Monday, July 26, 2021

ရခိုင်ဝေသာလီဘုရင် အာနန္ဒစန္ဒြမင်းနှင့် ပူရေပူင်္ရမြို့စား၊ တာမြပတ္တနမြို့စားမင်းတို့ ဆက်နွယ်မှု

 

ရခိုင်ဝေသာလီဘုရင် အာနန္ဒစန္ဒြမင်းနှင့်
ပူရေပူင်္ရမြို့စား၊ တာမြပတ္တနမြို့စားမင်းတို့ ဆက်နွယ်မှု
===============================
***************************************************
ရခိုင်ဝေသာလီနိုင်ငံသည် အများသူငါ ထင်ထားသည်ထက် နိုင်ငံပိုင်နက် နယ်မြေကျယ်ဝန်းနေသည်ဟု ယူဆရသည်။
ပူရေ င်္ပူရမြို့စားမင်း
***************
ပူရေပူင်္ရမြို့ ဆိုသည်မှာ ရခိုင်ဝေသာလီနိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ဘုရင့်နေပြည်တော်နှင့် အလှမ်းဝေးသော အနောက်ဘက်ဒေသ အစွန်ဆုံးမြို့တစ်မြို့ဖြစ်မည်ဟုယူဆရသည်။ ပူရေင်္ပူရမြို့သည် ယခုအခါ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်(State Orissa )အတွင်း ပူရီ (Puri) မြို့ ဟူ၍ အမည်တွင်လျှက်ရှိသည်။
ပူရေပူင်္ရမြို့စားသည် မြို့စားဘ၀မှ မင်းဖြစ်လာသော မင်းတစ်ပါးဖြစ်သည်။ ထိုမင်းသည် ရခိုင်ဝေသာလီပြည်ကို (အေဒီ ၅၂၀) မှ (အေဒီ ၅၃၂) ထိ ၊ (၁၂) နှစ်တိုင်တိုင် စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သည်။ ပူရေပူင်္ရမြို့စားမှ မင်းဖြစ် လာသော ထိုမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်မှ ပထမဆုံးမင်းတစ်ပါးလည်းဖြစ် သည်။
ထိုမင်းအမည်ကို အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ(၃၁)၊ ဂါထာ(၃၃) တွင် သက္ကတလို “ဓရမရာဇျံ= မင်းတ ရားကြီး” ဟုရေးထိုးမှတ်တမ်းတင်ထားသည်။ မင်းဘိသိက်ခံယူသည့်အခါ ပါဠိအလို “ဓမ္မရာဇာ = မင်းတရား ကြီး” ဟူသော ဘွဲ့တော်အမည်ကို ခံယူကာ နန်းတက်ခဲ့သည်။ (ပုံ-၂)
 
 

 
ဓမ္မရာဇာ= မင်းတရားကြီး၏ ဒင်္ဂါးကိုလည်း တွေ့ရှိပြီးဖြစ်သည်။ ဒင်္ဂါးတွင် ရေးထားသည့်မှာ “ဓမ္မရာဇး” ဖြစ် သည်။ ယခင်က “ဓမ္မရာဇး” မင်းအမည်ကို (မဟာဝီရ) ဟု ဖတ်ရှုရေးသားဖော်ပြခဲ့ကြသည်။( မဟာဝီရ) ၏ အဓိပ္ပာယ်မှာ အလွန်ရဲ့ရင့်သောဟု အနက်ဆောင်သည်။ မင်းအမည် နှင့် ဂုဏ်ပုဒ် ပြောင်းပြန် ဖော်ပြခဲ့ ကြ သည်။
တာမြပတ္တနမြို့စားမင်း
===========
တာမြပတ္တန စကားရပ်လုံးကို အာနန္ဒစန္ဒြမင်းကျောက်စာကြောင်း (၆၅)၊ ဂါထာ(၆၂) တွင် “တာမြပတ္တန” ဟူ၍ရေးထိုးပါရှိသည်။ တာမြပတ္တနမြို့စားမင်းသည် သူ၏ချစ်လှစွာသော၊ လိမ္မာရေးခြားရှိသော သမီး ကညာ “ဓေန္ဒာ” ကို ရခိုင်ဝေသာလီဘုရင် အာနန္ဒစန္ဒြမင်းထံသို့ လာရောက်ဆက်သခဲ့သည်။ ယင်းအကြောင်းကို အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအပိုဒ်(၆၂) ရေးထိုးမှတ်တမ်းတင်ထားသည်။ (ပုံ-၃)
 

 
သမီးကညာလာရောက်ဆက်သသည့် တာမြပတ္တနမြို့တွင် အာနန္ဒစန္ဒြမင်းသည် ရေတွင်း၊ရေကန်များ၊ ဘုန်းတော် ကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်ကို အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအပိုဒ်(၆၅) တွင် မှတ်တမ်းတင်ရေးထိုးထားသည်။ (ပုံ-၄)
 

 
တာမြပတ္တနမြို့သည် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂေါပြည်နယ်(West Bengal) အတွင်း ဟူးကလိမြစ်ဝအနီးတွင် တည်ရှိသည်။ မြေပုံတွင် တာမြလိပတိ (Tamralipti )ဟုဖော်ပြသည်။ (ပုံ-၁)
 

 
စာရေးသူ၏အမြင်တစ်ခုသာဖြစ်သည်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
24.7.2021

No comments:

Post a Comment