Sunday, May 20, 2018

စေ့စပ်သေချာစွာ စီမံခန့်ခွဲတတ်သော ရခိုင်ဝေသာလီမှ အာနန္ဒစန္ဒြမင်း

စေ့စပ်သေချာစွာ စီမံခန့်ခွဲတတ်သော ရခိုင်ဝေသာလီမှ အာနန္ဒစန္ဒြမင်း
====================================

ရှေးခေတ် ရခိုင်ဝေသာလီ ဘုရင်တစ်ပါးဖြစ်သော အာနန္ဒစန္ဒြမင်းကြီးသည် စည်းစနစ် အလွန်ကောင်း သူဖြစ်သည်။ အလုပ်လုပ်သည့်အခါ၌လည်း အလွန်စေ့စပ်သည်။ စီမံခန့်ခွဲ့ရာ၌လည်း သူမတူအောင် ထူးချွန် သူလည်းဖြစ်သည်ကို သူ၏ကောင်းမှုများကုသိုလ် ပြုလုပ်ပုံကို မှတ်တမ်းတင်ထားသော ကျောက်စာက မှန်ကန်ကြောင်း သက်သေခံနေပေသည်။ စီမံခန့်ခွဲ့မှု အလွန်တော်ကြောင်း အထင်သား ပေါ်လွင်နေပေသည်။ အဲဒါက ဘာလဲဆိုတော့ အာနန္ဒစန္ဒြမင်းကျောက်စာ စာကြောင်းရေ(၄၆-၄၇) ဂါထာအမှတ်(၄၆) တွင်
“ အာနန္ဒောဒယ နာမနော၊ ၀ိဟာရာနေက ကာရိတာ၊ ဒါသဒါသီဘိး သမ္ပန္နား၊က္ပေတြ ဂေါ မဟိံပဲး သဟ”
..
ဂါထာ(၄၆) အဓိပ္ပါယ်
အာနန္ဒောဒယ နာမနော= အာနန္ဒောဒယအမည်ရှိသော ၊ ၀ိဟာရ အနေကာ= ကျောင်းတော်များစွာကို ၊ ကာရိတာ=ဆောက်လုပ်ပြီး ၊က္ပေတြ =လယ်မြေ၊ ဂေါ= နွား၊ မဟိံပဲး သဟ=ကျွဲတို့နှင့်တကွ ၊ ဒါသဒါသီဘိး = ကျွန်ယောင်္ကျား ကျွန်မိန်းမတို့ကို ၊ သမ္ပန္နား = ပြည့်စုံစွာ လှူဒါန်းတော်မူလေသည်။
.
ဘာသာရေးကိုင်းရှိုင်းသော အာနန္ဒစန္ဒြမင်းကြီးသည် အာနန္ဒောဒယအမည်ရှိသော ကျောင်းတော်များစွာကို ၊ ဆောက်လုပ်ပြီး လယ်မြေ၊ နွား၊ ကျွဲ များနှင့်တကွ ၊ ကျွန်ယောင်္ကျား ကျွန်မိန်းမတို့ကိုပါ တစ်ပါတည်း ပြည့်စုံစွာ လှူဒါန်းတော်မူလေသည်။
.
အထက်၌ဖေါ်ပြသော ကျောက်စာပါ ဂါထာကို ကြည့်ခြင်းအားဖြင့် အာနန္ဒစန္ဒြမင်းသည် ဘုန်းတော်ကြီး ကျောင်းများ ဆောက်လုပ် လှူဒါန်းရာတွင် ထိုကျောင်းတွင် သီတင်း သုံးနေထိုင်မည့် သာသနာဝန်ဆောင် ရဟန်းတော်များအတွက် ဆွမ်းအတွက်လိုအပ်သော ဆန်ကို ရစေမည့် လယ်မြေများ၊ ထိုလယ်ကိုထွန်မည့် ကျွဲနွားများ၊ ထိုလယ်ကိုလုပ်မည့် ကျွန်ယောင်္ကျားများ၊ ထိုကျောင်းတော်တွင် သီတင်းသုံးနေထိုင်သော ရဟန်း များအတွက် ဆွမ်းချက်ရန် ကျွန်မိန်းမများတို့ကို သူ့ခေတ်သူခါနှင့်အညီ ပြည့်ပြည့်စုံစုံ လိုလိုသေး မရှိအောင် စီမံဆောင်ရွက်ထားသည်ကို ယခုခေတ် ခေတ်မီပါသည်။ အတွေးအခေါ်ကောင်းပါသည်၊ စီမံခန့်ခွဲမှု ကောင်းပါ သည်ဆိုသော အလှူရှင်ပုဂ္ဂိုလ်များ လှူဒါန်ထားသော ကျောင်းတော် များနှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် လွန်ခဲ့ သော နှစ်ပေါင်းတစ်ထောင်ကျော်က ရခိုင်ဘုရင် အာနန္ဒစန္ဒြမင်းကြီး၏ အရည်အချင်းကို သိသာနိုင် ပေသည်။

မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့
21.5.2018

No comments:

Post a Comment