ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, September 18, 2023
၂၀၂၃-၂၀၂၄ခုနှစ် အခွန်ဆောင်မည့်သူများအတွက်
၂၀၂၃-၂၀၂၄ခုနှစ် အခွန်ဆောင်မည့်သူများအတွက်
************************************************
ကျွန်မတို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။
ဒါကြောင့် ကျွန်မ ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို
တစ်ဆင့် ပြန်လည်ဝေမျှပြောပြပေးပါ့မယ်
မှတ်ချက် - #မြို့နယ်ရာဖြတ်နှုန်းများလည်းအရင်postတွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်
(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။
ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။
ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။
#ထပ်တိုးတာလေးပါ
တံဆိပ်ခေါင်းရဖို့ ရောင်းသူက10%အခွန်ဆောင်ထားမှတံဆိပ်ခေါင်းရမယ်
အိမ်ရှင်10%မဆောင်ပေးရင်တံဆိပ်ခေါင်းမရပါ ဝယ်ယူထဲကတစ်ခါထဲညှိပါ
#တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်
🟢🟢🟢🟢🟢🟢🟢🟢🟢🟢
📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲
================================
၁ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး (၁၆၃/၁၆၇)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၅၄၃
၂ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၈)၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃
၃ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၆၂၅)၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇
၎ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အခန်း(၁၀၁/၁၀၂)၊ပထမထပ်၊သီရိရတနာအိမ်ရာ၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၈၅၆၀၄၈၈
၅ ဒဂုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၃)၊အခန်း(၅)၊ဦးဝိစာရအိမ်ရာ၊မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၉၃၁၇
၆ သာကေတမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၆၄၄
၇ ကျောက်တန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရွှေညောင်ပင်လမ်း၊စံချိန်မီရပ်ကွက်၊ကျောက်တန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၅၀၆၄
၈ သုံးခွမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၂၊လေးကျွန်းမာန်အောင်ဘုရားလမ်း၊(၆)ရပ်ကွက်၊သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၄၀၄၁၆
၉ ခရမ်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အောင်မေတ္တာလမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၃၀၀၂၂
၁၀ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁)၊ရုံးရှေ့၊(၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၅၀၃၅
၁၁ ပန်းပဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၆၈/၁၈၈)၊(၂၇)လမ်း၊(၅)ရပ်ကွက်၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၀၈၇၉
၁၂ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂)၊အိုးစု(၃)လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၄၁၆၄
၁၃ အလုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၁)၊ဒုတိယထပ်၊အခန်းအမှတ်(၁၄/၁၅)၊အလုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၂၁၇၄၆
၁၄ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၇၄)၊ဒုတိယထပ်၊ကျွန်းတောလမ်း၊ကျွန်းတောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၀၀၆၁၅
၁၅ တွံတေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဘုရင့်နောင်တပ်လမ်း၊ရွှေဆံတော်ရပ်ကွက်၊တွံတေးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၄၅-၅၀၀၁၁
၁၆ သန်လျင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၇)၊ကျိုက်ခေါက်ဘုရားလမ်း၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၁၀၃၆
၁၇ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မင်းလမ်း၊မြို့မရပ်ကွက်၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၉၀၂၆
၁၈ ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀
၁၉ လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၉)/ဒုတိယထပ်၊အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်၊(၄)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၃၄၆
၂၀ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
(၂/၀၀၁/၀၀၂/၀၀၃/၁၀၁)၊ဝေဇယန္တာအိမ်ရာ၊ဝေဇယန္တာလမ်း၊ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၈၅၆၀၈၁၇
၂၁ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး စုပေါင်းရုံးဝင်း၊ရန်ကင်းလမ်း(၂)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂
၂၂ မင်္ဂလာတောင်ညွန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၄၃)/ဒုထပ်(ဝဲ+ယာ)၊ကျီတော်လမ်း၊ကျီတော်ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၀၄၂
၂၃ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ShortHouse၊(၈)ခန်းတွဲအိမ်ရာ၊ခရေပင်ရိပ်မွန်၊ချစ်တီးကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၃၅၂၄၄
၂၄ ဆိပ်ကမ်း/ဆိပ်ကြီးခနောင်တိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၈)၊အခန်း(၂၀၁)၊ဒုတိယထပ်၊(၃၉)လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၈၃၁၆
၂၅ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၇၆)၊ဗိုလ်တထောင်ဘုရားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၉၃၁
၂၆ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၄/၅/၁၂)၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်ကွက်၊ ကမာရွက်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၃၆၄၄၀
၂၇ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၃)/အေးရိပ်မွန်လမ်း၊(၄)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇
၂၈ မရမ်းကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်-၉/၁၁၊ဗိုလ်ချုပ်လမ်း၊(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၁၈၆၂
၂၉ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၀)၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၃၁၇၂၉၂
၃၀ တိုက်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဆေးရုံလမ်း၊ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၅-၂၀၁၁၅
၃၁ မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးပေါက်လမ်း၊တပ်ကြီးကုန်းကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၀၀၅၃
၃၂ ထန်းတပင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသောကလမ်း၊(၂)ရပ်ကွက်၊ထန်းတပင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၉၂၁၂
၃၃ ရွှေပြည်သာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၁၄/၁၆(က)၊မဲခေါင်လမ်း၊(၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၁၀၆၇
၃၄ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၀၀/၂၀၈)၊(၃၅)လမ်း၊အထက်ဘလောက်၊(၃)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၄၆၁၁
၃၅ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၁/၈၅)၊တိုက်(၁၁)၊အနော်ရထာလမ်း၊ (၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၉၀၄၇၂
၃၆ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၈၀/၈၂)၊ဘိုကလေးဈေးလမ်း၊(၈)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၆၉၉၇
၃၇ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉)၊ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း(၃)လမ်းထောင့်၊ မြို့မရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၀၉၁၀
၃၈ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၅၄)၊မဏ္ဏိုင်လမ်း၊(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၆၉၉၄၀၆
၃၉ ကွမ်းခြံကုန်း/ကော့မှူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်( ၃၆)၊ဗဟိုလမ်း၊ဈေးပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၆၅၃၁၆
၄၀ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၈/၁၅)၊စုပေါင်းရုံလမ်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၈၀၆၂၆
၄၁ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၆+၁၁၁)၊ပြည်ထောင်စုလမ်း၊(၆၄)ရပ်ကွက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈
#တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment