မြန်မာနိုင်ငံတွင် မြန်မာအမည်ပါသော
တစ်မျိုးသောလူမျိုး (၀ါ) မြန်မာလူမျိုးလို့ ပြောနေကြသူများ
ယနေ့ မြန်မာနိုင်ငံ တွင် လူမျိုးအမည်
( မြန်မာ) ကို မြန်မာနိုင်ငံရဲ့
တိုင်းရင်းသား 135 မျိုး တွင် လိုက်ရှာရာ လုံးဝမတွေ့ရတော့ပါ။ အောက်တွင်
တိုင်းရင်းသား 135 မျိုးစာရင်းကြည့်ပါ။ မြန်မာဆိုသော လူမျိုး အမည်ကို
တွေ့ရမည်မဟုတ်ပါ။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အောက်ပါတိုင်းရင်းသား
(135 )မျိုးသည် မြန်မာလူမျိုး လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ၊( မြန်မာ)ဆိုသော
စာလုံးမှ မပါကြတာ၊ သူတို့လူမျိုးတွေဟာ လူမျိုးအမည် အသီးသီး ရှိထားပြီးသားဖြစ်ကြပါတယ်။ရှိကြတယ်လေ၊
ဒါကြောင့် ဒီတိုင်းရင်းသားတွေဟာ မြန်မာလူမျိုးမဟုတ်ကြဘူး၊ မြန်မာနိုင်ငံအတွင်းမှာ
နေထိုင်တဲ့ မြန်မာနိုင်ငံသားများသာဖြစ်ကြပါတယ်။မယုံရင် သူတို့ရဲ့
နိုင်ငံသားစီစစ်ရေး ကဒ်တွေမှာကြည့်လိုက် လူမျိုးအမည်မှာ မြန်မာဆိုတာကို တွေ့ရမည်မဟုတ်ပါ။
ဒါကို ကျွန်တော်က မြန်မာနိုင်ငံဖြစ်ရဲ့ သားနဲ့
မြန်မာလူမျိုးဘာကြောင့်မရှိရမှာလဲဆိုပြီး သိပ်ဘ၀င်မကျလို့ ဆက်ပြီးလိုက်ရှာရာ
မြန်မာလူမျိုးစစ်စစ်လို့ ပြောလို့ရလောက်တဲ့ မြန်မာအမည်ပါသော လူမျိုးတစ်မျိုးကို
သွားတွေတယ်၊ သို့သော် သူတို့သည် မြန်မာတိုင်းရင်း သား များကဲ့သို့ ဗုဒ္ဓဘာသာဝင်များမဟုတ်ကြဘဲ အစ္စလာမ်ဘာသာကို ကိုးကွယ်နေသူများ
ဖြစ်နေသည်ကို ထူး ဆန်းစွာတွေ့လိုက်ရသည်၊ မြန်မာနိုင်ငံကို ကမ္ဘကအသိအမှတ်ပြုထားတာက
မြန်မာနိုင်ငံတွင်းမှာ နေထိုင်းတဲ့ သူတွေဟာ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေလို့ အသိအမှတ်ပြုထားကြတယ်၊ ယခု မြန်မာနိုင်ငံမှာ
မြန်မာ လူမျိုးစစ်စစ်ခေါ်ဆိုနိုင်လောက်သည့်
မြန်မာအမည်ပါသော တစ်မျိုးတည်းသော လူမျိုးတစ်မျိုးက အမှန်အကန် အစ္စလာမ်ဘာသာ
ကိုးကွယ်သူများတွေကိုး၊ အော်
မြန်မာလူမျိုး မြန်မာလူမျိုး ဒါကိုခေါ်တာကိုး
။
ကျွန်တော် သက်သေပြမယ် ၊ မြန်မာပါသော
လူမျိုးအမည်ကို မြန်မာနိုင်ငံအတွင်းနဲ့
နိုင်ငံတကာမှာ ရှိနေသော မြန်မာအခေါ် (ကုလား (၀ါ) ပြည်တွင်းနေအစ္စလာမ်ဘာသာကိုးကွယ်သောလူမျိုး
(၀ါ) ခေါ်တောကုလား) များ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြား၊ အမျိုသားမှတ်ပုံတင်များ၊
ဝန်ထမ်းကဒ် ၊လိုင်စင်ကဒ် ၊ ကျောင်းသားကဒ် ၊ ပက်စပိုစ့်များ၊ ဒုက္ခသည်ကဒ် ၊ အင်ဂျီအိုကဒ် နှင့် အခြားအခြားသော
ကဒ်ပေါင်းစုံများတွင်လူမျိုးအမည်ကို မြန်မာ (၀ါ) မြန်မာမူဆလင်လို့ ရေးထားကြတာကို
တွေ့လိုက်မှ အော် ဒါလား မြန်မာလူမျိုးစစ်စစ်၊
မြန်မာအမည်ပါသော လူမျိုးက သူတို့ကိုခေါ်တာကိုး ။ မြန်မာလူမျိုး စစ်စစ်ကို
မမြင်ဖူးသော မြန်မာနိုင်ငံသား တိုင်းရင်းသားများ ကြည့်ထားကြ။
****************************************************************
တိုင်းရင်းသားမျိုးနွယ်တော်များ
Facebook စာမျက်နှာမှ တိုင်းရင်းသား (135) မျိုးစာရင်း
စစ်မဟာဗျူဟာလေ့လာရေး
နှင့် သုတေသနရုံးမှ ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြထားသည့် တိုင်းရင်းသား
လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရသည်။
ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂
မျိုး ရှိသည်။
(၁) ကချင် Kachin (၂) တရုမ်းTaron Taron
(၃) ဒလောင်
Dalaung (၄) ဂျိန်းဖော
Jinghpaw
(၅) ဂေါ်ရီ
Guari (၆) ခခူ
Hkahku
(၇) ဒူးလန်း
Duleng (၈) မရူ (လော်ဝေါ်)
Maru (Lawgore)
(9) ရ၀မ်
Rawang (၁၀) လရှီ (လချိတ်)
Lashi (La Chit)
(၁၁) အဇီး
Atsi (၁၂) လီဆူး
Lisu
ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး
ရှိသည်။
(၁၃) ကယား Kayah (၁၄) ဇယိမ်း Zayein
(၁၅) ကယန်း
(ပဒေါင်) Ka-Yun (Padaung) (၁၆) ကဲ့ခို
Gheko
(၁၇) ဂေဘား
Kebar (၁၈) ဘရဲ့ (ကယော) Bre
(Ka-Yaw)
(၁၉) မနုမနော
Manu Manaw (၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော်
Yin Baw
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး
ရှိသည်။
(၂၂) ကရင် Kayin (၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi (၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw (၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး
Paku (၂၉) ဘွဲ Bwe
(၃၀) မော်နေပွား
Monnepwa (၃၁) မိုးပွား Monpwa
(၃၂) ရှူး
(ပိုး) Shu (Pwo)
ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃
မျိုး ရှိသည်။
(၃၃) ချင်း
(ဇိုမီး) Chin (Zomi) (၃၄) မေ့ထေး
(ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း
Saline (၃၆) ကလင်ကော
(လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ
Khami (၃၈) အ၀ခမီ
Awa Khami
(၃၉) ခေါနိုး
Khawno (၄၀) ခေါင်စို
Kaungso
(၄၁) ခေါင်စိုင်ချင်း
Kaung Saing Chin (၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ
(ဆင်) Kwangli (Sim) (၄၄) ဂန်တဲ့ (လင်တဲ)
Gunte (Lyente)
(၄၅) ဂွေးတဲ
Gwete (၄၆) ငွန်း
Ngorn
(၄၇) ဆီစာန်
Zizan (၄၈) ဆင်တန်
Sentang
(၄၉) ဆိုင်းဇန်
Saing Zan (၅၀) ဇာဟောင်
Za-How
(၅၁) ဇိုတုံး
Zotung (၅၂) ဇိုဖေ
Zo-Pe
(၅၃) ဇို
Zo (၅၄)
ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong (၅၆) တီးတိန် Tiddim
(Hai-Dim)
(၅၇) တေဇန်
Tay-Zan (၅၈) တိုင်ချွန်း
Taishon
(၅၉) သဒို
Thado (၆၀) တောရ်
Torr
(၆၁) ဒမ်
Dim (၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ
Naga (၆၄)
Tanghkul
(၆၅)
Malin (၆၆)
Panun
(၆၇)
Magun (၆၈)
Matu
(၆၉)
Miram (Mara) (၇၀)
Mi-er
(၇၁)
Mgan (၇၂)
လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃)
Laymyo (၇၄)
Lyente
(၇၅) လောက်တူ
Lawhtu (၇၆) လိုင် Lai
(၇၇) လိုင်ဇို
Laizao (၇၈) ၀ါကင်းမ်
Wakim (Mro)
(၇၉)
Haulngo (၈၀)
အနူး Anu
(၈၁) အနန်
Anun (၈၂)
Oo-Pu
(၈၃) လင်းဘု
Lhinbu (၈၄) အရှိုAsho
(Plain)
(၈၅)
Rongtu
ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး
ရှိသည်။
(၈၆) ဗမာ Bamar (၈၇) ထားဝယ် Dawei
(၈၈) မြိတ်
Beik (၈၉) ယော Yaw
(၉၀) ယဗိန်း
Yabein (၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan (၉၃) ဆလုံ Salon
(၉၄) ဖွန်
Hpon
မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး
ရှိသည်။
(၉၅) မွန် Mon
ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇
မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine (၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး
Kwe Myi (၉၉) ဒိုင်းနက်
Daingnet
(၁၀၀)
မရမာကြီး Maramagyi(၁၀၁) မြို Mro
(၁၀၂)
သက် Thet
ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃
မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan (၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅)
ကွီ Kwi (၁၀၆) ဖျင်
Pyin
(၁၀၇)
ယောင် Yao (၁၀၈) ဓနော
Danaw
(၁၀၉)
ပလေး Pale (၁၁၀) အင် Eng
(၁၁၁)
စုံ Son (၁၁၂) ခမူ
Khamu
(၁၁၃)
ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant (၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun (၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu (၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man
Zi (၁၂၁) ယင်းကျား Yin
Kya
(၁၂၂) ယင်းနက် Yin
Net (၁၂၃) ရှမ်းကလေး Shan
Gale
(၁၂၄) ရှမ်းကြီး Shan
Gyi (၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha (၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O (၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀)
တိုင်းလျမ် Tai-Lem (၁၃၁) တိုင်းလုံ
Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay (၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw
Shan (၁၃၅)၀ Wa
ရည်ညွှန်းကိုးကား
သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြု
ဖျာပုံတိုက်သစ်ဆရာတော် (၂၀၀၇ တည်းဖြတ်ခြင်း)
https://www.facebook.com/notes/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%9E%E1%80%8A%E1%80%B9/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%85%E1%80%AF%E1%81%81%E1%81%83%E1%81%85/550850941601259
No comments:
Post a Comment