Sunday, January 6, 2019

ဓည၀တီခေတ်သုံး ဒေါင်းတံဆိပ်ဒင်္ဂါးများ

ဓည၀တီခေတ်သုံး ဒေါင်းတံဆိပ်ဒင်္ဂါးများ
==========================
***************************************
ရခိုင်ဝေသာလီခေတ်ရေးထိုးခဲ့သော အာနန္ဒစန္ဒြမင်းကျောက်စာကို ဖတ်ပြီး သုတေသီ ပညာရှင်များဖြစ်ကြသော အီး အိခ်ျ့ ဂျွန်စတင် (350 A.D) ၊ အိန္ဒိယကျောက်ဝန်ဟောင်း စီဒီဆာကားက (370 A.D)၊ ဦးစံသာအောင် ( 355 A.D) ပင်မလာဂတ်တမင်တို့ (370 A.D) ဟု အသီးသီး ဝေသာလီခေတ်အစ ဒွေင်္စန္ဒြမင်းက လို့ခန်းမှန်းသတ်မှတ်ခဲ့ကြတယ်။
ထို ကမ္ဘာ့အဆင့် ပညာရှင်များ ခန့်မှန်းခဲ့သည့်အတိုင်းဆိုလျှင် ယင်းထက် စောသော ရှေးကျသော ခေတ်ကာလကို ဓည၀တီခေတ် သတ်မှတ်ရ မည်ဖြစ်သည်။
ထိုကြောင့် ယခုဖေါ်ပြသော အက္ခရာမပါသော ဒေါင်းတံဆိပ် ဒင်္ဂါးများ၊ အက္ခရာပါသော ဒေါင်းတံဆိပ် ဒင်္ဂါးများသည် ဓည၀တီခေတ်သုံး ဒင်္ဂါးများဟု သတ်မှတ်ရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပညာရှင်များသတ်မှတ်ခဲ့သော (350 A.D) က ဝေသာလီတွင် အစောဆုံး အုပ်ချုပ်ခဲ့သော ဒွေင်္စန္ဒြမင်း အမည်ပါသော ဒင်္ဂါးကို တွေ့ရှိထားပြီးဖြစ်သောကြောင့်ပင်တည်း။
ထိုကြောင့် ယခု အက္ခရာမပါသောဒေါင်းတံဆိပ်ဒင်္ဂါးများနှင့် အက္ခရာ တစ်လုံးစ နှစ်လုံးစပါသော ဖေါ်ပြပါ ဒင်္ဂါးများသည် ဓည၀တီခေတ် အသုံးပြုသော ဒင်္ဂးများ ဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
မောင်ဖြူ
(ကြွီတဲကျွန်း)

No comments:

Post a Comment