ရခိုင်ရာဇ၀င်အရ ကမန်သည် လူမျိုးတစ်မျိုး၏အမည်ကိုခေါ်
ခြင်းမဟုတ် ကမန်ဟူသည် ရခိုင်ဘုရင်အဆက်ဆက် စစ်အင်္ဂါ လေးပါးဖြင့် ဖွဲ့စည်းရာတွင် စစ်သည်ရဲမက်တို့ အသုံးပြုသော လေးလက်နက်ကို ကမန်(ခ)ကမံ ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ရခိုင်ဘုရင်တို့၏ စစ်တပ်ဖွဲ့စည်းရာတွင် ဆင်တပ်၊မြင်းတပ်၊ရေတပ်၊ သိုင်းတပ် ဟူု၍တွေ့ရသည်။ ယင်းတပ်တို့တွင် ပါဝင်သော စစ်သည်သူရဲ ရဲမက်တို့မှာ
(၁) ဒါးကိုင်လှံစွဲသူရဲ ၊
(၂) ကမန်လေးကိုင်သူရဲ၊
(၃) ဒါးကိုင် ကာဆွဲသူရဲ၊
(၄) သိုင်းတပ်သူရဲ၊
(၅) ကိုယ်ရံတော်သူရဲတို့ဖြစ်ကြသည်။
(ကမန်လေးကိုင်) ဟူသည် လေးလက်နက် စွဲကိုင်သူကို ခေါ်ဆိုခြင်းသာဖြစ်သည်၊ ရခိုင်ရာဇ၀င်လာ ကမန်(ခ)ကမံဟူသော ဝေါဟာရသည် “ကမန်အမည်ခံယူထားသော ကုလားလူမျိုးများကိုခေါ်ဆိုခြင်းမဟုတ်သလို၊ ထိုလူမျိုးအမည်ခံသူတို့နှင့်လည်း လုံးဝသက်ဆိုင်ခြင်းမရှိသည့် စကားလုံးသာဖြစ်သည်။”
ကမန်အမည်ခံယူထားသော ကုလားများ ရခိုင်ပြည်ကို မရောက်လာမီ နှစ်ပေါင်းများစွာကပင် ရခိုင်ဘုရင့်တပ်မတော်တွင် လေးလက်နက်ကို ကမံ - ကမန် (လေး)ဟူ၍ သုံးစွဲမှုရှိနေပြီဖြစ်ကြောင
်း တွေ့ရပါသည်။ အလားတူ သူ့နေရာနှင့်သူ အသုံးပြု သော ကမံ - ကမန် ဝေါဟာရများမှာ ကမံဆီ၊ ကြေးလေးကမံ ၊မြားကမံ ၊ကမံလေးကိုင်၊လှံ ဒါး ကမံ၊ လေးကမံ၊ ကြေးကမံ လေးကြီး၊ ကမံလေး စသည်ြ
ဖင့် အများအပြားရှိခဲ့ကြသည်။
ရခိုင်ရာဇ၀င်လာ ကမန်ဝေါဟာရ စကားလုံးများ
ကြေးလေးကမန် ။ ။ ကြေးလေးကမန် အရာ၌ ရှေးကကြားဘူးသော အသဒိသ၊ ဇဋိလ စသော ဘုရားဠောင်းတိုဝ့်ကိုဝ့် ကဲ့သိုဝ့် ထင်မှတ်ကြကုန်၏ ၊မျက်စိမမြင်ပေလျှက် အိုင်ထဲ၌ဟိသော ငါးကိုဝ် လက်ဝဲမျက်စိကိုဝ် မှန်စိမည်ဟု ပိုက်လျှင်လည်း မှန်လေ ၏ ညဉ့်အခါ၌ ဆံခြေကိုဝ် ကြိုဝ်းနှင့် ဆွဲပြီးလျှင် အသံကိုနားခံ၍ ပိုက်သော်လည်း ထိုဆံခြေကို မှန်လေ၏။ထိုမင်းသည် အစွမ်း ခွန်အားနှင့် ကြေးလေးကမံ အရာကို တတ်လှသည်ဟု အင်းဝမင်းကကြားလေသော်။
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎူ- ချပ်ကြော ၊ကြောင်းရေ ၆-၇ )
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎူ- ချပ်ကြော ၊ကြောင်းရေ ၈-၉ )
ကမံဆီ ၊ ငါတိုဝ့်မင်းကြီးအလီခင်သည် ဆင်ကိုမစီးတတ်ပေ၊သုမင်းဟိသည
်ကိုဝ် တိဝ့် ဒါးငယ်တဇင်းကိုဝ် လက်မြှောက် အဟံတည့်သိုဝ် ကမံဆီဖြင့် လုပ်ပြီးသော် လက်တော်၌ ပါလေ၏။
ကမံဆီ ။ ငါတိုဝ့်မင်းကြီးအလီခင် ကြားလေသော် သူတို့မင်းဆင်သို့စီးသောအခါ လက်၌ပါ၍ ဟိသော “ကမံဆီ” ဖြင့် လုပ်သော လက်မြှောက်အဟံကဲ့သိုဝ့် ဒါးငယ်ကို ပွေ့လိုက်သော
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎူ- ချပ်၊ရင် ၊ကြောင်းရေ ၇-၈ )
ကြေးလေးကမန် ။ ။ ကြေးလေးကမန် အရာ၌ ရှေးကကြားဘူးသော အသဒိသ၊ ဇဋိလ စသော ဘုရားဠောင်းတိုဝ့်ကိုဝ့် ကဲ့သိုဝ့် ထင်မှတ်ကြကုန်၏ ၊မျက်စိမမြင်ပေလျှက် အိုင်ထဲ၌ဟိသော ငါးကိုဝ် လက်ဝဲမျက်စိကိုဝ် မှန်စိမည်ဟု ပိုက်လျှင်လည်း မှန်လေ ၏ ညဉ့်အခါ၌ ဆံခြေကိုဝ် ကြိုဝ်းနှင့် ဆွဲပြီးလျှင် အသံကိုနားခံ၍ ပိုက်သော်လည်း ထိုဆံခြေကို မှန်လေ၏။ထိုမင်းသည် အစွမ်း ခွန်အားနှင့် ကြေးလေးကမံ အရာကို တတ်လှသည်ဟု အင်းဝမင်းကကြားလေသော်။
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎေ- ချပ်၊ ရင် ၊ကြောင်းရေ ၆-၇ )
ကြေးလေးကမန်။ ။ ကလမသျှာမင်းသည် ကြေးလေးကမံဖြင့် ပိုက်လေသော် ကုလားတို့သည် အထောင်မက သေပျောက် ပျက်စီးလေလျှင် ပြံပြေးစေ၏။
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎဲ- ချပ်၊ ရင် ၊ကြောင်းရေ ၂ )
မြားကမန် ။ ။ မင်းကြီးပိုက်သော မြားကမံ တို့သည်ကား ထွားထွားညက်ညက်ကြီးသည်ကိုဝ် မြင်လေသော် ကုလားပြည် အားလုမ်းသည် အံသြသရဲဟိကုန်၏။
(အင်းဇောက်ရာဇ၀င် ၉ ကြောင်းပေမူ ၊ ဎဲ- ချပ်၊ ရင် ၊ကြောင်းရေ ၃-၄ )
ကမံလေးကိုင် ။ ။ ကစ္ဆှပနဒီမြစ်ညာ ပေချောင်းဖျား ကျောက်မသာ ကျောက်ဖျာထက် ဆိတ်ခွေးမွေးတောင်တန်း သားတော် သံတွဲစား ချစ်နှောင်းတပ် ။ ဓါးကိုင်လှံစွဲ သူရဲတစ်သောင်း ၊ပန်းတော်စား ရန်မျိုးအောင် တဗိုလ်၊ ကမံလေးကိုင် သူရဲတစ် သောင်းမှာ မြို့သစ်စားတဗိုလ်၊ ဒိုင်းစွဲ ကာစွဲ သူရဲတစ်သောင်းမှာ တောင်ကုတ်စား ရာဇသူတဗိုလ်၊ သိုင်းတပ် သူရဲတစ် သောင်းမှာ လမူးစားထွန်းအောင်တဗိုလ်၊
(ဓည၀တီအရေးတော်ပုံကျမ်း-အပိုဒ် ၂၂ ၊ စာ ၄၀) (ရခိုင်ရာဇ၀င်သစ်ကျမ်း ဒု-တွဲ စာ ၆၀)
လှံ ဓါးကမံ ။ ။ စစ်တက်ချီတော်မူလျှင် အရှေ့တောင်စဉ်ကျေးရွာ လမ်းပေါက်များတွင် ကိုယ်တော်ရံ ရဲမက်နှစ်သောင်းမှာ “ အမတ် ဟာဇကြီး” ကို အချုပ်ခန့်၍ တောင်စဉ်ချောင်းစေ့ အသီးသီးတပ်နှင့် ထားတော်မူခဲ့သည်။ ပြည်စောင့်ညီတော် ရမ်း ဗြဲစား “ စကြာဝတေးမင်း” နှင့် အမတ်ပြည်စိုးကြီး “ လှံ ဓါးကမံ ၊ သိုင်းကာ၊ ဓါးစွဲ” နှစ်သောင်း ၊ကိုယ်ရံတော်သူရဲ တစ်သောင်း ပေးတော်မူသည်။
(ဓည၀တီအရေးတော်ပုံကျမ်း အပိုဒ် (၂၂ ) စာ-၄၀ ) (ရခိုင်ရာဇ၀င်သစ်ကျမ်း ဒု - တွဲ စာ-၆၀ )
ကမံလေးကိုင် ။ ချီတော်မူသည့် တပ်စဉ် အစီရင်ခန့်ရံတော်မူသည်ကား လက်ဝဲသင်းကိုယ်ရံနှစ်သောင်းမှာ အမတ်ကုလားတန်စား စောနု တဗိုလ်၊ အမတ်မင်းတုန်းစား ရဲအောင်နိုင်တဗိုလ်၊ လက်ယာသင်းကိုယ်ရံနှစ်သောင်းမှာ အမတ်တရွေးစား ဂါမဏိတဗိုလ်၊ အမတ်မြို့ချောင်းစားတဗိုလ်၊ “ကမံလေးကိုင်” သူရဲတစ်သောင်းမှာ တောင်ကုတ်စား ရန်မျိုအောင်တဗိုလ်၊
(ဓည၀တီအရေးတော်ပုံကျမ်း အပိုဒ် (၆၅ ) စာ-၁၈၆ )
ကြေးကမံလေးကြီး။ ။ ကလမသျှာမင်းကြီးသည် ကုလားအ၀တ်ကို ၀တ်ပြီးလျှင် ကြေးကမံလေးကြီးဖြင် ပစ်လေသော် ကုလားစစ်သည် တို့သည် အထောင်မက သေကြေပျက်စီးကြလေသောကြောင့် ပြေးကြကုန်လေ၏
(ရခိုင်ရာဇ၀င်သစ်ကျမ်း၊ ဒု-တွဲ စာ-၃၃)
ကမန်လေးကိုင် ။ ။ ထိုအပြင် အမှုထမ်းအသင်း ၊ကိုယ်ရံတော်အမှူး ၀င်းသား၊ဒိုင်းသား၊ဟယား၊ စီရီ ၊ “ ကမန်လေးကိုင်” တို့မှစ၍ အခွန်အထုပ် မဆောင်မရွက်စေနှင့်။
(ရခိုင်မဟာရာဇ၀င်တော်ကြီး ၊ စာ -၅၄)
လှံဓါးကမံ ။ ။ ပြည်စောင့်ညီတော် ရမ်းဗြဲစား စကြာဝတေးနှင့် အမတ်ပြည်စိုးကြီးကို လှံ ဓါးကမံ ၊ သိုင်းကာ၊ ဒိုင်းစွဲ သူရဲနှစ်သောင်း ၊ကိုယ်ရံတော် သူရဲတစ်သောင်း ပေးတော်မူသည်။
(ဓည၀တီရာဇ၀င်သစ် ၊ စာ - ၁၄၆)
ဤကား ရခိုင်သမိုင်း ရာဇ၀င်လာ ကမံ၊ ကမန် စကားများဖြစ်ပေသည်။ ကမန်ဟူသော ဝေါဟာရစကားလုံးကို ရှေးခေတ်ရခိုင်လူမျိုးတစ်မျ
ိုးတည်းသာ သုံးနှုန်းကြသည်မဟုတ်ဘဲ မြန်မာလူမျိုးတို့သည်လည်း ရှေးခေတ်က သုံးစွဲခဲ့ကြသည်ကို မြန်မာရာဇ၀င်များတွင် တွေ့ရပါသည်။ အနည်းငယ် ဖေါ်ပြရမည်ဆိုလျှင်
ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး ပထမတွဲ စာ- ၂၀၀-၂၀၁-၂၀၂ တို့၌ “ကမန်” ဟူသောဘွဲ့ကို လေးလက်နက်ထူးချွန်သော သူရဲကောင်းတို့အား ဗမာရှင်ဘုရင်က ချီးမြှင့် မြှောက် စားခဲ့ခြင်းဖြစ်သည်။ ထိုသို့ချီးမြှင့် မြှောက်စားခံရသူ သူရဲကောင်းများမှာလည်း “ကမန်ကုလား” များမဟုတ်ကြောင်းကို အထူးသိမှတ်သင့်ပေသည်။
AD-1757 ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့က ဗမာရှင်ဘုရင်သည် သူ၏လေးသည်တော် သူရဲကောင်းတို့အား “ကမန်ဘွဲ့”ဖြင့် ချီးမြှင့် မြှောက်စားခဲ့ရာ၌ ပါဝင်သော လူပုဂ္ဂိုလ်အမည်များထဲ အနည်းငယ်ကို ဖေါ်ပြရမည်ဆိုလျှင်
(က) ပန်းတည်း ငမြတ်ကို ကမန်ကျော်ထင်၊
(ခ) တောထွန်းကို ကမန်သူရဘွဲ့၊
(ဂ) ငမြတ်သူ ကို ကမန်ရာဇကျော်ဘွဲ့၊
(ဃ) သေဇပျံချီ ကို ကမန်စက္ကသူဘွဲ့ ၊
(င) ငကွယ် ကို ကမန်ဝေရကျော်ဘွဲ့၊
(စ) ငထွန်းပွင့် ကို ကမန်ကျော်သူဘွဲ့၊
(ဆ) ငမြတ်စံကို ကမန်ရဲကျော်ဘွဲ့ ၊
(ဇ) ငလှကျော်ကို ကမန်ရာဇကျော် ၊
(ဈ) ငပညာကို ကမန်ရဲသူဘွဲ့၊ များ ပေးအပ်ခဲ့သည်ကိုတွေ့ရသည်။
ထိုအပြင် ရိုးရိုးလေးသည်တော်များကို
လည်း
ငသာဦး ကို ဓနုစက်၊
ငမှုန်ကို ဓနုရန်ခွဲ ၊
ငရွှေထွန်း ကို ဓနုရန်နှင် ၊
ငသာထွေးကို ဓနုရန်နိုင်၊ ငညီထင်ကို ဓနုရန်လွတ်၊ ငပုညို ကို ဓနုရမ္မကျော်၊ငအောင်ထွေးကို ဓနုတေဇကျော်၊ ငပန်းလှကို ဓနုလက်ယာကျော်၊ ငထွန်းလှကို ဓနုလက်ဝဲကျော်၊ ဟူသော လေးနှင့် သက်ဆိုင်သည့် ဘွဲ့များ ချီးမြှင့် မြှောက်စားခဲ့ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။
ရခိုင်ရာဇ၀င်သမိုင်းလာ ကမံ၊ ကမန်၊၊ မြန်မာရာဇ၀င်သမိုင်းတို့၌ ကမန် ဟူသော အမည်နာမဝေါဟရများမှာ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးအမည်ခံယူထားသောလူမျိုးများနှင့် ၊ တစ်နည်း ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော (ကမန်လူမျိုး) အမည်ကို ပြန်လည် သုံးသပ်ကာ ထိုလူမျိုး၏ မူလဇာတ်မြစ် လူမျိုးအမည်အမှန်ကို သုတေသန များ ပြုလုပ်ကာ ဖေါ်ထုတ်ရန် လိုအပ်နေပါကြောင်း တင်ပြလိုက်ပါသည်။
ရမ္မာဝတီ မဂဇင်း အမှတ်(၅) ဒွါရာဝတီ အရှင်ကုသလ ရေးသားသည့် (ကမန်ဟူသည်လူလော လေးလော့) ဆောင်းပါးကို မှီငြမ်းရေးသားသည်။
No comments:
Post a Comment