Friday, May 21, 2021

ရခိုင်ဝေသာလီမင်းတို့၏ အသဲနှလုံး၌ စူးဝင်နေသော (သီဝနတ်)မျှားစူးကို ဆွဲနှုတ်ခြင်း

 

              


 

          ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားမုခ်ဝတွင် ရခိုင်ဝေသာလီခေတ်မှ  ရေးထိုးခဲ့သော ကျောက်စာတိုင်ကြီးတစ်တိုင်ရှိသည်။ ထိုကျောက်စာတိုင်၏ အမြင့်မှာ(၉ ပေ ၄ လက္မ)အကျယ်(၂ ပေ ၄လက္မ) ခန့်ရှိသည်။ ယခု စိုက်ထူထားသည့်အတိုင်းကြည့်မည်ဆိုလျှင် အရှေ့ဘက်၊ အနောက်ဖက်၊ မြောက်ဖက်မျက်နှာများ၌ ကျောက်စာများ ရေးထိုးပါရှိသည်။ တောင်ဖက်မျက်နှာတွင် စာ ရေးထိုးထားခြင်း မရှိပေ။

                ထိုကျောက်စာတိုင်ကြီး၏ အနောက်ဖက်မျက်နှာစာကို အာနန္ဒစန္ဒြမင်းကြီး ရေးထိုးခဲ့သော  ကြာင့် အာနန္ဒစန္ဒြမင်း ကျောက်စာဟုခေါ်သည်။  အနောက်ဖက်မျက်နှာစာ၌ အာနန္ဒစန္ဒြမင်းကြီးသည် ရခိုင်ဝေသာလီတွင် သင်္ဂါယနာမတင်မီ ကြိုတင်ပြင်ဆင်ခဲ့ရပုံများ၊ သင်္ဂါယနာတင်နေစဉ် ဆောင်ရွက်ခဲ့ရပုံများ၊ သင်္ဂါယနာတင်ပြီးသည့်အခါ  ပြုလုပ်ခဲ့ရသည့် လုပ်ငန်းစဉ်များနှင့် ထိုမင်း၏ မျိုးရိုးစဉ်ဆက် ဘေးလောင်းတော် ဘိုးလောင်းတော်မင်းအမည်များကို ရေးထိုးမှတ်တမ်းတင်ထားသည်။ ထို့အပြင် နိုင်ငံ ရပ်ခြားတိုင်းပြည်မှ သမီးကညာ ဆက်သလာခြင်း၊ ချစ်ကြည်ရေး မဟာမိတ်ဖွဲ့ရန် ရောက်လာကြခြင်းများကိုအသေးစိတ် ရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာလည်းဖြစ်သည်။

              အာနန္ဒစန္ဒြမင်းကျောက်စာသည် ပါဠိ-သက္က္တတရောဘာသာ၊ ဒေ၀နာဂရီပွားအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သည်။ အာနန္ဒစန္ဒြမင်းကျောက်စာတွင်  စာကြောင်းရေ (၇၃)ရှိပြီး၊ ဂါထာအားဖြင့် (၆၅) ပုဒ်ရှိသည်။ ဂါထာ(၄၅)နှင့် ဂါထာ(၄၆) ကြားတွင် စကားပြေ တစ်ပိုဒ်ပါရှိပြီး၊ ဂါထာ(၆၂)နှင့် ဂါထာ(၆၃)ကြားတွင် (အပရံစ) စာကြောင်းတို တစ်ပါဒ ပါရှိသည်။ မင်းဆက်အားဖြင့် (၃)ဆက်ရှိပြီး၊မင်းပေါင်း (၃၇)ပါးရှိသည်။ ကျောက်စာပါ မင်းဆက်(၃) ဆက်၏ နန်းစံနှစ်ပေါင်းမှာ ( ကျောက်စာအရ )နှစ်ပေါင်းသည် (၁၄၁၈- နှစ်၊ ၉- လ)  ဖြစ်သည်။

                ပထမမင်းဆက်မှာ ဂါထာ(၃)မှ ဂါထာ(၁၇)အထိ ဖြစ်သည်။ ပထမမင်းဆက်၌ မင်း(၁၅)ပါးရှိပြီး၊ ထိုမင်းတို့၏နန်းစံကို ဂါထာ(၁၈)တွင် “တစ်ထောင်နှစ်ထက် ဆယ်ခြောက်ခါပိုသည်”ဟု ရေးထိုးပါရှိသည်။ ဒုတိယမင်းဆက်သည် ဂါထာ (၁၉) မှ ဂါထာ(၃၁)အထိဖြစ်သည်။ ဒုတိယမင်းဆက်တွင် မင်း(၁၃)ပါးရှိပြီး၊ ထိုမင်းတို့၏ နန်းစံနှစ်ကို ဂါထာ(၃၂)တွင် “တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” ဟု ရေးထိုးပါရှိသည်။ တတိယမင်းဆက်မှာ ဂါထာ(၃၃)မှ ဂါထာ(၄၅) ထိဖြစ်သည်။ တတိယမင်းဆက်တွင် မင်းကိုးပါးရှိပြီး၊ ထိုမင်းတို့၏ နန်းစံနှစ်ကို စာရင်းချပေါင်းကြည့်ရာ “၁၂၈ နှစ် -၉ လ ” ဖြစ်သည်။ ကျောက်စာအောက်ြေ ခပါ စာကြောင်းရေ (၇၂) တွင် အောင်မြင်စွာပြီးမြောက်ကြောင်းရေးထိုးထားပြီး၊ စာကြောင်းရေ(၇၃)တွင် ကျောက်စာရေးထိုးသည့်ခုနှစ်ကို (ဧကာဒဂါမဗ္ဒေ- ၁၁ ခုနှစ်) ဟုရေးထိုးပါရှိသည်။ ဤကား အာနန္ဒစန္ဒြမင်းကျောက်စာအကြောင်း သိမှတ်စရာအကျဉ်းတည်း။        

       အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက် နှင့် တတိယမင်းဆက်ပါ မင်းတို့၏ မျိုးရိုး အနွယ်ကို ဂါထာ(၃၂)နှင့် ဂါထာ(၄၂)တွင် “ဤဂါနွယ” ဟု ရေးထိုးဖော်ပြထားသည်။ “ဤဂါနွယ” စကား ရပ်ကို “သီဝနတ်မင်းအနွယ်” ဟု ဖော်ပြခဲ့သူမှာ အင်္ဂလန်နိုင်ငံ အောက်စဖို့စ့်တက္ကသိုလ်၊ ဘေလီယော  ကောလိပ်မှ အရှေ့တိုင်းပညာရပ်ဆိုင်ရာပါမောက္ခ အီး အိပ်ခ်ျ ဂျွန်စတင် ဖြစ်သည်။ သူသည် (၁၉၄၂)ခု  နှစ် အောက်တိုဘာတွင် ကွယ်လွန်ခဲ့လေသည်။  

                 ဂျွန်စတင်ကွယ်လွန်သွားသည့်အခါ  အာနန္ဒစန္ဒြမင်းကျောက်စာ  စာမူသည် စာကြမ်းအဖြစ်  ရှိနေခဲ့ပြီး၊  ၄င်းစာတမ်းကို ဘေလီယောကောလိပ်မှ တာဝန်ရှိသူများက ပါမောက္ခ ဆာ ရစ်ချစ်ဘန်း နှင့်  ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်) ၏ အကူအညီဖြင့် စာချောအဖြစ် တည်းဖြတ်ကာ “Bulletin of the School  of Oriental and African Studies, University of London,Vol.11,No.2,စာအုပ်တွင် (P 357-385.)  ၌ “Some Sanskrit Inscriptions of Arakan.” ခေါင်းစဉ်ဖြင့် (၁၉၄၄) နှစ်တွင် ထည့်သွင်း ထုတ်ဝေခဲ့ ပေသည်။

                ဂျွန်စတင်စာတမ်း (စာမျက်နှာ ၃၈၀၊၃၈၁) ၌် အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၃၂)နှင့် ဂါထာ  (၄၂) ပါ “ဤဂါနွယ” ဟူသော စကားရပ်မှ (ဤဂါ) ကို “Śiva =သီဝနတ်” ဟု အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့သော  ကြောင့်  ရခိုင်ေ ၀သာလီမှ အာနန္ဒစန္ဒြမင်း ကျောက်စာပါမင်းတို့ သည် သီဝနတ်မင်းအနွယ်မှ ဆင်းသက်  လာကြသူများဖြစ်သွာြး ကသလို၊  ဗြဟ္မဏအယူရှိသော ဟိန္ဒူမင်းများအဖြစ် သတ်မှတ်ခံလိုက်ကြရသည်။  

                ယင်းနောက်တွင်ကား အာနန္ဒစန္ဒြမင်းသင်္ဂါယနာတင် မော်ကွန်းကျောက်စာနှင့် ပက်သက်၍  ဆောင်းပါးရေးသူ၊ စာတမ်းဖတ်သူ ပေါ်ပေါက်လာကြသည်။ ဆရာမွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်  တွင် “သျှစ်သောင်း ဘုရားမှ သက္ကတကျောက်စာတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးမင်းသု  ၀ဏ် ၁၉၅၁-၅၂ နှစ်ထုတ်  ဓည၀တီမဂ္ဂဇင်းတွင် “အာနန္ဒစန္ဒြ-ရှစ်ရာစုခေတ် ရခိုင်မင်းတစ်ပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးအောင်သာဦးလည်း ၁၉၆၆ ခုနှစ်ထုတ် ရခိုင်ယဉ်ကျေးမှုစာစောင်၊ ဝေသာလီခေတ်၊အတွဲ(၁)၊ အမှတ်(၁)၊ (စာ-၁၃ )တွင်  “အာနန္ဒစန္ဒြကျောက်စာတိုင်” ဟူ၍လည်းကောင်း၊မန္တလေး ၀ိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ပါဠိဌာနမှ  ဆရာကြီးဦးမြင့်ဆွေ( သက္ကတ )သည်  ၁၉၆၈ ခုနှစ် တတိယအကြိမ်မြောက် သုတေသနေ ဆွးနွေးပွဲ တွင် အာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းကို စာတမ်းဖတ်ခဲ့သည်။

                ထိုစာတမ်းကို ၁၉၆၉ ခုနှစ်ထုတ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်  အတွဲ၂၊အမှတ် ၃၊(စာမျက်နှာ-၁)တွင် “အာနန္ဒစန္ဒြသက္ကတကျောက်စာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီး ဦးစံသာေ အာင်လည်း ၁၉၇၅ ခုနှစ် “ အာနန္ဒစန္ဒြရှစ်  ရာစု ရခိုင်ဝေသာလီမင်း” ဟူသော စာအုပ်၌လည်းကောင်း၊ ဒေါက်တာသန်း ထွန်းမှ လည်း(၁၉၆၆)ခုနှစ် ခေတ်ဟောင်း မြန်မာရာဇ၀င်စာအုပ်၊ စာမျက်နှာ(၆၅)၌ “ ရခိုင်ခေတ်ဦး”ေ ခါင်းစဉ်ဖြင့်လည်းေ ကာင်း၊ အခြားသော ပြည်တွင်း/ ပြည်ပ သုတေသီတစ်ချို့တို့သည်လည်းကောင်း သီဝနတ်မင်း အနွယ်က ဆင်း သက်လာ သူများ ဟု ရေးသား ဖော်ပြခဲ့ကြသည်။ 

 ယနေ့အထိလည်း အာနန္ဒစန္ဒြမင်းကျောက်စာကို လေ့လာလိုက်စားသူ သုတေသီတို့သည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာကြသူများဖြစ်သည်ဟု ပါမောက္ခဂျွန်စတင်၏ရေးခဲ့သည့်မူအတိုင်း အများအားဖြင့် လက်ခံထား ကြသည်။

 

              ဝေသာလီခေတ်တစ်ခေတ်လုံး၌ ရခိုင်ပြည်နယ်အနှံ့ ရခိုင်ဝေသာလီမင်းတို့ ရေးထိုးမှတ်တမ်း တင်ခဲ့ကြသော  ဗုဒ္ဓဘာသာဝင်တို့၏ အဆီအနှစ် ဂါထာတော်ဖြစ်သည့် “ယေဓမ္မာဟေတုပြဘ၀ါ” အစချီရေးထိုးထားသောမြောက်များစွာ ကျောက်စာများသည်လည်းကောင်း၊ ရခိုင်ဝေသာလီမင်းတို့ တည် ထားခဲ့သော “စတူပါစေတီ” များစွာတို့သည်လည်းေ ကာင်း၊ နီတိစန္ဒြမင်းနှင့် မိဖုရား သာဝီတာစန္ဒြ ဒေ၀ီ  တို့ လှူဒါန်းခဲ့သော “ပိဋကတော်ဓမ္မအလှူကျောက်စာ” (ဝေသာ လီ) သည်လည်းကောင်း၊ သာဝီတာစန္ဒြဒေ၀ီ လှူဒါန်းခဲ့သော “ပိဋကတော်အလှူ ကျောက်စာ” (သံတွဲ) သည်လည်းေ ကာင်း၊ ၀ီရစန္ဒြမင်း တည်ထား  လှူဒါန်းခဲ့သော “စေတီပေါင်းအဆူတစ်ရာ ကျောက်စာ” သည်လည်းကောင်း၊ ဘူတိစန္ဒြ မင်း တည်ထားခဲ့သော " မြတ်စွာဘုရား ဆင်းတုတော် ကျောက်ဖြူ ကျောက်စာ" သည်လည်းကောင်း၊ ရခိုင်ဝေသာလီေ ခတ်ရေး  ထိုးခဲ့သော ကြေးနီပြား စာရှေ့ဘက် စာကြောင်းရေ(၁၀)ပါ၊ အနယ်နယ် အရပ်ရပ်မှ ကြွရောက်လာသော ရဟန်းသံဃာ တော်များအား “ဇေတ၀န်ကျောင်းတော်များ” ဆောက်လုပ်လှူဒါန်းခြင်း တို့သည် လည်းကောင်း၊ တောင် ကုတ်မြို့နယ် အိုးထိန်းရွာ၊ “စေတီတည်ကျောက်စာ” သ ည်လည်းကောင်း၊ တစ်ပိုင်းကျိုး စေတီတည်ကျောက်စာ (ဝေ သာလီ)ကျောက်စာ၊ ဝေသာလီဘုရားကြီးကျောကုန်းပါ “ယေဓမ္မာကျောက်စာ” သည်လည်းကောင်း၊ စတုပါေ စတီေ ကျာက် စာများစွာတို့သည်  “ဤဂါနွယ” စကားရပ် ကို “သီဝနတ်မင်းအနွယ်” ဟု ဖော်ပြခဲ့မှုကြောင့် ဗုဒဘာသာဝင် ရခိုင်ဝေသာလီမင်းတို့သည် သီဝနတ်ကိုးကွယ်သော မင်းများဖြစ်သွားရကြပြီး၊ ထိုစကားရပ်အောက်တွင် ဗြဟ္မဏ အယူ ရှိသောမင်း၊ ဟိန္ဒူမင်းများဖြစ်ကြသည်ဟု လွဲမှားစွာသမိုင်းရေးထိုး ကောက်ချဆွဲ ခံလိုက်ရပေသည်။

 

          (စကားလုံးတစ်လုံး၏ အကျိုးသက်ရောက်မှုကား ကြောက်မက်ဖွယ် သမိုင်းသင်ခန်းစာတည်း။)

 

               ကျွန်တော်၏ လေ့လာတွေ့ရှိချက်များကိုတင်ပြရသော် အာနန္ဒစန္ဒြမင်းကျောက်စာပါ စန္ဒြဘွဲ့  ခံမင်းများသည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာသူများမဟုတ်ကြောင်းနှင့် ဗြဟ္မဏ အယူဝါဒရှိသူ များမဟုတ်ဘဲ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများသာဖြစ်ကြောင်း အာနန္ဒစန္ဒြမင်းကျောက်စာကိုပင်  သက်သေအဖြစ် အကိုးးအကားပြု၍ ရှင်းလင်းတင်ပြသွားပါမည်။ 

 

                        အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ(၄၆-၄၇ )၊ ဂါထာ(၄၆) ၌ ပါရှိသော 

 

 
 

“အာနန္ဒောဒယနာမနော ၀ိဟာရနေက ကာရိတး= အာနန္ဒောဒယအမည်ရှိသော ကျောင်းပေါင်းများစွာကို တည်ဆောက်သည်” ဟူသောစကားရပ်။

                ကျောက်စာကြောင်းရေ (၄၇-၄၈ ၊ ဂါထာ (၄၇) တွင်

 


 

 “ သုဂတဗောဓိသတွာနာံ (စု)န္ဒာဒီနာံစဂတ္တိတး၊ပြတိမာဓာတုမစ္စဲတျား ကာရိတာရော်က္မ ရာဇတား။ = ရွှေငွေရ တနာတို့ဖြင့်  မြတ်စွာဘုရားဆင်းတုကို လည်းကောင်း၊ ဘုရားလောင်းဆင်းတုကိုလည်း ကောင်း၊ စုန္ဒာမထေရ်ဆင်း တုများကိုပြုလုပ်ပြီး၊ ဓာတ်တော်စေတီများကို မိမိစွမ်းအားရှိသလောက် တည်ထားတော်မူသည်။ ” ဟူသောစကားရပ်။

 

                ကျောက်စာကြောင်းရေ (၄၈-၄၉ ) ၊ ဂါထာ (၄၈) တွင်ပါရှိသော

 


 

         “မုနီန္ဒြသျ- မဟာမုနိ (၀ါ)မုနိအပေါင်းတို့၏ဦးသျှောင် (၀ါ) မုနိအပေါင်းတို့၏အကြီးအကဲဖြ စ်တော် မူသော၊ ဗိမ္ဗာနိ-ဆင်းတုတော်များကို၊ ရီတီ- ကြေးဝါဖြင့်လည်းကောင်း၊ ကာင်္သ-ကြေးဖြူဖြင့်လည်းကောင်း၊ တာမြ-ကြေးနီ တို့ဖြင့် လည်းကောင်း၊ မယာနိ-သွန်းလုပ်စေသည်။ သံချာ-အရေအတွက်၊ ဘာရ-အလေးချိန် အတိုင်းအတာ၊ ပြမာဏ- တူညီအောင်၊ ကာရိတာနိ-ပြုလုပ်စေသည်။ ” ဟူသော စကားရပ်။

 

              ကျောက်စာကြောင်းရေ (၄၉-၅၀ )၊ ဂါထာ (၄၉) တွင် ပါရှိသော

 


  “ဒါရုစ - သစ်သားဖြင့်လည်းကောင်း၊  ပုသ္တ -ရွံ့၊  အင်္ဂတေ တို့ဖြင့်လည်းကောင်း၊ ဂဲလာသ်စ -  ကျောက်ဖြင့် လည်းကောင်း၊ တထာ - ထိုသို့သော၊ သုဂတ -မြတ်စွာဘုရားရှင်၏၊  ပြတိမား - ဆင်းတုတော်၊ အနေကာ- မြောက်များစွာကို၊ သော်များ -  အလွန်တင့်တယ်သပ္ပာယ်အောင်၊ စိတြိတား- ဆေးရေးခြယ်သကာ၊ သာဓု- ကောင်းမွန်စွာ၊ ကာရိတာ-ပြုလုပ်လေသည်။” ဟူသော စကားရပ်။

           

   ကျောက်စာကြောင်းရေ (၅၀-၅၁ ) ၊ ဂါထာ (၅၀) တွင် ပါရှိသော

 


 

“စဲတျ- စေတီ၊ သံချာနိ- အရေအတွက်များစွာကိုလည်းကောင်း၊ မတ္ပဟာ-ရွံ့ဖြင့်ပြုလုပ်မီးဖုတ်ထားသော၊ ဗိမာနိ-ဆင်းတုတော်များကိုလည်းကောင်း၊ ကမဏး-အသွင်သဏ္ဍာန်အတူတူ၊ကတ-ပြုလုပ်လေ၏။သတာ-သူတော် ကောင်းဖြစ်သော မင်းကြီးသည်)၊ သဒ္ဓမပုသ္တကာဂ္စာ- မြတ်ဗုဒ္ဓဒေသနာ ပိဋကတ်ကျမ်းဂန်၊ ဗဟုဂး- အစုံများစွာကို၊ လေခိတာ-ရေးကူးလေသည်။” ဟူသော စကားရပ်သည်လည်းကောင်း။

 

               ကျောက်စာကြောင်းရေ (၅၁-၅၂ ) ၊ ဂါထာ (၅၁) တွင် ပါရှိသော

 


 

           ဘူပေါ-မင်းကြီးသည်၊ အတိဂြဒ္ဓယာ-သဒ္ဓါတရားထက်သန်စွာဖြင့်၊ သော်ဝဏ္ဏရာဇတာပဒ္မါန်- ရွှေကြာ ပန်းေ ငွကြာပန်း၊ အနေကာ-များစွာတို့ကို ၊သဒတ္န-ကောင်းမြတ်သောရတနာများဖြင့်၊ ကဏ္ဏိကာန်-စီခြယ်ပြု လုပ်၍၊ ဂြီဓါတု-ဘုန်းကျက်သရေရှိလှသော မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်တို့ကို၊ နိတျံ-အမြဲတစေ၊ ပူဇာထ-ပူဇော်ခြင်းငှာ၊ အဒါဒ်- ကပ်လှူလေပြီ။” ဟူသောစကားရပ်။

 

             ကျောက်စာကြောင်းရေ (၅၃-၅၄)၊ ဂါထာ (၅၂) တွင်ပါရှိသော

 


 

 

“သုဝိဂုဒ္ဓ- အလွန်စင်ကြည်သော၊ စေတသာ-စိတ်နှလုံးတို့ဖြင့်၊ သဒ္ဓမ-မြတ်ဗုဒ္ဓဒေသနာ ပိဋကတော် ကျမ်းဂန်များကို၊ ပူဇံ- ရွတ်ဖတ်ပူဇော်ကြသည်(၀ါ)သင်္ဂါယနာတင်ကြည်မှာ၊  ဒိနေဒိနေ-နေ့တိုင်းေ န့တိုင်းဖြစ်၏။ သဗဇနာ - လူအပေါင်းတို့အား၊  တဏ္ဍကာန္ဗဟူန် - များစွာသောလယ်မြေတို့ကိုလည်း ၊ ပြဟပး - ရွင်လန်း စွာဖြင့်၊ ဒဒေါ်- ပေးကမ်းစွန့်ကြဲလှူဒါန်းသည်။ အနုမောဒိတာ-၀ မ်းမြောက်ဝမ်းသြာ ဖစ်ကာ ကောင်းချီးေ ပးကြ၏။ နရာဓိပေါ- အာနန္ဒစန္ဒြမင်းသည် ၊ ဓမကထာ -  ဗုဒ္ဓမြွက်ကြား မြတ်တရား ကို၊  နုရာဂတး -  အလိုရှိသူ၊  ပြိတိ - နှစ်သက် သူဖြစ်သည်။” ဟူသောစကာရပ်။

 

               ကျောက်စာကြောင်းရေ ( ၅၄-၅၅)၊ ဂါထာ(၅၃) တွင်ပါရှိသော

 


 

“နာနာဒေဂါ-အနယ်နယ်အရပ်ရပ်မှ၊ အာဂတာနာံ-သင်္ဂါယနာတင်ရန် ပင့်ဖိတ်ကြွရောက်လာကြ ကုန်သော၊ အနေကာ-များစွာလှသော၊ ဘိက္ပူဏာံ-ရဟန်းသံဃာတော်တို့အား၊  သန္နေတြစီဝရာဏိစ-ေ ကာင်းမြတ်ေ သာ သင်္ကန်းေ တ်ာတို့ကိုလည်းကောင်း၊ လော်ဟပါတြာဏိ-ကြေးဖြင့်ပြုလုပ်သော သပိတ်၊ ခွက်တို့ကိုလ ည်းကောင်း၊ ဂေါ်ရ၀ါဒ်- ကြည်ညို သဒ္ဓါပွါးများကာ ရိုသေလေးမြတ်စွာဖြင့် ၊ ဒဒေါ်-ပေးလှူတော် မူလေသည်။” ဟူသော စကားရပ်

 

              ကျောက်စာကြောင်းရေ (၅၇-၅၈)၊ ဂါထာ (၅၆) တွင် ပါရှိသော

 


 

“ဒွိဇာဝါသေ-ဗြာဟ္မဏပုဏ္ဏားတို့နေထိုင်ရာ၊ သောမတီထ-အရပ်၌၊ သင်္ဂါယနာတင်ပြီးသောအခါ မြတ်ဗုဒ္ဓ၏ တရားတော်များဖြစ်သော ပိဋကတ်များကို  စနစ်တကျ သိမ်းဆည်းထားရန်  အလိုငှါမဌဂ္စါနန္ဒမာ ဓ၀းနာမာ ပိ-မာဓ၀းအမည်ရှိသော ဓမ္မဘဏ္ဍာတိုက်(၀ါ) ပိဋကတ်တိုက် အဆောက်အအုံကိုလည်းကောင်း၊ အာနန္ဒေ ဂွရနာမာပိ-ဘုရင်ဓမ္မဘဏ္ဍာတိုက် (၀ါ)ဘုရင်ပိဋကတ်တိုက် အဆောက်အအုံကိုလည်းကောင်း၊ နော် လက္ကေ-အရပ်၌ ၊ (ဆောက်လုပ်လေသည်)၊ သ္မတး- မှတ်သားကြလေ။” ဟူသော စကားရပ်။

 

               ကျောက်စာကြောင်းရေ (၆၀-၆၁)၊ ဂါထာ (၅၉) တွင် ပါရှိသော  

 
 

"ပဏ္ဍိင်္ဂသောမာဟွယ-ပညာရှိများအရပ်မည်သောနေရာ၌လည်းကောင်း၊ သံဃသံဇိကော်-သံဃာတန်းေ ခ်ါသော အရပ်၌လည်းကောင်း၊ မနာပ-အလွန်တင့်တယ်သော၊ ၀ါပျော-ရေကန်များကို ၊ဘူပတိး-မင်းကြီး သည်၊  နိဇခါန-တူးဖေါ်လေ၏။" ဟူသော စကားရပ်

 

ကျောက်စာကြောင်းရေ (၆၂-၆၃-၆၄)၊ ဂါထာ (၆၁)တွင် ပါရှိသော


 “ဘူပေန-အာနန္ဒစန္ဒြမင်းကြီးသည်၊ ဘိက္ပာယသံဃသျဟိနာယိတာနိ- ဟိနယာနရဟန်းသံဃာတော် များနှင့်၊ ဓမသနံ- တရားဟောပလ္လင်၊ နေတြောဇွလစီဝရာဏိ- တောက်ပြောင်သော ပိုးသင်္ကန်းများ ၊ဟသ္တိနိကော တ္တမဲကာ- ကောင်းမြတ်သော ဆင်မယာဉ်သာတစ်ကောင်ကို၊ ဂိလာမေဃနရာဓိပသျ- သီဟိုဠ်မင်း၏ ၊ ဒေဂေ- အရပ်ဒေသ (၀ါ) တိုင်းပြည်သို့ ၊( ပြန်လည်ပို့ဆောင်တော်မူသည်။)” ဟူသော စကားရပ်

 

               ကျောက်စာကြောင်းရေ (၆၆-၆၇-၆၈)၊ ဂါထာ (၆၃) တွင်ပါရှိသော

 

 “အာနန္ဒစန္ဒြက္ပိတိပါထိဝသျ =ကမ္ဘာမြေကို အစိုးရသော အာနန္ဒစန္ဒြမင်းကြီးသည်၊ (ဂြီဓမရာဇဏ္ဍဇ၀ံဂ=သီရိဓမ္မရာဇာ ဓဇ ၀ံသ) ဘုန်းကျက်သရေရှိလှသော တရားအောင်လံစိုက်ထူသည့် မင်းမျိုးရိုး” ဟူသော ကျောက်စာပါ စကားရပ်တို့မှာ

             “ဤဂါနွယ=သီဝနတ်မျိုးနွယ်” ဗြဟ္မဏအယူဝါဒရှိသော ဘုရင်ရေးထိုးသည့် စကားရပ်များလား၊ မြတ်ဗုဒ္ဓအဆုံးအမကို သက်ဝင်ယုံကြည်သော ဘုရင်များရေးထိုးသော စကားရပ်များလားဆိုသည်ကို စာဖတ်သူကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်လိမ့်မည်ဟု ယူဆသည်။

                ထို့ကြောင့် ရခိုင်ဝေသာလီ အာနန္ဒစန္ဒြမင်းသည် ဗြဟ္မဏအယူဝါဒကို လက်ခံပြီး၊သီဝနတ်မင်းကို ကိုးကွယ်သောမင်းဖြစ်သည်ဟုဆိုလျှင် ဗုဒ္ဓဘာသာဝင်မင်းတို့သည်ပင် ပြုလုပ်ရန် စွမ်းနိုင်ခဲသော သင်္ဂါယနာ တင်ခြင်းကို ပြုလုပ်ပါမည်လော စဉ်းစားသင့်ပေသည်။ ထို့အပြင် ရခိုင်ဝေသာလီမင်းတို့သည် သီဝနတ်မင်းကို ကိုးကွယ်သောမင်းများဖြစ်သည်ဆိုလျှင် အလွန်ဂုဏ်ယူဖွယ်ရာကောင်းသော မော်ကွန်းကျောက်စာကိုေ ရးထိုး ရာ၌ ကျောက်စာတစ်ခုလုံးတွင် ဗြဟ္မဏအယူဝါဒသက်ဆိုင်သောစကားလုံးများမပါဘဲ၊ ကျောက်စာတစ်ခု လုံး တွင် ထေရ၀ါဒဗုဒ္ဓအယူဝါဒနှင့်သာ သက်ဆိုင်သော စကားရပ်များ ပါရှိနေခြင်းက ရခိုင်ဝေသာလီမင်းတို့သည် သီဝနတ်မင်းကို ကိုးကွယ်သည့် ဟိန္ဒူမင်းများ မဟုတ်ကြောင်းသက်သေခိုင်လုံနေသည်ဟု ယူဆသည်။

                သို့သော်လည်း တစ်ချို့သော  အာနန္ဒစန္ဒြမင်းကျောက်စာကို လေ့လာလိုက်စားကြသော သုတေသီများမှာ ရခိုင်ဝေသာလီမင်းများသည် သီဝနတ်မင်းကို ကိုးကွယ်သော ဟိန္ဒူမင်းများဖြစ်သည်ဟု နိုင်ငံခြားပညာရှင်များရေးသည်သာ မှန်၏၊ ဒေါက်တာ၊ ပါရဂူ၊ ပါမောက္ခများ ရေးထားခြင်းသာမှန်သည်။ ကျောက်စာပါ အကြောင်းအရာများကို မျက်ကွယ်ပြုကာ ယုံကြည်နေကြသူများလည်း ရှိနေဆဲဖြစ်သည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြသော်လည်း ကျောက်စာပါ မူလအကြောင်းတရားများကို သေချာလေ့လာပြီး မှန်ကန်စွာသုံးသပ်စေလိုသည်။

                (ခြွင်းချက်) အာနန္ဒစန္ဒြမင်းကျောက်စာတွင် ဗြဟ္မဏနှင့် ပက်သက်၍ ကျောက်စာကြောင်းရေ (၅၆-၅၇)၊ဂါထာ(၅၅)တွင် အောက်ပါအတိုင်း ရေးထိုးပါရှိခြင်းမှအပ ဗြဟ္မဏနှင့် သက်ဆိုင်သော စကားရပ်များ မပါရှိပေ။         

 

 

အာနန္ဒစန္ဒြမင်းကျောက်စာပါ ဂါထာ(၅၅)၏ အဓိပ္ပာယ်မှာ

“၀ါဒက-တီးမှုတ်ကခုန်သူ၊ ပံစာဂဒ္ဗြာဟ္မဏာ-ဗြာဟ္မဏပုဏ္ဏား(၅၀)တို့အား၊ အာဝါသံ-နေထိုင်ကခုန်ရန်၊ သံယုက္တံ- စပ်အပ်သင့်တော်သော၊ မဌစတုပယမ်-အဆောက်အအုံ(၄)ခုကို၊ ၀ါဒျ-တီးမှုတ်တူရိယာများ၊ က္ပေတြ-လယ်မြေများ၊ ဘတျ-အခိုင်းအစေများနှင့်၊ သမနွိတံ- ပြည့်စုံစွာ၊ ကာရိတံ- စီစဉ် ပြုလုပ်တော် မူလေသည်။” ဟူ၍ ဖြစ်သည်။

အာနန္ဒစန္ဒြမင်းကြီးသည် ရခိုင်ဝေသာလီ၌ သင်္ဂါယနာတင်သည့်အခါ မြို့တော်အတွင်း အတိုင်းတိုင်း အပြည်ပြည် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသောသူများအတွက် ဖြေဖျော်ရန် အဆောက်အဦး (၄)ခု ဆောက်လုပ်ကာ ကချေသည် ဗြဟ္မဏပုဏ္ဏား(၅၀)တို့အား အတီးအမှုတ်တူရိယာစုံလင်စွာဖြင့် နေရာချေ ပးထားသည်။ သင်္ဂါယနာတင်သည့်အခါ အချိန်ကာလ ကြာမြင့်မည်ဖြစ်သောကြောင့် ကချေသည်များသည် ကာလရှည်စွာ တီးမှုတ်ကခုံကြမည်ဖြစ်သဖြင့်  ထိုဗြဟ္မဏပုဏ္ဏား(၅၀)တို့အတွက် စားရေးသောက်ရေး အဆင်ပြေစေရန်၊ လယ်မြေများပေးလှူကာ ထိုလယ်မြေများကို ထွန်ယက်စိုက်ပျိုးရန်လည်း ကျွန်များကိုပါ တပါတည်း ပြည့်စုံစွာ ပြုလုပ်ပေးခြင်းကို ရေးထိုးပါရှိသည်မှအပ ဗြဟ္မဏအယူဝါဒနှင့် သက်ဆိုင်သော စကားရပ်များ မပါရှိပေ။        

   အာနန္ဒစန္ဒြမင်းကျောက်စာ၌ “ဂဲဝ=သီဝ” ဟူသော စကားလုံး ရေးထိုးပါရှိသည်။ယင်းမှာ ကျောက်စာေ ကြာင်းရေ (၆၈-၆၉)၊ ဂါထာ(၆၄)၌ အာနန္ဒစန္ဒြမင်းထံသို့ ချစ်ကြည်ရေး မဟာမိတ်ပြု ရန်ရောက်လာသော မင်း၏ မျိုးရိုးအနွယ်ကို ဖော်ပြရာတွင် အောက်ပါအတိုင်း  သုံးနှုန်းရေးထိုးထားသည်။ 

 

 
 

အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ(၆၈)ပါ စကားရပ်၌ သီဝနတ်မင်းကို ရှေးကသုတေသီများ ရေးသားဖော်ပြခဲ့ကြသလို “ဤဂါ” ဟု  မရေးထိုးဘဲ “ ဂဲဝ=သျှဲဝ=သီဝ ” ဟု ရေးထိုးထားသောကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၃၂ ) နှင့် ဂါထာ( ၄၂) ပါ “ ဤဂါ ” ဟူသော စကားရပ်မှာ သီဝနတ်ကို ဆိုလိုခြင်းမဟုတ်ကြောင်း၊ မင်းမျိုးမင်းနွယ်၊ အုပ်ချုပ်သူဘုရင် ကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။  

               “ဤဂါနွယ” သီဝနတ်မျိုးနွယ်ကို ဆိုလိုခြင်းမဟုတ်ကြောင်း ကျမ်းဂန်အလို ဆက်၍ရှင်းအံ့။

မြန်မာနိုင်ငံတွင် သက္ကတစာပေနှင့်ပက်သက်၍ သက္ကတသဒ္ဒါကျမ်းနှင့်သင်ရိုးညွှန်းတမ်းများကို ရေးသားခဲ့သော ဆရာကြီးဦးမြင့်ဆွေ-သက္ကတ၊ (မဟာဝိဇ္ဇာ-လန်ဒန်)ရေးသားခဲ့သော၏ သက္ကတသဒ္ဒါကျမ်း စာမျက်နှာ

(၃၀၄) တွင် “ဤဂါ” ၏ အဓိပ္ပာယ်ကို (မင်း ၊ အုပ်ချုပ်သူ) ဟုဖော်ပြထားပြီး၊ (စာမျက်နှာ ၃၁၈) တွင် သီဝနတ် ကို “ဂီဝ” ဟုရေးသားဖော်ပြထားသည်။

သီဝနတ်ကို အာနန္ဒစန္ဒြမင်းကျောက်စာတွင် ရေးထိုးပါရှိသော  စကားလုံးနှင့် ဆရာကြီးဦးမြင့်ဆွေ သက္ကတ သဒ္ဒါကျမ်း၌ ဖော်ပြသော စကားလုံးနှစ်လုံး၏ ကွဲလွဲချက်မှာ ကျောက်စာတွင် “ဂဲဝ=သျှဲဝ=သီဝ” ဟုရေးထိုးထားပြီး၊ သက္ကတသဒ္ဒါကျမ်းတွင် “ဂီဝ=သီဝ” ဟုရေးထိုးထားခြင်းဖြစ်သည်။ ဤကား “ဤဂါ” နှင့် “ဂီဝ” စကားရပ်၏  သက္ကတသဒ္ဒါကျမ်းအလိုတည်း။        

         နောက်တစ်ခါ “ဤဂါနွယ”စကားရပ်ကို ပါဠိသို့ပြောင်းလျှင် “ဤသနွယ=ဤသ+အနွယ”ဖြစ်သည်။ ပါဠိလို  “ဤသ” ဟူသောစကားရပ်ကို  အနက်အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင် ဆရာကြီးဦးဟုတ်စိန်ရေးသားသော ပါဠိမြန်မာအဘိဓာန်(စာ-၁၉၇)၌ “ဤသ= အစိုးရသောသူ၊ မင်း၊” ဟူ၍လည်းကောင်း၊စာမျက်နှာ(၈၄)တွင်  “အနွယ”ကို  မျိုးရိုးအနွယ်” ဟူ၍လည်းကောင်း ဖွင့်ဆိုထားသည်။

ယင်း ပါဠိအဘိဓာန် စာမျက်နှာ (၁၉၇)တွင် သီဝနတ်မင်း ကို ပါဠိအလိုအားဖြင့်  “ဤသာန”ဟုသာ ဖော်ပြထားသည်။ “ဤဂါ= သီဝနတ်ဟု ဖော်ပြမထားပါ။  

 


 

ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာ ဂါထာ (၃၂) နှင့် ဂါထာ(၄၂) တို့တွင် ပါရှိသော “ဤဂါနွယ” စကားလုံး၏အဓိပ္ပါယ်မှာ သက္ကတအလိုအားဖြင့်သော်လည်းကောင်း၊ ပါဠိအလိုအားဖြင့်သော်လည်းကောင်း မင်းမျိုးမင်းနွယ်၊ အုပ်ချုပ်သူဘုရင် မျိုးရိုးကို ဆိုလိုခြင်းဖြစ်ကြောင်း ပညာရှင်ဆရာကြီးများ ရေးသား ထားသော အဘိဓာန် ကျမ်းဂန်များကလည်း သက်သေခံနေသည်။

               စာရေးသူ၏ထင်မြင်ချက်ကို ရေးရလျှင် (ဤဂါနွယ) စာလုံးကို  (ဤဿန =ဤဂါန) ဟုထင်မြင်ယူချက်ကာ သီဝနတ်မင်း ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ကြခြင်းဖြစ်မည်ဟု ယူဆမိပါသည်။

ရခိုင်သမိုင်းတွင် ဝေသာလီမင်းတို့၏ အသဲနှလုံးထဲ၌ နက်ရှိုင်းစွာ စူးဝင်နေသော သီဝနတ်မင်း မျှားစူးကို  ကျောက်စာအထောက်အထားများ၊ သက္ကတအဘိဓာန်ကျမ်း၊ ပါဠိအဘိဓာန်ကျမ်း အကိုးအကားများဖြင့်  ဆွဲနှုတ်တင်ပြလိုက်ရပါသည်။              

 

      

မောင်ဖြူ(ကြွီတဲကျွန်း)

21.5.2021

 

ကိုးကား-

၁။ ရန်ကုန်တက္ကသိုလ်။(၁၉၅၆)။ မြန်မာတိုင်းရင်းကျောက်စာများ။စတုတ္ထထုပ်၊

၂။ အောင်သာ၊ဦး။(၁၉၆၆) ။ ရခိုင်ယဉ်ကျေးမှု ဝေသာလီခေတ်၊ အတွဲ ၁၊ အမှတ် ၁။ ရန်ကုန်မြို့၊ လမ်းညွှန်စာပေ။

၃။ မြင့်ဆွေ၊ဦး။  ပါဠိဌာန။ (၁၉၆၉)။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊ ၀ိဇ္ဇာနှင့်သိပ္ပံ

                            တက္ကသိုလ်။ အတွဲ-၂ ၊ အမှတ်- ၃။ ရန်ကုန်၊ ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်။           

၎။သန်းထွန်း။Ph.D(London)။- (၁၉၆၉)။ ခေတ်ဟောင်းမြန်မာရာဇ၀င်။ (ဒု-ကြိမ်)။ ရန်ကုန်မြို့၊မဟာဒဂုံစာပေ။

၅။ စံသာအောင်၊ဦး။(မဟာဝိဇ္ဇာ-ဟားဗတ်)။- (၁၉၇၅)၊ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း။ရန်ကုန်မြို့။

၆။ မြင့်ဆွေ၊ဦး။မဟာဝိဇ္ဇာ(လန်ဒန်)။- (၁၉၈၃)။ သက္ကတသဒ္ဒါကျမ်း။ ရန်ကုန်မြို့။သာသနာရေးဦးစီးဌာန။

၇။ ဟုတ်စိန်၊ဦး၊ (ဘီအေ-ဂုဏ်ထူး၊ဘီ အယ်)။ (၁၉၉၉)။ ပဒတ္ထမဉ္ဇူသာ ဟူသော ပါဠိမြန်မာအဘိဓာန်။ ပြန်လည်ပုံနှိပ်ခြင်း၊ ရန်ကုန်မြို့၊ သာသနာရေးဦးစီးဌာန။

၈။ E.H.Johnston,1944, Bulletin of the School of Oriental and African Studies, University of London,Vol.11,No.2,P 357-385.Some Sanskrit Inscriptions of Arakan.”

 

 

 

 

 

 

 

 

     

 
 
 
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

No comments:

Post a Comment