Sunday, December 3, 2017

ဆရာကြီး ဦးအောင်လှသိန်း (စစ်တွေ) သို့

ဆရာကြီးဦးအောင်လှသိန်း(စစ်တွေ)အမေးကို  မောင်ဖြူ (ကြွီတဲကျွန်း)မှ အောက်ဖေါ်ပြပါ ပုံများဖြင့် ဖြေကြားအပ်ပါသည်။



ရခိုင်စာပေဖေါင်ဒေးရှင်းမှ ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း နှစ်ရာပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို မြောက်ဦးဟော်တယ်၌ 23.11.2017 နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုစာတမ်းဖတ်ပွဲကို ရခိုင်ပြည်နယ် မြို့နယ်များမှ ရဟန်း /လူ စာရေးဆရာများ တက်ရောက်ကြသည်ကို တွေ့ရပါသည်။
ထိုစာတမ်းဖတ်ပွဲတွင် အယနာစာပီအဖွဲ့ (ရန်ကုန်) မှ လည်း သုတေသနစာတမ်း စာတမ်း (၄)စောင် ဖတ်ကြားခဲ့ပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း) မှ အာနန္ဒစန္ဒြကျောက်စာ ရေးထိုးခုနှစ်နှင့် နောက်ထပ်လေ့လာတွေ့ရှိချက်များ ခေါင်းစဉ်ကို POWERPOINT ပြကွက် များဖြင့် ကျောက်စာအထောက်အထား၊ ဒင်္ဂါးအထောက် အထား များဖြင့် ခိုင်လုံစွာ တင်ပြဆွေးနွေးခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား တင်ပြေ ဆွးနွေး ဖတ်ကြားမည့် စာတမ်းပါအကြောင်းအရာများကို ရိုက်နှိပ်ထားသော စာအုပ်များကို စာတမ်းမဖတ်ခင် တက်ရောက်လာသူများအား ဖြန့်ဝေပေးထားခဲ့ပါသည်။ သိုသော် ထို ဖြန့်ဝေသောစာတမ်းသည် အဖြူအမဲ ဖြင့်သာ ရိုက်နှိပ်ထားသော စာတမ်းဖြစ်သောကြောင့် တစ်ချို့နေရာများတွင် ကာလာဖြင့် ဟိုက်လိုက်ပြထားသော အရောင်များသည် မထင်ရှားဘဲ အဖြူအမဲဖြစ်သွားခဲ့ပါသည်။
ထိုကြောင့် ဖြန့်ဝေထားသော စာတမ်းကိုဖတ်ကြသူအချို့သည် အရောင်ဖြင့် ခွဲခြားဖေါ်ပြထားသည်ကိုမသိကြသောကြောင့် နားလည်မှု လွဲ ကာ ဤသို့ မေးခွန်းများဖြစ်ပေါ်လာရသည်ဟု သုံးသပ်မိပါ၍ ပုံများဖြင့် ဖေါ်ပြဖြေကြား အပ်ပါသည်။ ဆရာကြီး ဦးအောင်လှသိန်း မြင်ပါစေ။

No comments:

Post a Comment