Wednesday, June 7, 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များအား အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် သဘောထားထုတ်ပြန် ကြေငြာချက်



ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များအား အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် သဘောထားထုတ်ပြန် ကြေငြာချက်
+++++++++++++++++++++++++++++++++++++++++++
ရက်စွဲ။ ။ ၂၀၁၇ခုနှစ်၊ ဇွန်လ(၈)ရက်။
ကြေငြာချက်အမှတ်။ ။ ၁/၂၀၁၇
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်နယ်တစ်ချို့၌ ၂၀၁၇ခုနှစ်၊ ဇွန်လ (၂)ရက် နေ့တွင် အုပ်စုဖွဲ့အကြမ်းဖက်သမားများမှ ရခိုင်နှင့်တခြားသော လူမျိုးစုများ၏ အထွဋ်အမြတ်ထားရာ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များကိုအကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ၄င်းအကြမ်းဖက်လုပ်ရက်များအား မိမိတို့ရခိုင်အမျိုးသားကွန်ရက်မှ အောက်ပါ အတိုင်းရှူမြင်သည်။
(က) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်အပါအဝင် လူနည်းစုဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တိုင်းရင်းသားများအား တရားမဲ့နိုင် ထက်စီးနင်း အကြမ်းဖက်သည့်လုပ်ရပ်ဖြစ်သည်။
(ခ) အကြမ်းဖက် အစွန်းရောက်အုပ်စုများ၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှု တစ်ခုသာဖြစ်သည်။
(ဂ) ဘာသာရေးအားအသုံးချပြီး အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားစေရန် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးမှု တစ်ခုသာ ဖြစ်သည်။
(ဃ) အဆိုပါ အကြမ်းဖက်မှုဖြစ်ရပ်အား ဘင်္ဂလားဒေ့ရှ်အစိုးရမှ အချိန်မီ ဖြေရှင်းနိုင်မှုအားနည်းကြောင်းရှုမြင်သည်။
ထို့ကြောင့် မိမိတို့ရခိုင်အမျိုးသားကွန်ရက်မှ အောက်ပါအချက်များကို လေးနက်စွာတောင်းဆိုလိုက် သည်။
၁။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရခိုင်အပါဝင်လူနည်းစု ဗုဒ္ဓဘာသာရဟန်းတော်များနှင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရသည်အထိ အမြန်ဆုံးကာကွယ်စောင့်ရှောက်ပေးပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ပေးရန်၊
၂။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အကြမ်းဖက် အစွန်းရောက်အုပ်စုများကို အမြန်ဆုံးရှာဖွေပေးပြီး တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်၊
၃။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် လူနည်းစုဗုဒ္ဓဘာသာရဟန်းတော်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့် များကို အမြန်ဆုံးထိရောက်စွာဆောင်ရွက်ပေးရန်၊
၎။ မြန်မာ-ဘင်္ဂလားဒေ့ရှ် အစိုးရနှစ်ရပ်အနေဖြင့် ယခုအကြမ်းဖက်မှုများအား အပြည်ပြည်ဆိုင်ရာ ဥပဒေပါပြဌာန်း ချက်များနှင့်အညီ ညှိနှိုင်းအဖြေရှာ၍ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်ပေးပြီး ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊

ရခိုင်အမျိုးသားကွန်ရက်။
======================================================================================
Over recent violence against Rakhine Buddhists and other ethnic minorities and torching religious edligious edifices in Bangladesh, neighbouring country of Myanmar
+++++++++++++++++++++++++++++++++++++++++++
Date: 8th June 2017
Release: 1/2017
It is known that terrorist groups have torched and obliterated ancient pagodas, monasteries which the Rakhines and other Buddhist ethnic minorities treasure and properties of those in several districts in Bangladesh on 2nd June 2017. We, as Arakan National Network, regarded the incidence as followed;
(a) Such savage attacks were unbearable and unlawful terrorists' acts over Buddhist monks, Rakhine and other ethnic minorities in Bangladesh.
(b) The violence occurred due to instigation staged by some extreme-terrorist groups behind.
(c) The violence was apparently generated by some terrorist groups through all means of destructive acts under the name of religion.
(d) We definitely view that the Bangladeshi government had failed to act in response to the violence in time.
We, therefore, firmly demand facts to be met as followed;
1. The Bangladeshi government is to protect Buddhist monks, Rakhines and other ethnic minorities in Bangladesh and immediately step up to rehabilitation for the victims.
2. The Bangladeshi government is to trace and uncover the extreme-terrorist groups behind all this violence and bring them to justice immediately.
3. The United Nations is to perform immediate acts to reach the rights and civil liberties of Buddhist monks and ethnic minorities in Bangladesh as soon as possible.
4. The two governments (Myanmar/Bangladesh) are to work out a solution over this violence in accordance with international laws and prevent similar incidences further.
Arakan National Network
Source:
1 ) International Human Rights Watch for CHT
2 ) Arakan National Network
Photos:
The burning are of Longudu in the Chittagong
Hill Tracts of Bangladesh

No comments:

Post a Comment