Sunday, August 29, 2021

မဂိုအင်ပါယာ (၁၅၂၆-၁၈၃၇)

 



=================
မောင်ဖြူ (ကြွီတဲကျွန်း)
29.8.2021
**********
မဂို ဟူသောစကားရပ်နှင့် ပက်သက်၍ အင်္ဂလိပ်လိုဖော်ပြကြရာတွင် “Mughal”ဟူ၍လည်း ကောင်း၊ “Mogul” ဟူ၍လည်းကောင်း၊ “Moghul” ဟူ၍လည်းကောင်း ဖော်ပြကြ၏။ မဂိုအင်ပါယာကို အေဒီ ၁၅၂၆ ခုနှစ်တွင် မွန်ဂိုအနွယ်ဝင် အာရှအလယ်ပိုင်း ဥဇဘက်ကစ္စတန်မှ Turk လူမျိုးတဦးဖြစ်သူ စစ်သူရဲကောင်း ဘာဘူရ် (Babur )သည် အာရှတိုက်အလယ်ပိုင်းရှိ Delhi, Ibrahim ဒေသမှ အုပ်ချုပ် သည့် ဘုရင်များကိုအောင်နိုင်ပြီး၊ အင်ပါယာကို စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဘာဘူရ် ဆိုသည်မှာ သူတို့၏ ဘာသာဖြင့် (ကျား-Tiger) ဆိုလိုသည်။
မဂိုအင်ပါယာ၏ ပထမဆုံးမြို့တော်မှာ အိန္ဒိယမြောက်ပိုင်းရှိ အဂ္ဂါရာ (Āgra) မြို့ဖြစ်သည်။ ဘာဘူရ်သည် အိန္ဒိယမြောက်ဖက်ဒေသတို့ကို သိမ်းယူ နိင်ခဲ့ပြီး၊ ခရစ်နှစ်(၁၅၃၀)တွင် ကွယ်လွန်ခဲ့သည်။ သူတည်ထောင်ခဲ့သော မဂိုမင်းဆက်၌ မင်း(၂၂) ပါးရှိခဲ့ပြီး၊ ဘဟာဒူးသျှာ-၂ (Bahadur Shah II)လက် ထက် အေဒီ ၁၈၅၇ ခုနှစ်၌ မင်းဆက်ပြတ်လေသည်။
မဂိုအင်ပါယာသည် နှစ်ပေါင်း (၃၀၀ )ကျော်ခန့် တည်တံ့ရှည်လျား ခဲ့သော အင်ပါယာတစ်ခု ဖြစ်သည်ဟု ဖော်ပြကြသလို၊ တစ်ချို့ကလည်း မဂိုအင်ပါယာမှ ဒေသတစ်ချို့သည် ခရစ်နှစ် (၁၅၄၀ မှ ၁၅၅၅ ) ကာလ အတွင်း ဆူလတန်ဘုရင်များ လက်အောက်ရောက်သို့ ကျရောက်ခဲ့ဖြစ် သည်ဟု ဖော်ပြ ကြသောကြောင့် ခရစ်နှစ်(၁၅၅၆ မှ ၁၇၀၇ )ထိ အက္ကဘာ (Akbar) ဘုရင်နှင့် သူ့အရိပ်အရာကိုဆက်ခံ ကြသည့် သူ့ သား Jahangir,Shah Jahan နှင့် Aurangzeb တို့မှ အိန္ဒိယဒေသကို အုပ်ချုပ်ခဲ့သည့် အ ချိန်မှာ နှစ် ၁၅၀ ခန့်သာ ဖြစ်သည်ဟု တစ်ချို့မှတ်တမ်းများ၌ ဖော်ပြကြသည် ။
မဂို အင်ပါယာသည် ရာစုနှစ်ခုခန့်တွင် အင်ပါယာသည် အိန္ဒု (Indus) မြစ်ဝှမ်းအပြင်ဘက်၊ အာဖဂန်နစ္စတန်မြောက်ပိုင်း၊ ကက်ရှမီးယားဒေသ၊ အရှေ့ဘက်ရှိအာသံ ဘင်္ဂလားဒေ့ရှ်ဒေသများ အထိ ပါဝင်ပြီး၊ အိန္ဒိယေ တာင်ပိုင်း၌ ဒက်ကမ် Deccan ကုန်းပြင်မြင့်ထိ ပါဝင်ခဲ့သော နယ်မြေအ ၀ိုင်းအ၀န်းဖြစ် သည်။ မဂိုအင်ပါယာသည် ၁၇၀၇ ခုနှစ်တွင် ဘုန်းတန်ခိုး အာဏာစက် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဂျင်ဂျီတောင်ဘက်မှသည် ဟိမ၀န္တာတောင်တန်းများအထိ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
မဂိုအင်ပါယာကို ပြည်နယ် (၁၅) ခု ခွဲခြားပြီး စီမံအုပ်ချုပ်ကာ ဒေသတစ်ခုချင်းစီ၌ ကိုယ်ပိုင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မတူညီသော ငွေကြေးအရင်း အမြစ်များရှိသော်လည်း ထိုဒေသ အား လုံးကို မဂိုဧကရာဇ်ဘုရင်မှ ကြီးကြပ်စီမံပြီး၊ အာဏာခွဲဝေမှုကို ရှင်းလင်းပြတ်သားစွာ လုပ်ဆောင်ထား သည်။
မဂိုအင်ပါယာ၌ ဘာသာရေးလွတ်လပ်ခွင့်ကို ပေးထားခြင်းကြောင့် အင်ပါယာအတွင်းရှိ ပြည် သူပြည်သားများသည် သူတို့၏ နတ်ဘုရားများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရကြကာ၊ အစိုးရ ရာထူးနေရာများတွင် ထမ်းဆောင်ရန်ခွင့်ရကြခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဘာသာရေး စည်းလုံးမှု ကို အရေးကြီးသောအရာအဖြစ် သတ်မှတ်ထားခြင်းကြောင့် ထိုသဘောထားများသည် ထိုအချိန်က အ လွန်ရှားပါးသော လုပ်ဆောင် ချက်ဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။
နယ်မြေဒေသခံခေါင်းဆောင်များကို လုပ်ပိုင်ခွင့်အာဏာပိုပေးခဲ့သည်။ အုပ်ချုပ်ရေးမူဝါဒများ ကို အဆင့်ခွဲခြားထားပြီး၊ အင်အားကြီးမားသော ဟိန္ဒူကုန်သည်တို့ကို လုပ်ပိုင်ခွင့်များပိုမိုပေးအပ်ခဲ့သည်။ မြေယာများကို ပိုင်ဆိုင်ခွင့်ခဲ့ပေးပြီး၊ အခွန်ကောက်ခံသည့် စနစ်ကို ကျင့်သုံးခဲ့သဖြင့် အင်ပါယာအနှံ့တွင် ဟိန္ဒူကုန်သည်များမှာ ဦးစားပေး လူတန်းစား များဖြစ်ခဲ့ကြသည် ။
မဂိုအင်ပါယာသည် သူ့ခေတ်သူအခါက ဒေသတွင်း စီးပွားရေးအရ အင်အားကြီးအင်ပါယာ တစ်ခုလည်း ဖြစ်ခဲ့သည်။
မဂိုအင်ပါယာ အတွင်း ပါဝင်ခဲ့သော တောင်အာရှဒေသရှိ (MUGHAL UNESCO)၏ ကမ္ဘာ့ အမွေအနှစ်နေရာများ၌် Agra fort ခံတပ်၊ Fatehpur Sikri Red Fort,ခံတပ်၊ Lahore Fort လာဟိုး ခံ တပ်၊ Humayun's Tomb ဟူမာယမ်သချိုင်း နှင့် Taj Mahal တဂ်ျမဟာ တို့ဖြစ်ကြပြီး၊ မဂိုအင်ပါယာ ခေတ်၏ နိုင်ငံတကာတွင် အထင်ကြီး လေးစားခံရသော အနုပညာလက်ရာများဖြစ်ကြသည်။
မဂိုအင်ပါယာတွင် စိုးစံအုပ်ချုပ်ခဲ့ကြသော မင်းများ၌ နန်းသက်ရှည်ေ သာ ဘုရင်တိုင်းသည် ဒင်္ဂါးများခပ်နှိပ်ခဲ့ကြပြီး၊ ထိုဒင်္ဂါးများ ကိုလည်း ရှာဖွေေ တွ့ရှိထားကြပြီးဖြစ်သည်။ နန်းစံသက် လပိုင်းမျှသာ ရှိသော တစ်ချို့မင်းတို့၏ ဒင်္ဂါးများကို ရှာဖွေမတွေ့ရသေးသည်မှာ ဒင်္ဂါးခပ်နှိပ်မှု မရှိခဲ့ခြင်းလည်း ဖြစ်နိုင် လေသည်။
မဂိုအင်ပါယာခေတ်သည် ရခိုင်မြောက်ဦးခေတ်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ သတ္တမ မြောက်မဂိုဧကရာဇ်ဘုရင် အော်ရန်ဇက်၏ ကြီးမားသော မဂိုစစ်တပ်ကြီးသည် အနောက်ဘင်္ဂလားဒေသကို ချီတက်တိုက်ခိုက် လာသောကြောင့် အေဒီ ၁၆၆၆ ခုနှစ်တွင် ဒက္ကားအပါအ၀င် စစ်တကောင်းမြောက်ဘက်ဒေသများကို ရခိုင်ဘုရင်တို့ လက်လွှတ်ခဲ့ရလေသည်

No comments:

Post a Comment