=================================
******************************
မောင်ဖြူ (ကြွီတဲကျွန်း)
7.8.2018 / 103း5 pm
***
အောက်မြန်မာနိုင်ငံကို
ဗြိတိသျှကိုလိုနီတို့ သိမ်းပိုက်ထားသည်အချိန်၌ သံတွဲငလွမ်းမော် ကျောက်စာကို ( Lt
General Sir A.P Phayre )က သံတွဲငလွမ်းမော်အနီး တောင်ပူဇာတစ်ခုမှ 1872 ခုနှစ်တွင် ရရှိခဲ့သည်ကို
တွေ့ရသည်။ (General Sir A.P Phayre ) သည် အင်္ဂလန်နိုင်င်သို့ သူပြန်သည့်အခါ ထိုကျောက်စာကို ယူဆောင်သွားလေသည်။ သူကွယ်လွန်သွားသည့်အခါ ယင်းကျောက်စာမှာ
ရွိင်ရွယ်အေရှားတစ်အသင်း သို့ ရောက်ရှိသွားခဲ့ပါသည်။ ယင်းသံတွဲငလွမ်းမော်ကျောက်စာကို အောက်စဖို့စ်တက္ကသိုလ်
ဘေလီေ ယာကောလိပ် မှ ပါမောက္ခဂျွန်စတင်က ရွိင်ရွယ်အေရှားတစ်အသင်းမှ ငှါးယူကာ ဖတ်ဖြစ်ခဲ့သည်ကိုေ တွ့ရသည်။
ယခု ယင်းသံတွဲငလွမ်း မော်ကျောက်စာသည် အိန္ဒိယနိုင်ငံ
ကာလကတ္တား ပြတိုက်တွင်ရှိနေ သည်ဟု ဆရာကြီး ဦးစံသာအောင်၏ “အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ
ရခိုင်ပြည်သုံးအက္ခရာ များ” စာအုပ်တွင် ဖေါ်ပြထားပေသည်။
ကျောက်စာ၏အတိုင်းအတာမှ
အလျား ၇လက်မ အနံ ၅လက်မခွဲရှိပြီး အထူုမှာ ၁ လက်မခန့် ရှိသည်။ စာ ကြောင်းရေ (၇) ကြောင်းပါရှိသော
ကျောက်စာ တစ်ချပ်ဖြစ်သည်။ ပုံတွင် ကျောက်စာ၊ ကွန်ပျူတာလက်ရေးမူ၊ မြန်မာအက္ခရာ ဖလှယ်ထားပုံဖြစ်ပါသည်။
ဤ
သံတွဲ ငလွမ်းမော်ကျောက်စာသည် အကြမ်းအားဖြင့် ခြုံငုံပြောရသော် ကုသိုလ်ပြုကောင်းမှု အလှူပေးသော
ကျောက်စာငယ် တစ်ချပ်ဖြစ် ပါ သည်။ အလှူရှင်သည် မြတ်ဗုဒ္ဓအဆုံးအမကို အလွန်သက်ဝင်ယုံကြည်ဆည်း ကပ်သော ဥပါသက၊ ဥပါသကော လင်မယား
ဖြစ်ဟန်ရှိပြီး သာမန် အရပ်သားပြည်သူများမှ ဖြစ်နိုင်သည်ဟုယူ ဆပါ သည်။ ကုသိုလ်ရှင် နှစ်ဦး သည်
သူတို့ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို မာတာပိတ အမိအဖများအား ရည်စူး၍ ပြုလုပ်ထားသော
အလှူကျောက်စြာ ဖစ်ပါသည်။
ဤကျောက်စာပါ
အက္ခရာများနှင့် စာရေးသားထားသည်များကို ကြည့်ရသည်မှာ အလှူရှင်သည် သူတို့နှင့် နီးစပ်သည်
သဒ္ဒါ သတ်ပုံများကို မသိသော သာမန်စာရေးတတ်သူ တစ်ဦးအား အကူအညီတောင်းကာ သူတို့၏ ကုသိုလ်ကောင်းမှုကို
ရေးထိုးခဲ့ ဟန်ရှိပေသည်။ ထိုသို့ စာရေးမကျွမ်းကျင်သော သူကို ရေးထိုးခိုင်းစေခဲ့သော
ကြောင့် ဤငလွမ်းမော်ကျောက်စာ၌် လိုအပ်များ
ရှိနေသည်ကိုတွေ့ရပါသည်။ ယင်းတို့မှာ
ဤကျောက်စာ၌ အချို့သော အက္ခရာစာလုံးများမှာ ရေးရန်
ကျန်နေခဲ့သည့်အပြင် တစ်ချို့နေရာများမှာ အက္ခရာများပိုနေသည်။ တစ်ချို့မှာ သဒ္ဒါသတ်ပုံနည်းအရ
အက္ခရာ ကွဲလွဲနေမှုများ ဖြစ်နေပါသည်။ ထိုကြောင့် ဤကျောက်စာသည် စာတတ်ပေတတ် သဒ္ဒါသတ်ပုံမှန် ကျောက်စာရေးထိုးတတ်သူ
တစ်ဦးမှ စနစ်တကျ ရေးထိုးခြင်းမဟုတ်သည်ဟု မှတ်ယူနိုင်ပေသည်။ ထိုသို့ကောက်ချဆွဲမည်ဆိုလျှင်လည်း
လွဲမည်မထင်ပေ။
အနီရောင်အတုံး
လေးတုံး သည် မူလကျောက်စာရေးထိုးသူမှ အက္ခရာရေးရန်ကျန်ခဲ့သော နေရာများဖြစ်ပြီး အစိမ်းရောင် အတုံး သုံးတုံးမှာ သဒ္ဒါသတ်ပုံနည်းအရ အက္ခရာကွဲလွဲမှု နေရာများဖြစ်ပါသည်။
အပြာရောင် အတုံး နှစ်ခုသည် ပိုနေသော အက္ခရာများ ဖြစ်ပေသည်။
မူရင်းကျောက်စာပါ အက္ခရာ ပုံနှင့် လိုနေသော အက္ခရာများကို ဖြည့်စွက် ပယ်ဖျက် ထားသည့်ကို ဘေးပုံတွင်ကြည့်ပါ။
စာကြောင်းရေ(၁) ပါ
(၀)အက္ခရာ ရှင်းလင်းချက်
စာကြောင်းရေ
(၁)၌် မူရင်းကျောက်စာ၌ “ယေဓမ္မာဟေတုပြဘ( ၀ )” ဟု ရေးထိုးပါရှိသည်။ ရခိုင်ဝေသာလီ ခေတ်
တွင် ရေးထိုးခဲ့ကြသော ယေဓမ္မာများတွင် ရေးသားထားသည်က “ယေဓမ္မဟေတုပြဘ(၀ါ)” သာ ရေး ထိုးလေ့ရှိကြသည်ကိုေ
တွ့ရသည်။ ထိုကြောင့် စာကြောင်းရေး(၁)တွင်ပါသော (၀) အက္ခရာသည် အမှန်ဖြစ်ရ မည်က (၀ါ )
ရေးချ ထည့်ရန် လိုအပ်ပေသည်။ သို့မှသာ အခြားသော ယေဓမ္မာဂါထာများရေးနည်းနှင့် အညီဖြစ်ပေသည်။
ကျောက်စာရေးထိုးသူသည် (-ါ ) တစ်လုံးကို ရေးရန် မေ့ကျန်ခဲ့ဟန်ရှိပေသည်။
စာကြောင်းရေ(၃) ပါ
( ထ ၊ မ ) အက္ခရာ ရှင်းလင်းချက်
စာကြောင်းရေး
(၃) ၌ အစိမ်းရောင်အတုံးပြထားသောအက္ခရာသည် မူရင်းကျောက်စာ၌ “နိရော(ထ)” ဟုရေးထိုးပါရှိသည်။ အခြားသော ယေဓမ္မာယေဂါထာအတော်များများတွင်
၎င်းအက္ခရာသည် “နိရော(ဓ)” သာ ဖြစ်နေပေသည်။ “
နိရောထ” သည် “နိရေဓ” ဖြစ်မှ အဓိပ္ပါယ်လည်း ပြည့်စုံပေသည်။ နောက်တစ်ခါ ယင်းစာကြောင်းအဆုံးမှာပင် မူရင်းကျောက်စာ၌ “သျှာ-ဏ” ဟုရေးထိုးပါရှိပြန်သည်။ အခြားသော ယေဓမ္မာဂါထာများတွင်
“သျာမဏ ၊ သျမဏော” ဟုသာ ဖြစ်နေကြသည်ကိုတွေ့ရသည် ၊ ထိုကြောင့် အနီရောင်အတုံးကွက်လပ်ဖြစ်နေသော နေရာတွင် (မ) အက္ခရာတစ်လုံး ထည့်ရေးလိုက်မှ “သျှာ(မ)ဏ” ဟု အမှန်ဖြစ်ပြီး အဓိပ္ပါယ်လည်း ပြည့်စုံသွားပေသည်။
စာကြောင်းရေ (၄-၅)
ပါ (ဥပါသက၊ ဥပါသကသကော၊ မကာရ )ရှင်းလင်းချက်
စာကြောင်းရေ(၄-၅)
၌ အပြာရောင်အတုံးကလေးပြထားသော “သက” အက္ခရာတို့သည် ပိုနေသော အက္ခရာ များဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
သက္ကတဘာသာတွင် ဘာသာတရား ကိုဆည်းကပ်သော သူကို ရေးမည်ဆိုလျှင် “ဥပါသက” ဟုရေးပြီး ၊ ဘာသာတရားကို
ဆည်းကပ်သောအမျိုးသမီးကို ရေးမည်ဆိုလျှင် “ဥပါသကော”ရေးကြသည်ကိုတွေ့ရပါသည်။ စာကြောင်းရေ
(၄) အစ၌ အလှူရှင်ယောင်္ကျားကို “ဥပါသက” ဟု ညွှန်းဆိုရေးထိုးဖေါ်ပြထား ပြီး ၊ နောက်တစ်ဦးကို
ဖေါ်ပြရာ၌ “ဥပါသကသကော” ဟု ရေးထိုးထားသည် ကိုတွေ့နိုင်ပေသည်။ ထို “ဥပါသကသကော”
သည် အလှူရှင်မိန်းမကို ဆိုလိုဟန်ရှိသော်လည်း သက္ကတဘာသာတွင် “ဥပါသကသကော” ဟု ရေးလေ့မရှိပေ။
ထိုကြောင့် အလယ်စာလုံးနှစ်လုံးဖြစ်သော (သက) အက္ခရာနှစ် လုံး သည် ပိုနေသော အက္ခရာများ
ဖြစ်သည်ဟု သိနိုင်ပေသည်။ ။ “ ဥပါသကော” ဟု ရေးရမည့်အစား “ဥပါသကသကော” ရေးထိုးထားသည်ကို
တွေ့ရသောကြောင့် ထို(သက) ဆိုသော စာနှစ် လုံးသည် ပိုနေသော စာလုံးနှစ်လုံးဖြစ်သောကြောင့်
လက်ယာဘက်ပုံတွင် စာရေးသူမှ ဖယ်ထုတ်ထားသည်ကိုတွေ့မြင်နိုင်ပေသည်။ စာကြောင်းရေ (၄) နှင့် (၅) တွင် လက်ဝဲမူရင်းအက္ခရာပုံနှင့်
လက်ယာ ဖြည့်စွက်ပုံကြည့်ပါ။
ဥပါသက=
ဘာသာတရားကို ဆည်းကပ်သောယောင်္ကျား
ဥပါသကော=
ဘာသာတရားကို ဆည်းကပ်သောမိန်းမ
နောက်တစ်ခါ
စာကြောင်းရေ (၅) ၌ “(မ)ကာရ” စာလုံးသည် အက္ခရာလွဲနေသော
စာလုံးတစ်လုံးဖြစ်သည်ဟု ထင်မြင်မိပါသည်။ သက္ကတဘာသာတွင် (စကာရ=ပြုလုပ်သည်၊တည်သည်။) ဟု အဓိပ္ပါယ်ကိုဆောင်ပါသည်။ (မကာရ)သည် ရှေ့နောက်အက္ခရာပါ
စာလုံးများနှင့် ဆက်စပ်ယူ မည်ဆိုလျှင် အဓိပ္ပါယ် ထင်ရှားမရှိချေ၊ ထိုကြောင့် “(မ)ကာရ”
ဟူသော စာလုံးသည် “စကာရ= ပြုလုပ်သည်၊တည်တော်မူသည်”ကို ရေးလိုသော စာလုံးဖြစ်ကြောင်းသိနိုင်ပေသည်။
အာနန္ဒစန္ဒြမင်းကျောက်စာတွင်လည်း (စကာရ=ပြုလုပ်သည်၊တည်သည်) ဟူသော စာလုံး များစွာပါရှိပေသည်။
ထိုကြောင့် စာကြောင်းရေ(၅) ၌ပါသော (မကာရ) သည် (စကာရ)ကို ရေးလိုခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
စာကြောင်းရေ (၆) ပါ
( ယိ= မာတပိတုကု) ရှင်းလင်းချက်။
စာကြောင်းရေ(၆)၌
အစ စာလုံးဖြစ်သော “ဣတိ” ကို ကျောက်စာအား ယခင်ဘာသာပြန်သူများမှ
“ယိ” ဘာသာပြန်ခဲ့ကြပေသည်။ ဤကဲ့သို့ ဖြစ်ရသည်မှာ “ဣတိ” ဆိုသော စာလုံးနှစ်လုံးသည် ပူးကပ်နေသောကြောင့်
ထိုအက္ခရာကို တစ်လုံးတည်းဟု ယူဆကာ “ယိ” ဟု အထင်မှား၍
ဘာသာပြန်ခဲ့ကြခြင်းဖြစ်သည်ဟု ယူဆပါသည်။ (ယိ) ဆိုလျှင် ထိုစာလုံး၏ ရှေ့နောက် ဝေါဟာရများနှင့်
အဆက်အစပ် မရှိတော့ပေ၊ သီခြားလည်း အဓိပ္ပါယ် မဖွင့်ဆိုနိုင်ပေ။ ထို့ကြောင့် ဤ “ယိ” ဆိုသော
စာလုံးသည် ကျောက်စာကို ယခင် ဘာသာပြန် မြန်မာအက္ခရာသွင်းခဲ့သူ၏ လိုအပ်ချက်ဟု ထင်မြင်ယူဆမိပါသည်။
ထိုသို့အဘယ်ကြောင့် ကောက်ချက်ချနိုင်သနည်းဟူမူကား “ဣတိ” ဆိုသော
နောက်တွင် (မာတာပိတကုသလ) ရှိနေသောကြောင့်
“ဣတိ” နှင့် တစ်ဆက်တည်းယူမည်ဆိုလျှင် “ဣတိမာတာပိတကုသလ”(ဣတိ=ဤသို့)
(မာတာပိတ=အမိအဖ) (ကုသလ= ကုသိုလ်ကောင်းမှု) ဟူ၍ ဖြစ်ပါသောကြောင့် စာရှုသူကိုယ်တိုင် ဆက်စပ်တွေးယူနိုင်လောက်အောင်
အဓိပ္ပါယ်က ပေါလွင်ထင်ရှားနေပေသည်။
နောက်တစ်ခါ
စာကြောင်းရေ(၆)၌ (မာတပိတ=မာတာပိတ) ဟူသော စာလုံးတွင် (တ) စာလုံး၌ ရေးချ( -ာ) ရေးရန်
ကျကျန်ခဲ့သည်ကို မြင်တွေ့နိုင်ပေသည်။ ယင်း (မာတပိတု)သည် (မာတာပိတု) သာဖြစ်ကြောင်း ပြောလိုပါသည်။
်ပုံကိုရှုပါ။ ဤကား စာကြောင်းရေ(၆) ရှင်းလင်းချက်တည်း။
သံတွဲငလွမ်းမောက် ကျောက်စာ
အဓိပ္ပါယ်
( မြတ်စွာဘုရားသည် ရှေးကပြုခဲ့ဖူးသော အကြောင်းတရားကြောင့်
ဖြစ်ပေါ်လာသော အကျိုးတရားကို ဟောတော်မူ၏။ ထို အကျိုးတရားတို့၏ ချုပ်ငြိမ်းရာကိုလည်း
ဟောတော်မူ၏။ ရဟန်းကြီးဖြစ်သော ဘ၀၀ါ မြတ်စွာဘုရားသည် ဤသို့သော အယူရှိတော်မူသည်။
ဥပါအသက
ရတနာသုံးပါးကို နေ့ညမပြတ် ဆည်းကပ်သောသူ (မဤဂါ= မဲဂါ ) နှင့် ၊ ဥပါသကော ရတနာသုံးပါးကို
အမြဲ ဆည်းကပ်သောသူမ ဖြစ်သော (မ၀မ္မ=မ၀င်းမ)တို့၏
ဣတိ ကုသလ ဤသို့ ပြုလုပ်သော ကုသိုလ် ကောင်းမှုသည် မာတာပိတု အမိအဖတို့အား၊ စကာရ= ရည်စူး၍ပြုလုပ်ပါသည်။
) ဟူ၍ ဖြစ်ပါသည်။
(
ယနေ့အချိန်ထိ ရခိုင်တွင် ယောင်္ကျားအမည် မဲဂါ၊ မောင်ဂါး၊ နှင့် မိန်းမတို့အမည် မ၀န်းမ၊ မ၀ိုင်းမ၊ မ၀င်းမ တို့ရှိနေသည်ကို
တွေ့နေရသေးသည်။ စကားချပ်)
( ယနေ့အချိန်ထိ ရခိုင်တွင် ယောင်္ကျားအမည် မဲဂါ၊ မောင်ဂါး၊ နှင့် မိန်းမတို့အမည် မ၀န်းမ၊ မ၀ိုင်းမ၊ မ၀င်းမ တို့ရှိနေသည်ကို တွေ့နေရသေးသည်။ စကားချပ်)
မောင်ဖြူ (ကြွီတဲကျွန်း)
No comments:
Post a Comment