Sunday, August 29, 2021

မဂိုအင်ပါယာ၏ ပထမဆုံးသော ဧကရာဇ်ဘုရင် ဘာဘူရ် ဒင်္ဂါး(၁၅၂၆-၁၅၃၀)

 

===============================================

မောင်ဖြူ (ကြီတဲကျွန်း)

30.8.2021

-------------------------

မဂိုအင်ပါယာကို စတင်တည်ထောင်ခဲ့သော ဘာဘူရ် (Babur) ဧကရာဇ်ဘုရင်ကို ဖခမည်း

တော် အူမာရှိုက်မီရ်ဇာ၊ မယ်တော် ကွတ်လတ်နီဂါခါနာမ် တို့မှ (၁၄ ဖေဖော်ဝါရီ ၁၄၈၃ )ခုနှစ်တွင် ဥဇ

ဘက်ကစ္စတန်၌ မွေးဖွားခဲ့သည်။ သူ၏ အမည်အပြည့်အစုံမှာ “Zahir ud- Din Muhammad Babur”

ဖြစ်သည်။ 

               ဘာဘူရ်သည်( ၁၅၂၆ ) ခုနှစ်တွင် အိန္ဒယတွင် ဟိန္ဒူဘုရင်များ ထိန်းချုပ်ထားသည့် ဒေသ

များကို  စတင်ကျူးကျော် သိမ်းပိုက်လာသည်မှာ  အိန္ဒိယအနောက်မြောက်ပိုင်း မှ အာဖဂန်နစ္စတန် အ

နောက်ပိုင်းဒေသထိ ဖြစ်သည်။ ထိုနယ်မြေအ၀ိုင်းအ၀န်းကို မဂိုအင်ပါယာအဖြစ် စတင် တည်ထောင်ခဲ့

သည်။ ထို့ကြောင့် ဘာဘူရ်သည်  မဂိုအင်ပါယာ နှင့် မဂိုမင်းဆက်ကို စတင်တည်သော ဘုရင်တစ်ပါး

ဖြစ်ပြီး၊  မဂိုအင်ပါယာ၏  ပထမဆုံးသော ဧကရာဇ်ဘုရင်လည်းဖြစ်သည်။

               ဧကရာဇ်ဘုရင် ဘာဘူရ် တွင် မိဖုရားများစွာရှိသော်လည်း  မဂိုတရားရုံ၏  တရားဝင် အသိ

အမှတ်ပြုခံရသောမိဖုရားမှာ  မဟန်ဘီဂမ် (သို့) မဟိန်းဘီဂျမ် Maham Begam (or) Mahim Begum

ဖြစ်သည်။ ထို မိဖုရားသည် မဂိုအင်ပါယာ၏ ပထမဆုံးသော ဧကရီဘုရင်မဖြစ်သည်။

               မဂိုအင်ပါယာ၏ ပထမဆုံးမြို့တော်မှာ အဂ္ဂါရာ(Agra) မြို့ဖြစ်၏။ ထို့မြို့သည် အိန္ဒိယနိုင်ငံ

ဒေလီမြို့ အရှေ့တောင်ဘက် တွင်တည်ရှိသည်။  ဘာဘူရ်ဧကရာဇ်ဘုရင်သည် ဥဇဘက်ကစ္စတန် နှင့်

ကာဂျစ္စတန်နိုင်ငံတို့တွင် အမျိုးသားသူရဲကောင်းတစ်ဦးလည်းဖြစ်သည်။ ဧကရာဇ်ဘုရင် ဘာဘူရ်သည် 

နန်းစံ (၄) နှစ်၊ (၁၅၃၀ ခု ဒီဇင်ဘာ ၂၆ ရက်) နေ့တွင် အဂ္ဂါရာ၌  နတ်ရွာစံသည်။ ဘာဘူရ်ကို (Agra)

တွင် ပထမသင်္ဂြိုလ်ခဲ့သော်လည်း သူ၏ဆန္ဒအရ ရုပ်ကြွင်းကို  နောင်တွင် အာဖကန်နစ္စတန် ကဘူးလ်

(Kabul)သို့ ရွှေ့ပြောင်းပေးခဲ့သည်။  

               မဂိုအင်ပါယာကို စတင်တည်ထောင်သူ ဧကရာဇ်ဘုရင် ဘာဘူရ် ( Babur- 1526-30) နှင့်

ခေတ်ပြိုင်အားဖြင့် ယင်းကာလက ရခိုင်မြောက်ဦးနန်းတော်၌  စိုးစံနေသော ရခိုင်ဘုရင်မှာ မင်းခေါင်ရာ

ဇာ (အေဒီ ၁၅၂၁-၁၅၃၁)ဖြစ်သည်။ မင်းခေါင်ရာဇာ ဆိုသည်မှာ မြောက်ဦးခေတ်တွင် (၁၂) ပါးမြောက်

ရခိုင်ဘုရင်ဖြစ်သည်။

               ဘာဘူရ် ဧကရာဇ်ဘုရင်သည် ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့သည်။  ရှာဖွေတွေ့ရှိရ

သော မဂိုဧကရာဇ်ဘုရင် ဘာဘူရ်၏ ဒင်္ဂါးများကို ဖော်ပြလိုက်သည်။


No comments:

Post a Comment