-------------------- ------------
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောက်လုပ်ရေးလုပ်ငန်းများအား အရည်အသွေးစစ်ဆေး ရန်သွား ရောက်သော အဖွဲ့အား ဘင်္ဂလီများက ၀ိုင်းအုံရိုက်နှက်သဖြင့် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့အား ခရိုင်အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီးခြင်းဖြစ်ပြီး နံနက် ၁၀ ခန့်တွင် ဘောဒူဘ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။ ယင်းနောက် အဆောက်အဦများအား အရည်အသွေး ပြည့်ဝမှုရှိမရှိ နှစ်ဖွဲ့ခွဲပြီးစစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းအချိန်တွင် ရခိုင်သားတစ်ဦးဖြစ်သူ ခိုင်မင်းထွန်း အား ဘင်္ဂလီ ၁၀၀
ကျော်တို့က ၀ိုင်းပြီး ရိုက်နှက်ကြရာ လုံခြုံရေးရှိသော နေရာသို့
ထွက်ပြေးခဲ့ရာ ခဲဖြင့်ပစ်ပေါက် ခြင်း များကြောင့် ကားတစ်စီး
မှန်ကွဲသွားကြောင်းသိရသည်။ ထို့အပြင် စာရင်းစစ်အဖွဲ့မှ ဒုဦးစီးကျော်ဟိန်း
ကိုလည်း ထိုသို့ ၀ိုင်းပြီးရိုက်နှက်ခဲ့ကြရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ယင်းဒဏ်ရာများမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ နှင့် နှာခေါင်းသွေးထွက်၊
မျက်နှာညိုမည်း ဒဏ်ရာများဖြစ်ပြီး ညနေ လေး နာရီအထိ သွေးမတိတ်သေးကြောင်း
သိရသည်။
အဆိုပါဘင်္ဂလီဒုက္ခသည်စခန်းသို့ ရောက်ရှိရာလာသော ရခိုင်တိုင်းရင်းသားများအား ယခင်ကလည်း ထိုသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်ပြင် ဆွဲ၊တင်၊စစ်စာရင်းကောက်ခံရာတွင်လည်း လက်နက်ကိုင်များနှင့် တာဝန် ရှိသူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများဖြစ်ပွားခဲ့သည်ဟုသိရသည်။
ယခုဒဏ်ရာသူများ ကို ညနေ ၄ နာရီအထိ ဆေးရုံသို့ပို့ဆောင်ခြင်းမရှိသေးကြောင်းနှင့် ဘင်္ဂလီများကိုလည်း ဖမ်း ဆီးခြင်းမပြုသေးကြောင်းသိရသည်။
ယင်းသို့ တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များအား ၀င်ရောက်ဟန့်တား ဖျက် ဆီးခြင်းဖြစ်သော်လည်း အစိုးရမှ ရေးယူခြင်းမရှိသည်ကိုလည်းတွေ့ရှိရပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောက်လုပ်ရေးလုပ်ငန်းများအား အရည်အသွေးစစ်ဆေး ရန်သွား ရောက်သော အဖွဲ့အား ဘင်္ဂလီများက ၀ိုင်းအုံရိုက်နှက်သဖြင့် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့အား ခရိုင်အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီးခြင်းဖြစ်ပြီး နံနက် ၁၀ ခန့်တွင် ဘောဒူဘ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။ ယင်းနောက် အဆောက်အဦများအား အရည်အသွေး ပြည့်ဝမှုရှိမရှိ နှစ်ဖွဲ့ခွဲပြီးစစ်ဆေးခဲ့ကြောင်
အဆိုပါဘင်္ဂလီဒုက္ခသည်စခန်းသို့ ရောက်ရှိရာလာသော ရခိုင်တိုင်းရင်းသားများအား ယခင်ကလည်း ထိုသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်
ယခုဒဏ်ရာသူများ ကို ညနေ ၄ နာရီအထိ ဆေးရုံသို့ပို့ဆောင်ခြင်းမရှိသေ
ယင်းသို့ တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လုပ်ေ
No comments:
Post a Comment