တချို့နေအိမ်တွင် လူပျိုသား အတွက် လေသာဆောင် ဆောက်ထားသည်များလည်းရှိ၏။ ဧည့်ခန်းဆောင်တွင် မည်သည့်ဧည့်သည်မဆို ညအိပ်ညနေ၀င်ရောက်အိပ်စက်နိုင်သည်။ တချို့နေအိမ်များတွင် သားသမီး အပျိုလူပျိုများအတွက် အပျို၊လူပျိုဆောင်အခန်း ထပ်ဖွဲ့ထားသည်များလည်းရှိ သည်။ ရှေးခေတ် မွန်နေအိမ် များသည် ယခုခေတ်မွန်နေအိမ်များနှင့်စာလျှင် ထူးခြားစွာကွဲပြားမှုများရှိနေသည်။ ရှေးမွန်နေအိမ်များသည် အိမ်မကြီးအတွက်ခေါင်တစ်ခေါင်၊ လေသာဆောင်အတွက်ခေါင်တစ်ခေါင်၊ ဧည့်ခန်းဆောင် အတွက်ေ ခါင်တစ်ခေါင် စသည်ဖြင့်ခေါင်မိုးများ ခွဲထားသည်။ တချို့နေအိမ်များတွင် မီးဖိုဆောင် အတွက် ခေါင် တစ်ခေါင်ထပ်ခွဲထားသည်များရှိသလို အဖီထပ်ထုတ်ထားသည်များလည်းရှိ၏။ အမိုးနှင့်ကြမ်းပြင်ကို ကိုယ်တတ်နိုင်သလို မိုးထား၊ခင်းထားကြသည်။
ယခုခေတ်တွင်ခေါင်ခွဲထားသော မွန်နေအိမ်များသိပ်မတွေ့ရတော့ပါ။ တချို့အိမ်တွင် မဒရပ်ခေါင် ပုံစံဖြင့်ဆောက်ထားသည်များလည်းတွေ့ရ၏။ တချို့နေအိမ်များတွင်နွားနှင့်ကောက်ရိုးပုံထားရန် ဂိုဒေါင်သတ်သတ်ဆောက်ထားသည်များလည်းရှိ၏။ အိမ်ဘေးတွင် စပါးကျီနှင့်ပုတ် ဆောက်ထားကြ၏။ အိမ်ရှေ့မျက်နှာစာလှေကားမှ တက်လာလိုက်လျှင်အပေါ်ထပ်အိမ်ရှေ့ဝရန်တာနှင့် ဧည့်ခန်းဆောင်ကိုတွေ့ ရမည်။ အိမ်ဦးပိုင်းတွင် ဘုရားခန်းရှိသည်။ လူပျိုခန်းကို အိမ်ဦးပိုင်းတွင်ထားလေ့ရှိပြီး အိမ်မကြီးထဲတွင် အပျိုခန်းနှင့် အိပ်ခန်းတစ်ခန်း၊နှစ်ခန်းရှိသေးသည်။ အိမ်နောက်ပိုင်း တွင်ထမင်စားခန်းနှင့်မီးဖိုခန်းရှိသည်။
ထမင်းစာခန်း၊မီးဖိုခန်းနှင့်အိမ်ရှေ့ဝရန်တာတို့၏ ကြမ်းပြင်သည် အိမ်မကြမ်းပြင်ထက်တဆင့်နှိမ့်ထား သည်။မီးဖိုခန်း၏အပြင်ဘက်တွင်ဆေးကြောသုတ်သင်ဖို့ရာရေကပြင်ရှိသည်။ နေအိမ်ပတ်ဝန်းကျင်တွင် သီးပင်စားပင်၊ပန်းပင်များနှင့် အရိပ်ရအပင်များ စိုက်ထားကြပြီး ရေတွင်းသည် အိမ်ဝင်း၏အရှေ့ဘက်ေ ထာင့်တွင် ရှိသည်။အိမ်သာသည်အနောက်ဘက်ထောင့်တွင်ရှိသည်။ ရှေးမွန်အိမ်များတွင် အပျို ခန်း ကြမ်းပြင်တွင်လက်တစ်ဝါးစာခန့်အဖွင့်အပိတ်လုပ်နိုင်သော အပေါက်ငယ်လေးဖောက် ထားကြသည်။ ၄င်းအပေါက်မှတဆင့်အိမ်အောက်တွင်ရောက်လာသောလူပျိုက အပျိုခန်းတွင်ရှိနေသောအပျိုကို ညပိုင်းအချိန်အခါ လူပျိုစကားပြောနိုင်သည်ဟု ကြားဖူးပါသည်။ ( မွန်ဘာသာဖြင့်ရေးထားသော “ မွန်ရိုးရာ ထုံးတမ်းအစဉ်အလာ” မှ ကောက်နုတ်ဘာသာပြန်ပြီး ဖြည့်စွက်ရေးသားထားပါသည်။) လေးစားစွာဖြင့် *Aueblaimon
No comments:
Post a Comment