ရခိုင်ပြည်နယ်
မြောက်ဦးမြို့တွင် ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှေးဟောင်း ကျောက်စာတိုင်ကြီး
တစ်ခုရှိပါသည်။ အဆိုပါ ကျောက်စာတိုင်၌ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့ တွင် ကျောက်စာများရေးထိုးထား၏။
တောင်ဘက်မျက်နှာတွင် ကျောက်စာရေး ထိုး ထားခြင်းမရှိပေ။ ယင်း ကျောက်စာ၌ ပီပီပြင်ပြင် ဖတ်၍ရသော
အနောက်ဖက်မျ က်နှာစာကို အာနန္ဒစန္ဒြမင်းရေးထိုးခဲ့သောကြောင့် ကမ္ဘာ့ ကျောက်စာပညာရှင်များက အာနန္ဒစန္ဒြ မင်းကျောက်စာ
ဟု ခေါ်တွင် ကြသလို သျှစ်သောင်းဘုရား တွင် တည်ရှိသောကြောင့် သျှစ်သောင်းဘုရားကျောက် စာတိုင် ဟုလည်းေ ခ်ါကြသည်။
ထို့အပြင် မြို့ဟောင်းကျောက် စာ ဟုလည်း ခေါ်ဆိုကြ၏။ ကျောက်စာတွင် စာကြောင်း (၇၃) ကြောင်းပါရှိသည်။ဂါထာအားဖြင့်
(၆၅)ပုဒ် ရှိ၏။ ဂါထာ (၆၅)ပုဒ်ဆိုသည်မှာ စာကြောင်းရေ(၁-၂-၃) နှင့် ဂါထာပုဒ် ၄၅ ၊ ၄၆
ကြားတွင်ပါရှိသော စကားပြေပုဒ် ကို ထည့်သွင်း ရေတွက်ထားခြင်းမဟုတ်ပေ။ ထို့အပြင် ဂါထာ၆၂
နှင့် ဂါထာ ၆၃ ကြားတွင်လည်း ဂါထာလည်း မ ဟုတ်၊ စကားပြေလည်းမဟုတ်သော “ အပရံစ=ထိုမှတစ်ပါးဆက်၍ဆိုအံ့”ဟု
စာတိုလေး တစ်ပါဒ ပါရှိသည် ကိုတွေ့ရ၏။
ထိုအနောက်ဘက်ကျောက်စာတွင် ရခိုင်ဝေသာလီပြည်၌ ဘီစီ (၁-၂) ရာစုခန့်မှ အေဒီ ၇
ရာစုထိ စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သော မင်းဆက်(၃)ဆက် ကို ရေးထိုးမှတ်တမ်း တင်ထားသည်။
ဂါထာ ၃ မှ ဂါထာ ၁၇ ထိသည် ပထမမင်းဆက်ဖြစ်ပြီး
ထိုမင်းဆက်တွင် မင်း(၁၅)ပါးရှိသည်။ ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို ဂါထာ (၁၈) ၌ “တစ်ထောင်ထက် ဆယ်ခြောက်ခါပိုသည်” (၁၀၆၀)နှစ်ဟု
ရေးထိုး ထားပေသည်။ဂါထာ ၁၉ မှ ဂါထာ ၃၁ ထိသည် ဒုတိယမင်းဆက်ဖြစ်၏။ ဒုတိယမင်းဆက်တွင် စန္ဒြဘွဲ့ခံ မင်း(၁၃)ပါးပါရှိပြီး
ထိုမင်းတို့၏ နန်းစံနှစ် ပေါင်းကို ဂါထာ၃၂ တွင် “တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” နှစ်ပေါင်း(၂၃၀) အမှန်ဖြစ်ကြောင်း ဟု ရေးထိုး
ထားသည်။ ထိုပြီးနောက် ဂါထာ ၃၃ မှ ဂါထာ ၄၄ ထိသည် တတိယမင်းဆက်ဖြစ်၏ ။ တတိယ မင်း ဆက်တွင်
မင်း (၉) ပါးရှိပြီး မင်းတစ်ပါးစီ၏ နန်းစံနှစ်များကို ရေတွက်သော် (၁၂၈ နှစ် ၉ လ) ဖြစ်သည်။
အာနန္ဒစန္ဒြမင်း ကျောက်စာ အနောက် ဘက်မျက်နှာစာ တစ်ခုလုံး၌ မင်းပေါင်း(၃၇) ပါးရှိပြီး နန်းစံနှစ်စုစုပေါင်းမှာ
ကျောက်စာပါ မင်းများ၏ နန်းစံနှစ်များ အရ နှစ်ပေါင်း(၁၄၁၉) နှစ် ဖြစ်ပေသည်။ ဂါထာ ၄၅
အလွန် ဂါထာ ၄၆ ကြားတွင် စကား ပြေပုဒ်မှ ဂါထာ
၆၁ အထိမှာ အာနန္ဒစန္ဒြ မင်းကြီးသည် သင်္ဂါယနာတင်ပွဲပြုလုပ်သည့်အခါ လိုအပ်သော ကြိုတင်ပြင် ဆင်မှုများနှင့်
ပြည်တွင်း ပြည်ပရဟန်းသံဃာတော်များဖြင့် သင်္ဂါယနာတင်ခဲ့သည်များကို အသေး စိတ်ရေးထိုးထားခြင်းဖြစ်သည်။
ဂါထာ ၆၂ မှ ဂါထာ ၆၅ ထိသည် ပြည်ပ နိုင်ငံများ မှ သမီးကညာဆက် သ လာပုံများ ၊မဟာမိတ်ဖွဲ့လာကြပုံ
များကိုရေးထိုးမှတ်တမ်းထင်ထားခြင်းဖြစ်သည်။ အဆိုပါ ကျောက်စာကို ဒေ၀နာဂရီ အက္ခရာ၊ သက္ကတ
ပါဠိရော ဘာသာဖြင့် ရေးထိုးထား၏။ ဤကျောက်စာသည် ရခိုင် ပြည်၌ရှိ သက္ကတ ကျောက် စာများတွင် စာလုံးရေအများဆုံးနှင့် အရှည်ဆုံး အကြီးဆုံး ကျောက်စာတိုင်တစ်ခုလည်း
ဖြစ်သည်။
ကျောက်စာတွင် အာနန္ဒစန္ဒြမင်းကြီးသည်
မျိုးရိုးစဉ်ဆက်ဆင်းသလာသည့် ဘိုးလောင်းတော် ဘေး လောင်းတော် ဘုရင်များ၏ အမည် ၊နန်းစံနှစ်များနှင့်တကွ
ရေးထိုးခုနှစ်ကိုပါ တိတိကျကျ မှတ်တမ်းတင်ထား၏။ ဤကဲ့သို့ ရခိုင်ဝေသာလီခေတ် အေဒီ (၇)
ရာစုတွင် ဘုရင်အမည်၊ နန်းစံနှစ် ၊ရေးထိုး ခုနှစ်တို့ကို သေသေချာချာ မှတ်တမ်းတင်ထားသော
ခေတ်ပြိုင်ကျောက်စာမျိုး ပြဖို့ရန် ကမ္ဘာတွင်
ရှိအံ့ မထင်။
ထိုအာနန္ဒစန္ဒြမင်းကျောက်စာတိုင်ပါ ကျောက်စာမင်ကူး
ဓါတ်ပုံများကို ရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့် တိုက်ရှိ မြန်မာတိုင်ရင်းကျောက်စာများ စတုတ္ထထုပ်စာအုပ်တွင်
ကျောက်စာတစ်ဖက်စီကိုဓါတ်ပုံ(၂)ဖြင့် သုံးမျက် နှာကို ဓါတ်ပုံ (၆)ဖြင့် ဖေါ်ပြပြီး ကျောက်တိုင်ထိပ်ရှိ
ကျောက်စာကို ဓါတ်ပုံတစ်ပုံဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ အရှေ့ဘက်မျက်နှာဘက်
ကျောက်စာကို အေဒီ ၄-၅ ခန့်က ရေးထိုးခဲ့ခြင်းဖြစ်ပြီး အရှေ့ဖက်မျက် နှာစာ မင်းကူးမူ
အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဓါတ်ပုံအမှတ် ၃၄၆ - ၃၄၇ ဖြင့်လည်း ကောင်း၊ အနောက် ဘက်
မျက်နှာစာကို အာနန္ဒစန္ဒြမင်းကြီးသည် သက္ကရာဇ် ၁၁ ခု အေဒီ ၆၄၉ ရေးထိုးခဲ့ခြင်းဖြစ်ပြီး
ကျောက်စာမင်ကူးမူ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဓါတ်ပုံအမှတ် ၃၄၈-၃၄၉ ဖြင့်လည်းကောင်း၊
မြောက်ဘက်မျက်နှာစာကို အေဒီ ၈-၉ ရာစု ကရေးထိုးခဲ့ခြင်းဖြစ်ပြီး ကျောက်စာမင်ကူးမူ အပေါ်ပိုင်းနှင့်
အောက် ပိုင်းကို ဓါတ်ပုံအမှတ် ၃၅၀-၃၅၁ ဖြင့်လည်းကောင်း၊
ကျောက်စာတိုင် အပေါ်ထိပ်မှ ကျောက်စာမင်ကူးမူကို ဓါတ်ပုံအမှတ် ၃၅၂ (က) ဖြင့်လည်း ကောင်း
ထိန်းသိမ်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရ၏။
အာနန္ဒစန္ဒြမင်းအမည်ကို
ဆန်းစစ်ချက်
အာနန္ဒစန္ဒြမင်သည်
သာမန်မင်းမဟုတ်ကြောင်းကို အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ( ၀ )ဂါထာ(၄၄) တွင် ဤသို့ရေးထိုးထားသည်ကိုတွေ့ရ၏။
“သီရိဓမ္မစန္ဒြမင်း၏ သားတော်၊ အာနန္ဒစန္ဒြမင်းသည်
ရန်သူအမိုက်မှောင်ကို လည်း အောင်မြင်လေ၏၊ အလွန်ကြီးကျယ်မြင့်မြတ် ထင်ပေါ်ကျော်ကြားသော
မင်းလည်းဖြစ်၏။ လောကတစ်ခု လုံးကို အစိုးရေ သာမင်းလည်းဖြစ်၏ ပြည်သူအပေါင်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကိုလည်း
ခံရ၏။ ဦးညွတ်ခစား သော မင်းအပေါင်းတို့၏ မကိုဋ်သရဖူ
ရှိ ပန်းကုံးသဖွယ် စီချယ်ထားသော ကျောက်မျက်ရတနာတို့မှ ထွက်ပေါ် လာသော တောက်ပြောင်သည့်အရောင်တို့
ကြောင့် အာနန္ဒစန္ဒြမင်း၏ ခြေတော်အစုံ ကြာပဒုံကား
နီမြန်းသွား လေ၏။ ” ဟုရေးထိုးထားသောကြောင့် သူ့ ခေတ်သူ့အချိန်က အာနန္ဒစန္ဒြမင်းသည်
ပတ်ဝန်း ကျင် ဒေသတစ် ၀ိုက် တိုင်းပြည်များတွင် ဘုန်းတန်းခိုး အလွန်ကြီးမားပြီး ထင်ရှားကျော်ကြားသော
မင်း တစ်ပါးဖြစ် ကြောင်း သိ နိုင်၏။ (ဂါထာ၄၄-ကြည့်)
ထို့အပြင် ဂါထာ(၄၅)နှင့် (၄၆) ကြားတွင်ပါသော စကား ပြေပိုဒ်တွင်လည်း အာနန္ဒ စန္ဒြမင်းကို
“မဟာရာဇာဓိရာဇ= မင်းတကာမင်းတို့၏ဘုရင်”
ဟု ဂုဏ်ပြုရေထိုး ထားသည်ကိုတွေ့ရသည်။
အာနန္ဒစန္ဒြမင်းဟု
အဘယ်ကြောင့် အမည်မှည့်ခေါ်ရသနည်းဟူကို ဆန်းစစ်ရသော် အာနန္ဒစန္ဒြ ဟူသည် ကား “အာနန္ဒ နှင့်
စန္ဒြ”ကို ပေါင်းစည်းထားသောအမည်တစ်ခုဖြစ်သည်။ “အာနန္ဒ+စန္ဒြ” ဟု ဆိုလိုသည်။ အာနန္ဒ ဟူသည်ကား
သူ၏ဘ၀တွင် လုပ်ဆောင်ခဲ့သည်ကိုအမွန်းတင်ကာ မှည့်ခေါ်သော အမည်ဖြစ်ပြီး အမည်နောက် ၌ရှိသော
“စန္ဒြ” မှာ ဝေသာလီခေတ်မင်းတို့၏ မျိုးရိုးစဉ်ဆက် ထိမ်းသိမ်းဆက်ခံလာသော မျိုးရိုးအမည်ဖြစ်သည်။
ရခိုင်ဓညတီခေတ်တွင် သူရိယ(နေ)မင်းဆက်မျိုးရိုးအမည် ထင်ရှားကျော်ကြား ခဲ့သကဲ့သို့ ရခိုင်ဝေသာလီခေတ်
တွင်လည်း စန္ဒြ(လ)မင်းဆက်တို့မှာ ထင်ရှားကျော်ကြားခဲ့ကြသော မင်း ဆက်ဖြစ်သည်။တနည်း သူရိယ“နေ”
မင်း ဆက် ပျက်သုန်းနေ၀င်သွားသည့်အခါ “စန္ဒြ=လ”ထွက်ပေါ် လာ သကဲ့သို့ စန္ဒြမင်းဆက်ထွက်ပေါ်လာခြင်းဖြစ် သည်။ နေမင်းဆက်ပြီးလျှင်
လ မင်းဆက် ကို ဆက်ခံ လာသော မျိုးရိုးအမည်များဖြစ် သည်။ ပါဠိဝေါဟာရအဘိ ဓါန်တွင် အာနန္ဒ
ကို ဓမ္မဘဏ္ဍာဂါရိက = တရား ဘဏ္ဍာတိုက်၊ တရားဘဏ္ဍာစိုး ၊ အာနန္ဒမထေရ် အဓိပ္ပါယ်ဟု ဖွင့်ဆိုပြီး စန္ဒြ = စန္ဒာ ကို “လ” ဟုဖွင့် ဆိုကြသည်။ ထို့ကြောင့် အာနန္ဒ+စန္ဒြ= အာနန္ဒစန္ဒြ
ဟူသည် ပိဋကတ် သုံးပုံစန္ဒြမင်း (၀ါ) တရား ဘဏ္ဍာ တိုက်မင်း (၀ါ) သင်္ဂါယနာတင်စန္ဒြမင်း ဟု အနက်အဓိပ္ပါယ်
ဖွင့်ဆိုမှသာ မှန်ကန် သော အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်ပေလိမ့်မည်။ ထိုကြောင့် အာနန္ဒစန္ဒြမင်း
ဆိုသည်မှာ ရခိုင်ဝေသာလီတွင် သင်္ဂါ ယနာ တင်ခဲ့သော မင်းဖြစ်ကြောင်း ထိုမင်း၏ လုပ်ဆောင်ချက်နှင့်
တွဲ၍ ထိုမင်း၏ အမည်ကိုလည်း အာနန္ဒစန္ဒြ မင်းဟု မှည့်ေ ခ်ါရခြင်းဖြစ်သည်။
အာနန္ဒစန္ဒြမင်းသည် သင်္ဂါယနာတင်မင်းဖြစ်ကြောင်းကို
နောက်ထပ်သက်သေခံနေေ သာ အကြောင်း ရင်း တစ်ခုမှာ အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၆၆-၆၇)
ဂါထာအမှတ် (၆၃) တွင်ပါ ရှိသော “သီရိ ဓမ္မ ရာဇာ ဓဇ ၀ံသ” ဟူသော အာနန္ဒစန္ဒြမင်း၏ ဂုဏ်ပုဒ်ကို
ရေးထိုးထားသော စာလုံးများ ကလည်း သက်သေခံပေသည်။ သီရိဓမ္မရာဇာ ဓဇ၀ံသ ဆိုသည်မှာ “သီရိ+ဓမ္မ+ရာဇာ +ဓဇ+၀ံသ”
စကားလုံးများကိုပေါင်းစပ်ထားခြင်းဖြစ်၏်။ “သီရိ=ဘုန်းကျက်သရေ ၊ ဓမ္မ=တရား ၊ ရာဇာ=မင်း၊
ဇဓ =အောင်လံ၊ ၀ံသ= မျိုးရိုး”ဟု ဖွင့်ဆိုနိုင်သည်။ “သီရိဓမ္မရာဇာဓဇ၀ံသ” အဓိပ္ပါယ်ကား “တရားအောင်လံထူသော ဘုန်းကျက်သရေရှိသည့်မင်းမျိုး”
ဟူ၍ ဖြစ် သည်။
ထိုနည်းတူ လူတစ်ဦးတွင် လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်များနှင့်တွဲ၍
အမည် မှည့်ခေါ်သော ဓလေ့ သည် အိန္ဒိယပြည်တွင် တတိယသင်္ဂါယနာတင်သော သီရိဓမ္မာသောကမင်းကို ဦးစွာ
သက်သေပြရ မည်ဖြစ် သည်။ သီရိဓမ္မသောကမင်းသည် ပထမ ကြမ်းကြုတ်ရက်စက်စွာ လူအများကို သတ်ဖြစ်ခဲ့ သောကြောင့်
သူ့ အမည်ကိုလည်း တိုင်းသူပြည် သားများက (စဏ္ဍာသောက=ရက်စက်ကြမ်းကြုတ်ေ သာမင်း ) ဟု အမည်
ပေးမှည့်ခေါ်ကြသည်။ ထိုအမည်ကို သူ ကိုယ်တိုင်လည်း နှိုက်ခြိုက်စွာ ခံယူခဲ့၏။ နောက်ဘိသိတ်ခံပြီးသောအခါ
တရားဓမ္မနှင့်မွေ့လျော်ပြီး ဓမ္မနှင့်အညီ တိုင်းနိုင်ငံကို
အုပ်ချုပ်သော အခါမှ သီရိဓမ္မသောကမင်း= ဘုန်းကျက် သရေ ရှိသောတရားမင်း (ပီယဒဿီ=နတ် ချစ်
မင်း) အမည်မှည့် ခေါ်ကြသည်က ဥပမာပင်တည်း။
ထိုနည်းတူ
ရခိုင်ဝေသာလီ အာနန္ဒစန္ဒြမင်းကျောက်စာတွင်လည်း ၊မင်းစိမ်းစည်ကို အပြည့်အ၀ခံစားခဲ့သော
မင်း ကို ရာဇစန္ဒြဟူ၍လည်းကောင်း၊ နတ်မင်းစိမ်းစည်ကဲ့သို့
မင်းစည်းစိမ်ခံစား ခဲ့သောမင်းကို “ဒေ၀စန္ဒြ” ဟူ၍လည်း ကောင်း၊ လယ်၊မြေများစွာ လှူခဲ့သော
မင်းကို ဘူမိစန္ဒြမင်းဟူ၍လည်းကောင်း၊ တိုင်းပြည်ကြီးပွါး ချမ်း သာအောင် ဆောင်ရွက်သောကြောင့်
ဘူတိစန္ဒြမင်းဟူ၍လည်းကောင်း၊ နီတိကျမ်းဂန်တတ်သော မင်း ကို နိတိစန္ဒြမင်းဟူ၍ လည်းကောင်း၊
သတ္တိရှိပြီးရဲရင့်သောမင်းဖြစ်သောကြောင့် “၀ီရစန္ဒြ” မင်းဟူ၍လည်းေ ကာင်း ဘွဲ့ခံယူကြသည်ကို
တွေ့ရသည်။ တိုင်းသူပြည်သားများ ချစ်ခင်နှစ်သက်သောမင်းကို ပြီ တိစန္ဒြမင်း ဟူ၍ လည်းကောင်း၊
ကိုယ်ကျင့် တရား ကောင်းမွန်ပြီး သမာဓိရှိသောမင်းကို “ဓရိတိစန္ဒြ” ဟူ၍လည်း ကောင်း၊ တရားသဖြင့်
တိုင်းပြည်ကို အုပ် ချုပ်သောကြောင့် “ဓမ္မစန္ဒြ” ဟူ၍လည်းကောင်း၊ ၊ စန္ဒြ မျိုးရိုး အမည်
နောက်ကထားပြီး ထိုမင်း၏ လုပ်ဆောင် ချက်များနှင့် ထင်ရှားသည့် ပြုယုဒ်များကိုတွဲကာ ဘွဲ့အ မည်များ
ခံယူ ကြသည်မှာ ထင်းရှာနေပေသည်။ ထို့နည်း တူ အာနန္ဒစန္ဒြမင်းသည်လည်း ပိဋကတ်သုံးပုံကို
သင်္ဂါယနာတင်သောမင်း ဖြစ်သောကြောင့် ဓမ္မဘဏ္ဍာဂါရိက= အာနန္ဒစန္ဒြ ဟု ဘွဲ့တော်ခံယူခြင်း ဖြစ် ဟန်ရှိပေသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ
လုပ်ဆောင်ချက်နှင့် တွဲ၍ ဘွဲ့ခံယူမှည့်ခေါ်ကြသော စန္ဒြမင်းများတစ်ချို့ကို ထုတ်နှုတ်တင်ပြအံ့။
ရာဇစန္ဒြ=
ဘုရင်စန္ဒြမင်း၊
ကာလစန္ဒြ=အသားမည်သောစန္ဒြမင်း၊
ဒေ၀စန္ဒြ=
နတ်သိကြားကဲ့သို့စည်းစိမ်ခံစားသောစန္ဒြမင်း၊
ဘူမိစန္ဒြ=
မြေများစွာလှူခဲ့သောစန္ဒြမင်း၊
ဘူတိစန္ဒြ=
ကြီးပွါးချမ်းသာသောစန္ဒြမင်း၊
နိတိစန္ဒြ=
ကျမ်းဂန်တတ်စန္ဒြမင်း
ဝီရစန္ဒြ=ရဲရင့်သောစန္ဒြမင်း၊
ပြီတိစန္ဒြ=
ချစ်ခင်နှစ်သက်ဖွယ်ကောင်းသောစန္ဒြမင်း၊
ဓရိတိစန္ဒြ=သမာဓိရှိသောစန္ဒြမင်း၊
ဓမ္မစန္ဒြ=
တရားရှိသောစန္ဒြမင်း၊
အာနန္ဒစန္ဒြ=
ဓမ္မဘဏ္ဍာဂါရိကမင်း= ပိဋကတ်သုံးပုံစန္ဒြမင်း တို့ဖြစ်သည်။
မျက်မှောက်ခေတ်တွင်လည်း
လူတို့ပတ်ဝန်းကျင်တွင် အသားမဲသူကို ကုလားမဲ၊ အသားအလွန်ဖြူသော မိန်းကလေးများကို ပိုးဟပ်ဖြူ
ခေါ်သကဲ့သို့ ၊ ဆံပင်အလွန်ရှည်ထားသော ယောက်ျားများကိုလည်း ကိုဆံရှည်၊ နားမခံသာအောင်
ဆဲဆိုသော မိန်းမများကိုလည်း နှုတ်ကြမ်းမ (၀ါ)ဘူကြမ်းမဟု ခေါ်ဝေါ်လေ့ရှိကြ သည်ကို တွေ့နေရသေးသည်။
ထိုအပြင် ငယ်ငယ်က အလွန်ကျန်းမာရေးကောင်းသော ကလေးငယ်များကိုလည်း မောင် ကျောက်ခဲ၊ မောင်ကျောက်သီး
၊ သံခဲ ဟု သူတို့၏ ထင်ရှားပေါ်လွင်သောပြုယုဒ်များနှင့် စွမ်းဆောင် ရွက်ချက် များကို
တွဲ၍ အမည်မှည့် ခေါ်ဝေါ်နေကြသည်ကို ယနေတိုင်တွေ့မြင်နိုင်သေးသည်။
မောင်ဖြူ
(ကြွီတဲကျွန်း)
25.3.2018
(11း54 AM)
No comments:
Post a Comment