************************************
မောင်ဖြူ(ကြွီတဲကျွန်း)
အိန္ဒိယတိုက်နယ်တစ်ခုလုံး၊
တောင်အာရှတစ်ခွင် ၊အရှေ့တောင်အာရှတစ်ခွင်လုံးမှာ အေဒီ 3 ရာစုကနေ အေဒီ 11
ရာစုထိ အင်ဒိုအာရိယာန်ဘာသာဖြင့် ရေးသားထားသော ကျောက်စာအများအပြားရှိသည်။
ယင်းထဲတွင် ရခိုင်က အာနန္ဒစန္ဒြမင်းကျောက်စာ နှင့် ရခိုင်ဝေသာလီခေတ်က
ရေးးထိုးထားသော ကျောက်စာများ အားလုံး ၊အကျုံးဝင်သည်။
ယင်း
ကျောက်စာတွေကို မူဆလင်မင်းတွေ ရေးထိုးခဲ့သည့် ကျောက်စာများဟုဆိုလျှင်
အောက်ပါစကားလုံးများသည် မူဆလင်ဘာသာရေးနယ်ပယ်မှ အသုံးအနှုန်းများဖြစ်ပါသလား။
ဖြစ်သည်ဟုဆိုလျှင် အဓိပ္ပါယ်ကို ရှင်းလင်းတင်ပြခိုင်းလိုက်ပါ။
အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ(၂)တွင်ပါသော
"တြိလောက= လောကသုံးပါး"ဟူသောစကားလုံး၊ကျောက်စာကြောင်းရေ (၃၇-၃၈) မှာ
“ရတနာတြယာ=ဘုရားတရားသံဃာ ရတနာသုံးပါး” ဟူသောစကားလုံး၊
စာကြောင်းရေ(၄၆)တွင်ပါသော "၀ိဟာရ" ဟူသောစကားလုံး၊စာကြောင်းရေ(၄၇)တွင်ပါသော
"သုဂတ=မြတ်စွာဘုရား" "ဗောဓိသတ္တ=ဘုရားလောင်း"ဟူသောစကားလုံး၊ စာကြောင်းရေ
(၄၈)မှာပါသော “ဓာတုစဲတျား=ဓာတ်တော်စေတီ” ဟူသောစကားလုံး၊
ကျောက်စာကြောင်းရေ(၄၉)မှာ ပါသော “မုနိန္ဒြသျ=မဟာမုနိ” ဟူသော စကားလုံး၊
စာကြောင်းရေ (၅၅)မှာပါသော “ဒါနပါရမီ” ဆိုသော စကားလုံး၊ စာကြောင်းရေ (၆၂)
မှာပါသော “နိမ္ဗာန” ဟူသောစကားလုံး၊ စာကြောင်းရေ (၆၃) မှာပါသော
“ဘိက္ခူသံဃာ”ဆိုသော စကားလုံး၊စြာော့င်းရေ(၆၆-၆၇)မှာပါသော
"သီရိဓမ္မရာဇာဓဇ၀ံသ=တရားအောင်လံစိုက်ထူသောမင်းမျိုး" ဟူသောစကားလုံးများ၏
အဓိပ္ပာယ်ကို အများနားလည်အောင် ရှင်းလင်းတင်ပြပေးဖို့ ပြောလိုက်ပါ။
သူတို့ပြောထားသည့်အလိုအတိုင်းဆိုလျှင်
သရေခေတ္တရာ ပျူဒေသက မောင်ကန်ရွှေပေချပ်၊ ခင်ဘကုန်းရွှေပေချပ် နှင့်
အခြားကျောက်စာများ၊ သုဝဏ္ဏဘူမိ မွန်ဒေသကကျောက်စာများ၊ ယိုးဒယား၊
ကမ္ဘောဒီယား၊မှ သက္ကတဘာသာ၊ ပါဠိဘာသာဖြင့် ရေးထိုးထားသောကျောက်စာတို့သည်လည်း
အင်ဒိုအာရီယာန်ဘာသာဖြင့် ရေးသားထားသောကြောင့် မူဆလင်မင်းများရေးထိုးခဲ့သော
စာများဖြစ်သည်ဟု သတ်မှတ်ရမလိုဖြစ်သွားပြီ။
ကျောက်စာရေးထိုးခဲ့သည့်
ရခိုင်ဝေသာလီကအာနန္ဒစန္ဒြမင်း နှင့် ရခိုင်ဝေသာလီတွင် စိုးစံခဲ့သော
ကျောက်စာပါမင်းတို့မှာ အလ္လာဟ်ဖန်ဆင်းသူများမဟုတ်ကြောင်း၊
ကျောက်စာပါပထမမင်းဆက်၏ မျိုးရိုးအနွယ်ကို စာကြောင်းရေ(၁၆)မှာ
“ဒေ၀ါနံကုလ=နတ်တို့၏မျိုးရိုး”မှ
ဆင်းသက်လာသောသူများဖြစ်သည်ဟုရေးထိုးထားသည်။ ဒုတိယမင်းဆက်မှ
စန္ဒြဘွဲ့ခံမင်းများသည်လည်း အလ္လာလ်ဖန်ဆင်းသောလူသားများမဟုတ်ကြောင်းကို
စာကြောင်းရေ (၂၉)မှာ “ဤဂါနွယ=မင်းမျိုးမင်းနွယ်”မှ
ဆင်းသက်သောမင်းများသာဖြစ်ကြောင်းရေးထိုးပါရှိသည်။
တတိယမင်းဆက်ပါမင်းများသည်လည်း အလ္လာလ်ဖန်ဆင်းသောလူသားများမဟုတ်ဘဲ၊
ကျောက်စာကြောင်းရေ(၃၅)မှာ “ရာဇာဒေ၀ါ နွယော= နတ်မင်းမျိုးနွယ်”မှ
ဆင်းသက်လာသူများသာဖြစ်ကြောင်း၊ ထို့အပြင် အာနန္ဒစန္ဒြမင်းထံသို့
သမီးကညာလာဆက်သော တာမြပတ္တနပြည်ရှင်မင်းသည်လည်း
အလ္လာလ်ဖန်ဆင်းသောလူသားမဟုတ်ဘဲ၊ ကျောက်စာကြောင်းရေ(၆၄-၆၅)မှာ “ဒေ၀ါဓဇနွယ=
မြင့်မြတ်သောနတ်မင်းနွယ်”သာဖြစ်ကြောင်းရေးထိုးထားသည်။ ယင်းအပြင်
အာနန္ဒစန္ဒြမင်းထံသို့ မဟာမိတ်ပြုရန်ရောက်လာသော မနောဓီရမင်းသည်လည်း
အလ္လာလ်ဖန်ဆင်းသောလူသားမဟုတ်ဘဲ၊ “သီဝအန္ဓြ၀ံသ=
သီဝနတ်မင်းကိုးကွယ်သောမင်းမျိုး”သာဖြစ်ပါကြောင်း ရေးထိုးထားသည်။ ဘယ်မှာလဲ
အလ္လာလ်ဖန်ဆင်းတဲ့လူသား ရေးထိုးထားတာ ပါလို့လား။
လင့်ကို ဒီနေရာမှာ သွားကြည့်ပါ။
https://www.youtube.com/watch?v=8S5pRnaZpFA...
No comments:
Post a Comment