ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့
(ရန်ကုန်) မှ စီစဉ်သော ရခိုင်သမိုင်းဆိုင်ရာ စာပေဆွေးနွေးပွဲတစ်ရပ်ကို ဖိတ်စာပါ အစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်။
မြန်မာပြည်မှာတောင်မက
ကမ္ဘာမှာပါ ထင်ရှားသော ရခိုင်ဝေသာလီခေတ် ကျောက်စာတစ်ချပ်ဖြစ်သည့် အာနန္ဒစန္ဒြကျောက်စာတွင်
ယခင်ပညာရှင်များရေးသားဖေါ်ထုတ်ခဲ့သည်များ၌ ဖြည့်စွက်ချက်၊ ကွဲလွဲချက် ပြင်ဆင်ချက်များကို
ကျောက်စာ၊ ဒင်္ဂါး အထောက်အထားအကိုးအကားဖြင့် ရှင်းလင်းတင်ပြဆွေးနွေးသွား မည်ဖြစ်ပြီး
နောက်ထပ် သုတေသနပြုချက်အရ တွေ့ရှိလာသော အာနန္ဒစန္ဒြကျောက်စာ ရေးထိုးသက္ကရာဇ် အတိအကျ နှင့်
လေ့လာတွေ့ရှိချက်များကိုလည်း (ရခိုင်ဘာသာစကား)ဖြင့် ဆွေးနွေး တင်ပြသွား မည်ဖြစ် ပါသည်။
ထိုအပြင်
ရခိုင်သမိုင်းတွင်(ဘိုးတော်အဉ္ဇနသက္ကရာဇ်၊မဟာသက္ကရာဇ်၊သာသနာသက္ကရာဇ်၊
စန္ဒသူရိယသက္ကရာဇ်၊ သူရိယစိတြသက္ကရာဇ်၊ သီရိစန္ဒြသက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ အလမ္ဘီတသက္ကရာဇ်၊
သက္က သက္ကရာဇ်၊ ဂုပ္ပတ သက္ကရာဇ်၊ခရစ်သက္ကရာဇ်တို့၌ - သက္ကရာဇ် အယူအဆ ကွာဟနေသည်များကိုလည်း
ကျမ်းဂန် ခိုင်မာစွာဖြင့် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲတွင်
(အယနာစာပီအဖွဲ့ ) အာနန္ဒစန္ဒြကျောက်စာကားချပ်ကြီးများ၊ ပါမောက္ခဂျွန်စတင် ရေး သား ခဲ့သည့်မူ၊
ဆရာကြီး ဦးစံသာအောင်ရေးသည့်မူများအပြင် ဝေသာလီခေတ်ကျောက်စာများ၊ ဒင်္ဂါးများ၊ မြောက်ဦးခေတ်ဒင်္ဂါးပုံများကိုလည်း
ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။
No comments:
Post a Comment