Wednesday, June 7, 2017

အင်္ဂလိပ်ခေတ်အလွန် ရခိုင့်လက်နက်ကိုင် တော်လှန်ရေး ဖြစ်ထွန်းပေါ်ပေါက်ပုံအကျဉ်း





အင်္ဂလိပ်ခေတ်အလွန်
ရခိုင့်လက်နက်ကိုင် တော်လှန်ရေး ဖြစ်ထွန်းပေါ်ပေါက်ပုံအကျဉ်း
................ ×.................

၁၉၆၀ ဝန်းကျင်ခန့်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( Arakan National Liberation Party – ANLP) ပေါ်ပေါက် ။ ဦးမောင်စိန်ညွန့်ဂေါင်းဆောင်ခ ။

နောက် ရခိုင်ပြည်ကွန်မြူနစ်ပါတီ ( ရကပ) ရို့ပေါ်ပေါက် ။ ဦးကျော်ဇံရွှီနန့် ဦးမောင်ဟန် ဂေါင်းဆောင်

၁၉၇၀ ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ကချင်အခြီစိုက်) ( Arakan Independence Organization – AIO ) ပေါ်ပေါက် ။ ဦးစံကျော်ထွန်းဂေါင်းဆောင်

၁၉၇၄ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ကရင်အခြီစိုက်) ( Arakan Liberation Party – ALP ) ပေါ်ပေါက် ။ ဦးခိုင်မိုးလင်း ဂေါင်းဆောင် ။

၁၉၈၈ စက်တင်ဘာလ ၅ ရက် ။ AIO နန့် ALP ကိုပေါင်းပနာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီလို့ဖွဲ့၊ စစ်တပ်နာမေကို ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော် (AIA ) အဖြစ်တည်ထောင် ။

၁၉၉၁ ရက္ခိုင့်တပ်မတော် ( AA) ကို ဗိုလ်ကြီး ခိုင်ရာဇာကအသက်သွင်းပနာ ဘင်္ဂလားဖက်မှာလှုပ်ရှား
၁၉၉၄ ဇန်နဝါရီ ၅ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ ( National Unity Party of Arakan – NUPA ) ဖွဲ့ စစ်တပ်နာမေကို ရခိုင်ပြည်တပ်မတော် ( Arakan State Army – AA ) လို့နာမေပီး ။

NUPA မှ ဦးသိန်းဖေခွဲထွက် ပနာ DPA – Democratic Party of Arakan ကိုထူထောင် ။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး( All Arakan Students and Youths Congress – AASYC ) ရို့ပေါ်ပေါက် ။

၂၀၀၀ ပြည့် ။ ALD (ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် ) + DPA + NUPA နှင့် ALP ရို့ပေါင်းစပ် ။အိန္ဒိယနိုင်ငံ ကာလကတ္တားတနိန်ရာမှာရဟန်းရှင်လူ မျိုးချစ်ပြည်ချစ်များပါဝင်သော ရခိုင်အမျိုးသားကောင်စီ( Arakan National Council – ANC ) ကိုတည်ထောင်နိုင်ရန် CCPC – ANC ကိုဖွဲ့စည်းနိုင်ခ ။

NUPA နှစ်ခြမ်းကွဲ ။

ဒေါက်တာခင်မောင်ဂေါင်းဆောင်ရေ NUPA ၊ ခိုင်မြဝါ ( ALP အတွင်းရေးမှုးဟောင်း) ဂေါင်းဆောင်ရေ NUPA ။

ANC နှစ်ခြမ်းကွဲ ။

ဦးသိန်းဖေ+ညီညီလွင်ဂေါင်းဆောင်ရေ မလေးANC

/ ဒေါက်တာခင်မောင်+ထွန်းဇော် (AASYC) ဂေါင်းဆောင်ရေ ထိုင်းANC ။

၂၀၀၈ ၊ ဧပြီ ၁၀ ၊ ကချင်ပြည် လိုင်ဇာအရပ်မှာ ရက္ခိုင့်တပ်မတော် ( Arakan Army - AA ) ကို တည်ထောင် ၊ ထွန်းမြတ်နိုင်ဂေါင်းဆောင် ။

မင်းဇံဝေ ဂေါင်းဆောင်ရေ( ရခိုင်ပြည်တပ်မတော် AA) ရို့လည်းပေါ်ပေါက် ။

မှတ်ချက် ။ ။ လက်နက်ကိုင် အင်အားစုတိလောက်ကိုရာ လက်လှမ်းမှီသလောက် စုစည်းထားခြင်းနန့်
လွတ်မြောက်လိုသူများ(ကျော်ဇံ - ရက္ခိတလုလင်) စာအုပ်ကို ကိုးကားထားခြင်းဖြစ်ပါရေ ။

Credithttps://m.facebook.com/story.php?story_fbid=1203215116441670&substory_index=0&id=741000855996434

ရခိုင်​ဗဟိုပြု အ​တွေးအမြင့်​နန့်​ သိမှတ်​စရာ page မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment