====================
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာဆိုသည်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းဘုရား (ခေါ်) ရန်အောင်ဇေယျဘုရား တက်လမ်းမုခ်ဝ လက်ဝဲဘက်၊ ကျောက်စာရုံရှိ ကျောက်စာတိုင်၏ အနောက်ဘက် မျက်နှာစာ ကို ခေါ်ဆိုခြင်းဖြစ်သည်။
ထိုကျောက်စာသည် နောက်ဆုံး လေ့လာတွေ့ရှိချက်များအရ အာနန္ဒစန္ဒြ မင်းကြီး ရခိုင် ဝေသာလီ၌ သင်္ဂါယနာတင်သည့်အခါ ကြိုတင်ပြင်ဆင်ခဲ့ရ သည့်လုပ်ငန်းစဉ်များကို ရေးထိုးမှတ်တမ်း တင်ထားသောကျောက်စာဖြစ်သည်။
အာနန္ဒစန္ဒြမင်း သင်္ဂါယနာတင်မော်ကွန်းကျောက်စာသည် ရခိုင်ပြည် နယ်ရှိ ပါဠိ - သက္ကတရော ကျောက်စာများ ထဲတွင် စာလုံးရေ အများဆုံးနှင့် အရှည်ဆုံး၊ အကြီးဆုံး ကျောက်စာတစ်ခုလည်း ဖြစ်ပေသည်။ အာနန္ဒစန္ဒြမင်းကျောက်စာတိုင်သည် အမြင့်မှာ “၃.၃မီတာ” ( ၉ ပေ ၇ လက်မ) ခန့်ရှိပြီး၊ အနံမှာ “၀.၇ မီတာ” (၂ ပေ ၄ လက်မ) မီတာခန့် ရှိသည်။ကျောက်စာ တိုင်၏ မျက်နှာလေးခုအနက် ယခုစိုက်ထူထားသည့်အတိုင်းဆိုလျှင် အရှေ့ ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် စာရေးထိုးထား၏။ တောင်ဘက် မျက်နှာ၌် ကျောက်စာရေးထိုးထားခြင်း မရှိပေ။
ရှေးခေတ် ရခိုင်ဝေသာလီပြည်မှ မင်းနှင့် ပြည်သူတို့သည် ၄င်းတို့ပြုလုပ်ခဲ့ သည့် ကုသိုလ်ကောင်းမှုများ ကို နောင် လာနောက်သားများသိရှိ၍ သာဓုအနုေ မာဒနာခေါ်နိုင်ကြစေရန်၊ တစ်နည်း ဘိုးဘွားများပြုလုပ်ခဲ့ သည့်ကုသိုလ်ကောင်း မှုများ ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြစေရန် ကျောက်ပြား၊ကျောက်တုံး၊ ကျောက်တိုင်၊ ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ ပေရွက်များ တွင် ကမ္ဗည်းစာများဖြင့် ရေးထိုး မှတ်တမ်းတင်ထားခဲ့ကြသည်။
စာရေးနည်းရာ၌ အခြေခံရမည့် စာ၏အင်္ဂါရပ်နှင့် အဆင်တန်ဆာများ ရှိကြသည်။ စာတစ်ပိုဒ်ရေးရာတွင် မဖြစ်မနေပါရှိရမည့် ပါသင့်ပါထိုက်သော စာအင်္ဂါရပ်များကို အကြမ်းအားဖြင့် ဖော်ပြရလျှင်-
၁။ နိဒါန်းပိုင်း၊
၂။ စာကိုယ်ပိုင်း၊
၃။ နိဂုံးပိုင်း၊ တို့ဖြစ်ကြသည်။
အကျယ်ချဲ့ရေးမည်ဆိုလျှင် စာတစ်ပုဒ်၌ ခေါင်းစဉ်ကြီး၊ လတ်၊ ငယ်၊ ကွင်းကြီး၊ လတ်၊ ငယ်၊ပုဒ်ဖြတ်၊ ပိုဒ်ဖြတ်၊ စာ လုံး အထူ၊အပါး၊ ကျမ်းကိုး၊ မျဉ်း သား၊ မျဉ်းစောင်း၊ နံပါတ်၊ အက္ခရာ၊အရောင်၊ သင်္ကေတ၊ များစွာကျယ်ဝန်း လှပေသည်။
ယနေ့ဗုဒ္ဓဘာသာဝင်တို့ ကုသိုလ်ကောင်းမှုပြုလုပ်ကြသော ရှင်ပြု၊ ရဟန်းခံ၊ ကထိန်၊ ၀ါဆို၊ ကျောင်း၊သိမ် ရေတွင်း၊ ရေကန်များလှူဒါန်းကြ သည့် အခါ မိမိတို့ပြုလုပ်သော ကုသိုလ်ကောင်းမှုတို့ကို အများသူငါသိရှိစေရန် အလို့ ငှါ ဖိတ်စာရိုက်နှိပ် ၍ လေးစားစွာ သွားရောက်အသိပေး ဖိတ်ကြားကြသည်။ ထိုဖိတ်စာသည် အလှူဒါနပြုလုပ်သောပုဂ္ဂိုလ်၏ ကောင်းမှုကုသိုလ် ကို မျက်မှောက်ခေတ် သုံးစွဲနေသော စာရွက်ဖြင့် အလှူကဗ္ဗည်းစာ ရေးထိုးမှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။
အလှူဖိတ်စာတစ်ခုကို ခွဲခြမ်း စိတ်ဖြာကြည့်လျှင်- နိဒါန်း၊ စာကိုယ်၊ နိဂုံးပိုင်းတို့ ပါရှိသည်ကို တွေ့ရမည်ဖြစ်သည်။
နိဒါန်းပိုင်း၌ “အနန္တောအနန္ဒငါးပါးအားဦးထိပ်ထား၍လည်းကောင်း၊ နှစ်ဖက်သောမိဖများအားဦး ထိပ်ထား၍လည်း ကောင်း၊ နှစ်ဖက်သောမိဘ များအား ရည်စူး၍လည်းကောင်း နိဒါန်းအစပျိုးကာ ရေးသားဖော်ပြကြသည်။ ယင်းနောက် အလှူ ပြုလုပ်သူတို့၏ မိသားစုထဲမှသော်လည်းကောင်း၊ ဆွေးမျိုးဉာတကာများထဲမှသော်လည်းကောင်း ဂုဏ်သရေကြီးသောပုဂ္ဂိုလ် များကို မျိုးရိုးဂုဏ်ဖော် ရေးသားကြသည်။
စာကိုယ်ပိုင်းတွင် ပြုလုပ်ရသည့် အဓိကအကြောင်းရင်းဖြစ်သော “ရှင်ပြု၊ ရဟန်းခံ၊ ကထိန်၊ ဘုရား၊ကျောင်း၊ကန်၊ သိမ်၊ဇရပ် လှူဒါန်းရခြင်း အကြောင်းအရာတို့ကို ရေးသားဖော်ပြကြသည်။ စာကိုယ်ပို်င်းသည် အဓိက ဖော်ပြလိုသော အကြောင်း အရာများကို ရေးသားသော အပိုင်းဖြစ်သည်။
နိဂုံးပိုင်းတွင် ဖိတ်ကြားသူ အလှူရှင်အမည်နှင့် အလှူပြုလုပ်မည့် နေရာ၊ နေ့၊ ရက်၊ ခုနှစ်သက္ကရာဇ်တို့ကို ရေးသား ဖော်ပြကြသည်။ ဤကား မျက်မှောက်ခေတ်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသည့်အခါ စာရွက်ပေါ်၌ အက္ခရာများဖြင့် ရေး ထိုးမှတ်တမ်းတင်သော စာရေးသားနည်းပညာ ပင်ဖြစ် သည်။
စာတစ်ပုဒ်၏ အဓိကအပိုင်းသည် စာကိုယ်ပိုင်းဖြစ်သည်နှင့်အညီ စာကိုယ်ပိုင်းတွင် ကောင်းမှုကုသိုလ်ပြုလုပ်မည့် အကြောင်းအရာ
များနှင့် ပြုလုပ်ရသည့် အဓိကအကြောင်းအရာများကို ရေးသားဖော်ပြသော အပိုင်ြး ဖစ်သည်။
ဤစာရေးနည်း မူဘောင် (Frame)ကို အစဦးဆုံး မည်သူစတင် တီထွင်ရေးသားခဲ့ကြသနည်းဟူ၍ မေးစရာရှိလာ သည်။ မည်သည့် အမှုကိစ္စ တွင်မဆို ဦးစွာပထမ တီထွင်ခဲ့သူရှိကြသည်။ ပထမ တီထွင်ခဲ့သူ၏ ပုံစံကို ကြိုက်နှစ်သက်ကြလျှင် နောက်လူများသည် ယင်းပုံစံကို အတုယူ၍ မိမိတို့၏ အကြံဥာဏ်များဖြင့် ပေါင်းစပ်ဖန်တီးကာ ရေးသားလေ့ရှိကြသည်။
ထို့သို့ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သည်များကို ကမ္ဗည်းရေးထိုးမှတ် တမ်းတင်ကြရာ၌ (အေဒီ ၆၄၉ ခုနှစ်)က အာ နန္ဒစန္ဒြမင်းကြီး ရေးထိုးခဲ့သော သင်္ဂါယနာတင် မော်ကွန်းကျောက်စာသည် စာတစ်ပုဒ်တွင် ရှိသင့်ရှိထိုက်သော စာ၏ အဆင်တန်ဆာ အင်္ဂါရပ်များဖြစ်ကြသည့် နိဒါန်း၊ စာကိုယ်၊ နိဂုံးကဏ္ဍ တို့ဖြင့် ပြည့်စုံစွာ ရေးသားထားကျောက်စာဖြစ်သည်။
ယင်းအပြင် ဂါထာစာပိုဒ်များကို ကဏ္ဍအလိုက်၊ ပုဒ်ထီး(၊)၊ ပုဒ်မ(။)တို့ဖြင့် သေချာစွာ ခွဲခြားကာ စာတစ်ပုဒ်တွင် ပါသင့်ပါထိုက်သော အင်္ဂါရပ်များဖြင့် ပြည့်စုံစွာ ရေးထိုးထားသောကြောင့် ကမ္ဘာမှာ ရှာမှရှားသော အလွန်ဂုဏ် ယူ ဖွယ်ကောင်း သည့် ကျောက်စာ ဖြစ်သည်။
ထို့ကြောင့် ယနေ့ခေတ် စာရေးနည်းပညာကို သင်ကြား ပြသခဲ့သူမှာ ရခိုင်ဝေသာလီတွင် စိုးစံခဲသော အာနန္ဒစန္ဒြ မင်းကြီးဖြစ်သည်။ အဘယ်ကြောင့် ထို့သို့ တပ်အပ်ပြောနိုင်သနည်းဟူမူကား စာ၏အဆင်းတန်ဆာ အင်္ဂါရပ်တို့ဖြင့် ပြည့်စုံစွာ ရေးထိုးထားသော ကျောက်စာအရေးအသားမျိုးသည် အာနန္ဒစန္ဒြ မင်းကျောက်စာထက်စောသော ကျောက်စာ မြန်မာပြည်မှာ မရှိသောကြောင့် ဖြစ်သည်။ ထုတ်ဖော်ရေးသားပြအံ့။
အာနန္ဒစန္ဒြမင်းကျောက်စာ နိဒါန်းအပိုင်း
အာနန္ဒစန္ဒြမင်းကျောက် စာ တွင် (စာကြောင်းရေ ၁ မှ ၂ အထိ)သည် သုံးလောကထွတ်ထား မြတ်စွာဘုရား ကို ဦး ထိပ်တင် ပူဇော်ထားသော စကားဦးနိဒါန်းဖြင့် အစပျိုးထားသည်။
ထိုနည်းတူ ယနေ့ မျက်မှောက်ကာလ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူ တို့သည်လည်း နှစ်ဖက်သောမိဖများအား ဦး ထိပ်ထား၍လည်းကောင်း၊ နှစ် ဖက်သောမိဘများအား ရည်စူး၍လည်းကောင်း နိဒါန်းအစပျိုးကာ ရေးသား ဖော်ပြကြသည်မှာ အာနန္ဒစန္ဒြမင်း ရေးထိုးထားခဲ့သော နိဒါန်းပိုင်းနှင့် အတူ တူဖြစ်နေကြသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ စာကိုယ်အပိုင်း
အာနန္ဒစန္ဒြမင်းကြီး၏ သင်္ဂါယနာတင်မော်ကွန်းကျောက်စာတွင် စာကိုယ်အပိုင်းကို(၂)ပိုင်းခွဲ၍ ရေးထိုးထားသည်။ ပထမ စာကိုယ်အပိုင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ(စာကြောင်းရေ ၃ မှ ၄၄ အထိ) ၊ ဂါထာအားဖြင့် (ဂါထာအမှတ် ၃ မှ ၄၅ အထိ) ဖြစ်သည်။
ဒုတိယစာကိုယ်အပိုင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ(စာကြောင်းရေ ၄၄ မှ ၆၂ အထိ)၊ဂါထာအားဖြင့် (ဂါထာ ၄၅ နှင့် ၄၆) ကြားတွင်ပါရှိသော စကားပြေပိုဒ်မှ (ဂါထာ ၆၁ အထိ) ဖြစ်သည်။
ပထမစာကိုယ်ပိုင်းတွင် အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော် ဘုရင်မင်းများသည် သီလ၊ သမာဓိ၊ ပညာ နှင့် ပြည့်စုံသော မင်းများဖြစ်ကြကြောင်း၊ ဘုန်းတန်ခိုး အာနဘော်ကြီးမားကြောင်း၊ စန္ဒြဘွဲ့ခံမင်း အားလုံး သည် မင်းမျိုးမင်းနွယ်ဖြစ်ကြောင်း၊ အမြောက် အမြင်ကြီးကြောင်း၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး၊ ရာဇပရိယာယ်ကြွယ်ဝကြကြောင်း ၊မင်းအမည်များကို နန်းစံနှစ်များနှင့် တကွ မင်းဆက်သုံးဆက် မင်းပေါင်း(၃၇)ပါးကို ဂုဏ်ဖော်ရေးထိုးထားသည်။
ထိုနည်းတူ ယနေ့မျက်မှောက်ခေတ်တွင်လည်း ကုသိုလ်ကောင်းမှုပြုလုပ် သူတို့သည် သူတို့၏ မိသားစုထဲမှ ဂုဏ် သရေကြီးသောပုဂ္ဂိုလ်များကို ဖိတ်စာ ၏နိဒါန်းအောက် ပထမစာကိုယ်ပိုင်းတွင် ရေးသားဖော်ပြသည့်ပုံစံနှင့် အတူတူပင်ဖြစ်နေ သည်။
ဒုတိယစာကိုယ်ပိုင်း၌ အာနန္ဒစန္ဒြမင်းကြီးသည် ရခိုင်ဝေသာလီတွင် မင်း တကာ့မင်းတို့ ပြုလုပ်ရန် ခဲ့ယဉ်းလှသော သင်္ဂါယနာတင်ခြင်း (၀ါ) သာသနာေ တ်ာအဓွန့်ရှည်တည်တံ့ရေးအတွက် ပြုလုပ်ဆောင်ရွက်ခဲ့ သည်ကိုရေးထိုးထားေ သာ အဓိက စာကိုယ်အပိုင်းဖြစ်သည်။ စာကိုယ်ပိုင်း၌ ကမည်းရေးထိုးရခြင်း၏ အဓိက အကြောင်းအရာ များ ကို ဖော်ပြသော အပိုင်း ဖြစ်သည်။
ဒုတိယစာကိုယ်ပိုင်း၌ အာနန္ဒစန္ဒြမင်းကြီးသည် သင်္ဂါယနာတင်ရန် အတွက် ကြိုတင်ပြင်ဆင်ခဲ့ရသည့် လုပ်ငန်းစဉ် များဖြစ်သော ပြည်တွင်းပြည်ပ မှ ကြွရောက်လာကြမည့် သံဃာတော်များ အဆင်ပြေစွာ သီတင်းသုံးနိုင်စေရန် အာနန္ဒောဒယ အမည်ရှိသော ကျောင်းပေါင်းများကို ကြိုတင်ဆောက် လုပ် သည်။ သို့သော်လည်း နေရာထိုင်းခင်းမလောက်မငှ ဖြစ်မည်စိုးရိမ် ၍ မြို့တော်၌ ယခင်ရှိနှင့်ပြီးသော ဘာသာရေးအဆောက်အဦဟောင်းများကို အသစ်တဖန်ပြုပြင်ခြင်းတို့ကို ရေးထိုးသည်။
အရပ်လေးမျက်နှာမှ သင်္ဂါယနာတင်ရန် ကြွရောက်လာကြသော သင်္ဃာတော်များအား ကြေးသပိတ်၊သင်္ကန်းများ လှူဒါန်းပူဇော်ခြင်းတို့ကို မှတ်တမ်းတင် ရေးထိုးထားသည်။
ထိုထိုသော ရဟန်းသံဃာတော်များ သီတင်းသုံးရန်ကျောင်းများ၌် ကိုးကွယ်ပူဇော်ရန်ဟု ယူဆရသော ကြေးဖြူ၊ ကြေးဝါ၊ကြေးနီတို့ဖြင့် မဟာမုနိဘုရားဆင်းတု ပုံစံတူများသွန်းလုပ်ခြင်း၊ ဗောဓိသတ္တဆင်းတုများ၊ သစ်သားဆင်းတုများ၊ ကျောက်ဆင်းတုများ ပြုလုပ်ခြင်း၊ ထိုဆင်းတုတော် များအား အမြဲပူဇော်ထားရန် ရွှေကြာပန်း ငွေကြာပန်းများပြုလုပ်ခြင်းတို့ကို ရေးထိုးမှတ်တမ်းတင်သည်။
သင်္ဂါယနာတင်ခြင်းသည် နှစ်ကာလရှည်စွာ ဆောင်ရွက်ရသည့် လုပ် ငန်းဖြစ်သောကြောင့် နွေရာသီ သောက်ရေ သုံးရေ ပြတ်လပ်ရှား ပါးမှုမရှိေ စရန် ရေတွင်းရေကန်များကြိုတင် တူးဖော်ပြုလုပ်ထားခြင်း၊ သင်္ဂါယနာတင် ရာ၌ ပိဋကတ်တော် များ ရေးကူးရန် လိုအပ်သော ကြေးပြားများကြိုတင်ပြု လုပ်ခြင်းတို့ကို ရေးထိုးမှတ်တမ်းတင်သည်။
သင်္ဂါယနာတင်ပြီးသောအခါ၌ ရေးကူးပြီးသောပိဋကတ်တော်များကို ထားသိုရန်အတွက် ပိဋကတ်တိုက်များ ကြို တင် ဆောက်လုပ်ထားခြင်း၊ သေဒဏ်ထိုက်သောသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊သီဟိုဠ်မှ သင်္ဂါယနာတင်ရန် ပင့် သံဃာတော်များအား ပြန်လည်ပို့ဆောင်တော်
မူခြင်း တို့ကိုရေးထိုးမှတ်တမ်းတင်သည်။
စေတီပုထိုးများတည်ထားခြင်း၊ ထိုစေတီပုထိုးများတွင် ဌာပနာထည့် သွင်းရန် မြေမီးဖုတ်အုတ်ပြားဘုရားဆင်းတု တော်များစွာ ပြုလုပ်ခြင်း၊ သင်္ဂါယနာတင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ရဟန် ရှင်လူများ ကြွရောက်လာကြမည်ဖြစ်သော ကြောင့် မင်းနေပြည်မြို့တော်အား သာယာလှပစေရန် အထူးထူးသော လမ်း၊ တံတား၊ ဥယျာဉ်ပန်းခြံ တို့ကို ပြုလုပ်ခြင်းများ စသော အဓိက အကြောင်းအရာများကို ရေးထိုးမှတ်တမ်းတင်ထားသော အပိုင်းဖြစ်သည်။
ထို့အပြင် သင်္ဂါယနာတင်ပြီးသောအခါ အောင်မြင်ခြင်းအထိမ်းအမှတ် ပွဲတော် နယ်တကာ ပြည်အနှံ့မှ ရောက်နေ၊ ရောက်လာကြမည့်သူများအား ပျော်ရွင်စေရန် အတီးအမှုတ် ကချေသည်များနှင့် ကဇာတ်ရုံများ တည်ဆောက် ဖြေဖျော်ခြင်း တို့ကို ရေးထိုးမှတ်တမ်းတင်ထားသည်။
ထိုနည်းတူ ယနေ့ခေတ်တွင်လည်း ကုသိုလ်ကောင်းမှု ပြုလုပ်သူတို့ သည် လည်း ပြုလုပ်ရသည့်အကြောင်းရင်းကို ရေးထိုးမှတ်တမ်းတင်ကြရာ၌ “သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါရ စေခြင်းအလို့ငှါ မအို မနာ မသေသော နိဗ္ဗာန် ကို အာရုံပြုလျှက်” ဟူ၍ ဖော်ပြကြပြီးနောက်၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ကထိန်ကပ်ခြင်း၊၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ကျောင်း၊ သိမ်၊ ဘုရား၊ စေတီပုထိုး၊ ရေတွင်း၊ ရေကန် လှူဒါန်းခြင်း၏ အဓိကလုပ်ဆောင်ချက် အကြောင်းအရာတို့ကို ရေးသားဖော်ပြ ကြသည်မှာ အာနန္ဒစန္ဒြမင်းကျောက် စာနှင့် စာရေးနည်းမှာ အတူတူပင် ဖြစ်နေကြသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ နိဂုံးအပိုင်း
နိဂုံးပိုင်းကဏ္ဍတွင် အာနန္ဒစန္ဒြမင်းကြီးအား နိုင်ငံတကာမှ သမီးကညာ လက်ရောက်ဆက်သပုံများ၊ နိုင်ငံတကာမှ ချစ်ကြည်ရေးမဟာမိတ်ပြုရန် ရောက်လာကြပုံ၊ သမီးကညာလာဆက်သသောတိုင်းပြည်၌ ရေတွင်း ရေကနု၊ တူးဖော်လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း တို့ကိုေ ရးထိုးထားြ့ပီး၊ ယင်းအောက်တွင် ကျောက်စာရေးထိုးပြီးစီး ကြောင်းကို (ဂြီ့ကိတ္တိသံပုဏ္ဏ၀ိဇယ=မင်္ဂလာကျက်သရေရှိစွာ ပေါ်လွင်ပြည့်စုံစွာ ပြီးမြောက်အောင်မြင်ပါသတည်း။) ဟု ရေးထိုးသည်။
ယင်းပြီးမှ အောက်ဆုံးစာကြောင်းဖြစ်သော စာကြောင်းရေ (၇၃) တွင် အာနန္ဒစန္ဒြမင်းကြီးသည် သင်္ဂါယနာတင် ခြင်းပြီးဆုံးသောခုနှစ် (၀ါ) ကျောက်စာရေးထိုးသည့် သက္ကရာဇ်ကို “ဧကာဒဂ့ါမဗ္ဒေ=ဧကာ+ဒဿမ +အဗ္ဒ= ၁၁ခုနှစ်” ဟူ ၍ ရေးထိုးကာ နိဂုံး အဆုံးသတ်ထားသည်။
ထိုနည်းတူစွာပင် ယနေ့ခေတ်တွင်လည်း ကုသိုလ်ကောင်းမှုပြုလုပ် သူတို့ သည် ပြုလုပ်ရခြင်း၏ အဓိကအကြောင်း ရင်းကို စာကိုယ်အပိုင်း၌ ဖော်ပြပြီးေ နာက်၊ ယင်းအောက်တွင် အလှူပြုလုပ်မည့် နေရာ၊ အချိန်၊ ရက်၊ လ၊နှစ်တို့ကို ရေးသား ဖော်ပြ နိဂုံးအဆုံးသတ်ထားသည်မှာ အာနန္ဒစန္ဒြကျောက်စာပါ စာရေးသားနည်းနှင့် အတူတူပင်ဖြစ်နေကြပါသည်။
သို့ဖြစြ်၍ ယနေ့ခေတ် စာရေးသားနည်းပညာကို ပထမဆုံးတီထွင်ပြပေးခဲ့သူမှာ ရခိုင်ဝေသာလီမှ အာနန္ဒစန္ဒြမင်း ကြီးနှင့် ထိုမင်းရေးထိုးခဲ့သော သင်္ဂါယနာတင်မော်ကွန်းကျောက်စာ ဖြစ်ပါကြောင်းေ ရးသားတင်ပြလိုက်ရပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
26.9.2021
ကျမ်းကိုး
၁။ ရန်ကုန်တက္ကသိုလ်- (၁၉၅၆)။ မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထထုပ်။
၂။ စံသာအောင်၊ဦး။(မဟာဝိဇ္ဇာ-ဟားဗတ်)။- (၁၉၇၅)၊ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း။ရန်ကုန်မြို့။
၃။ မောင်ဖြူ (ကြွီတဲကျွန်း) (၂၀၂၀)။ အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီသင်္ဂါယနာ။ရန်ကုန်မြို့။
No comments:
Post a Comment