Wednesday, January 15, 2014

အတုမရှိ သံဃာ့ညီလာခံတ်ာကြီး ၏ သဘောထား ကြေငြာချက်



*************************************
ရက်စွဲ-(15-1-2014)
တက်ရောက်သံဃာ -(နှစ်သောင်းကျော်)

(၁)မြန်မာနိုင်ငံတော်နှင့် နိုင် ငံသားများ အကျိုးစီးပွါးအတွက် (၁၉၈၂)ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းသည် ။

(၂)နိုင် ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင် ရေးဆွဲရာ၌ ပုဂ္ဂလအဓိဌာန်နှင့် လတ်တ လော အ ခြေနေကို မကြည့်ဘဲနိုင်ငံနှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွါးကိုသာကြည့်ရှုဆောင်ရွက်ရန်
တိုက်တွန်းသည် ။

(၃)လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်းမပါဝင် သောလူမျိုးစုနှင့် အဖွဲ့အစည်းများအား ကူညီပံ့ပိုး အားပေးအားမြှောက်ပြုနေကြသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လုပ် ရပ်မှန်သမျှကို
နိုင် ငံတော်၏ အချုပ်အခြာအာဏာ ထိပါးစေနိုင်သဖြင့် ကန့်ကွက်သည် ။

(၄)တည်ဆဲဥပ ဒေနှင့် မညီညွတ်သောတိုင်းရင်းသားစာရင်း၌ မပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် များအား ပြန်လည်စိစစ်၍ ဥပ ဒေနှင့်အညီသာဆောင် ရွက်ပေးရန်တိုက်တွန်းသည် ။

(၅)တိုင်းရင်းသားအခွင့်အ ရေးနှင့် နိုင်ငံသားအခွင့်ရေးများကိုကာကွယ်စောင့်ရှောက်နိုင်ရန် ရွေးေ ကာက်ပွဲတိုင်းတွင် ဥပဒေနှင့်မညီညွတ်သည့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းသင့်ကြောင်း အကြံပြုတိုက်တွန်းသည်

(၆)အမျိုးဘာသာသာသနာ အဖွဲ့အစည်း(မဘသ)ခေါ် သာသနဝံသပါလအဖွဲ့အတွက် အင် အားဖြစ်စေသော
အားပေးစကားများကို ပြောကြားခဲ့သည့် နိုင် ငံတော် အကြီးအကဲများ နိုင် ငံခေါင်းဆောင် များလွှတ်တော် ကိုယ်စားလှယ်တော် ကြီးများအားကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည် ။

(၇)သတင်းမီဒီယာများသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဌိုင် ဖြစ်သည့်အလျောက် သတင်းမီဒီယာ ကျင့်ဝတ်နှ င့်အညီ နိုင် ငံတော်နှင့် အမျိုးဘာသာသာသနာ၏ အကျိုးစီးပွါးကို မထိခိုက်အောင် မှန်ကန်မျှတ စွာ ဖော်ပြ ကြရန်နှင့် မမှန်မကန်ဖော်ပြမှု အဂတိလိုက်စားမှုများ ရှောင်ကြရန် အထူးတိုက်တွန်းသည် ။

(၈)မြန်မာနိုင် ငံသူ နိုင် ငံသားများသည်မိမိ/သူတစ်ပါး အမျိုးဘာသာကိုထိခိုက်စေမည့် ဟောပြောမှု လှုံ့ဆော်မှုနှင့် တုန့်ပြန်မှုများကိုရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းသည် ။

(၉)အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ခေါ် သာသနဝံသပါလအဖွဲ့သည် သာသနာ့ဥသျှောင် သံဃာ့ဥသျှောင် ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် အမှီအခိုကင်းပြီး
လွတ်လပ်သည့်အမျိုးသားရေး အင်အားစုကြီးတစ်ရပ်သာ ဖြစ်ကြောင်း သိစေအပ်သည် ။

(၁၀)အကာအကွယ်မဲ့နေကြသည့် မြန်မာ့အမျိုးကောင်းသား အမျိုးကောင်းသမီးများအား ကာကွယ်စောင့်ရှောက်နိုင် မည့် အမျိုးစောင့် ဥပဒေ အတည်ပြုပြဌာန်းပေးနိုင်သည်အထိ
ဆက်လက်ဆောင်ရွက်သွားမည် ဟု ဤညီလာခံတော်ကြီးက အဓိဌာန်ပြုသည်

-----------------------------------------------------------------
( ဘဒ္ဒန္တတိလောကာဘိဝံသ )

နိုင်တော်သြဝါဒါစရိယ
အဂ္ဂမဟာပဏ္ဌိတ
ဥက္ကဌ
မဘသ(ဗဟို)

( ဘဒ္ဒန္တတိက္ခ )

ိနိုင် ငံတော်သြဝါဒါစရိယ
အဂ္ဂမဟာပဏ္ဌိတ
ဥက္ကဌ
မဘသ(မန္တလေးတိုင်းဒေသကြီး)

No comments:

Post a Comment