မျိုးချစ်စိတ်အပြည့်နန့်
မိမိအသက်ကို အလီးမထား ရခိုင်ပြည် ရခိုင်လူမျိုးကောင်းစားရီးအတွက် စီရင်ပြုလုပ်ခရေ ရခိုင်အာဇာနည် အဖိုးရှင် သျှင်မြ၀ါကို၎င်း၊
1784 ခုနှစ် ဒီဇင်ဘာလ 31ရက် နိန့်မှာ ကျူးကျော်နယ်ချဲ့ လာရေ စစ်ကိုခုခံကာကွယ်ရင်းနှင့်
အသက်ဆုံးရှုံးလားခကတ်တေ ရခိုင်သူ ရခိုင်သားအပေါင်းရို့ ကို၎င်း၊ ရခိုင်ဘုရင်မင်းမြတ် မဟာသမ္မတရာဇာနန့်တကွ
မင်းညီးမင်းသား မင်းသမီးရို့ကို၎င်း၊ ရခိုင့်သူရဲကောင်းအပေါင်းရို့ကို၎င်း၊ မဟာမြတ်မုနိ
ရုပ်ရှင်တော်မြတ်ကို မပီးလို၍ ခုခံရင်း သီဆုံးလားခကတ် ရှစ်သောင်းသော
ရခိုင့်သူတော်စင် အပေါင်းရို့ကို၎င်း၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်
လားရေအခါ တောင်ကုတ်လမ်းမှာ အသတ်ခံရရေ သုံးသောင်းလောက်သော ရခိုင်အပေါင်းရို့ကို၎င်း၊အမိရင်ခွင်က
နို့စို့ချေတိကို ယူငင်ကိုင်မြှောက် ဓါးလှံတိနန့် ခုတ်ပိုင်းထိုးသတ်လို့ သီလားခရရေ
နှစ်သောင်းလောက်သော နို့စို့ချေ အပေါင်းရို့ကို၎င်း၊ ကျီးကျွန်း၊ အုန်းကျွန်၊ ရမ်းဗြဲကျွန်း၊
မာန်အောင်ကျွန်းရို့မှာ တစ်ယောက်မကျန် အသတ်ခံရရေ ရခိုင်သူ/သားအပေါင်းရို့ကို၎င်း၊ ကိုးဆယ့်ကိုးတောင်၊
ဒိုင်းကြီး၊ င/ရကောက်၊ စံကားတောင်၊ ဒိုင်းဂျီ၊ဘုရားပေါ်၊ ရှစ်သောင်းကိုးသောင်း
ရှင်ကျော် သရက်အုပ် မဟာထီး မြို့ဟောင်းမြို့၏ အရှေ့ အနောက် တောင် မြောက်လေးပါးရို့မှာ
အသတ်ခံလိုက်ရရေ ရခိုင်ပြည်သူ သုံးသိန်းကျော်ရို့ကို၎င်း၊ နားပေါက်မှာ ကြိမ်သတ်ကြိုးထိုးဗျာလ်
အမရပူရ ကို ခေါ်ယူလားခရေ မင်းညီမင်းသား ရဟန်းရှင်လူ နှစ်သိန်းကျော်သော ရခိုင်ပြည်သူရို့မှ
နှိပ်စက်မှုဒဏ် မခံနိုင်လို့ ခုခံပြောဆိုမိကတ်လို့ အသတ်ခံရရေ ရခိုင်ရို့ကို၎င်း၊ အမရပူရမှာ
ဆင်ဖြူကို ရှိခိုးခိုင်းပြီး နီထွက်ဘုရင် ကျွန်တော်မျိုးပါလို့ ၀ါးခြမ်းပြား
ပီရွက်ရို့မှာ ရေးထိုးပြီးကေ နံနှိပ်ကြွေးကြော်ခိုင်းရေခါ မပြုလုပ်သူရို့အား
သတ်ဖြတ်ခြင်းကြောင့် သီဆုံးလားခရရေ ရခိုင်အပေါင်းရို့ကို၎င်း၊ ယင်းလူအုပ်စုမှ
လက်သမားနှစ်ရာလောက်ကို ထမင်းတစ်ထပ်စီကျွေးပြီးခါ မန္တလေးနန်းတော်ကိုဆောက်လုပ်ခိုင်းလို့
နှစ်ထပ်ထမင်း ပီးပါ တောင်းဆို ရေအတွက်နန့် အသတ်ခံလိုက်ရရေ လက်သမားရို့ကို၎င်း၊
မိတ္ထိလာကန်ကို တူးခိုင်းပြီး အဆုံးစီရင်ခံရလိုက်သော ရခိုင်သူသားရို့ကို၎င်း၊ ယိုးဒယားကို
စစ်တိုက်လားရေခါ ပေါ်တာ အဖြစ်ခေါ်လားခြင်းခံရရ ရခိုင်သားရို့ အစာရေစာဝအောင်းမစားရ၍ မလားနိုင် မထမ်းနိုင်ရေအတွက်နန့်
အသတ်ခံရရေ ခြောက်ထောင်လောက်သောရခိုင်သားရို့်ကို၎င်း၊ ယေပြီးခါရခိုင်ပြည်မှာ အခန်းတိုက်ထဲကိုသွင်းပြီးကေ
မီးရှိုးအသတ်ခံရရေ သက်ကြီးဝါကြီး ၊ အိုနာကျိုးကန်း အဖိုးရှင်အဘောင်ရှင်ရို့တိကို၎င်း၊
ဗိုလ်မင်းထောင်၊ ဖလံထောင်၊ အ၀ကျွန်းမှာဟိရေ ရခိုင်ပြည်သူသားတိက ရခိုင်ပြည်မှာ အီးချမ် နိန်ဗျာလ်
ဆိုပြီး လိမ်ညာသတင်းကို ယုံစားမိလို့  ပြန်လာကတ်တေ ရခိုင်သူသားတိကို ချင်းပျံစစ်သားဆိုပနာ စွပ်စွဲပြီး
လက်မောင်းရင်းမှစပြီး ခြီဖျားထိ တကိုယ်လုံးကို ကြိုးနန့်ချိုင်ဗျာလ် အဂုမြောက်ဦးးမြို့ဂေါင်းဖြူပြင်မှာ
ဓါးဖြင့် ခေါင်းဖြတ်အသတ်ခံလိုက်ရရေ လူကြီးလူငယ်ရခိုင်သူ/ သားသုံးသိန်းကျော်ရို့၎င်း၊
ယင်းပိုင် ရက်စက်ပြီးရေနောက်ပိုင်း ၁၁၄၉ ခုနှစ်မှာ ရခိုင်တပြည်လုံးမှာရှိရေ
ကျောင်းကြီးသုံးဆယ် ကျောင်းငယ်သုံးထောင်ကျော်ရို့မှ ရဟန်း သံဃာအပေါင်းရို့ကို လူဝတ်လဲခိုင်းပနာ
တဖန် ဒွန်စဏ္ဍား ဇာတ်နိမ့်သူရို့ကို ရဟန်ပြုပြီး လူဝတ်လဲထားရေ ရခိုင်ဆရာတော် သံဃာတော်မြတ်ရို့ကို
ရှိခိုးခိုင်းလို့ ပြန်ခံပြောမှုရေအတွက်နန့်
အသတ်ခံရရေ ရဟန်းသံဃာတော်အသျှင်မြတ်ရိုကို၎င်း၊ တချို့ ယင်းသို့ခုခံမပြောဝံ့၊
စိတ်ဆင်းရဲကြီးစွာနန့် ပျံလွန်တော်မူလားခကတ်တေ ရဟန်းသံဃာတော်ရို့ကို၎င်း၊ မုဒိမ်းကျင့်ပြီး အသတ်ခံလိုက်ရရေ ရခိုင်သမချေရို့ကို၎င်း၊
မုဒိမ်းကျင့် မခံ ခုခံကာကွယ် ပြောဆိုရေအတွက်နန့် အသတ်ခံရလို့ သီဆုံးလားခရေ ရခိုင်သူရို့ကို၎င်း၊
ကျွန်ဘ၀မှ
လွတ်မြောက်ဖို့ အမျိုးသားတော်လှန်ရေးစစ်ကို အသက်ကိုပီးဆပ်တော်လှန်ယင်း သီဆုံးလားခကတ်တေ
(၁)ဒါးပိုင်ကြီးကျော်ပုံ(၁ရ၈၅)
ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂)တောင်မင်းကြီးကျော်ထွီး(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃)မုဇုန္ဒာတ်ကြီးဘရွေး(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄)ဒါးပြန်စီး(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၅)လက်ဝဲမြန်တုံးဖောင်သီ(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၆)ရမ်းဗြဲစားဗိုလ်ပေါလုံး(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(ရ)လမုစားဗိုလ်လာခိုင်၊(၁ရ၈၅) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၈)ဗိုလ်ခွက်ပေါက်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၉)ဗိုလ်ကျွဲတကောင်နိုင်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၀)ဗိုလ်ပိုးလုံး(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၁)ဗိုလ်စိန်ရောင်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၂)ဗိုလ်မြရောင်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၃)ဗိုလ်ပက်လက်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၄)ဗိုလ်ကိုခွက်စား(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၅)ဗိုလ်ထွန်းဦး(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၆)ဗိုလ်မျက်တောင်ဖြူ(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁ရ)ဗိုလ်တိုင်းချစ်ပရံ(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၈)နတ်တောင်စားဗိုလ်ရွှေကျော်(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၁၉)ဗိုလ်ဆယ်စင်း(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၀)လက်ယာမြန်ရွာအုပ်ဗိုလ်တုံးစံ(၁ရ၉၄) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၁)ဗိုလ်ကောစွေ(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၂)ဒဂါင်္းတောင်စားဗိုလ်တုံးစံရွှေ(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၃)ဗိုလ်ချုပ်ကြီးချင်းပြန်(ဖောက်ပြန်ရေးသမားမောင်သံတွေ၏သား)(၁ရ၉၈မှ၁၈၁၅)၊ ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၄)လက်ရုံးဗိုလ်(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၅)ပလက်စားဗိုလ်စံ(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၆)ဗိုလ်ကောစံရွှေ(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂ရ)အရှေ့ဝင်းမှူး(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၈)လက်ဝဲမြန်ဖောင်သာ(၁ရ၉၈) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၂၉)ဗိုလ်ချုပ်မျက်တောင်ရှည်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၀)တပ်မှူးဗိုလ်မောင်ရွှေ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၁)ဗိုလ်ချူပ်ကြီးချင်းပျံ၏အစ်ကိုလေးမြို့စားကျော်အောင်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၂)ဗိုလ်အောင်ကျော်ရွှေ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၃)ဗိုလ်နန်းရွှေ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၄)ဗိုလ်စောကဲ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၅)တပ်မှူးသောက်ကြာအောင်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၆)တပ်မှူးသာရကန္ဒ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃ရ)ဗိုလ်တိုးအောင်ကျော်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၈)တောင်စားဗိုလ်မှူးမောင်ညို(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၃၉)မြို့သစ်စားမောင်ငယ်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၀)တပ်မှူးညိုရောင်ဖြူ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၁)ဗိုလ်ဗချစ်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၂)တိမ်ကြားဗိုလ်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၃)လမုစားရွှေလူ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၄)ဗိုလ်အောင်ကျော်ရွှေ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၅)ဗိုလ်အောင်ကျော်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၆)ဗိုလ်တလိုင်းချေ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄ရ)ဗိုလ်းဒိုးအောင်ကျော်(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၈)ဗိုလ်စောကဲ(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၄၉)လမုစားရွှေဘို(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း၊
(၅၀)မြုံတောင်စား(၁၈၁၁) ရဲဘော်ရဲဖက်ရိုကို၎င်း

၊(၅၁)ဗိုလ်ချင်းပျံယောက်ဖ၊မီးစားသက်နှံဝေ(ခ)အသက်နှံ(၁၈၁၁)
ရဲဘော်ရဲဖက်ရိုကို၎င်း၊
ဗိုလ်င/ပြောင်း
နန့် ရဲဘော်ရဲဖက်အပေါင်းရိုကို့၎င်း၊
ဗိုလ်င/မောက်
နန့် ရဲဘော်ရဲဖက်အပေါင်းရိုကို့၎င်း၊
မျက်ကန်းဗိုလ်၊
နန့် ရဲဘော်ရဲဖက်အပေါင်းရိုကို့၎င်း၊
အင်္ဂလိပ်ရို့၏
ဖိနှပ်မှုကို မခံမရပ်နိုင်သောကြောင်း လက်ဖံသွီးနန့့် သီတန်စားရွီးပြီးကေ
မိမိအသက်ကို အဆုံးခံလားရေ မင်းသားကြီးရွှီဘန်း၊ ဒေ၀န်းကြီးအောင်ကျော်ရွှီ
မြို့သူကြီးအောင် ကျော်ဇံ နန့် တစ်ကျိပ်ခြောက်ယောက်သော ရခိုင့်အာဇာနည် သူရဲကောင်း ရဲဘော်ရဲဘက်အပေါင်းရို့ကို၎င်း၊
အမျိုးသားတော်လှန်ရေးကို
ဆက်လက်ကြိုးပမ်းခကတ်တေ မင်းလောင်းမောင်ဖော်အောင်နန့် ရဲဘော်ရဲဖက် ရို့ကို၎င်း၊
ဆရာတော် ဦးဥတ္တမ(1879-1939)၊
ဆရာတော်ဦးစန္ဒာ၊ဆရာတော် ဦးပညာသီဟ အရှင်ရို့နှန့် ရဲဘော်ရဲဖက် ရို့ကို၎င်း၊
ဘုံဘောက်သာကျော်၊
ဗိုလ်ကြာလှအောင်၊ဗိုလ်ကျော်ဇံရှီနန့် အခြားသော မျိုးချစ်ဂေါင်းဆောင် ရဲဘော်ရဲဖက်ရို့ကို၎င်း၊
အင်္ဂလိပ်တိက 1948 ဇန်န၀ါရီလ 4ရက်မိုးသောက်အာရုံ
4း00 နာရီ 20 မိနစ် အချိန်မှစဗျာလ် သခင်သစ် လက်ထဲ ကျွန်ဘ၀လက်ဆင့်ကမ်းခံရစွာကို
မခံချင်ရေအတွက်နန့် တော်လှန်ခရေလို့ ဦးနုလက်ထက်၊
ဦးနေ၀င်းလက်ထက်ရို့မှာ ထောင်ချ လူမသိ သူမသိ တိတ်တိတ်ချေခေါ်ဗျာလ် အသတ်ခံရလို့
သီဆုံးလားခရေ ရခိုင်မျိုးချစ်အပေါင်းရို့ကို၎င်း၊
1952 ခု
ဒီဇင်ဘာလ 5 ရက်နိ့မှာ တစ်ရွာလုံး အသတ်ခံရသော တောပန်ဇင်းရွာသူရွာသားများ၊
မောင်ရှင်သီလရှင်ရို့ကို၎င်း၊
1962
ခုနှစ် သြဂုတ်လ(13)ရက်နေ့တွင် စစ်တွေဆန်ပြသနာတွင် သီဆုံးလားခရေ
ရခိုင်မျိုးချစ်အပေါင်းရို့ကို၎င်း၊
1977 ခုနှစ်
အဖရခိုင်ပြည်ကြီးကို ကယ်တင်မေ ကြွေးကြော်ပြီး တပ်မှူးတပ်ဗိုလ် ရဲဘော်ရဲဖက် 120
ကျော်နန့် ရခိုင်ပြည်ကို အရောက်ချီလာစွာမှာ
တိုက်ပွဲပေါင်း 21 ပွဲဖြစ်ပြီးရေနောက် မလွတ် မြောက် နိုင်၍ မိမိကိုယ်ကို အဆုံးစီရင်လားခသော ဥက္ကဌကြီးခိုင်မိုးလင်းနန့်
အတွင်းရေးမှုးခိုင်ဘကျော်၊ ဗိုလ်ကြီးခိုင်မင်းနိုင်၊ ခိုင်ဗိုလ်သိန်းနိုင်၊ ဗိုလ်ခိုင်ကျော်ထွီး၊
ဗိုလ်ခိုင်သီဟ၊ ဆရာကြီးခိုင်ထွန်းဘအေး၊ ဗိုလ်ခိုင်ဓညအောင်၊ ဆရာခိုင်ရွှေခိုင်၊
ဆရာခိုင်ပြောက်ကျား ရဲဘော်ခိုင်ကျော်ဝင်း၊ ဆရာခိုင်သန်း၊ ရဲဘော်ခိုင်မိုးကြိုး၊
ဆရာခိုင်စိုးနိုင်၊ ဆရာခိုင်ရဲလင်း၊ ခိုင်ဗိုလ်စိုးနိုင်၊
ရဲဘော်ခိုင်သန်းထွန်းနှင့်တကွ တပ်မှူးတပ်ဗိုလ် 40 ကျော်ရို့ကို၎င်း၊
ရခိုင်ပြည်၌ကျဆုံးလားခသော
ဆရာကြီးခိုင်ကျော်ထွန်း၊ ဆရာကြီးခိုင်ထွန်းနိုင်တကွ တပ်မှူးတပ်ဗိုလ်ရဲဘော်ရို့ကို၎င်း၊
ဘင်္ဂလားဒေ့ခ်ျမှာ
သီဆုံးလားခရေ ဆရာခိုင်သစ္စာကို၎င်း၊
အိန္ဒိယမှာ ရခိုင်ပြည်အတွက်
အကြွီစောလားခရေ ရဲဘော် ခိုင်ရွက်သစ်နီ၊ ရဲဘော်ခိုင်ဘော်၊ ခိုင်ဝရဇိန်၊ ဆရာခိုင်တိုက်ထွန်းရို့ကို၎င်း၊
ရခိုင်ပြည်လွတ်လပ်ရီးအတွက်
ကြိုးစားးအားထုတ် ရန်သူတိကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်းနန့် သီဆုံးလားခရေ
ALP အတွင်းရေးမှူး ဦးစံကျော်ထွန်း (ဗိုလ်မှူး) နန့့် ရဲဘော်ရဲဖက်ရိုကို၎င်း၊
ပါတီပေါင်းစုံရို့မှ
လွတ်လပ်ရေးအတွက် အသက်ပီး တိုက်ပွဲဝင်လား၍ကွယ်လွန်လားခသော အာဇာန်ီဂေါင်းဆောင်ရို့နန့် ရဲဘော်ရဲဘက်ရို့ကို၎င်း၊
ရခိုင်ပြည် လွတ်လပ်ရေးသည်ပထမ။
လွတ်လပ်ရေးသည်ဒုတိယ။လွတ်လပ်ရေးသည်တတိယ
ဟုကြွေးကြော်ပြီး
တိုက်ပွဲဝင်လာရေ NUPA မှဗိုလ်ချုပ် ခိုင်ရာဇာနန့်
ဂေါင်းဆောင်ရိုကို၎င်း၊
ဦး
ဦးသာထွန်း၊
ဦးစံကျော်(ဂိုးသမား)
စစ်အစိုးရလက်ထက်
လူမသိ သူမသိ အလွှာစုံက ညဉ့်အချိန် တိတ်တဆိတ်ခေါ်ဗျာလ် အစဖျောက်ခံလိုက်ရရေ အညတြ ရခိုင်မျိုးချစ်သူရဲကောင်းရို့ကို၎င်း၊
ALP ၊ ALA
၊ AA တောလှန်ရေးတပ်တိမှာ တိုက်ပွဲဝင်ရင်း တာဝန်ထမ်းဆောင်ရင်း သီဆုံးလားခကတ်တေ
မျိုးချစ်ရခိုင်ရို့ကို၎င်း
ငါ၏ သိတတ်စ
အရွယ်ကစဗျာလ် ဂနိန့်ထိ ပြုလုပ်ပြီးသမျှသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ရို့ကို
အညီအမျှ ရကြပါစီ ပီးဝီပါယင့် အမျှရကြ၍
လွှတ်မြောက်နိုင်ကြပါစေကုန်သတည်း၊
အီးချမ်း။နိုင်ကြပါစီကုန်သတည်း။
ရောက်ရာဘုံဘ၀က
သာဓုခေါ်နိုင်ကြပါစီသတည်း။
ကုသိုလ်… အမျှ
.. အမျှ .. အမျှ …ယူတော်မူကြပါကုန်လော့ …………….၊
သာဓု ..
သာဓု …သာဓု…..။
ကုသိုလ် … အမျှ
.. အမျှ .. အမျှ …ယူတော်မူကြပါကုန်လော့ …………….၊
သာဓု ..
သာဓု …သာဓု…..။
ကုသိုလ် … အမျှ
.. အမျှ .. အမျှ …ယူတော်မူကြပါကုန်လော့ …………….၊
သာဓု ..
သာဓု …သာဓု…..။
(ကိုးကား )
ဆရာတော်
ရာဇာဝံသ ရီစက်ချမှတ်တမ်းလက်ရေးမူ (ရခိုင့်အမျိုးသားရေး နိုင်နိုင်)
သမိုင်းသစ်ဂျာနယ်အတွဲ(၃)
ဖြည့်စွက်(မောင်ဖြူ)
No comments:
Post a Comment