှစ် တော်သ လင်းလဆန်း (၇) ရက်က စ၍ အလှူ ထိုလဆန်း (၁၄) ရက်အထိ ကြီးစွာသော အလှူကိုပြုတော်မူလေသည်။ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိသောအမရပူရမြို့တွင် အလှူပေးရာ၌ လှူဖွယ်ဝတ္ထု ပစ္စည်းမရရှိသော လူ တစ်ဦးမှ မကျန်လေအောင် ရကြလေသည် ။
သို့သော်လည်း ပုဂံမင်းသည် ထိုနှစ် ပြာသိုလ အရောက် မှာပင်မှူးကြီး မတ်ရာ တို့၏အစီအမံ နှင့် ထက်မြက် သော မင်းသားများဖြစ်သော ညီတော်မင်းတုန်းမင်းသား နှင့်ကနောင်မင်းသားတို့၏ တပ်များက ရက် ၄၀ ကျော် ဝိုင်းထားပြီးလျှင် ပုဂံမင်း၏ ထီးစံနန်းစံ ရှင်ဘုရင် ရွှေရောင်နေ့တို့ကား ဇာတ်သိမ်းလေတော့ သတည်း ။
ကိုးကား - ဆရာ (ညိုမြ - ကုန်းဘောင်ရှာပုံတော်)ဆရာမ - ရွှေဘိုမိမိကြီး -မဟာလူရည်ချွန် ဦးဘိုးလှိုင်
(၁၉၅၆ ခု ၊ သြဂုတ်လထုတ် ၊ ယဉ်ကျေးမှုစာစောင်ပါစမ်းယုအောင် ၏ဆောင်းပါး)
ဦးယဉ်ကျေး ။ ။
၁၈၊၈၊၁၃ ။
ပုဂံမင်း ဟု ဆိုလိုက်လျှင် မင်းတုန်းမင်းနှင့် ကနောင်မင်းသား တို့၏ နောင်တော်ကုန်းဘောင်မင်း ( ၁၁ ) ဆက် စာရင်းဝင် ဘုရင် တစ်ပါး ဖြစ်ပေမယ့် သီပေါမင်းထက်ပင် အရည်အချင်း ညံ့ဖျင်းသော ဘုရင် ဟု မှတ်တမ်းတင်ထိုက်သည် ။ သီပေါမင်း လက်ထက်တွင် မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ ရောက်ခဲ့ရသည် ဆိုစေကာမူ တစ်ဘက်က ရန်သူ အင်္ဂလိပ်က အစစ အရာရာ သာလွန်ပြီး အကွက်ကျကျ စီမံ၍ စစ်မက်ပြုခြင်းကြောင့်ဟု ဖြေတွေးနိုင်သေး၏ ။
ပုဂံမင်းသည်ကား ဤသို့မဟုတ် မိခင် မိဖုရားခေါင်းကြီး၏ ကြံစည်မှုကြောင့်သာထီးနန်း အရိုက်အရာကို ရခဲ့သော်လည်း မင်းသား ဘဝမှာပင် မင်းတို့ တတ်အပ်သော ပညာ တို့ကိုမသင် ။ အသောက်အစားအပျော် အပါး တို့၌သာပျော်မွေ့ပြီး၊ထီးနန်း လက်ဝယ် ရရှိ လာစဉ်တွင် တိုင်းရေး ပြည်ရာ စီမံမှုတို့ကို စိတ် မဝင်စား နံနက်အိပ်ရာ နိုးထသည်နှင့် " သည်နေ့ တိုက်ပွဲ ဘယ်နှစ်မျိုး စီစဉ်ထားပြီး ပြီလဲမောင်မင်းတို့ " ဟူ၍သာ မေး နေကျ မေးခွန်းကို နန်းသက် ၆ နှစ် တာ အတွင်းမိန့်တော်မူလေ့ ရှိခဲ့သည် ဟူ၏ ။ သူ၏ လက်ထက်တွင် တိုင်းရေးပြည်မှု ကိစ္စတို့တွင် မင်းညီ မင်းသား မှူးမတ်များသို့ လွဲထားပြီးအပျော် အပါးမှု၊ တိရိစ္ဆာန်တိုက်ပွဲ ၊ လက်ဝှေ့တိုက်မှု များတွင်သာ မွေ့လျော်နေခဲ့သည် ။
ပုဂံမင်းသည် ဖခင်ရွှေဘိုမင်း၏ အရိုက်အရာကို မိခင်၏ အကူအညီ ဖြင့်သာ ရခဲ့သော်လည်းပြည်သူတို့၏ ချစ်မြတ်နိုးမှုကို မင်းသားဘဝကပင်ရရှိခဲ့သည်မဟုတ်။ဘုရင်ဖြစ် လာသော အချိန် တွင်လည်းလူ လက်ဝှေ့ပွဲ ၊ ဆင်ချင်း ထိုးပွဲတို့မှ စ၍ကြက် ၊ ငှက် ၊ သိုး ၊ ဆိတ် ၊ လိပ် စသည်တို့ကို အရာရှိငယ် တို့က တွဲဖက်ဝန်းရံ
ပေး ထားပြီး ရပြီး တိုက်ခိုက်ပွဲ အတွက် အစုံပေါင်း မည်မျှရှိပါသည်ဟု လျှောက်တင်ရလေ၏ ။
ဘိုင်ဆပ် ဆိုသည်မှာ
**************
မြို့တော်အနီး ဗုန်းအို ရွာမှ " ဘိုင်ဆပ် " ဟုခေါ်သော မွတ်စ်လာမ်ကုလားလူမျိုးသည် မူလက တောလိုက် မုဆိုး ဖြစ်၍ တိုက်ခိုက် တတ်သောသဘာဝ ရှိသည့်တိရိစ္ဆာန်များ အကြောင်းကို နားလည် ကျွမ်းကျင်လှသည်။ ထို့ကြောင့် တိရိစ္ဆာန်တိုက်ခိုက်ပွဲများ၌ ပျော်မွေ့လှသော ဘုရင့် ဝါသနာနှင့်အံကိုက်၍ အပါးသို့ ခစား
ဝင်ထွက်နိုင်သူ ဖြစ်လာသည်။ ထို့အပြင် ဘုရင် ကြိုက် နှစ်သက်သော နိုင်ငံခြားဖြစ် အရက်များကိုလည်း မပြတ်မလပ် ရအောင်ဆက်သနိုင်သော ပြည်ပမှ ကုန်သည် အဆက်အသွယ်ရှိသူ ဖြစ်ရကား ဘုရင်မှ အထူးပင်သဘောတွေ့ပြီး ဘိုင်ဆပ် မှာ မျက်နှာသာရလေ၏ ။
ပုဂံမင်းသည်သူ၏ ဝါသနာနှင့် အပျော်အပါး တို့တွင် မင်းအကြိုက် ဆောင်တတ်လွန်း၍ အထူး အားကိုးရသော ဘိုင်ဆပ် ကို ဆုတော်လာဘ်တော် ပေးသနားရုံမျှမက အရေးပါသော မြို့ဝန်မင်း ရာထူး ကိုပေး၍ ချီးမြှောက်ပြီး သူကောင်းပြုလိုက်သောအခါ ရဟန်း ရှင်လူ အပေါင်းတို့ စိတ်နှလုံး ညှိုးခြုံးစေ၍ ဒုက္ခကြီး စွာ
ဖြစ် ရလေတော့သည် ။
အမှန် စင်စစ် ငဘိုင်ဆပ် ဆိုသည်မှာ ကား ၎င်း၏ မူလ အမည် အရင်း မဟုတ်။ပုဂံမင်း ၏ လက်ရင်းတပည့် မဖြစ်မှီကပင် မြန်မာတွေနှင့် ဆက်ဆံ ရာတွင် မူလမွတ်ကုလား နာမကို ဖျောက်ပြီး ဘိုင်ဆပ် ဟု သာ လူလည် ကုလားမှ ခေါ်တွင်စေခြင်းဖြစ်သည် ။
ဘိုင် = ဆရာ
ဆပ် = သခင်
ဘိုင် + ဆပ် = ဆရာသခင် ၊ ဟု
ုမြန်မာလို အဓိပ္ပါယ် ရသည် ။ ထိုသို့ တင်တင် စီးစီး ခေါ် စေရန် လူလည် ကျပြီးလူပါးဝစွာ သူ့ကိုယ် သူ ပေးထားသော အမည်ဖြစ်သည် ။ ဘိုင်ဆပ် ၏ အမည်အရင်းကို မည်သူမှမသိကြ ။ အမှန် ဆိုလျှင် အီစွပ် ၊ အဒူလဒူ ၊ ဘီလား ၊ မူဆာစသော ကုလားနာမည်များထဲက တစ်ခုခုသာလျှင်ဖြစ်ပေလိမ့်မည်။ ထိုသို့ မူလ
စိတ်ထားကပင် မြန်မာတွေအပေါ် သဘောထားမဖြူစင်ခဲ့သူ ငဘိုင်ဆပ် ပင်ဖြစ်သောကြောင့် ရာထူးနှင့် အာဏာ လက်ဝယ် ရရှိ လာသော အခါတွင် လွန်စွာမှယုတ်မာမှု အပေါင်းကို လုပ်ဆောင်ပြီး ထီးနန်း အထိပါ ကြံစည်လေတော့၏ ။
မြို့ဝန်မင်း ဘိုင်ဆပ်
******************
ပုဂံမင်း နန်းတက်ပြီး ၁၂၀၈ ခုနှစ်၌ ပင် တောလိုက် မုဆိုး ဘဝမှ အမရပူရ ရွှေမြို့တော်ဝန် ဖြစ်လာ၏ ။ နန်းတော်မြို့အတွင်း၌တိရိစ္ဆာန် တိုက်ပွဲများ ကျင်းပရန်ကန်များ ၊ မြောင်းများကို မုဆိုးကျော် ဘိုင်ဆပ် မှ ကြီးကြပ် ဆောက်လုပ် ပေး ခဲ့သဖြင့် ထိုနေရာများတွင် ယနေ့ထိကျန်ရှိတွေ့မြင်နိုင်သည်ဟ
အမတ်တို့ အလောင်းအစား ပြုလုပ်ကြရာတွင် ဘိုင်ဆပ်က ရှင်ဘုရင် ၏ ဘက်မှနိုင်စေရန် ထင်ကြေးများ ၊ အကြံ အဥာဏ်များပေး နိုင်သဖြင့် ရှင်ဘုရင် နှစ်လို ၍ကား တဖြည်းဖြည်း နှင့် သြဇာ ကြီးမားလာသည် ။ ရှင်ဘုရင် ကြက်တိုက် နေစဉ်ငဘိုင်ဆပ် က ထင်ရာစိုင်းပြီး မြန်မာပြည်သူတို့ကို အနိုင်ကျင့်လေတော့သည်။
ဘိုင်ဆပ် သည် သူ၏ လက်ရင်း တပည့် လူမိုက်များ အား ရာထူး နေရာ ကောင်းများ ပေးထားပြီး ပြည်သူ လူထု ကို ယုတ်မာခဲ့ ပုံမှာကား ပြော၍ မကုန် နိုင်ဘွယ်ဇာတ်လမ်းများ အဖြစ်ရှိခဲ့လေတော့၏ ။ (၁) မြို့စာရေး မောင်ပိန် (၂) တံခါး နီမှူးငရွှေဘော် (၃) ဈေးခေါင်း ငမှုံ (၄) ထန်းခေါင်း ငရှင်ကလေးတို့မှာထင်ရှားသည်။
ပြည်သူလူထုတို့အား စီးပွားရေးတောင့်တင်းသူများကို အမှုဆင်ကာ ဘိန်းထုပ်ပစ်၍ ဖမ်းဆီးခြင်း ၊ ဝက်သားတွဲ ပစ်၍ ဖမ်းဆီးခြင်း စသည့် လုပ်ထုံး လုပ်နည်းများဖြင့်အမှုဆင်သည်။ ရွှေ ငွေများ ပုံပေး နိုင်မှသာလျှင် အမှု မှ လွတ်ရ၏ ။ ၎င်းတို့ ရှောင်ကြဉ် ရသော ဝက်သားကို မည်သူမှ မစားဝံ့ ။ အမှု ကြီးငယ် အလိုက်တံစိုး လာဘ်မည်မျှ ပေးမှသာလျှင် လွတ်စေ ဟူ၏ ။ မိန်းမပျို ချောမော လှပ သူဟူလျှင် လင်ရှိ
မယားဆိုလျှင် လင်ကို အပြစ်ရှာပြီး ဖမ်းဆီး၍ မယားကို မရ အရ သိမ်းပိုက်သည်။မိန်းမပျို များအား ယုတ်မာ ဖျက်ဆီး၏ ။ အတည်တကျ ဖြင့် သိမ်းပိုက်ထားသောမိန်းမ ဦးရေ သည်ပင် (၄၀) ကျော်ခန့်ရှိသည် ။ ရဟန်းရှင်လူတို့သည်ထို ကုလားရန်ကြောင့် ကိုယ် စိတ် နှလုံး ကြိမ်မီး အုံး သကဲ့သို့ရှိကြလေ၏ ။
ဘိုင်ဆပ် မြို့ဝန်လုပ်သက် (၅) နှစ်တာအတွင်း သူနှင့်အပေါင်းအပါတို့ ညှင်းပန်းနှိပ်စက် သတ်ဖြတ် မှုကြောင့် မြန်မာများ ( ၃၀၀၀) ကျော်ခန့် အသက် အိုးအိမ် စည်းစိမ်ပျက်စီးခဲ့ရသည် ။ ထိုကြောင့်နေပြည်တော်တွင် ဘိုင်ဆပ် တို့ယုတ်မာမှုကို ဘုရင့်ရွှေနားတော်သို့ ပေါက်စေရန် စာချိုးပြီး ပညာရှိတို့မှ စပ်ဆိုကြ၏ ။
မျိုးနွယ်မတူ ၊ ဘယ်က လူ ပြည်သူပွက်အောင် ၊ ထားပါလိမ့် ။ချိုးကြက်တည်ရာ တွေ့ခဲ့ပါပြည်တော် ဘယ်သာမှာပါလိမ့် ။
ဘိုင်ဆပ်တို့ အဖွဲ့က မြန်မာအမျိုးသမီးများကိုလည်း မှန်မှန်ပင်ဖျက်ဆီး နေကြသဖြင့် အမရပူရ သူတို့မှာ သတိနှင့် နေကြရ သလို အချို့ မြို့ရွာ များသို့ တိမ်းရှောင်ကြရသည် ။
အမရပူရ ၊ ပြည်ဋ္ဌာန
သည်အလှ ခက်တယ် ။
ကုလား က အားရမှ
လွှတ်တော်မူတယ်
မလွတ်သူ ရှေးကံ အကြောင်း - ဟု
ကံကိုပဲ ယိုးမယ်ဖွဲ့ရသည်အထိ ကယ်သူ ကူသူမဲ့ ဖြစ်နေ ရရှာလေ၏ ။ ငဘိုင်ဆပ်၏ လက်ထောက် မြို့စာရေး ငပိန်က တောင်သမန် အင်းကို ဖြတ်ကူး သော ကျွန်းသစ်သားတံတားကြီးကို ဆောက်လုပ် ခဲ့ခြင်း အကြောင်းမှာ စေတနာ အရင်းခံ နှင့်မဟုတ် ။ စစ်ကိုင်း နှင့် အင်းဝ အရပ်တို့၌ ရှိသော နန်းတော်ဟောင်းများမှ သစ်များကို အခမဲ့ ဖျက်ယူကာ တံတားဆောက်ခြင်း ဖြစ်သည် ။ ရှေးဟောင်း ယဉ်ကျေးမှုအနုပညာလက်ရာ အမွေအနှစ်များ ပျောက်ပျက်ကုန်ရသည် ။ တံတားကိုဆောက်
ရခြင်း ၏ ရည်ရွယ်ချက် သည်ကား တောင်သမန် တစ်ဘက်ကမ်းတွင် ကုလားတို့များစွာ နေထိုင် ကြသည် ။ ငဘိုင်ဆပ် တို့ အခွင့်သာ ၍ ရွှေမြို့တော် သို့ အာဏာသိမ်းလိုသောအခါတွင်အလွယ်တကူ ထိုတံတားမှကူးလာ၍ ကူညီနိုင်ရန်ုဖြစ်သည်ဟု ငပိန်မှ ဆိုခဲ့၏ ။ ငဘိုင်ဆပ် ၏အစီအမံ ဖြင့် ငပိန် က ပြည်သူ တို့ကို ရက်စက်စွာ စေခိုင်းပြီး အလွန် အမင်း အင်အားသုံး၍ တံတား ထိုးရာ တွင် မှူးမတ်တို့ ရိပ်မိ
သော်လည်း ငဘိုင်ဆပ်တို့ အကြံကို မည်သူမှ ရှင်ဘုရင်ထံ မလျှောက် တင် ဝံ့ကြပေ ။ ထို့ကြောင့် သမာဒေဝ နတ်များမှ အိပ်မက်ပေးရသည်ဟု ရာဇဝင်က ဆို၏ ။
ထိုကြောင့် ၁၂၁၃ ခု သီတင်းကျွတ်လဆုတ် ၅ ရက် ည၌ ပုဂံမင်း စက်တော်ခေါ်နေစဉ် စလေမြို့စားဝန်ကြီးသည် ဝတ်ဖြူ စင်ကြယ်နှင့် ဖြေတော်ရင်းသို့ လာပြီးလျှင် " တိုင်းပြည်ကို ကြည့်ရှုတော်မူပါ " ဟု လျှောက်၏ ။ " မည်သို့ ကြည့်ရှု ရမည် နည်း "ဟု မေးတော်မူရာ" မြောက်စမုခ်တော်တွင် ရုပ်စုံပွဲခံ ၍ ကြည့်တော်မှုလျှင်သိတော်မူပါမည် " ဟု လျှော်သည်တွင် ဘုရင် နိုးထတော်မူ၏ ။
ထို့ကြောင့် အိပ်မက်အရ မြောက်စမုခ်တော် ၌ ရုပ်စုံပွဲခံ၍ ကြည့်ရှုတော်မူရာ မြို့ဝန်ငဘိုင်ဆပ် ၏ ကျူးလွန်မှုများကို ပေါ်ပေါက်လာ၍ ဘုရင်သိတော်မူ၏ ။
နန်းတွင်း၌ အနောက်ဆောင် ခေါ် မိဖုရားနှင့် အပျိုတော်များ နေထိုင်ရာသို့ ဘုရင်မှအပ မည်သည့် ယောကျာင်္းမှ ဝင် ၊ ထွက်ခွင့် မရှိသည်ကို ဘိုင်ဆပ်နှင့် သူ၏ စာရေးငပိန် တို့က အကွက် ဆင်ကာ ကျူးကျော် ဝင်ရောက်ပြီး နန်းတွင်း အစဉ်အလာ ကိုချိုးဖောက်၏ ။ ဖြစ်စဉ်မှာ အကျဉ်းထောင်၌ကျရောက်နေသူ မိနှစ်ဆိုသူအား မြို့ဝန်ငဘိုင်ဆပ် က လွှတ်လိုက်ပြီး နောက် နန်းတော်၌ စကား မိဖုရားထံ အဝင် အထွက်
လုပ်စေသည် ။ ထိုနောက် မိနှစ် က နန်းတွင်းမှ ငွေဖလား ခိုးယူသည့် အမှု ဖြစ်ပွားလေသည် ။ အမှု စစ်ချက်တွင် နန်းတွင်၌ စစ်ဆေး ဖမ်းဆီး စရာ ရှိသည်ဟု ဆိုကာအနောက်ဝန်အား လည်းကောင်း ၊ ရှင်ဘုရင်အား လည်းကောင်း ခွင့်ပန်ခြင်း မရှိပဲ -အနောက် မိဖုရား အဆောင်များကို ငဘိုင်ဆပ် က သူ့သဘော အရ ဝင်ထွက်ကာအမျိုးသမီးများကို ဖမ်းဆီးလေ၏ ။
ဘုရင်လည်း ပွဲကြည့်တော်မူ နေရာမှ ထိုကိစ္စကို ကြား သိတော်မူပြီး ငဘိုင်ဆပ် နှင့်ငပိန် တို့ကို ခေါ်ယူ စစ်ဆေး ရာ ခွင်မတိုင်ကြားမိဘဲ အနောက်ဆောင်သို့ ဝင်သည်ဟုထွက်ဆိုကြသည် ။ ထို့မှစ၍ ငဘိုင်ဆပ် တို့၏ မကောင်းမှု များ တစ်ခုပြီး တစ်ခု ပေါ်လာပြီး နောက်ဆုံး ငပိန် ၏ ဖော်ကောင် လုပ်မှု အရ နိုင်ငံတော်ကို လုပ်ကြံရန်အထိတံတား ဆောက်လုပ်ရာတွင် သစ်များ ခိုးထုတ်မှုနှင့် ငဘိုင်ဆပ် ၏ အကြံအစည်တို့ ပေါ်ပေါက် လာခဲ့ပြီး ဘုရင်က သိတော်မူပြီး ကွပ်မျက်လေ၏ ။ ကြံရာပါများ ဖြစ်သောတံခါးနီမှူး ငရွှေဘော် နှင့် ဈေးခေါင်း ငမှုန် စသည့် လူယုတ်မာ အပေါင်း အပါ များအားလုံး တစ်စုလည်းပါလေသည် ။
ယင်းတို့အား ကွပ်မျက်ပုံမှာ အမရပူရ မြို့လယ်၌ ကားစင်တင် တံကျင်လျှိုပြီး ခြံခတ်ကာ အများ မြင်သာအောင် ပြသထား၏ ။ ထိုနေ့သည်ကား ၁၂၁၃ ခု ၊ နတ်တော်လပြည့်ကျော် (၇) ရက်နေ့ ဖြစ်ကြောင်း ကုန်းဘက် ဆက် မဟာ ရာဇဝင် တွင် ဖော်ပြခဲ့သည် ။ သို့သော်ပြည်သူလူထု၏ မကျေနပ်ချက်ကား ငဘိုင်ဆပ်ကို ကွပ်မျက်လိုက်ရုံနှင့်မကျေနိုင်ခဲ့ပေ ။ တိုင်းသူပြည်သားများအား လျစ်လျူရှုပြီး ကြက်ငှက်များလောက်ပင် စိတ်မဝင်စားဘဲ မိမိတို့ကို ဥပေက္ခာပြု လွန်းသော ပုဂံမင်းကို လွန်စွာမှ နာကျည်း
လှသည် ။ ပုဂံမင်းလည်း ထိုသို့ ပြည်သူတို့၏ နာကျည်းချက်ကိုဖြေသိမ့်နိုင်ရန်
သို့သော်လည်း ပုဂံမင်းသည် ထိုနှစ် ပြာသိုလ အရောက် မှာပင်မှူးကြီး မတ်ရာ တို့၏အစီအမံ နှင့် ထက်မြက် သော မင်းသားများဖြစ်သော ညီတော်မင်းတုန်းမင်းသား နှင့်ကနောင်မင်းသားတို့၏ တပ်များက ရက် ၄၀ ကျော် ဝိုင်းထားပြီးလျှင် ပုဂံမင်း၏ ထီးစံနန်းစံ ရှင်ဘုရင် ရွှေရောင်နေ့တို့ကား ဇာတ်သိမ်းလေတော့ သတည်း ။
ကိုးကား - ဆရာ (ညိုမြ - ကုန်းဘောင်ရှာပုံတော်)ဆရာမ - ရွှေဘိုမိမိကြီး -မဟာလူရည်ချွန် ဦးဘိုးလှိုင်
(၁၉၅၆ ခု ၊ သြဂုတ်လထုတ် ၊ ယဉ်ကျေးမှုစာစောင်ပါစမ်းယုအောင် ၏ဆောင်းပါး)
ဦးယဉ်ကျေး ။ ။
၁၈၊၈၊၁၃ ။
No comments:
Post a Comment