မပျက်စီးသော ရဟန္တာသူတော်မြတ်များ၏ ရုပ်ကလာပ်များ
St. Cecilia မှာ လူသိများသည့် ပထမဆုံးသော ရုပ်ခန္ဓာကိုယ် မပျက်စီးသော ရဟန္တာတစ်ပါးဖြစ်ပြီး အခြားမပုပ်သိုး မပျက်စီးသော ရဟန္တာရုပ်ကလာပ်များကို ကမ္ဘာပေါ်ရှိ နေရာများစွာတွင်တွေ့နိုင်ပါသည်။ စာရင်းအရ အဆိုပါမပျက်စီးသော သူတော်စင်များ၏ ခန္ဓာရုပ်ကလာပ်အားလုံးမှာ ၂၅၀ ပါးကျော်ရှိသည်ကိုသိမှတ်ရပါသည်။ မံမီများကဲ့သို့ ဆေးစီရင်ထားခြင်းမရှိ သဘာဝအတိုင်း အစစ်အမှန်အခြေအနေတွင် ထားရှိသောရဟန္တာရုပ်ကလာပ်များသည် သာမာန်လူများကဲ့သို့ ပုပ်ပွ ပျက်စီးခြင်းမရှိဘဲ နှစ်၁၀စုများစွာသာမက ရာစုနှစ်များစွာပင်မက ထောင်စုနှစ်ပင် ကြာသည့်တိုင် ယခုထိ မပျက်မစီးရှိနေဆဲဖြစ်ပါသည်။ အများစုသော ရုပ်ကလာပ်များမှ မွေးသော၊ သဘာဝမဟုတ်သော ရနံ့များပေးရုံမက အချို့ဆိုလျှင် သိပံ္ပနည်းပညာများဖြင့် ရှင်းမပြနိုင်လောက်သည်အထိ သွေး၊ အဆီများ ထွက်သည်အထိရှိပါသည်။
ဥပမာဆိုရသော် St. Francis Xavier ပျံလွန်မူပြီး တစ်နှစ်ခွဲအကြာတွင်
သိပံ္ပပညာရှင်များက ရုပ်ကလာပ်ကို စမ်းသပ်စစ်ဆေးရန်အတွက် St. Francis Xavier
၏ဒဏ်ရာချက်သို့ လက်ချောင်းထည့်စမ်းပြီး ပြန်ထုတ်သည့်အခါ
လတ်လတ်ဆတ်ဆတ်သွေးများ (လူသားသွေးအစစ်) ပါလာသည်ကို အံ့သြမကုန်ဖြစ်ကြရပါသည်။
St. John of the Cross ဆိုလျှင်လည်း ပျံလွန်တော်မူပြီး
လပေါင်းများစွာကြာပြီးနောက် ဒဏ်ရာမှသွေးများစီးကျဖူးသလို၊ St. Nicholas of
Tolentino ဆိုလျှင်လည်း နှစ်ပေါင်း ၄၀၀ကျော်တိုင်တိုင် လက်မောင်းမှ
သွေးများစီးကျခဲ့ပါသည်။ မပုပ်သိုးသော ရဟန္တာများကို အသင်းတော်မှ သိပံ္ပနည်းကျ
သေချာစစ်ဆေး လေ့လာပြီးကာမှ အတည်ပြုခြင်းဖြစ်ပြီး အချို့သော အထင်ကရ
မပုပ်ပျက်သော ရဟန္တာအချို့ကို သာဓကအနေဖြင့် အနည်းငယ်ဖော်ပြလိုပါသည်။
၁။ St. Agatha (A.D ၂၅၁) - မပုပ်ပျက်သော St. Agatha ရုပ်ကလာပ်ကို ၁၁ရာစုတွင်တွေ့ရှိခဲ့သည်ဖြစ်ပြီး ယနေ့တိုင်မပျက်စီးဘဲရှိနေပါသည်။ ခရစ်ယာန်ဘာသာကိုယုံကြည်မှုကြောင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရခြင်းဖြစ်ကာ ရင်သားဖြတ်အပြစ်ပေးခံရသလို နောက်ဆုံးတွင် မီးရှို့သတ်ရန်ပြုလုပ်စဉ် ရုတ်တရက်မြေငလျင်ကြောင့်လွတ်မြောက်ခဲ့ပါသည်။ နောက်ဆုံးတွင် အကျဉ်းထောင်တွင်း၌ ကွယ်လွန်သွားခဲ့ရသည်။
၂။ St. Catherine Laboure (၁၈၀၆ - ၁၈၇၆) - ပျံလွန်တော်မူပြီး ၅၆နှစ်ကြာတွင် မပျက်စီးကြောင်းတွေ့ရှိရပြီး အထူးသဖြင့် မျက်လုံးများသည် ကွယ်လွန်သည့်နေ့ကအတိုင်း အပြာရောင်သန်းနေဆဲဖြစ်သည်။ ယခုချိန်ထိ မနေ့ကမှ ပျံလွန်သွားသည်ဟုထင်ရသည့်တိုင် မပျက်မစီးရှိသည်ကို Paris ရှိ Rue Du Bac ဘုရားကျောင်းငယ်တွင် တွေ့မြင်နိုင်ပါသည်။
၃။ St. Bernadette Soubirous (၁၈၄၄ - ၁၈၇၉) - ၁၉၀၉ ခုနှစ်တွင် ရုပ်ကလာပ်ကို ပြန်လည်တူးဖော်ရာမှ မပုပ်မပျက်ရှိနေသည်ကိုတွေ့ရပြီး အထူးသဖြင့် မျက်နှာတော်နှင့် လက်မောင်းအသားအရေသည် သဘာဝအတိုင်း ရှိနေဆဲဖြစ်ပါသည်။ လက်ရှိတွင် ပြင်သစ်နိုင်ငံ Nevers ရှိ Saint Bernadette ဘုရားကျောင်းငယ်တွင် မှန်ရွှေခေါင်းအတွင်းတွင် တွေ့မြင်နိုင်ပါသည်။
၎။ St. Cecilia (A.D ၁၇၇) - အေဒီ ၁၇၇တွင် ရောမ၌ပျံလွန်တော်မူခဲ့ပြီး ၁၅၉၉ခုနှစ်တွင် မပျက်မစီးတူးဖော် တွေ့ရှိခဲ့ပါသည်။ မပျက်စီးသည့် ရုပ်ကလာပ်များတွင် ပထမဆုံး သူတော်စဉ်ရဟန္တာဖြစ်သည်ဟုလည်း အများကသိထားပါသည်။
၅။ St. Maria Goretti (၁၈၉၀ - ၁၉၀၂) - မပျက်စီးသေးသည့် ရုပ်ကလာပ်တော်ကို ယနေ့တိုင် အီတလီနိုင်ငံ Nettuno ရှိ Our Lady of Mercy ဘုရားကျောင်းတွင် လုံးဝချောမောလှပစွာ တွေ့မြင်နိုင်ပါသည်။
၆။ St. John Vianney (၁၇၈၆ - ၁၈၅၉) – St. John Vianney သည် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ၁၉၀၄တွင် ရုပ်ကလာပ်ကိုတူးဖော်ရာ မပျက်မစီးရှိနေသည်ကိုတွေ့ရသည်။ ယနေ့၌ ပြင်သစ်နိုင်ငံ Ars ရှိ Basilica ၏ ဗိမာန်တွင် ဖူးမြော်တွေ့မြင်နိုင်ပါသည်။
၇။ St. Rita of Cascia (၁၃၈၁ - ၁၄၅၇) – “Patron Saint of hopeless cases” ဟုသိထားသည့် St. Rita of Cascia ရုပ်ကလာပ်ကို အီတလီနိုင်ငံ St. Rita in Cascia ဘုရားရှိခိုးကျောင်းတော်ကြီးတွင် တွေ့မြင်နိုင်ပါသည်။ ထူးခြားချက်မှာ မှန်ဘောင်အတွင်းထည့်သွင်းထားသော ရုပ်ကလာပ်မှာ အနေအထား အပြောင်းအလဲများစွာ ပြောင်းလဲသည်ကိုများစွာက တွေ့မြင်ခဲ့ပြီးသလို တခါတရံ မျက်လုံးပိတ်ထားပေမဲ့ တခါတရံ မျက်လုံးပွင့်နေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ ၁၉၀၀ ပြည့်နှစ် မေလ ၂၄ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး Leo VIII မှ ရဟန္တာအဖြစ်တင်မြောက်ခဲ့ပါတယ်။
၈။ St. Catherine of Bologna (၁၄၁၃ - ၁၄၆၃) – အခေါင်းမပါဘဲ မြှပ်နှံခြင်းခံခဲ့ရပြီး အဆိုပါနေရာမှ အလွန်ရနံ့မွေးများ ရရှိမှုကြောင့် မြှုပ်နှံပြီး ၁၈ ရက်အကြာတွင် ပြန်လည်တူးဖော်ခဲ့ပါတယ်။ ၁၇၁၂ တွင် ပုပ်ရဟန်းမင်းကြီး Benedict XIII မှ ရဟန္တာအဖြစ်တင်မြောက်ခြင်းခဲ့ပြီး ၄င်း၏ထိုင်လျက်ရှိနေသော ရုပ်ကလာပ်ကို Bologna ရှိ Poor Clares ဘုရားကျောင်းငယ်တွင် တွေ့မြင်နိုင်ပါတယ်။
၉။ St. Francis Xavier (၁၅၀၆ - ၁၅၅၂) - စပိန်နိုင်ငံတွင် ဖွားမြင်ခဲ့ပြီး အရှေ့ဘက်တိုင်းတွင် သာသနာပြုသူအဖြစ် သိသူများလှပါသည်။ တရုတ်ပြည်တွင် ပျံလွန်တော်မူခဲ့ပြီး သူ၏ရုပ်ကလာပ်ကို Goa မြို့သို့ ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင် ၁နှစ်ကျော်ကြာသော်လည်း အိပ်နေသကဲ့သို့ပင် အသားအရေများမှ မပျက်မစီးရှိနေခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး Gregory XV မှ ၁၆၂၂တွင် ရဟန္တာအဖြစ်တင်မြောက်ပေးခဲ့ပြီး ယခုတွင် မပျက်စီးသေးသည့်ရုပ်ကလာပ်ကို Goa ရှိ Bom Jesus ဘုရားကျောင်းတော်ကြီးတွင်တွေ့မြင်နိုင်ပါသည်။
၁၀။ St. Blessed Margaret of Castello (၁၂၈၇ - ၁၃၂၀) - ဈာပနအခမ်းအနားတွင် တစ်မြို့လုံးနီးပါးလိုက်ပါခဲ့ပြီး အဆိုပါ တန်းစီလှည့်လည်သည့်အချိန်အတွင်း ထင်ရှားပြမှုပေါင်း ၂၀၀ကျော်ရှိခဲ့ပါသည်။ အခေါင်းဆွေးမြေ့သွားသည်ဖြစ်၍ ၁၅၅၈ တွင်
ကြွင်းကျန်သောရုပ်ကလာပ်ကို ဖွင့်ရာတွင် အကျီင်္အ၀တ်အစားများမှာ ပျက်စီးသော်လည်း ရုပ်ကလာပ်သည် မပျက်မစီးဘဲ ထူးဆန်းဖွယ် တွေ့မြင်ရပါသည်။
၁၁။ St. Pio of Pietrelcina (၁၈၈၇ - ၁၉၆၈) - အီတလီနိုင်ငံတွင်ဖွားမြင်ခဲ့ပြီး Franciscan ဘုန်းတော်ကြီးတစ်ပါးလည်း ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် နေရာမတူဘဲ တစ်ကိုယ်တည်းမကရှိနေခဲ့တာကို အတော်အများများ ကြုံဖူးကြပါတယ်။ ၂၀၀၈ ခုနှစ်တွင် မပုပ်မပျက်ရှိနေသောရုပ်ကလာပ်ကို တူးဖော်ခဲ့ပြီး ယနေ့တိုင် လာရောက်ဖူးမြော်ကြည့်ရှုသူများပြားကြောင်းသိရပါတယ်။
၁၂။ Saint Silvan, Martyr (၄ရာစုနှစ်) - ၄ရာစုနှစ်ခန့်တွင် ခရစ်ယာန်ဘာသာဝင် ဖြစ်ခြင်းအတွက် လည်လှီးအသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်ဟုလည်းယူဆရပါသည်။ ယခုထိ လည်လှီးဒဏ်ရာပါသော အဆိုပါရုပ်ကလာပ်ကို ခရိုအေးရှားနိုင်ငံ Dubrovnik ရှိ St. Blaise ဘုရားကျောင်းတွင် တွေ့မြင်နိုင်ပါသည်။
ရွာသစ်ဖိုး
မှီငြမ်း -
http://www.catholicapologetics.info/…/incorru…/incorrupt.htm
http://www.roman-catholic-saints.com/incorruptible-saints.h…
http://www.marypages.com/IncorruptBodies.htm

No comments:
Post a Comment