Tuesday, April 3, 2018

လေးစားဂုဏ်ယူစရာကောင်းသော ရခိုင်လူငယ်တစ်ဦး





လေးစားဂုဏ်ယူစရာကောင်းသော ရခိုင်လူငယ်တစ်ဦး
====================================
သူဟာ ရိုးသားတယ်၊ ကြိုးစားတယ်၊ အမျိုးသားရေးအမြင်အပြည့်ရှိတယ်ဆိုသူလို့ ညွှန်းရင်လည်း လွန်အံ့မထင်ပါ။
သူဟာ သူပတ်ဝန်းကျင်းအသိုင်းအ၀ိုင်းကို အမျိုးသားရေးအမြင်နဲ့ အမြဲကြည့်တတ်တယ်။
လူမှုရေးဆိုလည်းလက်မနှေးသူ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ရခိုင် နှင့် ရခိုင်မျိုးနွယ်စုတို့၏ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဖြစ်စေရေးကိုလည်း လိုလားနေသူတစ်ဦးဖြစ်ကြောင်း သူလုပ်ရပ်က သက်သေခံနေတယ်။
ထို့ကြောင့် သူဟာ အယနာစာပီအဖွဲ့ (ရန်ကုန်) မှ ရခိုင်မျိုးနွယ်စုများ စည်းစည်းလုံးလုံးဖြစ်စေရန် ဆောင်ရွက်နေသော လုပ်ငန်းများအတွက် အသိအမှတ်ပြုသူဖြစ်တဲ့အတွက် စည်းရုံးရေးအတွက် အထောက်အကူဖြစ်စေရန် ပူးပေါင်းပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါကြောင့် သူမိသားစု ပိုင်ဆိုင်သော ရခိုင်မျိုးနွယ်စုဝင်များ၏ အသုံးပြု ၀တ်ဆင်သော ရိုးရာလက်ဝတ်ရတနာများကို အမျိုးသား ရေးအမြင်ဖြင့် စေတနာထက်သန်စွာ အယနာစာပီအဖွဲ့ (ရန်ကုန်) ကို လှူဒါန်းခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
သူနာမည်က- ထွန်းလင်းကျော်
နေရပ် -စစ်တွေမြို့

No comments:

Post a Comment