ရခိုင်ကျောက်သားပန်းကန်ပြားတစ်ချပ်အား သမိုင်းအမြင်ဖြင့်သုံးသပ်ကြည့်ခြင်း
*******************************************************************
===============================================
မြောက်ဦးခေတ်(AD 1430-1784) လေ့လာချည်းကပ်ကြည့်ခြင်း။
===========================================
ဤကျောက်ပန်းကန်ပြားကြီး၏သမိုင်းကို ခြေရာခံကြည့်ရလျှင် ရခိုင်သမိုင်းတွင် ထင်ရှားခဲ့သည့် မြောက်ဦးခေတ်အတွင်း လူတို့ အသုံးပြုခဲ့ကြသော လူ့အသုံးအဆောင်ပစ္စည်းများကို ဦးစွာချည်းကပ် စဉ်းစား ရပေမည်။ယနေ့မြောက်ဦးနယ်တ၀ိုက်တွင် သမိုင်း ရုပ်ကြွင်း များအဖြစ် တွေ့ရှိရသော ဘုရားပုထိုး စေတီ များ၊ သာသနိကအဆောက်ဦးများ၊ နန်းတော် နှင့် ၊မြို့ရိုးတို့သည် မြေသားကို ပုံသွင်းပြီး မီးဖုတ်ထား သော အုဋ်များဖြင့် တည်ဆောက်ထားကြသည်ကို အများအားဖြင့်းတွေ့မြင်ရ ပါ သည်။ မြောက်ဦးခေတ် တွင် ရွှေ၊ငွေ၊ကြေး၊ရွံမြေများကို လိုရာ ပုံသွန်းလုပ်သည့် အတတ်ပညာများ ထွန်းကားနေပြီဖြစ်သောကြောင့် လူ့ အသုံးအဆောင် ပစ္စည်း တစ်ခုဖြစ်သည့် ပန်းကန်ပြားများကို လေ့လာရာတွင်လည်း ရွှေပန်းကန် ၊ငွေပန်းကန်၊ ကြေးပန်းကန်၊ ကြွေပန်းကန် ၊မြေ ပန်း ကန် များသာ အတွေ့ရများသည်ကို ထောက်ရှုလျှင် ဤကျောက်ပန်းကန်ပြားသည် မြောက်ဦးခေတ်လူ့တို့ အသုံးပြုခဲ့သော ပန်းကန် ပြား(လောင်ဗွန်း) မဖြစ် နိုင်ဟု ကောက်ချက်ဆွဲ သုံးသပ်ရမည်ဖြစ် ပါသည်။
**
လေးမြို့ခေတ် (AD 816-1430) လေ့လာချည်းကပ်ကြည့်ခြင်း။
========================================
လေးမြို့ခေတ်ထွန်းကားခဲ့သော လေးမြို့မြစ် ၀ဲ ယာ တစ်လျောက် ၊ဘုရားဆင်းထုတော်များ၊ စေတီပုထိုးများ ၊သမိုင်းရုပ်ကြွင်းများကို ချည်းကပ် လေ့လာကြည့်ရာတွင်လည်း ရွှေ၊ငွေ၊ကြေး၊ ၊မီးဖုတ်အုဋ်များဖြင့် ပြုလုပ်သုံး စွဲ ခဲ့ကြသည်ကို လက်ရှိ ကျန်ရှိနေသေးသော သမိုင်းရုပ်ကြွင်းများက သက်သေခံနေပေသည်။ ထိုကြောင့် လေးမြို့ခေတ်တွင် ကြေး သွန်းအတတ် ပညာ၊ ရွံမြေများကို လိုရာပုံသွင်းကာ မာကျောအောင် မီးဖုတ်ပြီး ပြုလုပ်သည့် အတတ် ပညာများထွန်းကား နေပြီဖြစ် သော ကြောင့် လူ့အသုံး အဆောင်ပစ္စည်းတစ်ခုဖြစ်သည့် အိုးခွက်ပန်းကန် များကို လည်း မီးဖုတ်ထားသည့် ပစ္စည်းများသာဖြစ်ဖို့များသည်။ ကျောက် ပန်းကန်ပြားများ ပြုလုပ်သုံးစွဲသည်မှာ မဖြစ်တန်ရာ၊ထိုကြောင့် ဤကျောက်ပန်း ကန်ပြားသည် လေးမြို့ခေတ်တွင် သုံးစွဲခဲ့သည် မှာလည်း မဟုတ်နိုင်ဟု ကောက်ချက် ဆွဲမည်ဆိုပါက မှားမည်ဟု ပြော၍ရမည်မဟုတ်ပေ။
***
ဝေသာလီခေတ်(AD 326-816 ) လေ့လာချည်းကပ်ကြည့်ခြင်း။
==========================================
ဝေသာလီခေတ်သမိုင်းရုပ်ကြွင်းများကို လေ့လာကြည့်ရာ တွင်လည်း ဝေသာလီခေတ်တွင် သွန်းလုပ်ခဲ့သည့် စန္ဒမုနိဘုရားဆင်းထုတော် (ယခုမြောက်ဦးမြို့)နှင့် ဝေသာလီမြို့ရိုးများ၊နန်းတော်ရာများကို လေ့လာ ကြည့်ခြင်း အားဖြင့် ထိုခေတ်တွင်လည်း ကြေးသွန်းအတတ်ပညာ နှင့် ရွံ့မြေများကို လူ့အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ် အောင် လိုရာပုံ သွန်း လုပ်ကာ မာကျောအောင် မီးဖုတ်ပြီး ပြုလုပ်သုံးစွဲသည့်အတတ် ပညာများ ထွန်းကား နေပြီး ဖြစ်သည်ကို ဝေသာလီမြို့ရိုးတံတိုင်း နှင့် မြေအိုးခွက် ကွဲက သမိုင်းသက်သေခံနေပါသည်။ထိုကြောင့် မီးဖုတ် အတတ် ပညာ ထွန်းကားနေပြီးဖြစ်သော ဝေသာလီခေတ်တွင် ကျောက်သားကို အချိန် ကြာမြင့် စွာ ပန်းကန်ပြား ပုံရအောင် ထွင်းထု ပြုလုပ်သုံးစွဲကြ မည်မှာ မဖြစ်နိုင်ရာဟု မှတ်ယူနိုင် ပါသည်။
****
တတိယဓည၀တီခေတ်(BC 580 –AD 326 ) လေ့လာချည်းကပ်ကြည့်ခြင်း။
================================================ ရခိုင်ရာဇ၀င်မှာ ထင်ရှားခဲ့သည့် စန္ဒသူရိယဘုရင် ၊ဗုဒ္ဓဘုရားရှင်အား ဓည၀တီပြည်သို မနော စိတ်ဖြင့်ပင့်လျောက်ကြွ ရောက်စေ သည့်ဘုရင်၊ မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ခဲ့သည့် ဘုရင်၊ တတိယ ဓည၀တီ ခေတ်ကို စတင်ခဲ့သည်ဘုရင်၊ ရခိုင်ပြည်သူ သား များအား ဗုဒ္ဓဘာသာနှင့် စတင်မိတ်ဆက်ပေးခဲ့သည့် ဘုရင်၊ ရခိုင်ပြည် သူ/သားများအား သရဏာဂုံတည်စေသည့်ဘုရင် ထိုဘုရင် စန္ဒသူရိယ တည်ထားခဲ့သော မဟာမုနိ ရုပ်ရှင် တော်နှင့် တတိယဓည၀တီ အုဋ်မြို့ရိုးနှင့် နန်းတော်ရးက အထင်အရှား လက်ဆုပ်လက်ကိုင် မြင်တွေ့နိုင်သေးသည်။ထို မြို့ရိုးအောက် မြေကြီးထဲမှ ထွက်ပေါ်လာသော အိုးခွက်ကွဲများကလည်း ထိုခေတ်ထိုအခါက လူတို့အသုံးအဆောင် ပစ္စည်း များဖြစ်သည့် အိုးခွက်ပန်းကန် များသည် ရွံ့မြေကို လိုရာပုံသွင်းကာ မာကျောအောင် မီးဖုတ်၍ အသုံးပြုခဲ့ကြ သည်ကို လှစ်ပြနေပါသည်။မီးဖုတ်၍ လူအသုံးအဆောင် ပစ္စည်းများ ပြုလုပ် တတ်သော အတတ်ပညာ ထွန်းကား နေပြီးဖြစ်ကြောင်း သက်သေ ခံနေပါသည်၊ထိုကြောင့် ဤကျောက်ပန်းကန်ပြားသည် တတိယ ဓည၀တီ ခေတ်တွင် ပြုလုပ်သုံးစွဲ ခဲ့သည်မှာလည်း မဖြစ်နိုင်ဟု ယူဆပေသည်။
*****
ပ-ဒု ဓည၀တီခေတ် (BC 3325-580) တွေးမျှော်ကြည့်ခြင်း ။ ။ ။
========================================
ပထမဓည၀တီ ကို မာရယုမင်းသည် ကျောက်စိုင် ကျောက် သား များအတိပြီးသည့် မြိုတော်ကိုတည်သည်ဟု၎င်း၊ ဒုတိယဓည၀တီ ကံရာဇာကြီးမင်းသည် နီလာပန်းတောင် ၊ကျောက် ပန်းတောင်းမြို့ကို ကျောက်တောင်ထိပ်တွင် တည်သည်ဟု ပြောစမှတ်ပြုကြသည်၊ ယနေ့ထက်တိုင် ထိုကျောက်တုံး ကျောက်စိုင်များဖြင့် တည်ထားခဲ့သည့်မြို့များကို ရှာဖွေဖေါ်ထုတ်သည့် သုတေသန များမလုပ်နိုင်ကြသေးပါ။ နိဂုံးချုပ်အနေဖြင့် ဤကျောက်ပန်းကန်ပြားသည် မြေသား ရွံ့များကို လူအသုံးအဆောင်ပစ္စည်းအဖြစ် လိုရာပုံသွင်းကာ မာကျောအောင် မီးဖုတ် သုံးစွဲသည့် အတတ်ပညာမထွန်းကားသေး သည့်ကာလမှသော်၎င်း၊ရှေးဦးရခိုင်ပြည်ရှိ ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ၊သမိုင်းတန်ဖိုးကြီး မားသော၊ ရခိုင်သမိုင်းတွင် ကွင်းဆက် ပြတ်နေသော ပထမ ဓည၀တီ ၊ဒုတိယဓည၀တီ ခေတ်များကို လေ့လာဖို့ မီးမောင်းထိုးပြနေသော ကျောက်ပန်းကန်ပြား တစ်ချပ်ဖြစ်မည် ဟု သုံးသပ်တင်ပြလိုက်ရပါသည်။
ဦးမောင်ဖြူ (ကြွီတဲကျွန်း)
16.6.2018
No comments:
Post a Comment