အာနန္ဒစန္ဒြကျောက်စာတွင် ဖတ်၍မရလောက်အောင်
ပျက်စီးသွားသည့် စာကြောင်း ၃ ကြောင်းရှိ နေသည်။
၎င်းစာကြောင်းတို့မှာ အစဆုံး စာကြောင်းများဖြစ်သော စာကြောင်းရေ (၁-၂-၃) ပင် ဖြစ်ပေသည်။ ထိုအစ စာကြောင်းရေ ၃ ကြောင်းတွင်
တစ်လုံးစ နှစ်လုံးစသာ ဖတ်၍ရကြပါသည်။ ယခင်ပညာရှင်များသည် အက္ခရာတစ်လုံးစ နှစ်လုံးစ ဖတ်၍ရသည်ဟုဆိုခဲ့ကြသော်လည်း
အက္ခရာစာလုံးများကို ရေးသားဖေါ်ထုတ်မပြနိုင် ခဲ့ကြပါပေ။ ပါမောက္ခဂျွန်စတင်နှင့် ဆရာကြီးဦးစံသာအောင်တို့
မှ အာနန္ဒစန္ဒြကျောက်စာ အစစာကြောင်း ၁-၂-၃ ကို အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ကြသည်ကိုတွေ့ရပါသည်။(
ပုံ-၁)
(ပုံ-၁)
ကျွန်တော်သည်
အာနန္ဒစန္ဒြကျောက်စာ အစစာကြောင်းများဖြစ်သော စာကြောင်းရေ ၁-၂-၃ ကို
ဖတ်ချင်သော ကြောင့်
ဤသို့ ပြုလုပ်ကာ ဖတ်ရှုနိုင်အောင် ကြိုးစားမိပါသည်။ စာကြောင်းရေ ၁-၂-၃ မင်ကူးဓါတ်ပုံမူကို
ကွန် ပျူတာထဲထည့်ကြည့်ပြီး ပီပြင်ထင် ရှားသော
စာလုံးများကို အပေါ်မှထပ်ကာ မူလစာလုံးပုံ အက္ခရာအတိုင်း ကွန်ပျူတာဖြင့် ရေးဆွဲလိုက်ပါသည်။
မပီပြင် မထင်ရှား မသဲကွဲသော အက္ခရာစာလုံးများကို (-) ဟု ပြပြီး ရေးချလိုက်ပါသည်။ထိုအခါ
အောက်ပါအတိုင်းဖြစ်လာပေသည်။ ပုံ-၂ ကိုရှုပါ။
နောက်တစ်ခါ
အပေါ်မှထပ်၍ ကွန်ပျူတာဖြင့် ထပ်ကာ ရေးထားသောစာလုံးများကို ခွါချလိုက်သောအခါ အောက် ပါအတိုင်း
အက္ခရာစာလုံးများကို ရလာပေသည်။ ထိုရလာသော ကျောက်စာပါအက္ခရာများကို ယနေ့သုံးအက္ခရာဖြင့်
ဖလှယ် လိုက်သောအခါ စာလုံးများကို အောက်ပါအတိုင်းမြင်လာရပေသည်။ (ပုံ-၃) ရှုပါ
(ပုံ-၃)
စာကြောင်းရေ
(၁-၂-၃) ကို မိမိစွမ်းသလောက် ဖတ်ကြည့်ခြင်း
စာကြောင်းရေ
(၁) တွင် ( နွယ=အမျိုးအနွယ်) နှင့် (ဇတွာ= စံစားသော၊ခံစားသော၊အုပ်ချုပ်သော ) စကားလုံးသာဖေါ်နိုင်ခဲ့ပါသည်။အခြားသော စာလုံးများကို
ဆက်စပ်၍ အဓိပ္ပါယ်ကို ကျွန်တော် မဖေါ်နိုင်ခဲ့ပါ။
စာကြောင်းရေ(၂)
တွင် ( တြိလောက= သုံးလောက၊ လူ နတ် ဗြဟ္မာ
) စကားလုံးတစ်လုံးသာ ဖေါ်နိုင် ခဲ့ပါသည်။ ကျန် (က္တော) စာလုံးနှင့် (ဓိ) စာလုံးကို
အဓိပ္ပါယ်မဖေါ်နိုင်ခဲ့ပါ။
စာကြောင်းရေ(၃)
တွင် အစစာလုံးများဖြစ်သော (ကျာ-တြာ-ထိ---ဓမတး---ကရ------မယ---) စာလုံးများကို မဖေါ်နိုင်ခဲ့သော်လည်း အဆုံးစာလုံး(
ဝိံ- - - ဂတမ် ) = တစ်ရာ ထက် နှစ်ဆယ်ပိုသည်
ဟူသော စာလုံးကိုမူ အဓိပ္ပါယ်ဖေါ်နိုင်ခဲ့ပါသည်။
စာကြောင်းရေသုံးပါ
(၀ိံ- - - ဂတမ်) ရှင်းလင်းချက်
စာကြောင်းရေ(၃)တွင် အဆုံးစာလုံးဖြစ်သော
(ဂတမ်)ကို ဦးစွာရှင်းလင်းတင်ပြပါမည်။ ထို (ဂတမ်)
ဆိုသော
စကားလုံးကို သက္ကတဘာသာမြင့် အဓိပ္ပါယ် ဖွင့်လျှင် (ဂတမ်=တစ်ရာ=၁၀၀) ဖြစ်ပေသည်။ ဤကဲ့သို့
(ဂတမ်=တစ်ရာ=၁၀၀) ဟူသော အသုံးအနှုန်းစာလုံးကို အာနန္ဒစန္ဒြကျောက်စာ၏ အခြားသော ဂါထာများဖြစ်သည့်
(၅-၆-၇-၈ ) စသည့် ဂါထာများတွင်လည်း (ဂတမ်=တစ်ရာ=၁၀၀) ဖြင့် အဆုံးသတ်ထားသည်ကိုတွေ့နိုင်ပေသည်။
(ပုံ-၄)ရှုပါ။
(ပုံ-၄)
နောက်တစ်ခါ ထို (ဂတမ်=တစ်ရာ=၁၀၀)ဆိုသော
စာလုံးရှေ့မှာ (၀ိံ---) ပါသည်ကိုတွေ့ရပေမည်။ ထိုအက္ခရာစာလုံးကို အခြားအလားတူ အက္ခရာစာလုံးပါသော
ဂါထာ(၆-၇) တို့နှင့် တိုက်ဆိုင်၍ အက္ခရာစာလုံး ဖေါ်လိုက် သောအခါ ( ၀ိံ ဂါ ဓိကံ ) ဖြစ်နိုင်သည်ကို
တွေ့ရပေသည်။ ထို (၀ိံဂါ ဓိကံ) ဆိုသော စာလုံးကို အဓိပ္ပါယ် ဖွင့်ဆို လိုက်သောအခါ ( ၀ိ
ံဂါ ဓိကံ= နှစ်ဆယ် ပိုသည်) ဟု အဓိပ္ပါယ်ထွက်လာပေသည်။ ထိုကြောင့် အာနန္ဒစန္ဒြ ကျောက် စာပါ
စာကြောင်းရေ(၃) ၌ မင်းအမည်ကို မဖေါ်ထုတ်နိုင်သော်လည်း ထိုစာကြောင်းရေ(၃) ပါ (၀ိံဂါဓိကံဂတမ်)
သည် မင်းတစ်ပါး နှစ်ပေါင်း (၁၂၀) နန်းစံသွားခဲ့သည်ကို ရေးထိုးခဲ့သည်မှာ ပေါ်လွင် ထင်ရှား
သွားပေသည်။ (ပုံ-၅-၆)ရှုပါ။
(ပုံ-၅)
(ပုံ-၆)
ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာပါ ဂါထာ(၃)
ဟုဆိုဆို၊ စာကြောင်းရေ (၃) ပြောပြော ထိုစာကြောင်းသည် မင်းတစ်ပါး နှစ်ပေါင်း(၁၂၀) စိုးစံသွားသည်ကို
ရေးထိုးထားခြင်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
မှတ်ချက်- ( သက္ကတ Font မရှိ၍ အချို့သော စာလုံးများသည် ပုံပါအက္ခရာစာလုံးများနှင့်
ကွဲလွဲနေသည်ကို ပုံနှင့်တိုက်ဆိုင်ကြည့်ရှု၍ ဖတ်ရှုပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့(ရန်ကုန်)
24.2.2018
No comments:
Post a Comment