Saturday, March 9, 2019

ဝေသာလီဘုရားကြီး သမိုင်း ( အကျဉ်း )


ဝေသာလီဘုရားကြီးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ (၅)မိုင်ခန့်
အကွာ ရှေးဝေသာလီမြို့တော်ဟောင်းရှိ နန်းရာကုန်း၏မြောက်ဘက်
ကုန်းငယ်တခုပေါ်တွင် တည်ရှိနေပါသည်။
ဤဘုရားကြီးမာ ဓညဝတီ ရခိုင်ပြည်ကြီး၏ ကျက်သရေဆောင်သမိုင်းဝင် ရှေးဟောင်းဘုရားကြီးတဆူ ဖြစ်ပါသည်။
ဝေသာလီဘုရားကြီးကို လွန်ခဲ့သောနှစ်ပေါင်း(၁၆၀၀)ကျော်မှ ထုလုပ်
ကိုးကွယ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော ကျောက်ဆင်းတု
လက်ရာကြီးတစ်ဆူလည်း ဖြစ်ပါသည်။
အလွန်ကြီးမားသော ကျောက်တလုံးကို ပုံဖော်ထွင်းထုထားခြင်းဖြင့်
လွန်ခဲ့သောနှစ်ပေါင်း (၁၆၀၀)ကျော်မှစ၍ ဝေသာလီကျောက်လှီကားပြည်သားတို့၏ အတတ်ပညာစွမ်းပကားနှင့် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုများကို မှတ်တမ်းတင်ရှိနေသော ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးတဆူလည်းဖြစ်ပါသည်။
သောလီကျောက်လှီကား အဓိပ္ပါယ်မှာကား
ဝေ-အထူးအပြား။ သာလိ-သလေးစပါး(ကောက်ကြီး) လှီကား- သင်္ဘောဆိတ်ကပ်ရာ ကျောက်လှီကား ။
(သလေးစပါး အထူးအပြားပေါများသော သင်္ဘေဆိပ်ကပ်ရာ ကျောက်လှီကား တည်ရှိသော မြို့ဟူ၍ အဓိပ္ပါယ်ရပါသည် )
ဝေသာလီဘုရားကြီးကို AD-၃၂၇ ခုနှစ်တွင် ထုလုပ်ကိုးကွယ်ခဲ့
ကြောင်း သမိုင်းရာဇဝင် အစောင်စောင်တို့က ဖော်ပြခဲ့ပေသည်။
ကုသိုလ်ရှင်မှာ ရခိုင်ဝေသာလီကျောက်လှီကားမြို့ကို တည်ထောင်ခဲ့သော မဟာတိုဉ်းစန္ဒြား(ဒွေင်စန္ဒြား)မင်းကြီးနှင့် မိဖုရားခေါင်ကြီး သုပဘာဒေဝီတို့ပင် ဖြစ်ပါသည်။
ဝေသာလီဘုရားကြီးကို ထုလုပ်ကိုးကွယ်မှုနှင့် ပတ်သတ်၍ များစွာ
စိတ်ဝင်စားဖွယ် ကောင်းပါသည်။
ဝေသာလီကျောက်လှီကားမြို့ကို တည်ထောင်ခဲ့သော မဟာတိုဉ်းစန္ဒြား
မင်းသည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော သာသနာ့ဒါယကာ
မင်းမြတ်တပါး ဖြစ်ပါသည်။
မဟာမုနိရုပ်ရှင်တော် မြတ်ကိုလည်း ရွှေချိန်(၆၄)ပိဿာခွဲ စီရှိသော
စလွယ်နှင့် ပတ္တမြားစီသော မကိုဋ်တော်ကိုလည်း လှူဒါန်းခဲ့သည်။
ထိုမင်း၏ မိဖုရားခေါင်ကြီး သုပဘာဒေဝီမှာ ကပ္ပိလဝတ်ပြည်
သကျသာကီဝင်မင်းသမီးတစ်ဦးဖြစ်၍ သကျသာကီဝင်မင်းတို့ ကိုးကွယ်
နေသော သကျမုနိဆင်းတုတော်အား ဖူးမျှော်ပူဇော်လိုကြောင်း မင်းကြီး
အားလျှောက်တင်ခဲ့လေသည်။

မင်းကြီးက မိဖုရားအလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် သကျမင်း
ကိုးကွယ်နေသော သကျမုနိရုပ်ပွားတော်ကို ပင့်ဆောင်ရန် မူးတော်မတ်
တော်တို့အား လက်ဆောင်ပဏ္ဍာတို့ဖြင့် စေလွတ်ခဲ့လေသည်။
ဝေသာလီမှ မဟာတိုဉ်းစန္ဒြားမင်းကြီး စေလွတ်လိုက်သော မူးမတ် တို့သည် ကပ္ပိလဝတ်ပြည် သကျမုနိရုပ်ပွားတော်ကို ပင့်ဆောင်ရန်စေလွတ် ကြောင်း လျှောက်ထားကြလေသည်။
ကပ္ပိလဝတ်ပြည့်ရှင် မင်းကြီး၏ ခွင့်ပြုချက်ရရှိသဖြင့် သကျမုနိရုပ်ပွားတော်ကို ရွတ်သင်္ဘောတွင်တင်၍ ပင့်ဆောင်ခဲ့ကြလေသည်။
သင်္ဘောသည် သစ္စည်းထောင့်ဟုခေါ်သော ဝဲခနှောင်း (ယခုဘုရားပေါ်
ဘုရားတည်ရှိရာအနီး)သို့ ရောက်သောအခါ လေပြင်းမုန်တိုင်း တိုက်ခတ်လေသဖြင့် သင်္ဘောပျက်ကာ ရုပ်ပွားတော်သကျမုနိမှာ ရေထဲသို့ကျ၍
နစ်မြှပ်ကိန်းဝပ်သွားလေသည်။
ထိုအကြောင်းကို ဘုရားပင့်ဆောင်ရာမှ ပြန်ရောက်လာကြသော
မူးမတ်တို့က ဘုရင်မင်းမြတ်အား လျှောက်ထားလေကြသည်။
သုပဘာမိဖုရားကြီးသည် ရုပ်ပွားတော်မြတ်ရေတွင်ကျ၍ ကျန်ရစ်ကြောင်း ကြားသိရလေလျှင် ထိုရုပ်ပွားတော်အား ပူဇော်ကိုးကွယ်လိုသောဆန္ဒ လွန်စွာပြင်းပနေသောကြောင်း စိတ္တဇဝေဒနာ စွဲကပ်နေလေသည်။
ထိုကြောင်းမင်းကြီးက ကြီးမားသောကျောက်တုံးတစ်လုံးကို
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ထုလုပ်စေ၍ သကျမုနိရုပ်ပွားတော်ကြီးကိုယ်စား မိဖုရားကြီးအား ပူဇော်စေသည်။ မိဖုရားကြီးသည် များစွာဝမ်းမြောက်ဝမ်းသာဖြစ်၍ ရုပ်ပွားတော်ကြီးအား ပန်း|ဆီမီးတို့ဖြင့် ပူဇော်ပြီး ဆုတောင်းပန် လေသည်မှာ ဘုရားတပည့်တော်မသည် ရုပ်ပွားတော် သကျမုနိကို ယခုဘဝတွင် မဖူးမျှော်ရသော်လည်း နောင်ဘဝဝယ် လူပြန်ဖြစ်၍ ဘုရားဒါယိကာမ အဖြစ်ဖြင့် အမိဝမ်းမှ သက်ဆင်းသည့်ချက်ချင်း ဖူးတွေရပါလို၏ဟူ၍ ဆုတောင်းခဲ့လေသည်။
ဝေသာလီဘုရားကြီးသည် ဉာဏ်တော်(၁၇)ပေရှိ၍ ဘူမိဖဿမုဒြာ
ဗောဓိပင်နှင့် ရွှေပလ္လင်ကိုအောင်မြင်တော်မူခန်း မုဒြာထုလုပ် ကိုးကွယ်ခဲ့ပါသည်။
* ဝေသာလီဘုရားကြီး၏ အတိုင်းအတာ *
၁။ ဘုရားနှင့်ပလ္လင် အမြင့် = ၂၁ - ပေ
၂။ ဘုရားဉာဏ်တော် အမြင့် = ၁၇ - ပေ
၃။ ဦးခေါင်းတော်ပတ်လည် = ၁၅ - ပေ
၎။ မျက်လုံးတော်တစ်လုံး အရှည် = ၁၈ - လက်မ
၅။ နားရွက်တော်အမြင့် = ၃ - ပေ ၆ - လက်မ
၆။ ရင်ဝတော်အကျယ် = ၁၀ - ပေ ၃ - လက်မ
၇။ လက်မောင်းတော်ပတ်လည် = ၇ - ပေ ၆ - လက်မ
၈။ ဒူးစွန်းနှစ်ဖက်အကျယ် = ၁၅ - ပေ ၆ - လက်မ
၉။ တင်ပလ္လင်ပတ်လည် = ၄၃ - ပေ
မိဖုရားခေါင်ကြီး သုပဘာဒေဝီသည် ထိုဘဝမှ ကွယ်လွန်လေပြီး
နောက် မြောက်ဦးခေတ် သက္ကရာဇ်(၉၅၅)ခုနှစ် မြောက်ဦးရာဇဌာနီ|ထီးဖြူ ကနက္ကန်|ရောင်လျှံညီးညီး|ဘုန်းမီးနေလ|ထွန်းပဘိအသွင်|မြင်မြင်သမျှ|ထုတ်ကုကျိုးနွံ|ဘုန်းတန်ခိုးတော်|ပြင်းထန်ကြီးမားတော်မူသော ရွှေနန်းရှင်မင်းရာဇာကြီးနှင့် မိဖုရား ခင်မနှောင်းတို့၏ သမီးဖြစ်လာခဲ့သည်ဟု ဆိုခဲ့လေသည်။
မင်းသမီးငယ်ကို မွေးဖွားသည့်နေမှာပင် ကပ္ပိလဝတ်ပြည်မှ ပင့်ဆောင်လာခဲ့စဉ် ရေတွင်နစ်၍ နှစ်ပေါင်း(၁၂၂၇)နှစ် ကိန်းဝပ်ခဲ့သော သကျမုနိရုပ်ပွားတော်ကို တွေ့ရှိခဲ့သည်။ မင်းရာဇာကြီးသည် ရုပ်ပွားတော်ကို ပင့်ဆောင်ရာ မရသဖြင့် မင်းသမီးငယ်အား နန်းတော်မှ ယူဆောင်ပြီး ပုခွက်တွင်တင်ကာ မင်းသမီးငယ်ပုခွက်နှင့် ရုပ်ပွားတော်၏ လက်မောင်းတွင် ခြည်မျှင်ကို ရစ်ပတ်ကာ ဆွဲတင်ရာမှ ရရှိလေတော့သည်။
ရေထဲမှ ပေါ်လာသောဘုရားဖြစ်၍ ယခုအခါ ဘုရားပေါ်ဘုရားဟု
ခေါ်တွင်လာခဲ့လေသည်။
မိဖုရားကြီးသည် ဝေသာလီ သုပဘာဒေဝီဘဝမှ ဆုတောင်းခဲ့သည့်
အတိုင်း ပြည့်ဝသောကြောင့် ဝေသာလီဘုရားကြီးကို ဆုတောင်းပြည့်
ဘုရားကြီးဟု ခေါ်ဆိုကြသည်။
ဤဆုတောင်းပြည့် ဝေသာလီဘုရားကြီးကို ဝေသာလီခေတ်|လေးမြို့ခေတ်|မြောက်ဦးခေတ်များ၌ သာသနာ့ဒါယကာမင်း အဆက်ဆက် ပြုပြင်မွမ်းမံ ထိန်းသိမ်း၍ ဒါနပြုခဲ့ကြသည်။
ဝေသာလီဘုရားကြီးသည် ရခိုင်ပြည်၌ ထင်ရှားကျော်ကြားသော
ရုပ်ပွားေ်မြတ်တစ်ဆူဖြစ်၍ ( မွှေတော်ငါးရပ် ဆီမီးမပြတ်စေရ ) စကားရိုးအတိုင်း မွှေတော်ငါးရပ်တွင် တစ်ရပ်အပါအဝင်လည်း ဖြစ်ပေသည်။
သာစွလေ
အဖပြည်ဧ့ သွီးတစက်

https://www.facebook.com/photo.php?fbid=212832429677665&set=a.151622839131958&type=3&theater

No comments:

Post a Comment