Saturday, September 22, 2018

ရခိုင်လူမျိုး၏ အသဲနှလုံးထဲက ယေဓမ္မာ

ရခိုင်လူမျိုး၏ အသဲနှလုံးထဲက ယေဓမ္မာ
=========================
*************************************

တစ်ချိန်က ရခိုင်ဒေသဌာနေ လူမျိုးစုများ၏ နှုတ်ဖျားမှာ ခေတ်စားနေခဲ့သော
အရှင်အဿဇိမထေရ်မှ ဥပတိဿကိုဟောခဲ့တဲ့ ယေဓမ္မာဂါထာ။
ဗုဒ္ဓ ၏ ပိဋကတ်သုံးပုံကို ခြုံငုံနိုင်သော ယေဓမ္မာဂါထာတော်။
ဘာသာရေးအခမ်းအနားတွင် မပါမပြီးသော ယေဓမ္မာဂါထာ၊
ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် ရှေ့ဆုံးက ရေးထိုးခဲ့သော ယေဓမ္မာ၊
ဘေးအန္တရယ်ကင်းရန် အမြဲရွတ်ဆိုခဲ့ကြသော ယေဓမ္မာဂါထာ၊
အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သောယေဓမ္မာ၊
ဒုက္ခသစ္စာကြောင့် သမုဒယသစ္စာဖြစ်၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်သည်ကို သွန်သင်နေသော ယေဓမ္မာဂါထာ၊
ဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို လမ်းညွှန်ပြနေသော ယေဓမ္မာဂါထာ။

မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment