Wednesday, May 30, 2018

မြောက်ဦးမြို့ လက်ဆည်ကန်ဂိတ်က ပါဠိဘာသာထိုး ဝေသာလီခေတ်မှ ကျောက်စာတစ်ချပ်

မြောက်ဦးမြို့ လက်ဆည်ကန်ဂိတ်က ပါဠိဘာသာထိုး ဝေသာလီခေတ်မှ ကျောက်စာတစ်ချပ်
***********************************************************
ဤကျောက်စာပါ လက်ရေးလက်သားများကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ဝေသာလီခေတ် နိတိစန္ဒြ၊ ၀ီရစန္ဒြမင်းခေတ် အေဒီ ၅ ရာစုလောက်က ရေးထိုးခဲ့သော လက်ရေးမျိုးဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။
(ဟ) အက္ခရာစာလုံး တစ်လုံးကို နှစ်မျိုးရေးထားသည်ကို ထူးခြားစွာ တွေ့ရသော ကျောက်စာတစ်ချပ် ဖြစ်ပါ သည်။ ကျောက်စာ၏ ပထမစာကြောင်းတွင်ပါသော (ဟ) နှင့် တတိယ၊ စတုတ္ထ စာကြောင်းများတွင် ပါသော (ဟ) စာလုံးမှာ မတူကွဲပြားစွာ ရေးထားသည်က ဤကျောက်စာ၏ ထူးခြားချက်တစ်ခုဖြစ်ပါသည်။
.

မည်သို့ပင်ဖြစ်စေ ပါဠိသက်သက် ရေးထိုးထားသော ဝေသာလီခေတ် ကျောက်စာတစ်ချပ် ပေါ်ထွက်လာ သည်က ဝေသာလီခေတ် စန္ဒြမင်းဆက်ပါဘုရင်များသည် သီဝနတ်မင်း၏ အမျိုးအနွယ်မဟုတ်ဘဲ ထေရ၀ါဒ မြတ် ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်ကို အထောက်အကူပြုနိုင်သော ကျောက်စာ တစ်ချပ်ဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ရပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့



No comments:

Post a Comment