အနောက်ဘုရင်အုပ်ရေးစနစ်ဆိုသည်မှာ ရခိုင်ဘုရင်များ မိမိတို့၏ အနောက်ဘက်ပိုင်နက် နယ်မြေများသည် မင်းနေပြည်တော်နှင့် အလှမ်းဝေးကာ နယ်မြေကျယ်ဝန်းလှသဖြင့် ရှေးခေတ်အခါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည်တစ်ကြောင်း၊ အရေးကြုံလာပါက မြောက်ဦးနန်းမြို့တော်မှချက် ချင်းစီမံ မခန့်ခွဲနိုင်သော အုပ်ချုပ်ရေး လက်လှမ်းမမီသည့်နေရာများနှင့် လက်အောက်ခံ နယ်မြေများကို အုပ်ချုပ်ရာ၌ အဆင်ပြေ ချောမွေ့စေရန်အတွက် အနောက်ဘက် နယ်မြေများကို ဘုရင်ခံများခန့်၍ အုပ် ချုပ်စေသည်။ အနောက်ဘင်္ဂါ (၁၂)မြို့ကို စစ်ရေး၊ စီးပွားရေး ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍ အားလုံးကို ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျစီမံဆောင် ရွက်ခဲ့သော စနစ်တစ်ရပ်ဖြစ်လေသည်။
ထို့ကြောင့် ရခိုင်ပြည်၏ အနောက်ဘက် ဘင်္ဂလားဒေသအား အုပ်ချုပ်သူများကို အနောက် ဘုရင်ခံဟု ခေါ်ဝေါ်ကြသည်။ အနောက်ဘုရင်ခံများသည် မြောက်ဦးရွှေနန်းတော်ရှိ ဘုရင်တစ်ပါး ကဲ့သို့ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသောသူတစ်ဦးဖြစ်သည်။ ခြွင်းချက်အနေဖြင့် ဘုရင့်ဆွေတော်မျိုးတော်၊ တော် ၀င်မိသားစုများအား သတ်မိန့်တစ်ခုကိုသာ ခွင့်မပြုချေ။ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေး၊ ဒင်္ဂါးသွန်း လုပ်ခွင့်၊ နိုင်ငံတကာနှင့်ကုန်သွယ်စီးပွား ရောင်းဝယ်ဖောက်ကားခွင့်များကို မိမိအုပ်ချုပ်သောဒေသဖွံ့ဖြိုး ရေး အတွက် လုပ်ပိုင်ခွင့် အာဏာရရှိထားသောသူဖြစ်သည်။ သို့သော်လည်း ထိုအနောက်ဘုရင်ခံများ သည် နှစ်စဉ် ကျင်းပမြဲဖြစ်သော မြောက်ဦးရွှေနန်းတော် ညီလာခံသို့ တက်ရောက်ရပြီး သတ်မှတ်ထား သော အခွန်ဘဏ္ဍာကို ဆက်သွင်းကြရလေသည်။
အနောက်ဘုရင်ခံ အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သော စစ်သည်၊ ရဲမက်၊ လက်နက်၊ ရိက္ခာနှင့် အခြားလိုအပ်ချက်များအားလုံးကို နှစ်စဉ် မြောက်ဦးရွှေနန်းတော်မှ သင်္ဘောအစင်း(၁၀၀) ဖြင့် စစ်တကောင်းသို့ ပေးပို့ရသည်။ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးသော စစ်သည်ရဲမက်များကို နောက်တစ် နှစ် လက်နက်ရိက္ခာ၊ စစ်သည်ရဲမက်လာပို့သော သင်္ဘောဖြင့်အလှဲအချိန်းလုပ်ကာ မြောက်ဦးနန်းတော် သို့ ပြန်လာကြရသည်။ ထို့သို့ တာဝန်ပေးအပ်ရာတွင် အနောက်ဘုရင်ခံအပါအ၀င် ထိပ်တန်းစစ် အရာရှိ ကြီးများတွင် မိသားစုများကို ခေါ်ခွင့်ရကြသော်လည်း သာမန်စစ်သည် ရဲမက်များတွင်မူ မိသားစုများကို ခေါ်ယူခွင့် မရှိကြချေ။
အနောက်ဘုရင်ခံတို့သည် မိမိတို့ပိုင်ဆိုင်သော အနောက်ဘက်တစ်နယ်လုံး၌ တပ်အင်အား တိုးချဲ့ခွင့်၊ တရားစီမံပိုင်ခွင့်၊ အုပ်ချုပ်ခွင့်၊ အခွန်ကောက်ပိုင်ခွင့်၊ ဒင်္ဂါးသွန်းလုပ်ခွင့် ရရှိထားသောကြောင့် အင်အားမှာ မြောက်ဦးရွှေနန်းတော်ရှိ အင်အားနှင့် မတိမ်းမယိမ်းအခြေ အနေရှိလေသည်။ ထို အခြေအ နေများရှိနေခြင်းကြောင့် အခွင့်သာသည် အချိန်များ၌ ရံဖန်ရံခါ အနောက်ဘုရင်ခံတို့သည် ဘင်္ဂါလားနယ် ရှိ သက်ပြည်၊ ဥတ္တရစ်မြုံပြည်၊ ရုံပဆာပြည်၊ ပေါ်တူဂီတို့အား စည်းရုံးကာ မြောက်ဦးရွှေနန်းေ တ်ာဘုရင် အား ပုန်ကန်ခြားနားမှုများ ပြုလုပ်လေ့ရှိကြသည်။
ထို့ကြောင့် မြောက်ဦးနန်းတော်မှ ဘုရင်တို့ သည် အနောက်ဘုရင်ခံကို ဘုရင့် သွေးသားရင်းချာထဲမှ သူများကို အဓိကထား၍ ရွေးချယ်ခန့် အပ်ခဲ့ကြသည်။ ရံဖန်ရံခါ ပညာရှိအမတ်များနှင့် စိတ်ချုယုံကြည်ရသော ပုဂ္ဂိုလ်များကို ရွေးချယ် ခပ်အပ်မှုများလည်း ရှိခဲ့သည်။ နောက်ပိုင်းတွင် ဒေသခံလူမျိုးများလည်း အုပ်ချုပ်ရေးတွင်ပါဝင် အုပ်ချုပ်စေခဲ့သည်။
မင်းဗာဘုရင်လက်ထက်တွင် ဘင်္ဂါလားဒေသတွင် ထောင်နယ် တည်ရန်စီစဉ်ခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ တောင်ဆိုသည်မှာ အိမ်ခြေတစ်ထောင်ရှိသော မြို့ငယ်များတည်ဆောက်ကာ မြို့ ပြစနစ်တည်ဆောက်ခြင်း ဆိုလိုသည်။ မင်းရာကြီးလက်ထက်၌ ထောင်နယ်များ တည်ခဲ့ရာတွင် စစ်တ ကောင်တန်းနယ်များ၌သာ အထိုက်အလျောက်အောင်မြင်ခဲ့ပြီး၊ယင်းဒေသတစ်ခုလုံး အတိုင်းအတာဖြင့် အောင်မြင်မှု မရခဲ့ချေ။
ထိုသို့ မြို့ပြအုပ်ချုပ်ရေးစနစ် မအောင်မြင်မှုများဖြစ်နေသည်ကို ကျော်လွှားနိုင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေ၊ စီးပွားရေး၊ အစီအမံများပါသော အနောက်ဘုရင်အုပ်ချုပ်ရေးစနစ်ကို ချ မှတ်ခဲ့ခြင်းဖြစ်လေသည်။ ယင်းသို့ စီမံခဲ့ခြင်းကို သမိုင်းမှတ်တမ်းများအရ အနောက်ဘုရင်ခံ ဒင်္ဂါးများက သက်သေခံနေသည်။
အနောက်ဘုရင် အုပ်ချုပ်ရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်မဖော်နိုင် ခဲ့ခြင်းသည် မြောက်ဦးခေတ်နှောင်း မင်းဆက်များအား တဖြည်းဖြည်း အင်အားချိနည်းသွားစေ သော အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့သည်။ ရခိုင်လူမျိုးအများစု အခြေစိုက် နေထိုင်မှုမရှိကြသော ယင်းဒေသတွင် ဒေသခံဘင်္ဂလီများအား မြို့ပြအုပ်ချုပ်ရေးစနစ်တွင် ဦးစီးဦးဆောင် အရာရှိများ အဖြစ် ထည့်သွင်း အုပ်ချုပ်စေသောကြောင့် ရခိုင်ဘုရင် အာဏာစက်မှာ သက်ရောက်မှု အား နည်းစေသည်။ တစ်ဖက်တွင် ဒေသခံ မြို့စားအုပ်ချုပ်ရေးအရာရှိများက နောက်ကွယ်တွင် စစ် အင်အား တစ်ဖြည်းဖြည်းတိုးချဲ့လာပြီး နောက်ဆုံးတွင် မြောက်ဦးနန်းတော်အား တော်လှန်နိုင် သည့် အနေအထားသို့ ရောက်ရှိခဲ့ကြသည်။
အနောက်ဘုရင်စနစ်ကို ရှေးက မြောက်ဦးခေတ်ဦး ရခိုင်ဘုရင်များသည် အမြော် အမြင်ကြီးစွာဖြင့် စီစဉ်လုပ်ကိုင်ခဲ့ကြသော်လည်း အနောက်ဘုရင်အဖြစ် ဆောင်ရွက်ခဲ့ကြသော မင်းဆွေမင်းမျိုးတို့သည် မိမိတို့ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်မှု၊ လူမျိုးခြားများ၏ သွေးထိုး လှုံ့ဆော်မှုများကို ယုံကြည်မှု၊ ဘုရင် တစ်ပါး၏ အဆောင်အယောင် ရရှိလာမှုအပေါ် မာန်မာန တက်လာမှု၊ အနာဂတ်အတွက် တိုင်းပြည်နှင့် လူမျိုးအတွက် အမြော်အမြင် နည်းပါးမှု စသော အချက်အလက်များကြောင့် (အေဒီ ၁၆၆၆ )ခုနှစ်တွင် အိန္ဒိယမှမဂိုတို့၏ကျူးကျော်မှုကို မခံရပ် နိုင်ဘဲ အနောက်ဘင်္ဂလားနယ်မြေတို့ကို လက်လွှတ်လိုက်ရပြီး ရခိုင်ဘုရင်တို့၏ အနောက်ဘု ရင်ခံစနစ်လည်း နိဂုံးချုပ်သွားရလေသည်။
No comments:
Post a Comment