ရင်ဘတ်တိုင်းမှာ
ရှိနေရမည့် အမှတ်တံဆိပ်
ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိနေကြသော
ရခိုင်အမျိုးသား၊အမျိုးသမီး များ အနေဖြင့် နိုင်ငံတကားအခမ်းအနားပွဲ တက်ရောက်ကြရာတွင်၎င်း ၊ အခြားလူမျိုးများနှင့် တိုင်းရင်းသားတို့၏
ရိုးရာပွဲများ၊အခမ်းအနားပွဲ များသို့ တက်ရောက်ကြရာတွင်၎င်း၊၊ INGOs ၊ NGOs များမှ ပြလုပ် သော အခမ်းအနားများ တက်ရောက်ကြရာတွင်၎င်း၊ရခိုင်လူမျိုးတိုင်း၏
ရင်ဘတ်ပေါ်တွင် ရှိနေသင့်သည့် ရခိုင်အမှတ်တံဆိပ် ။
မပြောဘဲ သိနေမည့် အမှတ်တံဆိပ်။
။ ။ ရခိုင်ပြည်နှင့် ရခိုင် လူမျိုးကို ကိုယ်စားပြုသည့် ဤအဆင့်မြင့် ကြေးရင်ထိုးရခိုင်အမှတ် တံဆိပ်များကို
ရခိုင်အမျိုးသား/သမီးတိုင်း ရင်ဘတ်ပေါ်တွင် ဂုဏ်ယူစွာ တပ်ဆင်၍ အခမ်းအနားများကို တက်ရောက်ခြင်းအားဖြင့်
မြင်သူ အပေါင်းကို မိမိသည် ရခိုင်လူမျိုးဖြစ်ကြောင်း
ဖွင့်မပြောသော်လည်း ပြောနေဘိ သကဲ့သို့ သိသာစေမည့်
ရခိုင်အမှတ်တံဆိပ် ။
တန်ဖိုးနည်းသော်လည်း ရခိုင့်ဂုဏ်ရည်မြင့်ပစ္စည်း
ရခိုင်အမျိုသားရေးလက္ခဏာကို ပီပြင်စွာ ပေါ်လွင်အောင် ဖေါ်ဆောင် သော
ပစ္စည်းဖြစ်သောကြောင့် ရခိုင်အမျိုးသား/သမီးတိုင်း ဘ၀ တစ် သက်တာတွင် တစ်ယောက်တစ်ခုကျစီ ဆောင်ထားသင့် ပြီး ရတနာ တန်းဝင်
ရွှေ၊ငွေ၊စိန်၊ ကျောက်များနှင့် တန်းတူ တန်ဖိုးထားကာ သိမ်း ထားသင့်သော ရခိုင်အမှတ်တံဆိပ်။
လက်ဆောင်မွန်။ ။ရခိုင်လူမျိုးတစ်ယောက်အနေဖြင့်
လူမျိုးခြား အသိမိတ်ဆွေများအား မိမိတို့၏ အမျိုးသားရေးအမှတ်တံဆိပ်ဖြစ်သော ဤရခိုင်ပြည်
ရင်ထိုးအမှတ်တံဆိပ်ကို လက်ဆောင်ပေးရသည်လောက်
မွန်မြတ်သည့် ပစ္စည်း အခြားရှိအံ့မထင်ပါ။ လက်ဆောင်ရသူ တစ်ဦး အနေဖြင့်လည်း လက်ဆောင်ပေးသူ၏
မျိးချစ်စိတ် နှင့် တိုင်းပြည် ချစ်စိတ်ကို မပြောဘဲ သိသွားစေမည့် အမျတ်ဆံဆိပ်။
အထိမ်းအမှတ်လက်ဆောင်မွန်။ မိမိတို့၏တစ်သက်တွင် တစ်ခါ မင်္ဂလာဆောင်ကြရာတွင် သမိုင်းတွင်မည့် မင်္ဂလာလက်ဆောင် ပစ္စည်းအဖြစ်သော်၎င်း၊ ရှင်ပြု အလှူမင်္ဂလာများတွင်၎င်း အမှတ်တရ တုန့်ပြန်သည့်လက်ဆောင် ပစ္စည်းအဖြစ်သော်၎င်း၊ ရခိုင်လူမျိုးတစ်ယောက် အနေဖြင့် ပေးကမ်းရသည်ရှိသော် ဂုဏ်တက်စေမည့် အမှတ်တံဆိပ်တစ်ခု။
အရည်အသွေး ။ ။ ။ ဤတံဆိပ်ကို
ကြေးပြားပေါ်တွင် အဆင့် မြင့် နည်းပညာဖြင့် ရေးထွင်း ပြီး အရောင်သွင်း ကာ သေသပ်လှပစွာ
ပြု လုပ်ထားပါသည်။ ရင်ထိုးအဖြစ် အသုံးပြုရာတွင်လည်း အင်္ကျီကိုဖေါက် စရာမလိုဘဲ အတွင်းအပြင်
သံလိုက်စနစ်ဖြင့် ကပ်ခွါပုံစံ ပြုလုပ်ထားပါ သည်။ ကာတာရှည်ခံစေရန်လည်း နည်းပညာမြင့် ပလက်စတိတ် ချော်ရည်တစ်မျိုးကို အုပ်ပေးထားေ သာကြောင့်
ကြာလေ အရောင် တောက်လေ ဖြစ်သည်။ဥတုသုံးပါးဒဏ်ကိုလည်းခံနိုင်ရည်ရှိပါသည်။
No comments:
Post a Comment