အိန္ဒိယလူမျိုး ဒေါက်တာ Dr Rupam Ali က သူမှာဟိရေ ရခိုင်ဒင်္ဂါး(၆)ပြားမှာ ရွီးလို့ပါရေစာကို ဖတ်ပီးပါ ဆိုပြီး အကူအညီတောင်းလာသောကြောင့်
ဖတ်ပီးလိုက်ရပါရေ။ ဒင်္ဂါးမှာရွီးထားရေစာမှာ အောက်ပါအတိုင်းဖြစ်ပါရေ။
၁။ မင်းတရားကြီးသားတော် အနောက်ဘ၀သျှင် ၉၅၅ ၊
MintraGree Thartaw Anaukbawashin 955
၂။ နရာဓိပ္ပတိ ဆော်လိမ်သျှာ ၉၅၅ ၊
Naradipati Sawlaneshah 955
၃။ ၉၅၉ ခု နရာဓိပ္ပတိသားတော် အနောက်ဘ၀သျှင်၊
959 Khu Naradipati Thartaw Anaukbawashin
၎။ ၉၅၉ ခု နရာဓိပ္ပတိသားတော် အနောက်ဘ၀သျှင် ၊
959 khu Naradipati thartaw Anaukbawashin
၅။ ၉၅၉ ခု နရာဓိပ္ပတိသားတော် အနောက်ဘ၀သျှင်၊
959 khu Naradipati thartaw Anaukbawashin
၆။ ၉၅၉ ခု နရာဓိပ္ပတိသားတော် အနောက်ဘ၀သျှင်။
959 khu Naradipati thartaw Anaukbawashin
သူက ဒင်္ဂါးတိကို ဘင်္ဂလားဒေခ်ျ့နိုင်ငံမှ ရဟိကြောင်း ပြောပြပါရေ။
ဒင်္ဂါးတိက မြောက်ဦးခေတ် ဘုန်းမီးနီလ တောက်စိုဉ်က ခပ်နှိပ်ခရေ ရခိုင်၊ ပါရှန်+ဘင်္ဂလီ သုံးဘာသာထိုးဒင်္ဂါးတိ ဖြစ်ပါရေ။ ဒင်္ဂါးတိက ရှားပါရေ
မြောက်ဦးဘုရင်မင်းရာဇာကြီးဒင်္ဂါးတစ်ပြားနန့်၊ အနောက်ဘုရင်ဒင်္ဂါး (၅)ပြားဖြစ်ပါရေ။ စုစုပေါင်း (၆) ဖြစ်ပါရေ။
တစ်ပြားလောက်ရောင်းပီးပါလားပြောလိုက်ခါ သူလည်း ရခိုင်ဒင်္ဂါးတိကို စိတ်ဝင်စားလို့ စုထားတာပါလတ်။ မရောင်းနိုင်ကေ ကျွန်တော်ရွီးနေရေ ခေတ်အဆက်ဆက် ရခိုင်ပြည်သုံးဒင်္ဂါးများ စာအုပ်မှာ မှတ်တမ်းတင်ချင်ကြောင်းပြောပြလိုက်လို့ Dr Rupam Ali က ခွင့်ပြုထားပါရေ။
မောင်ဖြူ( ကြွီတဲကျွန်း)
No comments:
Post a Comment