Monday, December 4, 2017

အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်းသည် လက်ရေးလက်သားပညာအရ အေဒီ(၁၀) ရာစုတွင် ရေးထိုးခဲ့သည်မှာ မဟုတ်မှန်ကြောင်း သက်သေပြ ရှင်းလင်းခြင်း



အောက်ဆုံးစာကြောင်းပါ အက္ခရာတစ်လုံးချင်းစီကို အထက်ပိုင်း အေဒီ(၇ ရာစု) မှရေးထိုးသောအက္ခရာများနှင့် နှိုင်းယှဉ်တင်ပြထားပါသည်။



အာနန္ဒစန္ဒြကျေက်စာပါ အောက်ဆုံးစာကြောင်း(၇၃) သည် (၁၀) ရာစု၌ ရးထိုးခြင်းမဟုတ်ကြောင်းသက်သေပြခြင်း
ကျွန်တော်လေ့လာမိသလောက်ကို အထောက်အထားဖြင့် ပြောရလျှင်ဆိုလျှင်  လုံးဝ မဖြစ်နိုင် ဟုပြော လိုပါသည်။  အောက်ဆုံးစာကြောင်းနှစ်ကြောင်း  သည် အာနန္ဒစန္ဒြမင်းကြီး ကျောက်စာ ရေးထိုးခဲ့သည့် နှစ်နှင့် တပြိုင်တည်း တစ်ချိန်တည်းတွင် ရေးထိုးခဲ့ ခြင်းသာဖြစ်ကြောင်းကို အောက်ပါ ရှင်းလင်းချက် က သက်သေပြခံနေသည်ဟု ပြောရမည်ဖြစ်ပေသည်။
အာနန္ဒစန္ဒြကျောက်စာ၏ အောက်ဆုံးစာကြောင်းနှစ်ကြောင်းကို (၁၀ ရာစု) တွင် ရေးထိုးကြသည်ဆိုလျှင် ကျောက်စာအထက်ပိုင်းတွင်ပါသော အက္ခရာစာလုံးများကိုလည်း (၁၀)ရာစုတွင် ရေးထိုးခဲ့သည့်ဟု ပြော သလို သဘောသက်ရောက်သွားပေလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် အောက်ဆုံး စာကြောင်းတို နှစ် ကြောင်းပါ အက္ခရာလက်ရေးလက်သားများနှင့် အာနန္ဒစန္ဒြကျောက်စာ အထက်ပိုင်းတွင် ပါသော  အက္ခရာ များသည် လက်ရေးလက်သား တူညီနေသောကြောင့်ဖြစ်ပေသည်။ (၁၀)ရာစုတွင် ရေးထိုးခဲ့သည်ဆိုသော အောက်ဆုံးစာကြောင်းပါ ကျောက်စာတစ်လုံးချင်းစီကို ကျောက်စာ၏ အထက်ပိုင်း၌ ရေးထိုးထားသော အ က္ခရာများနှင့် နှိုင်းယှဉ်ထားသည်ကို စာဖတ်ပရိတ်သတ်များ ကြည့်လျှင်ပင် သိနိုင်ပါ ကြောင်းတင်ပြ လိုက်ရ ပါသည်။



စာကြောင်းရေ (၇၂) မှ အစ စာလုံး (သီရိ) နှင့် ကျောက်စာအထက်ပိုင်း စာကြောင်းရေ (၂၀) (၃၆)(၄၀) တို့ တွင် ပါသော (သီရိ) စာလုံးများနှင့် ယှဉ်တွဲပြထားပါသည်။ လက်ရေးစာလုံး အတူတူဖြစ်ကြောင်း အထက် က ပုံပါ ရှင်းလင်းချက်ကို ကြည့် ခြင်းအားဖြင့် သိသာနိုင်ပေသည်။ ဤကားစာကြောင်းရေ(၇၂)ပါ အစ စာလုံး(သီရိ)အက္ခရာစာလုံးအား သက်သေပြ ရှင်းလင်းချက်ဖြစ်ပါသည်။


(ကီက္တိ) အက္ခရာစာလုံးကို သက်သေပြ ရှင်းလင်းချက်
 

 

  စာကြောင်းရေ (၇၂) မှ ဒုတိယ စာလုံးဖြစ်သော (ကီက္တိ)သည်  ကျောက်စာအထက်ပိုင်း စာကြောင်းရေ (၂၁) တွင် ပါသော (ကီက္တိ) အက္ခရာစာလုံးနှင့် အတူတူဖြစ်ကြောင်း  အထက်၌ နှိုင်းယှဉ်ဖေါ်ပြထားပုံကို   ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ ဤကား စာကြောင်းရေ(၇၂)ပါ  ဒုတိယစာလုံး(ကီက္တိ) ၏ သက် သေပြု တင်ပြချက်ဖြစ်ပါသည်။

( သံပု) အက္ခရာစာလုံးကို ရှင်းလင်းချက်



    စာကြောင်းရေ (၇၂)မှ တတိယ စာလုံးဖြစ်သော  (သံပု)အက္ခရာသည်  ကျောက်စာအထက်ပိုင်း စာကြောင်းရေ (၃၄) တွင် ပါသော (သံပုေ) နှင့် အတူတူဖြစ်ကြောင်း နှိုင်းယှဉ်ပြထားသည်ကို ကြည့် ခြင်းအားဖြင့် သိသာနိုင်ပေသည်။ သတိပြုရန်မှာ(သံပုေ) နှင်(သံပု)ကွဲလွဲချက်ကို သတိပြုပါ။ ဤကား စာကြောင်းရေ(၇၂)ပါ တတိယစာလုံး(သံပု)က္ခရာစာလုံးအား ရှင်းလင်းချက်ဖြစ်ပါသည်။



စာကြောင်းရေ (၇၂) မှ နောက်ဆုံး စာလုံးဖြစ်သော (၀ိဇယ) သည်  ကျောက်စာအထက်ပိုင်း စာကြောင်း ရေ (၃၇)(၃၈) တွင်ပါသော (၀ိဇယ) အက္ခရာစာလုံနှင့် အတူတူဖြစ်ကြောင်း အထက်က နှိုင်းယှဉ်တင်ပြ ချက်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ ဤကားစာကြောင်းရေ(၇၂)ပါ နောက်ဆုံးစာလုံးဖြစ်သော (၀ိဇယ) အက္ခရာစာလုံး၏  သက်သေပြ ရှင်းလင်းချက် ဖြစ်ပါသည်။
အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းဖြစ်သော စာကြောင်းရေ (၇၂) ပါ အက္ခရာများကို ရှင်းလင်း တင်ပြပြီး ဖြစ်ပါ၍ နောက်ထပ် အာနန္ဒစန္ဒြကျောက်စာပါ အောက်ဆုံးစာကြောင်းဖြစ်သော စာကြောင်းရေ (၇၃)ကို  ရှင်းလင်းတင်ပြပါမည်။


စာကြောင်းရေ (၇၃) ပါ (ဧကာဒဿမ) အက္ခရာစာလုံးများသည် အေဒီ(၁၀) ရာစုတွင် ရေးထိုးခြင်း မဟုတ်ကြောင်းကို သက်သေပြု ရှင်းလင်းတင်ပြခြင်း
     အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံးစာကြောင်း(၇၃) တွင် ပါသော (ဧကာဒဿမ) အက္ခရာစာ လုံးများသည် (အေဒီ-၁၀) ရာစုတွင် ရေးထိုးသော အက္ခရာ မဟုတ်ကြောင်းကို ကျောက်စာအထက်ပိုင်းပါ အက္ခရာစာလုံးများနှင့် လက်ရေးလက်သား အတူတူ ဖြစ်ကြောင်း ထုတ်နှုတ် နှိုင်းယှဉ်တင်ပြသွားပါမည်။
 



အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံးစာကြောင်း(၇၃) မှ  (ဧကာဒဿမ)၌ အစစာလုံး (ဧ) အက္ခ ရာ နှင့်    ကျောက်စာ အထက်ပိုင်း စာကြောင်းရေ (၁၆) (၂၀)တွင် ပါသော (ဧ) အက္ခရာ စာလုံး တို့သည် အတူတူ ဖြစ်ကြောင်း အထက်မှ တင်ပြချက်ပုံကို  နှိုင်းယှဉ် ကြည့်က သိသာနိုင်ပေသည်။ 
မှတ်ချက်- စာကြောင်းရေ(၇၃)၏ အစ စာလုံးဖြစ်သော (ဧ) အက္ခရာသည် မင်ကူးဓါတ်ပုံတွင် တစ်ခြမ်းသာ ပေါ်သောကြောင့် ဖြည့်စွက်ရေးသားခြင်းဖြစ်ပေသည်။ အဘယ်ကြောင့် ဤသို့ ဖြည့်စွက်ရေးရသနည်း ဟူ မူကား ပါမောက္ခ E.H JOHNSTON ၏ စာတမ်းပါ  စာကြောင်း ရေ (Line-73) ၌ အောက်ပါအတိုင်း ရေးသားဖေါ် ပြထားသောကြောင့် ၄င်းစာသားကို မှီငြမ်း၍ (ဧ) ဟု ရေးသားရခြင်းဖြစ်ပါသည်။ 


                                                   ဂျွန်စတင်ရေးစာတမ်းပါ အောက်ပုံကို ရှု 


ဤကား (ဧ)အက္ခရာစာလုံး ရှင်းလင်းချက်ဖြစ်ပါသည်။


 (ကာ) အက္ခရာ သက်သေပြ ရှင်းလင်းချက်
 



အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံးစာကြောင်းမှ  (ဧကာဒဿမ) ပါ (ကာ) အက္ခရာစာလုံး နှင့် ကျောက်စာ၏ အထက်ပိုင်း စာကြောင်းရေ (၁၃) (၁၈)တို့တွင် ပါသော (ကာ) အက္ခရာစာလုံး နှင့် အ တူတူဖြစ်ကြောင်းကို အထက်တွင် ထုတ်နှုတ်၍ နှိုင်းယှဉ်တင်ပြထားသော အက္ခရာစာလုံးများကြည့် ခြင်းအားဖြင့် သိသာနိုင်ပေသည်။ အလားတူ အာနန္ဒစန္ဒြကျောက် စာတွင်(ကာ) အက္ခရာများစွာထဲမှ တစ်ချို့ကို တင်ပြခြင်းသာ ဖြစ်ပါသည်။ ဤကား အာနန္ဒစန္ဒြကျောက်စာကြောင်းရေ(၇၃)ပါ ဒုတိယ စာလုံးဖြစ်သော (ကာ) အက္ခရာ အား သက်သေပြ ရှင်းလင်းချက် ဖြစ်ပေသည်။ 


အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံးစာကြောင်းမှ  (ဒဿ) နှင့် ကျောက်စာအထက်ပိုင်း စာကြောင်း ရေ (၃၁) (၃၄)တွင် ပါသော (ဒဿ) အက္ခရာစာလုံး နှင့် အတူတူဖြစ်ကြောင်း အထက်တွင် ထုတ်နှုတ်၍ နှိုင်းယှဉ် တင်ပြချက်ထားသော အက္ခရာစာလုံးများက သက်သေခံနေပေသည်။ အာနန္ဒစန္ဒြကျောက်စာတွင် အလားတူ (ဒဿ) ဟူသော အက္ခရာ စာလုံးများစွာထဲ မှ တစ်ချို့ကို ထုတ်နှုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ဤကား စာကြောင်းရေ(၇၃)ပါ (ဒဿ) အက္ခရာစာလုံးကို သက်သေပြ ရှင်းလင်းချက်ပေတည်း။
 



 



အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံးစာကြောင်းမှ  (မ) အက္ခရာစာလုံး နှင့် ကျောက်စာအထက်ပိုင်း စာကြောင်းရေ (၅) နှင့် (၆) တွင် ပါသော (မ) အက္ခရာစာလုံးသည် အတူတူဖြစ်ကြောင်း၊ လက်ရေးလည်း အတူတူဖြစ်ကြောင်း ကို အထက်တွင် ထုတ်နှုတ်၍ နှိုင်းယှဉ်တင်ပြထားသော အက္ခရာစာလုံးက သက်သေ ခံ နေပေသည်။ အာနန္ဒစန္ဒြကျောက်စာ တွင် အလားတူ(မ) အက္ခရာစာလုံးများစွာထဲမှ တစ်ချို့ကို ထုတ် နှုတ် တင်ပြခြင်းသာ ဖြစ်ပါသည်။ ဤကား (မ) အက္ခရာစာလုံးကို သက်သေပြု တင်ပြချက်ပေတည်း။ 





     အာနန္ဒစန္ဒြမင်း ကျောက်စာ၏ အောက်ဆုံး စာကြောင်းမှ  အဆုံးစာလုံးဖြစ်သော (ဗ္ဒေ) အက္ခရာ နှင့် ကျောက် စာအထက်ပိုင်း စာကြောင်း ရေ (၁၁) နှင့် (၄၅)တို့ တွင် ပါသော (ဗ္ဒ) အက္ခရာသည် အတူတူ ဖြစ်ကြောင်း၊ လက်ရေးလက်သားလည်း အတူတူ ဖြစ်ကြောင်းကို  အထက်တွင် နှိုင်းယှဉ်ဖေါ်ပြထားသော စာလုံးများကို  ကြည့်ခြင်းအားဖြင့် သိသာ နိုင်ပေသည်။ အာနန္ဒစန္ဒြကျောက်စာတွင်  အလားတူ(ဗ္ဒ) အက္ခ ရာ များစွာထဲမှ တစ်ချို့ကို ထုတ်နှုတ် တင်ပြ ခြင်းသာ ဖြစ်ပါသည်။
 မှတ်ချက်   စာကြောင်းရေ(၁၁)(၄၅)တို့တွင် (ဗ္ဒ)၌် သဝေထိုးမပါရှိပါ။ အောက်ဆုံးစာကြောင်း(ဗ္ဒေ) တွင် (ေ) တစ်လုံးပိုနေသည်ကို သတိပြုပါ။ ဖြုန်းကနဲကြည့်လျှင် (ဗ္ဒေ) တွင်(ေ) အက္ခရာ ပိုနေသောကြောင့် မတူ ဟု အမြင်မှားနိုင်ပါသည်။ (ဗ္ဒေ) စာလုံးအား ကျောက်စာအထက်ပိုင်းတွင် သူနှင့် အနီးစပ်ဆုံးတူသော အက္ခ ရာမှာ (ေ) မပါသော ( ဗ္ဒ ) သာရှိသောကြောင့်  ၄င်းအက္ခရာစာလုံးကို ဖေါ်ပြရခြင်းဖြစ်ပေသည်။ ဤကား (ဗ္ဒေ) စာလုံးကို  (ဗ္ဒ) အက္ခရာ စာလုံးနှင့် သက်သေပြု ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ 


မြှားပြထားသော နံပါတ်များသည် အာနန္ဒစန္ဒြကျောက်စာတွင် ထိုအက္ခရာစာလုံးပါသော စာကြောင်းရေ နံပါတ်များဖြစ်ပါသည်။
 





သုံးသပ်ချက်
အာနန္ဒစန္ဒြကျောက်စာတွင် အထက်၌ တင်ပြခဲ့သည်မျာကိုကြည့်ခြင်းအားဖြင့်   စာကြောင်း ရေ (၇၂-၇၃) အောက်ဆုံးစာကြောင်းပါ အကြောင်းအရာနှင့် အက္ခရာစာလုံးများသည် (၁၀)ရာစု ရေးထိုးခဲ့မှာ  လုံးဝ မဖြ စ်နိုင်ပါကြောင်း သုံးသပ်မိပါသည်။
ဆက်စပ် တွေးတော တင်ပြရလျှင်လည်း ကြောင်းရေ(၇၂) ပါ “ဂြီကိက္တိသံပုဝိဇယ” စာသား၏ အဓိပ္ပါယ်က( ကျက်သရေရှိစွာ ပေါ်လွင်ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်သတည်း) နောက် စာေ ကြာင်းေ ရ (၇၃)မှာ “ဧကာဒဿမ” (၁၁) ခု ဟုဆိုသောကြောင့် ယနေ့ လူတို့လောက၌လည်း အလှူ ဒါနကုသိုလ်ကောင်းမှုပြုကြရာဝယ် ကမည်းရေးထိုးကြရာ၌ စာပြီးဆုံးကြောင်းလက္ခဏာဖြစ်သော “ နိဗာန ပစ္စယောဟောတု” “နတ်လူသာဓုခေါ်စေသော်” အဝေးရောက်နေသူများ မိသားစုဆီကို စာရေး သားကြ ရာ၌ စြာ့ပီးဆုံးကြောင်း အမှတ်လက္ခဏာ အဖြစ် အောက်တွင် “မိမိ၏ အမည်၊ ခေတ္တရောက် နေသော အရပ်၊ ရက်စွဲ” “ကျန်းမာကြပါစေ” “သတိရလျှက်” “စာလုံးပေါင်းသည်းခံပါ” တို့ကို ရေးမှတ်ေ လ့ရှိသကဲ သို့၊ ရုံးစာများရေးရာ၌လည်း စာပြီးဆုံးလျှင် ထိုစာ၏အောက်ဆုံးတွင် “လျောက်ထားသူအမည်၊ လက်မှတ် (၀ါ) လူကြီး အမည် လက်မှတ် ရက်စွဲ” ရေးထိုးသကဲ့သို့ အာနန္ဒစန္ဒြ မင်းကြီးသည်လည်း သူ၏ အနွယ်စဉ်ဆက် ဘိုးလောင်းတော်၊ ဘေးလောင်းတော်များ၏ အမည်နှင့် နန်းစံများကို နှောင်းလူများ သိရှိစေ ရန်နှင့် သူ၏ ကုသိုလ်ကောင်းမှု အလှူဒါန ပြုလုပ်ဆောင်ရွက်ချက်များကို နောက်လာနောက် သား များ သိရှိစေရန် အတွက် ကမည်းထိုးပြီး မှတ်တမ်းတင်ခဲ့ခြင်းသာဖြစ်ပေသည်။ ကျောက်စာရေးထိုးပြီးစီ သည့် အခါ အောက် တွင် ကျောက်စာ ရေးထိုးပြီးစီးကြောင်းကိုဖေါ်ပြသည့် စာသားဖြစ်သော ( ကျက်သေ ရရှိစွာ ပေါ်လွင်ထင် ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်မြင်သတည်း) နှင့် ရေးထိုးခဲ့သော ခုနှစ်သက္ကရာဇ် (၁၁) ခု ကို ရေးသားခဲ့ သည်က သက်သေခံနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။
အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းဖြစ်သော စာကြောင်းရေ (၇၂-၇၃) ပါ အက္ခရာစာလုံး များ သည် အေဒီ(၁၀)ရာစု တွင်ရေးထိုးခြင်းမဟုတ်ဘဲ ကျောက်စာရေးထိုးခဲ့ပြီးစီးခဲ့သည့်နှင့် တစ်ပြိုင် တည်း (ကောဇာသက ရာဇ် -၁၁) ခု (ခရစ်နှစ်- 649)ခု (သာသနာနှစ် ၁၁၉၃) ခုတွင် ရေးထိုးခြင်းသာဖြစ် ကြောင်း မှတ်ယူသင့်ပေသည်။

ထိုကဲ့သို့ အလားတူ မြောက်ဦးခေတ်(ကောဇာသက္ကရာဇ်-၉၁၃)ခုတွင် ရခိုင် ဘုရင်မင်းတိက္ကာသည်
သူ၏ကောင်းမှုကုသိုလ်တစ်ခုဖြစ်သော ကိုးသောင်းဘုရားတည် ရွံ့ပြားစာတွင်လည်း ကမည်းရေးထိုးပြီး စီးသည့်အခါ သူ၏အမည်နှင့် မြောက်ဦးရွှေနန်းတော်၊ရက္ခပူရတိုင်းဟု အဆုံးသတ်ထားသော ကိုးသောင်း ဘုရားတည် ရွံ့ပြားစာကို သက်သေအဖြစ် ရေးသား တင်ပြလိုက်ရပါသည်။
 






                                                                                      မောင်ဖြူ (ကြွီတဲကျွန်း)
                                                                                            5.12.2017
                                                                                         အယနာစာပီအဖွဲ့






No comments:

Post a Comment