ဖော်ပြပါ စာမပါသော ခရုသင်း၊ သိရီဝစ္ဆဒင်္ဂါးကို ဆာအာသာဖေယာသည်( ၁၈၈၂ -ခုနှစ်) တွင် ရေးသားခဲ့သော “Coin of Arakan, of Pegu, and of Burma” စာတမ်းတွင် ပဲခူး၊ ဗမာ၊ ကမ္ဘောဒီ ယားနှင့် ထိုင်းဒင်္ဂါးများကို ဖော်ပြသောကဏ္ဍ (Plate V , Photo 6.7) ၌သာ ဖော်ပြခဲ့သည်။ စာမပါသော ခရုသင်းဒင်္ဂါးများကို ရခိုင်ဒင်္ဂါးများကဏ္ဍ၌ မဖော်ပြခဲ့ပါ။ (ပုံ -A)
ဆာအာသာဖေယာ ဖော်ပြသော စာမပါသော ခရုသင်းဒင်္ဂါးပုံကို အောက်စဖိုစ့်တက္ကသိုလ် ဘေလီယောကောလိပ်မှ အီးအိခ်ျဂျွန်စတင်ရေးခဲ့သော“Some Sanskrit inscription of arakan”စာ တမ်း Coin of the Candra Dynasty စန္ဒြမင်းဆက်ဒင်္ဂါးများကဏ္ဍ၌ (Plate V , Photo 1-2) တွင် ဖော် ပြခဲ့သည်။ (ပုံ-B)
အီးအိခ်ျဂျွန်စတင်ဖော်ပြခဲ့သော ဒင်္ဂါးကို ဆရာကြီးဦးစံသာအောင် သည် သူရေးသားခဲ့သော “ရခိုင်ဒဂါးများ”စာအုပ် (ပုံ-၁)၌ ရခိုင်ဝေသာလီ ဒင်္ဂါးဟု ဆက်လက်ေ
ဖ်ာပြသည်။ ဒင်္ဂါးခပ်နှိပ် သက္ကရာဇ် ကိုလည်း ထိုစာအုပ်၏ (အခန်း-၁၀၊စာမျက်နှာ-၈၀ )တွင် (အေဒီ ၄၀၀) ဟု ဖော်ပြခဲ့သည်။ (ပုံ-C)
ဆရာကြီးဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများ စာအုပ်ထွက် လာသည့်နောက်ပိုင်း၌ ရေးသားကြ သော ရခိုင်သမိုင်းဆိုင်ရာ စာအုပ် စာတမ်းများတွင် ဖော်ပြပါ စာမပါသော ခရုသင်း+သိရီဝစ္ဆဒင်္ဂါးကို ရခိုင် ဝေသာလီခေတ်ဒင်္ဂါး ဟု ဆက်လက်ဖော်ပြလာကြသည်။
ခရုသင်း+သိရီဝစ္ဆ ဒင်္ဂါးကို (အေဒီ ၄၀၀ )တွင် ခပ်နှိပ်ခဲ့သောဒင်္ဂါးဖြစ်သည်ဟုဆိုသော အယူ အဆ မှန်ကန်မှု ရှိမရှိ ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။
အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာ၌ ရခိုင်ဝေသာလီခေတ်တွင် စိုးစံခဲ့သော မင်းများကို မင်းအမည်၊ နန်းစံနှစ်များနှင့်တကွ တစ်ပါးမကျန် ရေးထိုးမှတ်တမ်းတင်ထားခဲ့သည်။
အာနန္ဒ စန္ဒြမင်း ကျောက်စာအောက်ခြေပါ (ဧကာဒသမဗ္ဒေ-၁၁ ခုနှစ်= ခရစ်နှစ်-၆၄၉) ကို မဏ္ဍိုင်ထား၍ ကျောက်စာပါမင်းတို့၏ နန်းစံနှစ်များအလိုက် နောက်ပြန်ဆုတ်၍ရေတွက်သော် (အေဒီ - ၇၀ မှ ၆၄၉) ကာလအတွင်း စိုးစံခဲ့သောမင်းများဖြစ်ကြသည်။
(အေဒီ ၇၀ - ၆၄၉)ကာလအတွင်း စိုးစံသော မင်းများဆိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာ ပထမမင်းဆက်ပါ၊ စနြေ္ဒာဒယမင်း(နန်းစံ-၂၇ နှစ်၊ အေဒီ ၇၀-၉၇) မှ၊ အာနန္ဒစန္ဒြမင်း(နန်းစံ -၉ နှစ် ၊ အေဒီ ၆၄၀-၆၄၉) အထိသော မင်းများကို ဆိုလိုသည်။
(ခြွင်းချက်။ နန်းစံနှစ် ၁၂၀ ပါသော မင်းများမပါသေးပေ။)
ရခိုင်ဝေသာလီခေတ်တွင် ခပ်နှိပ်သုံးစွဲခဲ့သောဒင်္ဂါးများကို လေ့လာကြည့်သောအခါ ခရုသင်း အရုပ်ပါဒင်္ဂါးနှင့်၊ နွားလားဥဿဘ အရုပ်ပါဒင်္ဂါးတို့ကိုတွေ့ရှိရသည်။ ဒင်္ဂါးနှစ်မျိုးစလုံးတွင် အက္ခရာစာလုံး များ ရေးထိုးပါရှိကြသည်။ ခရုသင်းဒင်္ဂါးများ ခါးလယ်၌ န၀ရတ်ကျောက်မျက်ရတနာ များစီချယ်ထားသလို ရွေးလုံးလေးများ ပါရှိကြပြီး၊ ခရုသင်းဘေးတွင် ဘုန်းတန်ခိုးကို ဖော်ညွန်းထားသော အတောင်ပံ သဖွယ် သင်္ကေတများ ပါရှိကြသည်။ တစ်ချို့သော ခရုသင်းဒင်္ဂါးပါစာလုံးများမှာ အချိန်ကာလတိုက်စားမှုကြောင့် မှုံဝါးနေကြသည်။
စာပါသောန၀ရတ်ကျောက်စီ ဝေသာလီခရုသင်းဒင်္ဂါးများသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ (ပထမမင်းဆက် အေဒီ ၇၀-၂၉၀) ကာလအတွင်း ခပ်နှိပ်ခဲ့သောဒင်္ဂါးများဖြစ်ကြသည်။ ပထမင်းဆက်ဇယားကိုလည်းကြည့်။ (ပုံ -၁-၂)
ရှေးက ဆရာကြီးများဖော်ပြခဲ့သော ခရုသင်း + သိရီဝစ္ဆ ဒင်္ဂါး၌ အက္ခရာစာလုံးများ ရေးထိုး မပါရှိကြသလို၊ ခရုသင်း ခါးလယ်တွင်လည်း န၀ရတ်ကျောက်မျက်ရတနာများ စီချယ်ထားသည့်သဖွယ် ရွေးလုံးများလည်း မပါရှိကြသည်မှာ ရခိုင်ဝေသာလီ ခရုသင်းဒင်္ဂါးများ နှင့် ရှေးကဆရာကြီးများ ဖော်ပြ သောခရုသ်းဒင်္ဂါး၏ ကွာခြားချက်ဖြစ်သည်။
ရခိုင်ဝေသာလီ၌ န၀ရတ်ကျောက်စီ ခရုသင်းဒင်္ဂါးများကို (အေဒီ ၂၉၀) နောက်ပိုင်း ခပ်နှိပ် ခြင်းမရှိသည်မှာလည်း ခုနှစ်သက္ကရာဇ်အလို အားဖြင့်ကွဲလွဲချက်ဖြစ်သည်။ သို့ဖြစ်၍ စာမပါသောခရုသင်း ဒင်္ဂါးသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက် (အေဒီ ၇၀ မှ ၂၉၀) အတွင်း ခပ်နှိပ်သော ဒင်္ဂါး မဟုတ်ကြောင်း သိနိုင်သည်။
ဤကား “စာမပါသော ခရုသင်းဒင်္ဂါး”နှင့် ရခိုင်ဝေသာလီမှ “စာပါသော န၀ရတ်ကျောက် စီခရုသင်းဒင်္ဂါး တို့၏ ခြားနားချက် ဖြစ်သည်။
နောက်တစ်ခါ “စာမပါသော ခရုသင်းဒင်္ဂါး”၏ ခပ်နှိပ်သက္ကရာဇ်ကို (အေဒီ ၄၀၀)ဟု ဖော်ပြ ကြခြင်းကြာင့် ယင်းအချိန်ကာလသည် ရခိုင်ဝေသာလီ၌ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက် မှ ယဇစန္ဒြမင်း(အေဒီ ၃၉၆-၄၀၃) စိုးစံနေသော ကာလဖြစ်သည်။ ယဇစန္ဒြမင်း(အေဒီ ၃၉၆-၄၀၃) ခပ်နှိပ်ခဲ့သောဒင်္ဂါး၌ နွားလားဥဿဘ အရုပ်သာပါရှိသည်။ ခရုသင်းအရုပ်မဟုတ်ပေ။
ယဇစန္ဒြမင်းမတိုင်မီ (အေဒီ ၂၉၀)၌ နန်းတက်သော ဒွေင်္စန္ဒြမင်းမှစ၍ ရခိုင်ဝေ သာလီတွင် နွားလားဥဿဘအရုပ်ပါဒင်္ဂါးများကိုသာ ခပ်နှိပ်သုံးစွဲနေလာကြသည်မှာ အာနန္ဒစန္ဒြမင်း နန်း စံကာလ(အေဒီ ၆၄၀-၆၄၉) ဒင်္ဂါးအထိ အကြားအလပ်မရှိ ဖြစ်သည်။
(အေဒီ ၂၉၀-၆၄၉)ကာလအတွင်း ခရုသင်းအရုပ်ဖြင့် ခပ်နှိပ်သောဒင်္ဂါး ရခိုင်ဝေသာလီတွင် (လုံးဝ-လုံးဝ) မရှိပေ။
စာမပါသော ခရုသင်းဒင်္ဂါးကို (အေဒီ ၄၀၀)တွင် ခပ်နှိပ်ခဲ့သည်ကို မှန်သည်ဟု ယူဆသော် နွားလားဥဿဘဒင်္ဂါးများကြား၌ ထည့်သွင်းရန်နေရာ၊ မင်းစဉ် ၊ ခုနှစ်သက္ကရာဇ် အစဉ်အားဖြင့် အကြား အလပ်မရှိသောကြောင့် မည်သည့် နေရာမှ ထည့်သွင်း၍ ရနိုင်မည် မဟုတ်ပေ။
ထိုကြောင့် ရှေးကဆရာကြီးများဖော်ပြခဲ့သော “စာမပါသော ခရုသင်းဒင်္ဂါး” သည် ရခိုင်ဝေ သာလီမှ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက် (အေဒီ ၂၉၀-၆၄၉)ကာလအတွင်း ခပ်နှိပ်သော ဒင်္ဂါး မဟုတ်ကြောင်း သိနိုင်သည်။ (ပုံ-၃) ဒုတိယမင်းဆက်ဒင်္ဂါးနှင့် ဇယားလည်းကြည့်။
ပြည်တွင်း၊ ပြည်ပ ပညာရှင်များက “စာမပါသော ခရုသင်းဒင်္ဂါး” များကို ( အေဒီ ၄-၅ ရာစု) ဒင်္ဂါး ဟု ခန့်မှန်းယူဆထားကြသည်။
အာနန္ဒစန္ဒြမင်းအောက်ခြေပါ သက္ကရာဇ်မှာ (ဧကာဒဂ့ါမဗ္ဒေ= ဧကာဒသမ+အဗ္ဒ= ၁၁-ခုနှစ်) ဖြစ်သည်။ ယင်းကိုခရစ်နှစ်ပြောင်းလျှင် (၁၁+၆၃၈= အေဒီ ၆၄၉ ) ဖြစ်သည်။
ထိုကြောင့် မင်းစဉ် ခုနှစ် သက္ကရာဇ်များကို အာနန္ဒစန္ဒြမင်းေ ကျာက်စာရေးထိုးနှစ် “အေဒီ ၆၄၉” ကို ကိုးကား၍တွက်ယူသည်။
ကျမ်းကိုး ၁။ စံသာအောင်၊ဦး၊အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း။1975
၂။ စံသာအောင်၊ဦး၊ ရခိုင်ဒင်္ဂါးများ ။ ပကြိမ်၊ ။ ၁၉၇၉ ဇွန်လ။
၃။ မြန်မာတိုင်းရင်းကျောက်စာများ၊ စတုတ္ထထုပ်၊ ရန်ကုန်တက္ကသိုလ်၊ University Press Oxford. 1956
၎။ Johnston.E.H., Some Sanskrit Inscriptions of Arakan.
၅၇။ SIR ARTHUR P. PHAYRE , COINS OF ARAKAN, OF PEGU,AND OF BURMA. London1882
No comments:
Post a Comment