ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Wednesday, January 21, 2015
ဆီးချိုရောဂါသမားတို့အတွက်သတင်းကောင်းပါ
အောက်မှာဖော်ပြထားတဲ့ပုံက ခရေပင်ပုံလေးပါ
ဦးဇင်းရဟန်းအစ်မတစ်ယောက်က အသံတိတ် လူသတ်ရောဂါလို့နာမည်ကြီးတဲ့ ဆီးချိုရောဂါ ရှိပါတယ် ငွေကြေလည်းပြည့်စုံတော့ အင်္ဂလိပ်ဆေးတွေသောက်နေရပါတယ် တစ်ခါဝယ်ရင် သောင်းဂဏန်း သိန်းဂဏန်းထိကုန်ကျပါတယ် အသက်ကို ငွေနဲ့ဝယ်ထားရတယ်ဆိုရင်လည်း မမှားပါဘူး ဒီဝေဒနာကိုခံစားနေရတာ ဦးဇင်းကို သိက္ခာမထပ်ခင်ကဆိုပါတော့ အခုဆို ၆ နှစ်မကတော့ပါဘူး။ ဦးဇင်းလည်းဒီဝေဒနာခံစားနေရတာ မကြည့်ရက် လို့ ငွေကြေးလည်းသက်သာ ဆိုးကျိုးလည်း မဖြစ်မယ့် ဆေးနည်းတွေရှာပေးပါတယ် ရုံးပတေသီး ရေစိမ်သောာက်နည်း သင်္ဘောသီးအစိမ်းကို ရေနွေးဖြင့်သောက်နည်း တွေကိုလမ်းညွန်ပေးပါတယ်
သင်္ဘောသီးကိုရေနွေးစိမ်းသောက်တာ တစ်ပတ် နှစ်ပတ်လောက်ကြာပါတယ် မသက်သာပါဘူး ဆီးချိုတစ်ခါတက်ရင် ၅၀၀ထိတက်ပါတယ် ဒီလောက်ဆီးချိုတက်ရင် ခေါင်းမထူနိုင်တော့ပါဘူး သာမန်လူတစ်ယောက်ဆိုရင် လေဖြတ်ရုံတင်မက အသက်ပါသွားနိုင်တဲ့အခြေနေပါပဲ ။ သူကတော့ ကုသိုလ်ကောင်းမှုတွေများနေလို့လား ဒါမှမဟုတ် ဒီရောဂါကိုခံနိုင်ရှိသွားလို့လား မပြောတတ်ပါဘူး အင်္ဂလိပ်ဆရာဝန်နှင့်ပြလိုက်လျှင်သက်သာ သွားပါတယ် ၃၀၀ထိပြန်ကျသွားပါတယ် ။
လွန်းခဲ့ ၂၀၁၄,၁၂ ပိုင်းက ရဟန်းအစ်မနှင့်အတူ ပဲခူး ကျောက်တန်း မဟာဗောဓိတောရကျောင်း ဆယ်ရက်တရားစခန်းပွဲမှာ တစ်ညအိပ် အချိုပွဲသွားလှူကြပါတယ်။ တောရကျောင်းမှာ ဦးဇင်းကို ပထမဦးဆုံးရဟန်းခံပေးတဲ့ ရဟန်းအစ်မနဲ့ တွေလို့ ရဟန်းအစ်မနှစ်ယောက် စကားကောင်းနေကြပါတယ် စကားပြောရင် စပ်မိလို့ဆီးချိုရောဂါဘက်ရောက်သွားပါတယ်။
ပဲခူးကရဟန်းအစ်မက သူဆီမှာဆီးချိုရောဂါရှိနေကြောင့် အချိုမှန်သမျှဘာမှ မစားရကြောင့် စာချင်ရက်နဲ့မစားရတာ ရှေဘဝကသူများစား တာကိုမနာလိုခဲ့လို့ဖြစ်မီထင်ကြောင့် ဆီးချိုတစ်ခါ တက်ရင် အနည်းဆုံး ၃၅၀ထိရှိကြောင့် အသက်ကိုငွေနဲ့ဝယ်ထားရကြောင့် စသည်ဖြင့် ပြောပြပါတယ် ။
ကျောက်တန်းကရဟန်းအစ်မလည်း သူ့ရဲအဖြစ်ပျက် လက်တွေ့တစ်ခုကိုပြောပြပါတယ် သူပြောပြပုံက သူမောင်လေး ဂျပန်မှာ နေစဉ် ဥဏှောက်ပိုးဝင်ကြောင့် ခွဲစိတ်ဖို့ဆရာဝန်အား ပြကြည့်ရာ ဆီးချိုရှိနေသဖြင့် ခွဲမရဖြစ်နေကြောင့် ဂျပန်ဆရာဝန်က ခရေရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ရန် တပတ်ပြည့်လျှင်ပြန်လာရန် မှာလိုက်ကြောင့် သူ့မောင်လည်း ဂျပန်နိုင်ငံမှာ ခရေပင်လိုက်ရှာကာ ဆရာဝန်မှာထားသည့်အတိုင်း ပြုလုပ်လိုက်ရာ အံသြော်ဖွယ်ရာ ဆီးချိုရောဂါ မရှိတော့သဖြင့် ဥဏှောက်ခွဲစိတ်မှုအောင်မြင် သွားကြောင့်ပြောပြပါသည် ။
ပဲခူးကရဟန်းအစ်မလည်း ခရေရွက်ကို သုံးခွက်တစ်ခွက်ကျိုသောက်လိုက်ရာ အခုဆိုရင် အတော်သက်သာသွားသည် ဆီးချိုပြန်တိုင်းလိုက်ရင် ၁၅၀ ထိပဲကျန်တော့သည် ပိုက်ဆံအကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးလည်းမဖြစ် ဘယ်လောက်ကောင်းလိုက်သနည်း ။
ခရေပင်က မြို့တိုင်း ရွာတိုင်း အပိုင်းတိုင်းမှာ ရှိပါတယ်နော် လိုက်ရှာစရာလိုမယ်မထင်ပါဘူး ဒါပေမယ့်ဆီးချိုရောပျောက်တယ်လို့တော့ လူတိုင်းသိမယ်မထင်ပါဘူး ဦးဇင်းတို့ကျောင်းမှာလည်းတန်စီပြီးစိုက်ထားပါတယ် အရိပ်ရအောင်ရယ် ပန်းမွှေးတာကြောင့် ရယ် ဆိုပြီးစိုက်ထားတာပါ ဦးဇင်းလည်း ဆေးဖက်ဝင်တယ်ဆိုတာကို လက်တွေ့မှဘဲ သိတော့တယ်ဗျာ တန်ဖိုးမရှိပေါများတယ် ဆိုရင် လူတွေက အထင်မကြီးတာမဆန့်ပါဘူး ဈေးကြီးပြီး တန်ဖိုးမရှိတာကို အထင်ကြီးတတ်တာလည်းမဆန်းပါဘူး အထင်မကြီးလို့ မလိုက်နာလည်း မလိုက်နာသူရဲတာဝန်ပါပဲနော်
ဆေးသမားတော်ကြီးဆရာဇီဝက.က သူ့ဆရာရဲ့အမေးကို ပြန်ဖြေသလိုပဲ သစ်ပင်တိုင်းက ဆေးဖက်ဝင်ပါတယ် သိသူဖော်စား မသိသူကျော်သွားပေါ့နော် ?
ကဲမိတ်ဆွေတို့လည်း သိသွားပြီ ပြန်လည်းမျှဝေ လိုက်ကြအုံးနော် ကုသိုလ်ရပါတယ် ။
https://www.facebook.com/photo.php?fbid=1490086907897006&set=a.1411428125762885.1073741827.100006871337898&type=1&theater
Subscribe to:
Post Comments (Atom)
No comments:
Post a Comment