Wednesday, July 17, 2013

ပန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံ မေးမြန်းခန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို
နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းချက် အပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။

"ရိုဟင်ဂျာ လို့ သူတို့ခေါ်နေကြတဲ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့... ဘင်္ဂလီမွတ်ဆလင် ဘာသာဝင်တွေရဲ့ အခြေအနေဟာ... ရှည်လျားတဲ့ ဗြိတိသျှ ကိုလိုနီလက်အောက် ကတည်းက စတင်ခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတာပေါ့... ဒီသမိုင်းကြောင်း အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားရမယ်...

နောက်ကျတော်တို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကိုလဲ သိရမယ်...

အဓိက ကျွန်တော်တို့ ပြန်ပြောချင်တာက ဘင်္ဂလီ မွတ်ဆလင်တွေ အပေါ် ဘာမှ ခွဲခြား ဆက်ဆံတာ မရှိဘူး... ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသားအက်ဥပဒေနဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"

ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင်တုံ့ပြန် ထားပါတယ်။

No comments:

Post a Comment