Wednesday, April 30, 2014

ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ ) ကို တန်ဖိုးအမျိုးမျိုး သတ်မှတ်ဝေဖန်ကြသူများသို့



ရှေးအခါက ခွေးတစ်ကောင်သည် လမ်းမှာကျောက်နီလေးတစ်လုံးကိုတွေ့ သောအခါ အသားစိမ်းအမှတ်ဖြင့် ကိုက်လိုက်ရာ အရသာလည်းမရှိ၊ ကိုက်လို့လည်းမရ မာသောအရာဝတ္ထုဖြစ် သော ကြောင့် ပြန်ထုတ်လိုက်လေသည်။

ခဏအကြာတွင် ကလေးတစ်ယောက် လမ်းလျောက်လာရင်း ထို ကျောက်နီလေးကို တွေ့ပြန်ရာ ဟာ ဒီကျောက်နီလေးက လှလိုက်တာ ဂေါ်လီဆော့ ကစားလိုကောင်းမယ် ဆိုပြီး ကောက်ယူသွာသည်။ အိမ်ကိုရောက်သောအခါ ထို ကျောက်နီးလေးနှင့် ဆော့ ကစားရင်း ညောင်းလာသောအခါ ကျောက်တုံးကို လက်မှာကိုင်ပြီး အိပ်ပျော်သွား လေ သည်။

ကလေးလက်၌ ကျောက်နီလေးတစ်လုံးကို ကိုင်ပြီး အိပ်ပျော်နေသည်ကို ကလေး၏ မိဖများက မြင်သောအခါ ဟာ ဒီကျောက်နီလေးက လှလိုက်တာ၊ တန်ဖိုးတော့နည်း နည်း ရှိနိုင်တယ်ဆိုပြီး ကလေးလက်မှ ကျောက်နီလေးကို သိမ်းထားလိုက်ကြသည်။

တစ်နေ့ သူ့တို့ရွာက မြို့ကိုပြောင်းသွားသည့် သူငယ်ချင်းတစ်ယောက် ရွာကိုပြန်ရောက် ပြီး သူတို့အိမ်ကိုအလည်လာသည်။ ထိုသူငယ်ချင်းအား သူတို့ သိမ်းထားသည့် ကျောက်နီ လေး တန်းဖိုးရှိမရှိ ပြသရာ မြို့မှနေသော သူငယ်ချင်းကလည်း ကြားဖူးနားဝ ဗဟုသုတ ဖြင့် ဒီကျောက်နီလေးက တွင်းထွက်ကျောက်ဖြစ်နိုင်တယ် တန်းဖိုးတော့ရှိနိုင်တယ်ဆိုပြီး ငွေ တစ်ရာနှင့် ၀ယ်ယူသွားလေသည်။

ငွေတစ်ရာနှင့် ၀ယ်ယူသွားသော ကျောက်နီပိုင်ရှင်သည် မြို့ကိုရောက်သွားအခါ ရွှေဆိုင် တစ်ဆိုင်သွားရောင်းပြန်၏၊ ရွှေဆိုင်ပိုင်ရှင်ကလည်း ဒီကျောက်နီလေးဟာ ပတ္တမြားဖြစ် နိုင်တယ် ဒီကျောက်နီလေးကို ငါဝယ်လိုက်ရင်မရှုံးနိုင်ဘူးဆိုပြီး ငွေ တစ်သောင်းနှင့် ၀ယ် ယူထားလိုက်သည်။

တဖန် ရွှေဆိုင်ပိုင်ရှင်ကလည်း ရတနာတန်းဝင်ကျောက်အကြောင်းကို နည်းနည်းပါးပါး နားလည်သော သူ့သူငယ်ချင်းတစ်ယောက်အား သွားရောက်ပြသရောင်းချရာ ထို ကျောက်ကုန်သည်ကလည်း မင်းကျောက်ကို ရောင်းမယ်ဆိုရင် သိန်းတရာေ ပးမယ်လို့ ပြောလိုက်ရာ ကျောက်ပိုင်ရှင်ကလည်း အမြတ်ရသောကြောင့် ရောင်းလိုက်လေသည်။

တဖန် ရတနာတန်းဝင်ကျောက်အကြောင်းကို နည်းနည်းပါးပါးနားလည်သော ကျောက် ကုန်သည်ကလည်း နိုင်ငံကျော် ကျောက်သူဌေးကြီး လောပန်းတစ်ဦးအား သွားေ ရာက် ပြသရောင်းချရာ ထိုလောပန်းသူဌေးကြီးက ၄င်းကျောက်နီလေးအား တန်းဖိုးကို သိ သောကြောင့် သန်းတထောင် ပေး၍ ၀ယ်ထားလိုက်လေသည်။

ထိုနိုင်ငံကျော် ကျောက်သူဌေးကြီးကလည်း ကမ္ဘာကျော် ရတနာသူဌေးကြီး တစ်ဦးကို အဆက်အသွယ်လုပ်ပြီးရောင်းမည်ဟု စဉ်းစား၍ နိုင်ငံတကာ ကျောက်မျက်ပညာရှင် တစ်ယောက်ကို ထိုကျောက်နီလေးအား တန်ဖိုးဖြစ်ခိုင်းရာ နိုင်ငံတကာ ကျောက် မျက်ပညာရှင်က ထိုကျောက်နီလေးကို မြင်သောအခါ ဟာကနဲ့ ဖြစ်သွားပြီး ကောင်းလိုက်တဲ့ပတ္တမြား ငါ့တစ်သက်မှာ ဒီလောက်ကောင်းတဲ့ ပတ္တမြား ဒီတစ်ခါဘဲ မြင်ဖူးတယ်။ ဒီကျောက်နီလေးကို ငါတန်ဖိုးမဖြတ်ရဲဘူး၊ မဖြတ်တတ်လောက်အောင်ကို ဒီပတ္တမြာက တန်းဖိုးကြီးမားတယ်၊ တစ်နည်း ဒီကျောက်နီလေးဟာ ပြည်တန် ပတ္တမြား ဖြစ်တယ် လို့ ပြောလိုက်လေသည

ထိုအတူ ယနေ့ ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ကျင်းပနေသော ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ )ကို တစ်ကမ္ဘာလုံးပြန့်နှံရောက်ရှိနေကြသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် အပေါင်းတို့သည် မိမိသိသလောက် ၊မှတ်သလောက်၊ တတ်သလောက် ပညာနှင့် ဝေဖန် ပြောဆိုအကဲခတ် တန်ဖိုးသတ်မှတ်နေကြပါသည်။

အမှန်က နှစ်ပေါင်း (60) ကျော်မှာ ယခုလို ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် အားလုံး၊ နိုင်ငံရေး ပါတီအားလုံး၊ တတ်သိပညာရှင်အားလုံး၊ လူမှုအဖွဲ့အစည်းအား လုံး၊မြို့မိမြိုဖ မြို့နယ် ကိုယ်စားလှယ်များ ၊ပြည်တွင်းပြည်ပ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ ပါဝင်သော ရခိုင်အမျိုသားညီလာခံ (ကျောက်ဖြူ)၏ တန်းဖိုးသည် ခွေးမစား ၊ ကလေးကစားခဲ့ သော ကျောက်နီလေး ကဲ့သို့ ပြည်တန်သော ညီလာခံဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း) ခံစားတင်ပြသည်။
30.4.2014 ၊ 1း00 PM

No comments:

Post a Comment