ရခိုင်ဝေသာလီခေတ်သည် အလွန် ရှည်လျားရေ ခေတ်တစ်ခေတ် ဖြစ်ပါရေ။ အာနန္ဒစန္ဒြမင်း
ကျောက်စာ တစ်ခုတည်းကို အထောက်အထား အကိုးအကားပြုပြီးကေ ဖြစ်နိုင်ခြေကို ယုတ္တဗေဒနည်းဖြင့်
ပြောရဖို့ကေ လွန်ခရေနှစ်ပေါင်း (၂၀၀၀)ကျော်၊ (ဘီစီ- ၂ရာစု -၁ ရာစု) လောက်ကနိန် (အေဒီ
၆၄၉)ခု ထိ ရှည်လျားရေ ခေတ်တစ်ခေတ် ဖြစ်ပါရေ။ အာနန္ဒစန္ဒြမင်း ကျောက်စာ အနောက်ဘက် မျက်နှာစာတစ်ခု တည်းမှာ မင်းဆက် အားဖြင့်
သုံးဆက် ပါဟိပါရေ။
အရှေ့ဘက်မျက်နှာပါ ကျောက်စာနန့် မြောက်ဘက်မျက်နှာပါ
ကျောက်စာတိကိုဖေါ်ထုတ်နိုင်ကေ ဝေသာလီခေတ်သည် အေထက် ရှည်လျားကြာညောင်းရေ ခေတ်တစ်ခေတ်ဖြစ်နိုင်ခြေ ဟိပါရေ။
ရှေးက သုတေသီပညာရှင်များက အာနန္ဒစန္ဒြမင်းကျောက်စာကို
အကိုးအကားပြုပြီး ဝေသာလီခေတ် ကို ခန့်မှန်း ကြ ရာမှာ ဒွင်္စန္ဒြမင်း(အေဒီ- ၃၅၀) ကနိန်
အာနန္ဒစန္ဒြမင်း (အေဒီ-၇၂၉) ထိ ဖြစ်သည်ဟု ခန့်မှန်းခ
ကတ်ပါ ရေ။ ယင်း ခန့်မှန်းချက်မှာ အများလက်ခံနိုင်သော ၊ ပြည့်စုံသော ခန့်မှန်းချက် မဟုတ်ကြောင်းပြော
လိုပါရေ။ အကြောင်းရင်းမှာ အာနန္ဒစန္ဒြမင်းကျောက်စာမှာ မင်းသုံးဆက်ပါကေလေ့၊ မင်းဆက်တစ်ဆက်ကို
ချန်လှပ်ဗြီးကေ ၊ မင်းဆက်(၂)ဆက်ကိုရာ အခြေခံပြီး ဝေသာလီခေတ်ကို ခန့်မှန်းခကတ်ရေ အတွက်ကြောင့်
ဖြစ်ပါရေ။ အာနန္ဒစန္ဒြမင်းကျောက်စာ ပထမမင်းဆက်မှာ
၊ မင်းနာမည် ၊နန်းစံနှစ်အတိအကျပါရေ မင်းတိ ပါယင့်သားနန့် ချန်လှပ်ပြီးကေ ဝေသာလီခေတ်ကို ခန့်မှန်းခကတ်ရေ အတွက်နန့်
ဝေသာလီခေတ်အစရေ (အေဒီ ၃၅၀) က စရေလို့ အများသူငါ ထင်မှတ်ဗနာ မှတ်တမ်းတင်ကတ်၊ ရွီးသားကတ်ပါရေ။
ယင်းချင့်သည် သမိုင်းစာမျက်နှာအတွက် နစ်နာလှသည်ဟု ယူဆပါရေ။ ကျောက် စာမှာ မင်းအမည်၊
နန်းစံနှစ် အတိအကျပါ ယင့်သားနန့် ယင်းမင်းတိကို ချန်လှပ်ပြီးကေ ဝေသာလီခေတ်ကို ခန့်မှန်းခကတ်စွာသည်
သဘာဝမကျလို့ ဆင်မြင်ယူဆမိပါရေ။
အာနန္ဒစန္ဒြမင်းကျောက်စာကို
အကိုးအကားပြုပြီး ဝေသာလီခေတ်ကို ပြောရဖို့ကေ၊ ကျောက်စာ အလိုအားဖြင့် ဆိုကေ၊(ဘီစီ -၇၇၀
) ကနိန်ဗနာ (အေဒီ ၆၄၉)ထိ ရှည်စွာကို မြင်တွိနိုင်ပါရေ။ (ဘီစီ -၇၇၀ ) က (အေဒီ ၆၄၉) ဆိုစွာသည် ကျောက်စာပါ
ပထမမင်းဆက် မင်း(၇) ပါး၊ နန်းစံနှစ် (၁၂၀)ကို ကျောက်စာမှာ ပါရေအတိုင်း တွက်ချက်ထားရေအတွက်ဖြစ်ပါရေ။
(ဇယား -၁ )
(ဇယား-၁)
အာနန္ဒစန္ဒြမင်းကျောက်စာ
ပထမမင်းဆက်ပါ နန်းစံနှစ် (၁၂၀)ပါရေ မင်း(၇)ပါး၏ သက်တမ်း ကို အများလက်ခံနိုင်အောင် တွက်ယူဖို့ဆိုကေ၊
ကျောက်စာပါ ပထမ မင်းဆက်မှ နန်းစံနှစ်အတိအကျပါရေ မင်း(၈)ပါးရို့၏ ပျမ်းမျှ နန်းစံနှစ်
(၂၇) နှစ်ကို ယူပြီး တွက်ဖို့ဆိုကေ (ဘီစီ ၁၁၉) ကနိန် (အေဒီ ၆၄၉) ထိဖြစ်ကြောင်းတင်ပြလိုက်ပါယင့်။
(ဇယား၂)
ဒုတိယမင်းဆက်ပါ
ရာလစန္ဒြမင်းအမည်ကို (ကာလစန္ဒြ) ဟု ပြင်ဆင်ဖတ်ကြပါရန်။
ကျောက်စာမင်းကူမူအတိုင်းဆိုလျှင် (ရာလစန္ဒြ) ဖြစ်နေသော်လည်း ဒင်္ဂါးပြား၌
ကာလစန္ဒြ ဟု ရေးထိုးထားစွာကို တွိရလို့ ဖြစ်ပါရေ
လွတ်လပ်စွာ
သဘောထားကွဲလွဲ ထောက်ပြဝေဖန်နိုင်သည်။
မောင်ဖြူ(ကြွီတဲကျွန်း)
No comments:
Post a Comment