Wednesday, October 16, 2013

ရခိုင်ပြည်မှာ မရှိမဖြစ် လိုအပ်နေသော လူမှုအဖွဲ့အစည်းများ



ရခိုင်ပြည်မှာ မရှိမဖြစ် လိုအပ်နေသော လူမှုအဖွဲ့အစည်းများ

ရခိုင်ပြည်နယ်အတွင်း နှင့် ရခိုင်တစ်မျိုးသားလုံးအတွက်ဆိုပြီး ရခိုင်ပြည်နယ်ပြင်ပ မြန်မာနိုင်ငံအတွင်း ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပ နိုင်ငံတကာများတွင်လည်းကောင်း နာမည်အမျိုးမျိုးပေးပြီး ရခိုင်လူမှုရေးအဖွဲ့အစည်း များစွာ သည် မိမိတို့တတ်သလောက် မှတ်သလောက် နိုင်သလောက် စွမ်းအားများ စုဖွဲ့ပြီး မျိုးချစ်စိတ်ကို အခြေခံကာ လှုပ်ရှားဆောင်ရွက် နေကြ သည်ကို မြင်ရကြားရသောကြောင့် ၀မ်းမြောက်မိပါသည်။ အလွန်လည်း ကျေနပ်မိပါသည်၊ကျေးဇူးလည်းတင်ပါသည် ။

သို့သော် အဖွဲ့များပြီး အလုပ်မဖြစ်သည်လည်း ရှိတတ်ပါသည်၊ အဖွဲ့နည်းပြီး ကျစ်လစ်သိပ်သည်းစွာဖြင့်် အလုပ်ဖြစ်နေသည်လည်း များစွာရှိပါသည်။ အဖွဲ့များပြီး အဘယ်ကြောင့် အလုပ်မဖြစ်သော် ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်နေေ သာ နေရာများတွင် စွမ်းအားများသည် အံဝင်ဂွင်ကျမဟုတ်၍ ပြန်ကြဲနေသွားကြောင့် ဖြစ်ပါသည်၊ (ဥပမာ) အနုပညာသည်တစ်ဦးက ထိုသူ မကျွမ်းကျင်သည့် ကျန်းမာေ ရးစောက်ရှောက်မှုလူမှုအဖွဲ့အစည်းများတွင် ၀င်ရောက်လှုပ်ရှားနေရခြင်းေ ကြာင့်ေ သာ်၎င်း၊ ဆေးပညာရှင်တစ်ယောက်က စာပေအဖွဲ့အစည်း တစ်ခု တွင် လှုပ် ရှားနေခြင်းသော်၎င်း အံဝင်ဂွင်ကျ မဖြစ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုကြောင့် လူမှုအဖွဲ့အစည်းများတွင် ပြန့်ကျဲ လုံးထွေးနေသော စွမ်းအားများကို ကဏ္ဍအလိုက် အံဝင်ဂွင်ကျဖြစ်အောင် ပါဝင်လှုပ်ရှားဆောင်ရွက်စေခြင်းက အလွန်အကျိုး ရှိမည်မှာ မြေကြီးလက်ခတ်မလွဲပါ။



ယနေ့ ရန်ကုန်မြို့တစ်ခုတည်းကို နမူနာထားပြီး ပြောပြရသော် ရန်ကုန်မြိွုှ့တွင် ရခိုင်ပြည်နယ်မြို့နယ်အသင်း (17)အသင်းရှိပြီး ထိုအသင်းအဖွဲ့အစည်းများသည် ၀ါဆိုသင်္ကန်းကပ်သည့်အခါတစ်ကြိမ်၊ သင်္ကြန်ကျသည့်အခါတစ်ကြိမ်လောက်သာ နည်းနည်း ပါးပါး လှုပ်ရှားဆောင်ရွက်နေကြသည်ကိုတွေ့ရပါသည်။ မြို့နယ်အသင်းအမည်ခံပြီး ၄င်းမြို့နယ်များ၏ လူမှုရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမားရေး၊လုပ်ငန်းများနှင့် နိုင်ငံရေးလုပ်ငန်းများ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများ လှုပ်ရှားသည်ကို မတွေ့ရသလောက်ဖြစ်ပေသည်။

နောက်ပြီး ရန်ကုန်တွင် လူမှုရေးအသင်းအဖွဲ့အစည်းများ 40 ကျော် 50 လောက်ရှိမည်ထင်ပါသည်၊ ထိုအသင်းအဖွဲ့များသည် လည်း ရွယ်ရည်ချက် ၊ဦးတည်ချက်၊ ပန်းတိုင်များလည်းရှိကြမည်ဖြစ်ပေသည် ၊ သို့သော် ထိုထိုသော လူမှုရေးအဖွဲ့အစည်းများ သည် ဦးတည်ချက်ပန်းတိုင်တစ်ခုတည်းကို စောင်းပေးပြီး တစ်စိုက်မတ်မတ် လှုပ်ရှားနေသော လှုမှုရေးအဖွဲ့အစည်းမှာ မရှိမဟုတ် ၊ရှိသည် သို့သော် အလွန်နည်းပါသည်၊ များသောအားဖြင့် လူမှုရေးအဖွဲ့အစည်းများသည် သန်ရာသန်ရာ ကဏ္ဍအလိုက် တာဝန် သိမှု တာဝန်ယူမှု အားနည်းပြီး ရောလုံးယှက်တင် ရခိုင်ဆိုသော ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေသည်ကို သတိပြုကြပါလိမ့်မည့်၊

ထိုမြို့နယ်အသင်းအဖွဲ့များနှင့် ရခိုင်လူမှုအဖွဲ့အစည်းများထဲတွင် ပါဝင်လှုပ် ရှားနေကြေ သာ မျိုးချစ်ရခိုင်များသည် ကျွမ်းကျင်ရာ လိမ်မာရာ လူစွမ်းအား အရင်းအဖြစ်များကို ကဏ္ဍအလိုက် အစုအဖွဲ့ ဖွဲ့ပြီး မြို့နယ်အသင်းအမည်များအား၎င်း၊ လူမှုရေး၊ ဘာ သာ ရေးအသင်းအမည်များအား၎င်း ဒေသစွဲ ၊ အသင်းစွဲ မဖွဲထားဘဲ ရခိုင်ပြည် နယ် နှင့် ရခိုင်တစ်မျိုး သားလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်တွင်ဖေါ်ပြ ထားသော အသင်းအဖွဲ့ အမည်များကို မိမိ နိုင်ရာ နိုင်ရာ တာဝန်ကိုယူကြပြီး အစုအဖွဲ့လိုက် ရပ် တည်လှုပ်ရှားသော် ပို၍အောင်မြင်သော အရည်အသွေး ပြည့်ဝသော ကျစ်လစ်သော တာဝန်သိမှု တာဝန်ယူမှု များရှိသော အဖွဲ့အစည်းများဖြစ်လာမည်ဟု ယုံကြည်မိပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်တစ်ပြည်ကို အစိုးရ အဖွဲ့ စီမံကွပ်ကဲသကဲသို့ ဆောင်ရွက်သည့်သဘောပင်။

နောက်တစ်ခုက ရခိုင်လူမျိုးတို့သည် မိမိတို့၏ မျိုးနွယ်စုဝင်များဖြစ်သော ခမီး ၊ မြို ၊ သက် ၊ ဒိုင်းနက် ၊ မရမာလူမျိုးများတို့၏ အသင်းအဖွဲ့အစည်းများနှင့် ကင်းကွာနေခြင်း၊ပူးးပေါင်းဆောင်ရွက်မှုမရှိခြင်း ၊ လက်တွဲခေါ်ဆောင်မှုအားနည်းခြင်း၊ ရင်းနှီးကျွမ်းဝင်မှု မရှိသလောက် အလွန်အားနည်းနေသည်ကို မြင်တွေ့ရပါသည်၊ ထိုထိုသော မိမိတို့၏မျိုးနွယ်စုများနှင့် ရခိုင်လူမျိုးတို့သည် မဖြစ်မနေ ရင်းနှီးကျွမ်းဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဂရုတစိုက် လုပ်ကြရမည်မှာ ယနေ့ ရခိုင်လူမျိုးများအတွက် မဟာလိုအပ်ချက်ကြီး တစ်ခုဖြစ်နေပေသည်။

ထိုကြောင့် ကျွန်တော်အကြံပြုလိုသည်မှာ မှားသော်ရှိ မှန်သော်ရှိ ကျွန်တော်၏အမြင်သာဖြစ်ပါသည်၊ ဤအတိုင်းဖြစ်ရမည်ဟု မဆိုလိုပါ၊ ရခိုင် နှင့် ရခိုင်မျိုးနွယ်စုဝင်အားလုံးကို တင်ပြခြင်း၊တိုက်တွန်းခြင်းသာဖြစ်ပါသည်။ များပြားလှစွာသော ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင် မြို့နယ်အသင်းအဖွဲ့များ ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နှင့် လူမှုရေးအသင်းအဖွဲ့အစည်းများသည် မိမိ၏ဆန္ဒ မိမိ၏အသင်း ၊ မိမိ၏ မြို့နယ်ကို ဦးစားပေးခြင်းထက် အောက်ပါလိုအပ်သော အဖွဲ့အစည်းများကို ဆိုင်ရာဆိုင်ရာ သန်ရာသန်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် လှုပ်ရှားကြခြင်းဖြင့် ပိုမိုအကျိုးသက်ရောက်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါသည်၊

အမှတ်တကယ် ရှိအပ်သော လူမှုအဖွဲ့အစည်းများ

(1) ရခိုင်ပြည်နယ် အလုပ်အကိုင် ရှာဖွေပေးရေးအဖွဲ့
      (က) ရခိုင်- မျိုးနွယ်စုဝင်များ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးအဖွဲ့ ၊
      (ခ) ရခိုင်-မျိုးနွယ်စုဝင်များ ပြည်တွင်းအလုပ်အကိုင် ရှာပေးရေးအဖွဲ့ ၊
     (ဂ) ရခိုင်-မျိုးနွယ်စုဝင်များ ပြည်ပ အလုပ်အကိုင် ရှာပေးရေးအဖွဲ့ ၊

(2) ရခိုင်ပြည်နယ် မိသားစုတိုင်း ၀င်ငွေရရှိရေး ဦဆောင်အဖွဲ့၊
      (A) မျိုးစေ့ ၊ မျိုးကောင်း ဈေးကွက် ရှာဖွေရေးအဖွဲ့ (ပြည်တွင်း ၊ပြည်ပ) ၊
       (B) စိုက်ပျိုးရေး အဖွဲ့ ၊
      (C) မွေးမြူရေးအဖွဲ့ (ရေချို ၊ရေငံ ငါး၊ ပုဇွန် - ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ၀က်၊သိုး၊ )

(3) ရခိုင်ပြည်နယ် နာရေး ကူညီစောင့်ရှောက်မှု ဦးဆောင်အဖွဲ့
       (က) ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော လူနာများ ၊
        (ခ) ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော နာရေးများ ၊

(4) ရခိုင်ပြည်နယ် သာသနာရေးဦဆောင်အဖွဲ့

       ( I) ပရိယတ္တိ သာသနာ ပြည်ပွားရေးအဖွဲ့ ၊
       ( II ) ပဋိပတ္တိ သာသနာ ပြန့်ပွားရေးအဖွဲ့ ၊

(5) ရခိုင်ပြည်နယ် ပညာရေးဦဆောင်အဖွဲ့
      (က) ရခိုင် - မျိုးနွယ်စုဝင်များ အခြေခံပညာသင်ယူနိုင်ရေး ထောက်ကူမှုအဖွဲ့ ၊
      (ခ) ရခိုင် - မျိုးနွယ်စုဝင်များ နည်းပညာ သင်ကြားရေး ထောက်ကူမှုအဖွဲ့ ၊
      (ဂ) ရခိုင် - မျိုးနွယ်စုဝင်များ ဘာသာစကား တတ်မြောက်ရေး သင်ထောက်ကူအဖွဲ့ ၊
     (ဃ) ရခိုင် - မျိုးနွယ်စုဝင်များ ပြည်ပ ပညာသင်ကြားရေး ထောက်ကူမှုအဖွဲ့ ၊

(6) ရခိုင်ပြည်နယ် ပြောရေးဆိုခွင့် ရှိသူများအဖွဲ့

      (A) ပြည်တွင်းပြောရေးဆိုခွင့်အဖွဲ့ ၊
      (B) ပြည်ပ ပြောရေးဆိုခွင့်အဖွဲ့ ၊

(7) ရခိုင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုဦဆောင်အဖွဲ့
      (က) ရခိုင်စာပေ ဖေါ်ထုတ်ရေးအဖွဲ့ ၊
      (ခ) ရခိုင် - မျိုးနွယ်စုဝင်များ ရိုးရာ ယဉ်ကျေးမှု ကျင်းပရေးအဖွဲ့ ၊
      ( ဂ) ရခိုင် - မျိုးနွယ်စုဝင်များ ရခိုင် တို၏ နေ့ထူးနေ့မြတ်များ ကျင်းပရေးအဖွဲ့၊
     (ဃ) ရခိုင် - မျိုးနွယ်စုဝင်များ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ၊

(8) ရခိုင်ပြည်နယ် ရိုးရာ နှင့် ခေတ်ပေါ် တေးဂီတ ဦဆောင်အဖွဲ့
     ( I) ရခိုင်စည်တော်အဖွဲ့ ၊
     ( II ) ရခိုင်- မျိုးနွယ်စုဝင်များ ခေတ်ပေါ် တီးဝိုင်း နှင့် အကအဖွဲ့
     (III) ရခိုင်- မျိုးနွယ်စုဝင်များ ရိုးရာတီးဝိုင်း နှင့် အက အဖွဲ့ ၊

(9) ရခိုင်ပြည်နယ် အားကစားဦဆောင်အဖွဲ့
     ( က) ဘော်လုံးအဖွဲ့ ၊
      (ခ) ကိုယ်ခံပညာရှင်များအဖွဲ့ ၊
     (ဂ) ရခိုင်ကျင်အဖွဲ့ ၊
    (ဃ) ရခိုင်ပြိုင်လောင်းအဖွဲ့ ၊
     (င) ရထားပန်ုးယိုင်အဖွဲ့ ၊

(10) ရခိုင်ပြည်နယ် သံသယရှင်း စာရင်းစစ်အဖွဲ့
        (A) ပြည်နယ်စာရင်းစစ် ၊
        (B) မြို့နယ်စာရင်းစစ် ၊

အဖရခိုင်ပြည်ကြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဦးဆောင်အဖွဲ့အလိုက် မည်ကဲ့သို့ ကဏ္ဍအလိုက် ခေါင်းစဉ် အလိုက် ပြုမူလှုပ်ရှားဆောင်ရွက်မည်ကို နောင်တွင် ကျွန်တော်အမြင်များကို သိသလောက် မှတ်သလာက် တင်ပြသွားပြမယ်။

ရခိုင်ပြည်နှင့် ရခိုင်မျိုးနွယ်စုဝင်အပေါင်းကို ဦးညွှတ်လျှက်

မောင်ဖြူ
(16.10.2013 )3း45 PM

No comments:

Post a Comment