Wednesday, January 17, 2018

United League of Arakan (ULA) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထုတ်ပြန်ကြေညာချက်

United League of Arakan (ULA)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

ထုတ်ပြန်ကြေညာချက်
အမှတ်၊ ၁/၂၀၁၈

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်
၁၃၇၉-ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက်

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်၊ ည (၁၀)နာရီ (၄၅)မိနစ်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ “၂၃၃-နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော်အချုပ်အချာအာဏာကျဆုံးမှု ဝမ်းနည်းအမှတ်ရ အခမ်းအနား”အား ကျင်းပခွင့်မပြုခြင်းနှင့် ဆက်စပ်ပြီး ကျင်းပခွင့်ရရန် ဆန္ဒထုတ်ဖော်သူများအား မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့မှ ကျည်အစစ်ပါသေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ဆယ်ဦးနှင့် ဒဏ်ရာရရှိသူ တစ်ဆယ့်ငါးဦးအထက်အထိရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)အနေဖြင့် ရခိုင်အမျိုးသားရေးလှုပ်ရှားမှုအတွင်း ယခုကဲ့သို့ အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများ၏ မိသားစုများနှင့်ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍ လူမျိုးရေးအမုန်းတရားကို ရှေ့တန်းတင်ကာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်သူများ၊ အုပ်ချုပ်သူလက်ရှိအစိုးရနှင့် ရခိုင်ပြည်အစိုးရတို့တွင် အပြည့်အဝတာဝန်ရှိပြီး မိမိတို့ (ULA/AA)အနေဖြင့်လည်း ၄င်းကိစ္စရပ်နှင့်ပတ်သက်ပြီး အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ကျူးလွန်သူများအား ထိရောက်ပြင်းထန်သော တုံ့ပြန်အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
United League of Arakan(ULA)

No comments:

Post a Comment