ရခိုင်ပြည်နယ်တံဆိပ်
ရခိုင်လူမျိုးတို့သုံးစွဲခဲ့ သော
ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားပါသည်။ ဝေသာလီ
ခေတ်ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏
ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင်
ယဉ်ကျေးမှုထွန်းကားလာခဲ့သည် ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တံဆိပ်တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး
သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်တွင်
ပါရှိသော ရုပ်ပုံများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကြယ်ဖြူ
• ပြည်ထောင်စုဆိုရှယ်လစ်သမ္မတြ မန်မာနိုင်ငံအလံတွင်ပါရှိသော
ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက်
ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူတစ်ပွင့်ကို
သတ်မှတ်ထားခြင်းဖြစ်ပါသည်။
သဇင်ပန်းခွေနှစ်ခက်
• ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကို သုံးစွဲရာတွင်
သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြပါသည်။ သဇင်ပန်းကို ရခိုင်တို့က
သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။
သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။ ပွင့်ဖတ်အလယ်တွင် ၀ါဝင်း၍ ရွှေရောင်ရှိသော
ဝတ်ဆံနှစ်ခုရှိသည်။ မွေးလည်းမွေးကြိုင်သည်။ မြင့်မြတ်သော
သစ်ပင်ကြီးများအပေါ် ၌သာပေါက်ရောက်သည်။ ဖြူစင်သော သီလရောင် ၀ါဝင်းသော
ဝတ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့်
အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏
သင်္ကေတာအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တစ်မြိုင်မြိုင်
ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီတွင်
ပါရှိသော (၈)ပွင့်နှင့် ထိပ်ပေါ်တွင် တစ်ပွင့်ပေါင်းလိုက်သော်လည်း ၉ ဖြစ်သည်။ ထိပ်ပေါ်၌ရှိသော အပွင့်သည် နှစ်ဖက်စလုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေ ရန်
ကိုးန၀င်းကြေသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီတွင်
အပွင့်ငယ်လက်ဝဲမှ (၈)ပွင့် လက်ျာမှ (၈)ပွင့်စီ ရိုးတံကိုမှီ၍ ရှိနေကြသည်။
ထိပ်ပေါ်မှ တစ်ပွင့်နှင့်ပေါင်းလိုက်သော် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။
ဗိန္နူပြောက်များ
• ဝေသာလီဒင်္ဂါးအပြင်ဘက်စက်ဝိုင်းတွင်
ဖော်ပြထားသော ဗိန္နူပြောက်များမှာ နက္ကဒါန်တီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။
ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္နူများမှာ အရေအတွက်အားဖြင့် လုံးရေ ၂၀
ပါရှိသော ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ ၂၀ ထက်ပိုမိုပါရှိသော
ဒင်္ဂါးများလည်း ရှိကြောင်း တွေ့ရ သည်။ သို့သော်လည်း ယခုသတ်မှတ်ထားသော
ရခိုင်ပြည်နယ်တံဆိပ်ပါဗိန္နူ ပြောက်များ၏
အရေ အတွက်ကို လုံးရေ ၂၀ ဟုသတ်မှတ်ထားပါသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ
တံဆိပ်၏ အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိကကျင့်ဝတ်ဖြစ်သော
မင်းကျင့်တရားဆယ်ပါး၊ နာယက ဂုဏ်ခြောက်ပါး၊ သင်္ဂဟ တရားလေးပါးတို့ကို
ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်းဖြစ်ပါသည်။
သိရိဝစ္ဆ
• သိရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။
၎င်းသည် ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါးတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။
ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊
ဘုရားတန်ဆောင်မုတ်တံကဲများတံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သရိဝစ္တမှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင် သင်္ကေတများစွာပါရှိပါသည်။
နေနှင့်လ
• နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလရှိသော ဘွဲထူး၊ ဂုဏ်ထူးအမည်များကိုခံယူခြဲ့ ကသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများဖြစ်ကြသည့်အေ လျှာက်
အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အမြစ်တို့ကို
ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော
အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည်
သစ္စာတရားတည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့်
အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပေါ်ရှိ
လူသတ္တ၀ါတို့ကို အလင်းရောင် ပေးသည်။ လသည်အေးမြကြည်လင်သော သာယာမှုတို့ကို
ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသော အရောင်ကိုပေးတယ်.....
ရခိုင်လူမျိုးတို့သုံးစွဲခဲ
ကြယ်ဖြူ
• ပြည်ထောင်စုဆိုရှယ်လစ်သမ္မတြ
သဇင်ပန်းခွေနှစ်ခက်
• ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကို
ဗိန္နူပြောက်များ
• ဝေသာလီဒင်္ဂါးအပြင်ဘက်စက်ဝိုင
သိရိဝစ္ဆ
• သိရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။
နေနှင့်လ
• နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည်
No comments:
Post a Comment