Monday, August 6, 2018

စာရေးသားနည်း၏ “ စံ ” အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ

စာရေးသားနည်း၏ “ စံ ” အဖြစ် အားထားရာ အာနန္ဒစန္ဒြမင်းကျောက်စာ
**************************************************

======================================
ယနေ့မြန်မာနိုင်ငံတွင် ရေးသားနေကြသော စာအရေးအသား ရေးသားနည်းများသည် ခေတ်အဆက်ဆက် သုတ်သင်တည်းဖြတ်လာခဲ့သောကြောင့် စနစ်ကျသော စာရေးသားနည်းပုံစံ ရောက်ရှိလာခြင်းဖြစ်ပေသည်။ ထိုစာရေးသားနည်းများသည် ရှေးက မင်း၊ ပညာရှိ၊ စာဆိုတော်၊ စာပေပညာရှင် က၀ိကျော် ဆရာ့ ဆရာကြီးများ က ကျောက်စာ ပေစာ၊ မော်ကွန်းစာ၊ ကြေးပြားစာ၊ အုတ်ချပ်စာ၊ ပေစာများတွင် ရေးထိုးထားခဲ့သော ရေးနည်း များ ကို မှီငြမ်းအတုယူက ပြုပြင်လာသောကြောင့် စနစ်ကျသော ရေးနည်း( စံ ) တစ်ခုအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
*
ထို စနစ်ကျသော စာရေးနည်း (စံ)တစ်ခု အဖြစ်
ရေးသားနည်းကို ခြေရာခံ လေ့လာကြည့်ရာ၌ ယနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်း ဘုရားမုခ်ဝ ဘယ်ဘက်တွင် (649 A.D) တွင် ရခိုင်ဝေသာလီပြည်ရှင် အာနန္ဒစန္ဒြမင်းကြီးသည် နာဂရီအက္ခရာ သက္ကတဘာသာဖြင့် ရေးထိုးခဲ့သော အာနန္ဒစန္ဒြကျောက်စာပါ စာအရေးအသားများ သည် စာရေးနည်း“ စံ ” တစ်ခုအတွင်းမှာ စနစ်တကျ ရှိနေသည်ကို အထက်ဇယားပါ ကျောက်စာမင်ကူးပုံများကို ကြည့်ခြင်း အား ဖြင့် သိသာ မြင်သာနိုင်ပေသည်။
**
ယနေ့ ခေတ်အဆက်ဆက် တည်းဖြတ်သုတ်သင်လာသော ပါဠိဘာသာ အဘိဓါန်၊ ပါဠိသဒ္ဒါကျမ်းများတွင် လည်းကောင်း၊ သက္ကတသဒ္ဒကျမ်းများတွင် လည်းကောင်း ရှိသော သဗ္ဗ၊ ပုဗ္ဗ၊ ဓမ္မ ၊စာလုံးတို့သည် အာနန္ဒစန္ဒြမင်းေ ကျာက်စာ ပါ စာရေးနည်းအတိုင်း (စံ ) စနစ်တစ်ခု အတွင်းမှာ တူညီသော ပုံစံတစ်ခု ဖြစ်နေသည်ကို တွေ့မြင်ရပေသည်။
***
အာနန္ဒစန္ဒြမင်းကျောက်စာသည်ကား ရခိုင်မြေရှိ လူမျိုးများအတွက် အလွန် ဂုဏ်ယူစရာကောင်းသော ကျောက်စာတစ်ချပ်ဖြစ်သလို၊ အာရှပစိဖိတ် အမွေအနှစ်စာရင်းဝင် ကျောက်စာတစ်ချပ်လည်း ဖြစ်ပေသည်။ ထိုအပြင် တိကျမှန်ကန်ခိုင်လုံသော ရခိုင်သမိုင်း ကျောက်ထွင်း စာအုပ်တစ်အုပ် လည်းဖြစ်ပါပေသည်။
****
အာနန္ဒစန္ဒြကျောက်စာသည် ယနေ့ခေတ် စာရေးသား နည်း၏ မှီငြမ်း အားထားရာဖြစ်သည်ကို အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူးမှ အက္ခရာ တစ်ချို့ကို သက်သေအဖြစ် ထုတ်နှုတ်တင်ပြသွားပါမည်။ (ပုံစာနှင့် ယှဉ်၍ကြည့်ပါ။)
(ဓမ္မ=Dharma) ဟူသောစာလုံးရေးနည်း
-------------------------------------------
နံပါတ် ၁ ဇယားကွက်ပါ ကျောက်စာမင်းကူး ( ဓရမ = Dharma) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၃၁)(၃၄)(၃၆)(၃၇)(၄၀)(၅၄)(၆၁)(၆၄)(၆၆)(၆၇)တို့တွင် ရေးထိုးထားသည်ကို တွေ့ရပါသည်။
ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါအက္ခရာစာလုံးများကို ရေးသည့် စာရေးနည်း ပုံစံအတိုင်း ယနေ့ သက္ကတသဒ္ဒါ ကျမ်း၊ ပါဠိသဒ္ဒါကျမ်းများတွင် ရေးသားေ နကြသည်ကိုတွေ့ရပေသည်။ ပုံစံအားဖြင့် အာနန္ဒစန္ဒြမင်း ကျောက်စာ တွင် ပါသော ( ဓရမ= Dharma) ဆိုသော စာလုံးကို သက္ကတသဒ္ဒါကျမ်းတွင် (ဓမေ=Dharma) ဟူ၍လည်း ကောင်း ပါဠိသဒ္ဒါကျမ်းတွင် (ဓမ္မ=Dharma) ဟူ၍လည်းကောင်း ရေးသားဖေါ်ပြကြသည်ကိုတွေ့ရပေသည်။
(သဗ္ဗ=Sarva) ဟူသော စာလုံး ရေးနည်း
---------------------------------------------
နံပါတ် ၂ ဇယားကွက်ပါ ကျောက်စာမင်းကူး ( သရဗ = Sarva) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၁၄) ( ၅၃ ) ( ၅၅) (၆၂) တို့တွင် ရေးထိုးထားသည်ကို တွေ့ရပါသည်။ ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါ (သရဗ=Sarva) ရေးနည်းအတိုင်းပင် ယနေ့ သက္ကတသဒ္ဒါကျမ်းများတွင်( သဝေ= Sarva) ဟူ၍လည်းကောင်း၊ ပါဠိသဒ္ဒါ ကျမ်းများတွင် ( သဗ္ဗ=Sarva) ဟူ၍လည်းကောင်း အာနန္ဒစန္ဒြ မင်းကျောက် စာ ပါ ရေးနည်းအတိုင်း ရေးသားကြသည်ကို တွေ့ရပေသည်။
(ပုဗ္ဗ=Pῡrva) ဟူသောစာလုံးရေးနည်း
---------------------------------------
နံပါတ် ၃ ဇယားကွက်ပါ ကျောက်စာမင်းကူး ( ပုရဗ = Pῡrva) ဆိုသော စာလုံးသည် အာနန္ဒစန္ဒြ မင်း ကျောက်စာ၌် စာကြောင်းရေ (၅၈) (၆၁)တို့တွင် ရေးထိုးထားသည်ကို တွေ့ရပါသည်။ ထိုအာနန္ဒစန္ဒြမင်းကျောက်စာပါ (ပုရဗ = Pῡrva) ရေးနည်းအတိုင်းပင် ယနေ့ သက္ကတသဒ္ဒါကျမ်းများတွင်(ပုဗေ = Pῡrva) ဟူ၍လည်းကောင်း၊ ပါဠိသဒ္ဒါ ကျမ်းများတွင် (ပုဗ္ဗ = Pῡrva) ဟူ၍လည်းကောင်း အာနန္ဒစန္ဒြ မင်းကျောက် စာပါ စာရေးနည်းအတိုင်း ရေးသားကြသည်ကို တွေ့ရပေသည်။
***
မှတ်ချက်- (သရဗ= Sarva)နှင့် (ဓရမ=Dharma)ဟူသော စာလုံးသည် နီတိစန္ဒြမင်းမိဖုရား သာဝိတာစန္ဒြကျောက်စာတွင်လည်း တွေ့ရသည့်အပြင် ဝေသာလီ ပထမခေါင်းလောင်းစာ တွင်လည်း (သရဗ=Sarva) (ဓရမ=Dharma) ဟူသော စာလုံးများကိုတွေ့ရပေသည်။
တစ်ချို့သော သက္ကတပုံစံ ဖေါင့် ရေး၍မရပါသောကြောင့် ပုံစာကို သာ အတည်ယူကြပါရန်။
*******************
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့
3.8.2018/ 11 14 PM

No comments:

Post a Comment