====xxxxxxxxxxx=======xxxxxxxxxxx========xxxxxxxxxxx=======
2.2.2015(9း52 PM)
စစ်တွေမြို့ နယ်ရှိ ဒုက္ခသည်စခန်းများအား UN, INGOs, များက လိုလိုသေးမရှိအောင် ထောက်ပံ့မှုများရနေသော ဘင်္ဂလီဒုက္ခသည်အမည်ခံများ ကို နေရာချထားရေး ကိစ္စနှင့် ပက်သက်၍ ကျွန်တော့အမြင်တစ်ခုကို တင်ပြလိုပါသည်။
ဤအနေအထားသည့်  မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ် လုံခြုံရေးအတွက် အလွန် အန္တရာယ် များသော အနေအထားတစ်ရပ်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ထိုဘင်္ဂလီဒုက္ခ သည် စခန်းများသည် ဘင်္ဂလားပင်လယ်အော် နဖူးကမ်းစပ်မှာ တည်ရှိနေသောကြောင့် အချိန်မရွေး ဘင်္ဂလားဒေခ်ျ့နိုင်ငံမှ လက်နက်သော်၎င်း ၊လူသော်၎င်း လွယ်လွယ်ကူကူ ခိုးဝင်ခိုးထုတ်ဖို့ အခွင့်အရေးပေးသလိုဖြစ်နေပေသည်။ မြန်မာရေတပ်မတ်ာဆိုသည်မှာလည်း ရှည်လျားလှသော ရခိုင်ကမ်းရိုးတမ်းတစ်လျောက် လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ကြိုးစားနေဆဲ အဆင့်သာရှိသည်ကို တွေ့ရသည်။
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေခ်ျ့နိုင်ငံနှင့်မြန်မာနိုင်ငံ မလွဲမချောင် စစ်ဖြစ်မည်ဆိုပါစို့ ထိုဒုက္ခသည်စခန်းများရှိ ဘင်္ဂလီကုလားများသည် သူတို့နှင့် လူမျိုးတူ ဘာသာတူသည့် ဘင်္ဂလားဒေခ့်ဖက်မှသာ ပါဝင်ကူညီကြမည် မှာ မြေကြီး လက်ခတ် မလွဲပေ၊ မြန်မာနိုင်ငံကို မည်သည့်နည်းနှင့်မျှ သစ္စာခံမည်မဟုတ်သည်ကို သူတို့ ပြုမူလုပ်ဆောင်ခဲ့ သည့် သမိုင်းတစ်လျောက် လှုပ်ရှားမှုများကို လေ့လာကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။
ထိုအခြေအနေမျိုးကိုရောက်လာလျှင် စစ်တွေတက္ကသိုလ်သည် ဘင်္ဂလားဒေခ်ျ့နိုင်ငံအတွက် စစ်ဌာနချုပ်ဖြစ်သွားမည်ဖြစ်သလို စစ်တွေလေဆိပ်သို့လည်း မြန်မာအစိုးရ စစ်လေယာဉ်များ မဆင်းနိုင်အောင် သူတို့ ဖျက်ဆီးဖို့ အားထုတ်ကြမည်မှာ သေချာပါသည်။ ထိုအပြင် ယခုအခါ ဒေသဖွံ့ဖြိုးရေးအတွက် စစ်တွေကမ်းခြေတစ်လျောက် ကားလမ်းများ လှပစွာ ဖေါက် လုပ်ထားသည်ကို အင်တာနက်စာမျက်နှာများတွင် တွေ့မြင်ရပါ သည်၊ ကျေနပ်အား ရကျေနပ်ဖွယ် ကောင်းလှပါ၏။ ရခိုင်ပြည်သူ/ပြည်သားများကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကို ကျေးဇူးတင် ကောင်းချီးပေးကြသည်ကို တွေ့မြင်ရပေသည်။ဝမ်းသာပေစွ။
သို့သော် ထိုသာယာလှပသော စစ်တွေကမ်းခြေတစ်လျောက် ဖေါက်လုပ်ထားသော ကားလမ်းများတွင် ညနေခင်း လေညှင်းခံဖို့သော်၎င်း၊ အပန်းဖြေဖို့သော်၎င်း၊ မိသားစု လိုက် စိတ်လွတ်ကိုယ်လွတ် ပျော်ရွင်သွားနိုင်ဖို့ ဆိုသည်မှာ ယခုအချိန်အခါသည် ဖြစ်နိုင်ခြေမရှိသေးဟု သုံးသပ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ထို ဘင်္ဂလီဒုက္ခသည် စခန်းအနီးအနားနေရာများရှိ တာဝန်ကျ လက်နက်ကိုင်လုံခြုံရေးဝန်ထမ်းများပင် အသတ်ခံ အထိုးခံ၍ ပြေးခဲ့ရပေါင်း မနည်းတော့ပြီး ဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်ပါ သည်။ ပင်လယ်ကမ်းခြေတစ်လျာက် ဒုက္ခသည်စခန်းများရှိနေခြင်းအားဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် စိတ်မချရသလို၊ နောက် ထပ် ဒေသတွင်း လုံခြုံရေးနှင့် အကြမ်းဖက်မှု ဖြစ်ပွားလာဖို့ကိုလည်း ဖိတ်ခေါ်သ လို ဖြစ်နေသည်ကို သတိပြုသင့်ပါသည်။ ဘင်္ဂလားဒေခ်ျ့နိုင်ငံဖက်မှာရှိသော RSO အဖွဲ့များနှင့် ပူးပေါင်းကာ အဖျက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အရေးပေးသလို နေရာမျိုးလည်း ဖြစ်နေပေသည်။
ထိုကြောင့် စစ်တွေမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းများကို လုံခြုံမှု စိတ်ချရသော အခြားနေရာတစ်ခုခုတွင် နေရာချထားပေးသင့်ပါသည်။ ချထားပေးမည့်နေရာသည်လည်း ဘင်္ဂလိများ ယခုကဲ့သို့ စက်လှေများဖြင့် ခိုးဝင်ခိုးထွက် မလုပ်နိုင်သော နေရာဖြစ်ဖို့ လိုအပ်သလို၊ လုံခြု့ရေးအတွက် စိတ်ချရသော နေရာဖြစ်ဖို့ လိုအပ်မည်ဖြစ်ပါသည်။သူတို့အတွက် လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေရန် နေ၇ာလည်းဖြစ်ဖို့လိုအပ်မည်ဖြစ်ပါသည်။
ထိုကြောင့် ကျွန်တော့အနေဖြင့် ထိုကဲ့သို့နေရာမျိုးကို တင်ပြပါဟုဆိုလျှင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကြားရှိ ဂစ္ဆပနဒီမြစ်ကြောင်းတွင်ရှိသော (ငပြီကျွန်း) ကို ညွန်ပြလိုပါသည်။(မြေပုံကိုရှုပါ) ဘင်္ဂလီကုလားများအား ထိုကျွန်းတွင် နေ၇ာချထားပါက ရခိုင်များနှင့် တစ်သီးတခြားလည်းဖြစ်သွားမည်ဖြစ်သလို၊ဒေသတွင်းလုံခြုံရေးအတွက် သူတို့၏ အ၀င်အထွက် များနှင့် လှုပ်ရှားမှုများသည်လည်း ကမ်းခြေမှ လုံခြုံရေးတို့၏ မျက်စိအောက်မှ ရှိနေမှာဖြစ်သလို ရခိုင်ပြည်သူ/သားများ၏ စောင့်ကြည့်နေမှုများလည်း ရှိနေမည်ဖြစ်ပါသည်။ ၄င်းအပြင် သူတို့ဆီသို့ ဘင်္ဂလားဒေခ်ျ့မှ နည်းအမျိုးမျိုးဖြင့် အ၀င်အထွက်လုပ်နေမှုလည်း ချက်ချင်းရပ်ဆိုင်းသွားမည်ဖြစ်သလို အ၀င်အထွက်များကိုလည်း ချက်ချင်း သိရှိနေမည်ဖြစ်ပါသည်၊ ၄င်းအပြင် ထိုကျွန်းတွင် လူဦးရေး အနည်းဆုံးတစ်သိန်းခွဲမှ နှစ်သိန်းလောက်ထိ နေနိုင်သော နေရာအကျယ်အ၀န်းလည်းရှိနေသည်က အားသားချက်တစ်ခုဖြစ်နေပေသည်။ ၊သူတို့သည် ထိုနေရာတွင် နေရာချထားပေးပါက မြစ်ချောင်းများကို အမှီသဟဲပြု၍လည်း ရှာဖွေစားသောက်နိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ပါကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် စိတ်မချရသော စစ်တွေမြို့နယ် အနောက်ဖက် ပင်လယ်ကမ်းစပ်များတွင် ရှိသော ဘင်္ဂလီဒုက္ခသည်စခန်း များ နှင့် ဘင်္ဂလီကုလားများအား ဂစ္ဆပနဒီမြစ်တွင်းက (ငပြီးကျွန်း)သို့ ရွေ့ပြောင်းပေးက အသင့်တော်ဆုံးနေရာဖြစ်မည်ဟု ထင်မြင်သုံးသပ်မိပါသည်။ (ငပြီကျွန်း)မှ လက်ရှိ နေထိုင်၍ရှိနေကြသော ရခိုင်လူမျိုးများကို ဒုက္ခသည်စခန်းများဖွင့်လှစ်ထားသည့် ပင်လယ်ကမ်းစပ်နေရာများတွင် အစားထိုး အလှဲ အလှယ် လုပ်လိုက်လျှင် အလွန်သင့်တော်မည်ဟု ထင်မြင်မိပါကြောင်း ၊နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သည့် အနေအထားတစ်ရပ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
No comments:
Post a Comment