xxxxxxxxxxxxxxxxxxxxxxxxxx
ပထမအကြိမ် သင်္ဂါယနာတင်ရခြင်းအကြောင်းရင
အာတုမ ရွာသား ဆတ္တာသည်မျိုး သုဘဒ္ဒါ တောထွက် ရဟန်းကြီးတစ်ပါးသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း (စည်းကမ်း)အား အကြိမ်ကြိမ်ဖောက်ဖျက်ခဲ့သဖြ
ဟန္ဒ မယံ အာဝုသော ဓမ္မဉ္စ ၀ိနယဉ္စ သင်္ဂါယေယျာမ၊ ပုရေ အဓမ္မော ဒိပ္ပတိ၊ ဓမ္မော ပဋိဗာဟိယ်တိ၊ အ၀ိနေယာ ဒိပၸတိ၊ ၀ိနေယာ ပဋိဗာဟိယ်တိ၊ ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တော ဟောန္တိ၊ ဓမ္မ၀ါဒီနော ဒုဗ္ဗလာ ဟောန္တိ ၊အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ၊ ၀ိနယ၀ါဒိနော ဒုဗ္ဗလာ ဟောန္တိ။ တိ (၀ိ၊၄၊ ၄၈၁၊ပဌေ )
အဓိပ္ပါယ် ---- ငါသျှင်တို့ မတရားအဓမ္မ၀ါဒများ မထွန်းပမီ၊ တရားဓမ္မ၀ါဒများ တားမြတ်ပိတ်ပင်ခြင်း မခံရမီ၊ မဟုတ်မမှန်သော ၀ိနည်းစည်းကမ်းများ မထွန်းပမီ၊ ဟုတ်မှန်သော ၀ိနည်းတရားများ ပိတ်ပင်ခြင်းမခံရမီ၊ အဓမ္မ၀ါဒီများ အင်အားမကောင်းမီ၊ ဓမ္မ၀ါဒီများ အင်အားမနည်းမီ၊ ၀ိနည်းကို မလေးစားမလိုက်နာသူများ အင်အားမကောင်းမီ၊ ၀ိနည်းသိက္ခာ လေးစားလိုက်နာသူများ အင်အားမနည်းမီ ငါတို့သည် ယခုနှစ်မှစ၍ ဓမ္မ၀ိနယကို သင်္ဂါယနာတင်ကြစို့ဟု မိန့်မြွတ်တော်မူကာ သုဘဒ္ဒရဟန်းက သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး ပထမသင်္ဂါယနာကို တင်ခဲ့ကြသည်။
ပထမ သင်္ဂါယနာ တင်သည့် ခုနှစ် -
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်
(11 သြဂုတ်-၅၄၄ဘီစီ)
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ၀ါခေါင်လပြည့်ကျော်(၅)ရက် မှ တပေါင်းလပြည့်ထိ )
နေရာ - မာဂဓတိုင်း ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်မဟာကဿပ မထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)
အရှင်အာနန္ဒာ (သုတ္တန် ၊ အဘိဓမ္မာ)
ပါဝင်သည့် သံဃာဦးရေ -ရဟန္တာပေါင်း (၅၀၀)
အထောက်အပံ့ပြုသည့် ဘုရင်မင်း - အဇာတသတ်မင်း
ကြာမြင့်သည့်အချိန် - (၇) လ
တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ
ပထမသင်္ဂါယနာကို ရဟန္တာ မထေရ်မြတ်တို့ချည်းသာ တင်တော်မူခဲ့ကြသဖြင့် ထေရိကာသင်္ဂါယနာ ဟုလည်း ခေါ်တွင်ပါတယ်။
ပထမ သင်္ဂါယနာ တင်ပွဲကြီးတွင် သံဃာဦးဆောင် ရဟန္တာ မထေရ်မြတ်ကြီး (၅၀၀)တို့က တညီတညွတ်ထည်း သဘောတူ လက်ခံတော်မူကြသော အခြေခံ မူကြီး-၃-ရပ်ကို ချမှတ်တော်မူခဲ့ပါတယ်။
(၁) သံဃော အပ္ပညတ္တံ နပ္ပညသေသိ ဘုရားရှင် ကိုယ်တော်မြတ် မဟောကြားခဲ့သည့် ပညတ်တော်၊ တရား တော်တွေကို အသစ်ထပ်မံပြီး မထည့်ကြပါရန်။
(၂) ပညတ္တံ န သမုစ္ဆိန္ဒတိ-ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ ပညတ်တော် မူခဲ့သော တရားတော်တို့ကို ပယ်နုတ်ခြင်း ဖြုတ်ပယ်ခြင်း မပြုလုပ်ကြရန်။
(၃)ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ၀တ္တတိ-
ဘုရားရှင် ပညတ်တော်မူခဲ့သော သိက္ခာပုဒ်(စည်းကမ်း ဥပဒေ )များအတိုင်း ပြင်ဆင်ခြင်း ပယ်နှုပ်ခြင်းမရှိဘဲ ရိုသေစွာ လိုက်နာ ကျင်ကြံ ကြရန်။
အထက်ပါ မူကြီး ၃-ချက် ကို ချမှတ်တော်မူ၍ သင်္ဂါယနာတင်ခဲ့ကြသည်။
အရှင်မဟာကဿပကို အိန္ဒိယပြည် ကုသျှီနဂရ(ကုသီနာရုံ)၌ကျင်း
ထိုသံဃာ(၇)သိန်းကျော်အစည်းအ
သင်္ဂါယနာတင်ပွဲတွင် ပထမသံဂီတိနာယက ပုစ္ဆက အမေးပုဂ္ဂိုလ် အဖြစ် ရှင်မဟာကဿပမထေရ် က ဆောင်ရွက် ၍ ၀ိနည်းပိဋကတ်တော်ကို ဘုရားရှင်ရှိစဉ်က ဧတဒဂ်ထားခဲ့သော ရှင်ဥပါလိမထေရ်က ၀ိဿဇ္ဇက အဖြေပုဂ္ဂိုလ်ပြု ၍ ဖြေဆိုရသည်။
ရှင်အနန္ဒာသည် ပိဋကတ်တော်အားလုံးကို မျက်ကွယ်မရှိ နာကြားခဲ့သူဖြစ်သည်။ သို့သော်လည်း ရှင်ဥပါလိမှာ ၀ိနည်းအရာ၌ ဧတဒဂ် ထားခဲ့သည်ကို လေးစားသောအားဖြင့် ရှင်ဥပါလိကို ၀ိဿဇ္ဇက အဖြစ်ဆောင်ရွက် စေ ခြင်းဖြစ်သည်။
ထို့နောက် သုတ္တန်ပိဋက နှင့် အဘိဓမ္မာပိဋက ဒေသနာတို့ကို ရှင်အာနန္ဒာက ၀ိဿဇ္ဇက ပြု၍ ဖြေကြားလေသည်။ ဤကဲ့သို့ အမေးအဖြေများပြုလုပ်ပြီးနော
ထိုအရှင်ဥပါလိနှင့် အရှင်အာနန္ဒာကို ၀ိဿဇ္ဇက အဖြေပုဂ္ဂိုလ်များအဖြစ် ရွေးကောက်တော်မူသနည်းဟူမူ ရာဇဂြိုလ် သံဃာ့အစည်းအဝေးကြီးတွင် ၀ိနည်းအရာ၌ ဧတဒဂ်ရခဲ့သော အရှင်ဥပါလိက ၀ိနည်းစည်းကမ်းများကို ကြီးစဉ်ငယ်လိုက် အမျိုးတူရာတူရာ ပေါင်းစု၍ စနစ်တကျ တင်သွင်းလျောက်ကြားသည်။ထိုန
(၁) အရှင်ဘုရားတို့ ယခုအရှင်ဥပါလိနှင့် အရှင်အာနန္ဒာတို့ ဖတ်ကြားလျောက်ထားသော ဘုရားရှင်၏ တရားတော်များ၌ ပယ်နှုတ်ဖွယ် အပိုအလျှံများ ရှိသည်ဟု မြင်တော်မူကြပါသလား ။
(၂) လိုသည်ထင်၍ ဖြည့်စွက်ဖွယ် ဟာကွက် လိုအပ်ချက်များ ရှိသည်ဟု မြင်တော်မူပါသလား ။
(၃) စနစ်မကျသဖြင့် အသစ်ပြန်လျောက်ရန် အချက်အလက်များကို တွေ့မြင်တော်မူကြပါသလားဘုရာ
ဤမေးခွန်းသုံးခုကို မေးတော်မူသောအခါ သံဃာ(၅၀၀)လုံးက အယူဝါဒကွဲပြားခြင်းမရှိဘဲ တညီတညွတ်တည်း ၀မ်းမြောက်ဝမ်းသာ တစ်ခုတည်းသောစကား(ဧက၀စန)ကို
အရှင်မဟာကဿပသည် အရှင်ဥပါလိနှင့် အရှင်အာနန္ဒာတို့ တင်လျောက်သည်ကိုသည်ကို သံဃာထုကလည်း ကန့်ကွက်မှုမရှိ၊ နှုတ်ပယ်ဖွယ်လည်းမမြင်၊ ဖြည့်စွက်ဖွယ်လည်းမမြင်၊ ပြုပြင်ဖွယ်လည်းမရှိ လုံးဝပြည့်စုံသော မြတ်ဗုဒ္ဓ၏ တရားစကားတော်များဖြစ်ကြောင်
ထိုအခါ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာခေါင်းဆောင်ေ သာ သံဃာ(၅၀၀)တို့သည် ၊တညီတညွတ်တည်း သံပြိုင်ရွတ်ဆို၍ ခိုင်မာစွာ အတည်ပြုတော်မူကြလေသည်။
ထိုကြောင့် ဘုရားဟောတော်မူခဲ့သော တရားတော်တို့ကို “မူရင်းအတိုင်း ဖြည့်စွက်ခြင်း ၊ ထုပ်ပယ်ခြင်း၊ လုံးဝ မပြုဘဲ ပထမ သင်္ဂါယနာကို တင်ကြလေသည်။ ထိုသို့ ဘုရားရှင်ဟောတော်မူသည့်အတို
ဤသင်္ဂါယနာတင်သည့် မူဝါဒသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီက အရှင်သာရိပုတ္တရာ ချမှတ်တော်မူခဲ့သောမူဝါဒ၊ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး အရှင်မဟာကဿပ ချမှတ်တော်မူခဲ့သော မူဝါဒစနစ်များဖြစ်ကြပါသည်။
ကျမ်းကိုး
(သင်္ဂယနာသုံးတန်-၀ဏ္ဏသီရိ )
၁။ စန္ဒမာလာလင်္ကာရရေး ရခိုင်ရာဇ၀င်သစ်ကျမ်း၊ ရာပြည်စာအုပ်တိုက်၊ စာ 85
၂။ ဒေါက်တာအရှင်ဥာဏိသရ၊ သင်္ဂီတိ- သင်္ဂါယနာသမိုင်းအကျဉ်း ၊2008 A.D
မောင်ဖြူ (ကြွီတဲကျွန်း)
No comments:
Post a Comment