Tuesday, October 26, 2021

(အစဉ်စာ) နှင့် လွဲနေသော မြောက်ဦးခေတ်ဒင်္ဂါး သုံးပြား

 

(အစဉ်စာ) နှင့် လွဲနေသော မြောက်ဦးခေတ်ဒင်္ဂါး သုံးပြား
===============================

(အစိုင်စာ )ဆိုသည်မှာ ဒင်္ဂါးနှစ်ဘက်စလုံး၌ ပါရှန်စာဖြင့်ဟူ၍လည်းကောင်း၊ ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ ဘင်္ဂလီစာတစ်ဘက်ဖြင့်လည်းကောင်း၊ နှစ်ဘက်စလုံး၌ ရက္ခ၀ဏ္ဏအက္ခရာဖြင့်လည်းကောင်း ၊ ရှေးမင်းတစ်ပါးက ဆင်ဖြူသျှင် ဟူ၍ လည်းကောင်း၊ ဆင်ဖြူသခင် ဟူ၍လည်းကောင်း၊ ရွှေနန်သခင်ဟူ၍လည်းကောင်း ရေးထိုးခပ်နှိပ်ခဲ့လျှင် နောက်ဆက်ခံေ သာမင်းတို့ သည်လည်း ရှေးကမင်းများ ရေးထိုးခပ်နှိပ်ခဲ့သည့်အတိုင်း ဆက်ခံရေးထိုးခပ်နှိပ်ခြင်းကို (အစဉ်စာ) ဟု ဆိုလိုသည်။

                     မြောက်ဦးခေတ်သည် (အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၅)ထိ၊ နှစ်ေ ပါင်း (၃၅၅)နှစ်၊ သမိုင်းကြောင်းရှည်လျားခဲ့သော ခေတ်တစ် ခေတ်ဖြစ်ခဲ့ပြီး၊ မင်းပေါင်း (၄၈)ပါး စိုးစံအုပ်ချုပ် မင်းပြုခဲ့ကြသည်။ မြောက်ဦးခေတ်ကို ရှေးက သမိုင်းဆရာများက မျိုးရိုးကိုအခြေခံ ၍ ပထမ မြောက်ဦးခေတ်၊ ဒုတိယ မြောက်ဦးခေတ်၊ တတိယမြောက်ဦးခေတ် ဟူ၍ ခွဲခြားပြဆိုကြ၏။ 
                     မင်းစောမွန်(နရမိတ်လှ)အစ၊ မင်းခေါင်ရာဇာအဆုံး မင်း(၁၂) ပါးကို ပထမမြောက်ဦး ခေတ်ဟူ၍လည်းကောင်း၊သက္ကရာဇ် အားဖြင့် ဖော်ပြရ လျှင် (ရခိုင်သက္ကရာဇ် ၇၉၂ မှ ၈၉၃)ခုနှစ် အထိ၊ ခရစ်နှစ်အားဖြင့် (အေဒီ ၁၄၃၀ မှ ၁၅၃၁) ခုနှစ် အထိဖြစ်သည်။ 
 
         မင်းဗာကြီး အစ မင်းစနေ အဆုံး (၉) ပါးသောမင်းတို့ စိုးစံခဲ့သော ကာလ ကို ဒုတိယမြောက်ဦးခေတ် ဟူ၍ ရေးသားဖော်ပြ ကြ၏။ သက္ကရာဇ် အားဖြင့် ဆိုရသော် (ရခိုင်သက္ကရာဇ် ၈၉၃ မှ ၁၀၀၀)ခုနှစ်၊ ခရစ်နှစ် (အေဒီ ၁၅၃၁မှ ၁၆၃၈) ခုနှစ် အထိ ဖြစ်သည်။ 
 
                နရပတိကြီး(ငကုသလ) မင်းအစ၊ မဟာသမတ(အဂ္ဂေါပုညဇောရာဇာ) အဆုံး မင်း(၂၇)ပါး စိုးစံခဲ့သော ကာလကို တတိယ မြောက်ဦး ခေတ်ဟူ၍ ဖော်ပြကြ၏။ သက္ကရာဇ်အားဖြင့်(ရခိုင်သက္ကရာဇ် ၁၀၀၀ မှ ၁၁၄၆) ခုနှစ် အထိ၊ (အေဒီ ၁၆၃၈-၁၇၈၅) ခုနှစ် အထိ ဖြစ်သည်။
ပထမ၊ ဒုတိယ၊ တတိယ မြောက်ဦးခေတ်သမိုင်းတစ်လျောက်တွင် ရခိုင်လူမျိုးများအတွက် ဂုဏ်ယူစရာ၊ ၀မ်းသာစရာ သ မိုင်းဖြစ်ရပ်များရှိခဲ့သလို၊ ၀မ်းနည်းစရာ၊ သင်္ခန်းစာယူစရာ၊ သမိုင်းဖြစ်စဉ်များနှင့်လည်း ပြည်လျှံနေသော ခေတ်တစ်ခေတ်ဖြစ်သည်။ 
 
မြောက်ဦးခေတ်(၃)ခေတ်လုံးတွင် စိုးစံခဲ့သောမင်းများသည် ငွေဒင်္ဂါးများ ကို ခပ်နှိပ်ထုတ်လုပ် သုံးစွဲကြပြီး၊ တစ်ချို့မင်းတို့ မှာ ရွှေဒင်္ဂါးများလည်း ခပ်နှိပ်ခဲ့ သည်ဟု ရခိုင်သမိုင်းအလင်းပြကျမ်း၌ ဖော်ပြထားသည်ကိုေ တွ့ရ သည်။ နန်းစံနှစ် ရက်ပိုင်း၊လပိုင်းမျှ သာ စိုးစံခဲ့သောမင်းများမှအပ ကျန်မင်းများမှာ ဒင်္ဂါးခပ်နှိပ်သုံးစွဲခဲကြသည်ဟုယူဆရသည်။ သို့သော်လည်း တစ်ချို့သောမင်းတို့ခပ် နှိပ်ခဲ့သော ဒင်္ဂါးများကို ယနေ့တိုင် ရှာဖွေမတွေ့ရသေးပါ။ 
 
မြောက်ဦးခေတ် ဒင်္ဂါးများကို နိုင်ငံတကာ ပြတိုက်များတွင်တွေ့ရှိနိုင်သလို၊ ရန်ကုန်၊ နေပြည်တော်ရှိ ပြတိုက်များတွင်လည်း ကောင်း၊ မြောက်ဦးပြတိုက်၌ လည်းကောင်း တွေ့ရှိနိုင် သည်။ ယင်းအပြင် ၀ါသနာအရ စုဆောင်း သူများ လက်ထဲတွင်လည်း အများ အပြား ရှိကြသည်။ ကမ္ဘာ့ရှေးဟောင်းဒင်္ဂါး အစစ်အမှန်များကို တရားဝင်လေလံတင် ရောင်းချသည့် ၀က်ဆိုက်များ၌လည်း အများ အပြား တွေ့မြင်နိုင်သည်။
မြောက်ဦးခေတ်ဒင်္ဂါးများကို အသေးစိတ်လေ့လာကြည့်သောအခါ မြောက်ဦးဘုရင်များသည် ဒင်္ဂါးခပ်နှိပ်ရာ၌ “ အစဉ်စာ ” သို့မဟုတ် (စံ) တစ်ခုထား၍ ခပ်နှိပ်ခဲ့သည်ကိုတွေ့ရသည်။
ဒင်္ဂါးများ ခပ်နှိပ်ထုတ်လုပ်ကြရာ၌ သူတလူ ငါတစ်မင်း၊ တစ်ယောက် တစ်ပေါက်၊ တစ်မင်းတစ်မျိုး၊ ငါဘုရင်ဆိုပြီး မိမိထင်သလို ခပ်နှိပ်ခြင်း မရြှိ ကပေ။ ရှေးကမင်းတို့ချမှတ်ခဲ့သည့် (အစဉ်စာ)အတိုင်းကို အလေးထား၍ မင်းစဉ်အလိုက်၊ ဘွဲ့စဉ်အလိုက် ရေးထိုးခပ်နှိပ် ထုတ်လုပ်ခဲ့ကြသည်။
မြောက်ဦးခေတ်ကို ဒင်္ဂါးပါ အက္ခရာဖြင့် ခေတ်ကာလခွဲခြားမည်ဆိုလျှင် ခေတ်သုံးခေတ်တွေ့ရှိရမည်ဖြစ်သည်။
 
 ၁။ ပါရှန်စာနှစ်ဘက်ထိုး ဒင်္ဂါးခေတ်။
၂။ ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာတစ်ဘက်ထိုး ဒင်္ဂါးခေတ်၊
၃။ ရက္ခ၀ဏ္ဏအက္ခရာ နှစ်ဘက်ထိုး ဒင်္ဂါးခေတ်၊ တို့ ဖြစ်ကြသည်။

ပါရှန်စာနှစ်ဘက်ထိုးဒင်္ဂါးခေတ်


ပါရှန်စာနှစ်ဘက်ထိုး ဒင်္ဂါးခေတ်မှာ ရှာဖွေတွေ့မိသမျှ ဒင်္ဂါးပါ အထောက် အထားများအရ၊ ဘစောဖြူမင်းဒင်္ဂါး၊ မင်းဒေါလျာ ဒင်္ဂါး၊ စလင်္ကာသူ(ခ) သိင်္ဂ သူမင်းဒင်္ဂါး၊ မင်းရာဇာဒင်္ဂါး၊ ဂဇာပတိမင်းဒင်္ဂါး၊သဇာတမင်းဒင်္ဂါး၊ မင်းဘာကြီး ဒင်္ဂါး၊ မင်းဖလောင်း ပထမအ ကြိမ် ခပ်နှိပ်ခဲ့သောဒင်္ဂါးတို့ ဖြစ်ကြသည်။
ထိုထိုသောမင်းတို့ခပ်နှိပ်သော ဒင်္ဂါးများ၌် နှစ်ဘက်စလုံး၌ ဘစြော ဖူမင်း အစပြု ရေးထိုး ခပ်နှိပ်ခဲ့သည့် “အစဉ်စာ” အတိုင်း ပါရှန်စာဖြင့် ခပ်နှိပ်ခဲ့ကြသည်။
ပါရှန်စာ နှစ်ဘက်ထိုး ဒင်္ဂါးများသည် မြောက်ဦးခေတ်တွင်
အစော ဆုံးခပ်နှိပ်ခဲ့သော ဒင်္ဂါးများဖြစ်ကြသည်။ ထိုကာလတွင် ခပ်နှိပ်ခဲ့ သောဒင်္ဂါးများ၌ ပါရှန်စာမှအပ ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာ တစ်ဘက်ဖြင့်လည်းကောင်း၊ ဒင်္ဂါးနှစ်ဘက်စလုံး၌ ရက္ခ၀ဏ္ဏအက္ခရာ ဖြင့်လည်းကောင်း ရေးထိုးခပ်နှိပ်ထုတ်လုပ် ကြသည်ကို မတွေ့ရပေ။ (ပုံ-၀၁)




ရက္ခ၀ဏ္ဏအက္ခရာ၊ ပါရှန်+ဘင်္ဂလီစာထိုးဒင်္ဂါးခေတ်



မြောက်ဦးခေတ်တွင် ဘစောဖြူမင်းဒင်္ဂါးမှ အစပြုကာ ဒင်္ဂါးနှစ်ဘက်စ လုံး၌ ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ခဲ့သော “ အစဉ်စာ” သည် မင်းဖလောင်း ပထမအကြိမ်ခပ်နှိပ်သောဒင်္ဂါးတွင် အဆုံးသတ်နိဂုံးချုပ်သွားသည်။
မင်းဖလောင်းဒုတိယအကြိမ်ခပ်နှိပ်ခဲ့သော ဒင်္ဂါး၌ ရက္ခ၀ဏ္ဏ အက္ခရာ တစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာတစ်ဘက် ဒင်္ဂါးကို စတင် ရေးထိုးခပ်နှိပ်သည်။
မင်းဖလောင်း ချမှတ်ခဲ့သည့် ရက္ခ၀ဏ္ဏ အက္ခရာတစ်ဘက်၊ ပါရှန် +ဘင်္ဂလီစာတစ်ဘက် (အစဉ်စာ) ကို နောက်ဆက်ခံသော မင်းတို့သည် စဉ်ဆက်မပြတ် ခပ် နှိပ်ခဲ့ကြသည်မှာ သီရိသုဓမ္မရာဇာမင်း ပထမအကြိမ် ခပ်နှိပ်ခဲ့သော ဒင်္ဂါးအထိ ဖြစ်ကြသည်။
ယင်းသို့ ခပ်နှိပ်ခဲ့သောဒင်္ဂါးများတွင် မင်းဖလောင်းဒင်္ဂါးနှစ်မျိုး၊ မင်းရာ ဇာကြီးဒင်္ဂါးနှစ်မျိုး ၊ မင်းခမောင်း (ခေါ်) ၀ရဓမ္မရာဇာ ဥသျောင်သျှာဒင်္ဂါးသုံးမျိုး၊ မင်းဟာရီ (ခေါ်) သီရိသုဓမ္မ ရာဇာဒင်္ဂါးတို့ပါဝင်သည်။ ရက္ခ၀ဏ္ဏ အက္ခရာတစ် ဘက်၊ ပါရှန်+ဘင်္ဂလီစာ တစ်ဘက် (အစဉ်စာ) ဖြင့် ရေးထိုးသောကာာလ၌ ဒင်္ဂါးနှစ်ဘက်စလုံးတွင် ပါရှန်စာနှစ်ဘက်ဖြင့်လည်းကောင်း၊ ရက္ခ၀ဏ္ဏအက္ခရာ ဖြင့်လည်းကောင်း၊ (အစဉ်စာ) ကို ချိုးဖောက်၍ ရေးထိုးခပ်နှိပ်ခြင်း မရှိကြပေ။(ပုံ-၂)




ရက္ခ၀ဏ္ဏအက္ခရာထိုးဒင်္ဂါးခေတ်


ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာတစ်ဘက် ဒင်္ဂါးေ ခတ်ပြီးနောက် ဒင်္ဂါးနှစ်ဘက်စလုံး၌“ရက္ခ၀ဏ္ဏအက္ခရာ”ဖြင့် စတင်ရေးထိုးေ သာမင်းမှာ သီရိသုဓမ္မရာဇာမင်းဖြစ်သည်။ သီရိသုဓ္မရာဇာမင်းသည် ဒင်္ဂါးနှစ်မျိုး ခပ်နှိပ်ခဲ့ပြီး၊ ပထမဒင်္ဂါးတွင် (၉၈၄ ဆင်ဖြူသခင်၊ ဆင်နီသခင်သီရိသုဓမ္မရာဇာ) ဟူ၍ ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာတစ်ဘက်ရေးထိုး ခပ်နှိပ် ခဲ့သည်။
ဒုတိယအကြိမ်ခပ်နှိပ်သော ဒင်္ဂါး၌ နှစ်ဘက်စလုံးတွင် ရက္ခ၀ဏ္ဏအက္ခ ရာဖြင့် ရေးထိုးခပ်နှိပ်သည်။ ထို့ကြောင့် သီရိသုဓမ္မရာ ဇာမင်းသည် ဒင်္ဂါးနှ စ်ဘက်စလုံးတွင် ရက္ခ၀ဏ္ဏအက္ခရာ ဖြင့် “အစဉ်စာ” ကို ရေးထိုးခဲ့သော ပထမဆုံးမင်းဖြစ်သည်။ သီရိသုဓမ္မရာ ဇာမင်း မှ စတင်၍ ရက္ခ၀ဏ္ဏအ က္ခရာဖြင့် ရေးထိုးသည့် “အစဉ်စာ” ကို စဉ်ဆက်မပြတ် ခပ်နှိပ်လာခဲ့ကြသည်မှာ မြောက်ဦးခေတ်၏ နောက်ဆုံးဘုရင်ဖြစ်သော မဟာသမတရာ ဇာ(ခေါ်) အဂ္ဂေါပုညဇောရာဇာမင်းဒင်္ဂါး အထိဖြစ်ကြသည်။(ပုံ-၃) 
 

 
ဤကာလ၌ ခပ်နှိပ်သောဒင်္ဂါးများတွင်ပါရှန်စာနှစ်ဘက်ဖြင့်လည်းကောင်း၊ ရက္ခ၀ဏ္ဏအက္ခရာတစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာ တစ်ဘက်ဖြင့်လည်းကောင်း “အစဉ်စာ” ကို ချိုးဖောက်၍ တစ်မင်းတစ်မျိုး ရေးထိုးခပ်နှိပ်ခြင်း မရှိကြပေ။ ဤကား မြောက်ဦးခေတ်ဘုရင်များ ခပ်နှိပ်ခဲ့သောဒင်္ဂါးများ၌ ရေးထိုးခဲ့ကြသော “အက္ခရာ အစဉ်စာ” ဖြစ်သည်။


တစ်ခါ မြောက်ဦးခေတ်၌ မင်းတို့ခံယူခဲ့သော ဘွဲ့တော်အမည်ကို “အစဉ်စာ” ဖြင့် ခေတ်ကာလကို ပိုင်းခြားမည်ဆိုလျှင်-
၁။ ဆင်ဖြူသျှင် ဒင်္ဂါးခေတ်
၂။ ဆင်ဖြူသခင်၊ ဆင်နီသခင် ဒင်္ဂါးခေတ်၊
၃။ ရွှေနန်းသခင် ဒင်္ဂါးခေတ် ဟူ၍ သုံးမျိုးတွေ့ရှိရသည်။

ဆင်ဖြူသျှင်ဒင်္ဂါးခေတ်


ဆင်ဖြူသျှင်ဒင်္ဂါးခေတ်ဆိုသည်မှာ မြောက်ဦးခေတ်၌ စိုးစံခဲ့သည့် ဘုရင်များခပ်နှိပ်ခဲ့သောဒင်္ဂါးး၌ “ဆင်ဖြူသျှင်” ဟူသော ဘွဲ့တော် (အစဉ်စာ) ရေးထိုးခပ်နှိပ်ခဲ့သော ကာလကို ဆိုလိုသည်။
ဆင်ဖြူသျှင်ဟူသော (အစဉ်စာ) စကားရပ်ကို မြောက်ဦးခေတ်တွင် ဘစောဖြူမင်းမှ အစပြုကာ အသုံးပြုခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။ ဘစောဖြူ ထီးနန်းစံသော(သက္ကရာဇ် -၈၂၀-၈၄၄) ကာလအတွင်း ရေးထိုးခဲ့သော မြောက်ဦးမြို့ နန်းကျားကျေးရွာ၊ နန်းကျားဘုရားသိမ်တော်အတွင်း တွေ့ရှိရေ သာကျောက်စာ၌ “ သကြစ်ရာဇ် ၈၃၀ ဆင်ဖြူသျှင်မင်း” ဟူသော စကားရပ် ပါရှိသောကြောင့် ဘစောဖြူမင်းသည် မြောက်ဦးခေတ်တွင် (ဆင်ဖြူ သျှင်) ဘွဲ့တော်ကို အစောဆုံးခံယူသော မင်းတစ်ပါးဖြစ်မည်ဟု ယူဆရ သည်။
ယင်းနောက် ရှာဖွေတွေ့ရှိပြီးသော မြောက်ဦးခေတ်ဒင်္ဂါးများတွင် မင်းးဖလောင်းဒင်္ဂါး၌ ( ဆင်ဖြူများသျှင် မင်းတရားကြီး သိရ ကာန်ကြသျဟ ၉၃၃) ဟူ၍လည်းလည်းကောင်း၊ မင်းရာဇာကြီးဒင်္ဂါး၌ ( ၉၆၃ ဆင်ဖြူသျှင် နရာပတိဆော်လိမ်သျာ ) ဟူ၍ လည်းကောင်း၊ မင်းခမောင်း ဒင်္ဂါးတွင် (၉၇၄-ဆင်ဖြူသျှင် ၀ရဓမ္မရာဇာ) ဟူ၍လည်းကောင်း ရေးထိုးထားသည်ကို တွေ့ရသည်။
“ဆင်ဖြူသျှင်” ဟူသော (အစဉ်စာ)ကို ရေးထိုးခပ်နှိပ်သောကာလ၌ ( ဆင်ဖြူသခင်၊ ဆင်နီသခင်၊ရွှေနန်းသခင် ) ဟူ၍ (အစဉ်စာ) ကို ချိုးဖောက်ကာ ရေးထိုးခပ်နှိပ်ခြင်းမတွေ့ရပေ။
ခြွင်းချက်အနေဖြင့် မင်းခမောင်း(ခေါ်) ဆင်ဖြူသျှင် ၀ရဓမ္မရာဇာမင်း သည် ဒင်္ဂါးသုံးမျိုးခပ်နှိပ်ခဲ့သည်။ ယင်းတို့မှာ-
၉၇၄ ဆင်ဖြူသျှင် ၀ရဓမ္မရာဇာဥသျောင်သျာဒင်္ဂါး။
၉၇၄ ဆင်ဖြူသခင်၊ဆင်နီသခင် ၀ရဓမ္မရာဇာဥသျောင်သျာဒင်္ဂါး၊
၉၈၁ ဆင်ဖြူသခင်၊ ဆင်နီသခင် မင်းတြားကြီးဥသျောင်သျာဒင်္ဂါး၊ တို့ဖြစ်ကြသည်။

ထို့ကြောင့် မင်းခမောင်း(ခေါ်) ဆင်ဖြူသျှင်ဝရဓမ္မရာဇာဥသျောင်သျာသည် “ဆင်ဖြူသျှင်” ဟူသော ( အစဉ်စာ) စကား ရပ်ကို နောက်ဆုံးအသုံးပြုခဲ့သော မင်းတစ်ပါးဖြစ်ပြီး၊ “ဆင်ဖြူသခင်၊ ဆင်နီသခင်”ဟူသော (အစဉ်စာ) စကားရပ်ကို ပထမဦးဆုံး အသုံးပြုခဲ့သော မင်းလည်းဖြစ်သည်။

ဆင်ဖြူသခင်၊ဆင်နီသခင် ဒင်္ဂါးခေတ်

=====================
“ဆင်ဖြူသခင်၊ ဆင်နီသခင်” ဟူသော (အစိုင်စာ) စကားရပ်ကို မင်းခမောင်း (ခေါ်) ဆင်ဖြူသျှင် ၀ရဓမ္မရာဇာဥသျောင် သျာ ဒုတိယ အကြိမ်ခပ်နှိပ်ခဲ့သောဒင်္ဂါးမှ စတင်ရေးထိုးခပ်နှိပ်သည်ကိုတွေ့ရသည်။ မင်းခမောင်း ဒုတိယ အကြိမ်ခပ်နှိပ်သောဒင်္ဂါး၌ ( ၉၇၄ ဆင်ဖြူသခင်၊ ဆင်နီသခင် ၀ရဓမ္မရာဇာဥသျောင်သျာ) ဟူ၍လည်းကောင်း၊ တတိယအကြိမ် ခပ်နှိပ်ခဲ့သော ဒင်္ဂါး၌ (၉၈၁ ဆင်ဖြူသခင်၊ ဆင်နီသခင် မင်းတြားကြီးဥေ သျာင်သျာ)ဟူ၍လည်းကောင်း၊ ယင်းနောက်ပိုင်းဆက်ခံလာသော မင်းတို့သည် မင်း ခမောင်း (ခေါ်) ဆင်ဖြူသခင် ဆင်နီသခင် ၀ရဓမ္မရာဇာမင်း ချမှတ်ခဲ့သည့် “အစိုင်စာ” ကို သီရိသုဓမ္မရာဇာမင်း ပထမအကြိမ် ခပ် နှိပ်သော ဒင်္ဂါး၌ (၉၈၄-ဆင်ဖြူသခင် ဆင်နီသခင် သီရိသုဓမ္မရာဇာ)ဟူ၍လည်းကောင်း၊ ဒု - အကြိမ် ခပ်နှိပ်သောဒင်္ဂါး၌ (၉၉၆- ဆင်ဖြူသခင် ဆင်နီသခင်မဟာ သီရိသု ဓမ္မရာဇာ)ဟူ၍လည်းကောင်း၊ ယင်းနောက် နရပတိကြီးမင်း ပထမအကြိမ် ခပ်နှိပ်ခဲ့သော ဒင်္ဂါး၌် (၁၀၀၀-ဆင်ဖြူသခင် နရာပတိကြီး) ဟူ၍လည်းကောင်း၊ ဒုတိယအကြိမ်ခပ်နှိပ်သော ဒင်္ဂါး၌ (၁၀၀၀-ဆင်ဖြူသခင် ဆင်နီ နရပတိကြီး) ဟူ၍လည်းကောင်း၊ ယင်းနောက် သတိုဝ်းမင်းတရားခပ်နှိပ်ခဲ့သော ဒင်္ဂါး၌် ( ၁၀၀၇ ဆင်နီသခင်၊ ဆင်ဖြူသခင် သ တိုဝ်းမင်းတရား )ဟူ၍ လည်းကောင်း “အစဉ်စာ” အတိုင်း စဉ်ဆက်မပြတ် ခပ်နှိပ်ထုတ်လုပ်ခဲ့ကြသည်ကိုတွေ့ရသည်။ ဤကား “ဆင်ဖြူသခင်၊ ဆင်နီသခင်” ဟူသော “အစဉ်စာ” ကို မချိုးဖောက်ဘဲ၊ မင်းစဉ်၊ အတိုင်းရေးထိုးခပ်နှိပ်ကြခြင်းဖြစ်သည်။


ထို့ကြောင့် မြောက်ဦးခေတ်တွင် “ဆင်ဖြူသခင် ဆင်နီသခင်” ဟူသောစကား ရပ် (အစဉ်စာ) ကို ဒင်္ဂါး၌ ပထမဆုံးခပ်နှိပ် ရေးထိုးခဲ့သောမင်းမှာ မင်းခမောင်ြး ဖစ်ပြီး၊ နောက်ဆုံးခပ်နှိပ်ခဲ့သော မင်းမှာ သတိုဝ်းမင်းတရား ခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်သည်။
(ဆင်ဖြူသခင်၊ ဆင်နီသခင်) ခပ်နှိပ်သည့် ကာလ၌ “ဆင်ဖြူသျှင်၊ ရွှေနန်းသခင်၊” ဟူသော (အစဉ်စာ) ကို ချိုးဖောက်၍ ငါလည်းဘုရင်ဆိုပြီး တစ်မင်းတစ်မျိုး ရေးထိုးခပ်နှိပ်ခြင်းမရှိကြပေ။

ရွှေနန်းသခင် ဒင်္ဂါးခေတ်

==============
ရွှေနန်းသခင်ဒင်္ဂါးခေတ် ဆိုသည်မှာ မြောက်ဦးခေတ် ဘုရင်များ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ “ရွှေနန်းသခင်” ဟူ၍ ရေးထိုးခဲ့ သော ကာလကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုကာလသည် (ရခိုင်သက္ကရာဇ် ၁၀၁၄ မှ ၁၁၄၆ )အထိ ဖြစ်သည်။
“ဆင်ဖြူသခင်၊ ဆင်နီသခင်”ဟူသော (အစဉ်စာ) သည် သတိုဝ်းမင်း တရားလက်ထက်၌ ရပ်တန့်သွားခဲ့ပြီးနောက်၊ (ရခိုင် သက္ကရာဇ် ၁၀၁၄)တွင် နန်းတက်လာသော စန္ဒသုဓမ္မရာမင်းလက်ထက်မှ အစပြုကာ “ရွှေနန်း သခင်”ဟူသော (အစဉ်စာ) ကို ဒင်္ဂါး တွင် စတင် ရေးထိုးခပ်နှိပ်လာကြသည်။ “ရွှေနန်းသခင်” ဟု ရေးထိုးခပ်နှိပ်ထားသော ဒင်္ဂါးများကို ရွှေနန်းသခင် စန္ဒသုဓမ္မရာမင်း (ရခိုင်သက္ကရာဇ် ၁၀၁၄ -၁၀၃၆) ဒင်္ဂါးမှ အစပြုကာ မြောက်ဦခေတ်၏ နောက်ဆုံးဘုရင်ဖြစ်သော မဟာသမတရာဇာ(ခေါ်) အဂ္ဂေါပုညဇောရာဇာမင်းအထိ (အစဉ်စာ) စကားရပ်ကို မချိုးမဖောက်ဘဲ စဉ်ဆက်မပြတ် ရေးထိုးခပ်နှိပ်ခဲ့ကြသည်။
“ရွှေနန်းသခင်” ဟူသောစကားရပ် (အစဉ်စာ) ကို ရေးထိုးသောကာလ၌ ( ဆင်ဖြူသျှင်၊ ဆင်ဖြူသခင်၊ ဆင်နီသခင်) ဟူ သော စကားရပ် ကြားဖောက်ရေးထိုး ခပ်နှိပ်လေ့မရှိကြပေ။

ခြွင်းချက် အနေဖြင့် (ရခိုင်သက္ကရာဇ် ၁၁၃၉ ) ခုနှစ်တွင် နန်းတက်လာ သော စန္ဒသဒိသရာဇာမင်းသည် ဒင်္ဂါးနှစ်မျိုး ခပ်နှိပ်ခဲ့ပြီး၊ ပထမဒင်္ဂါး၌ (၁၁၃၉ ရွှေနန်းသခင် စန္ဒသဒိသရာဇာ)ဟု ရေးထိုးခပ်နှိပ်ထား ပြီး၊ ဒုတိယအကြိမ် ခပ်နှိပ်သောဒင်္ဂါးတွင် (၁၁၄၀ ရွှေပြည်သခင် ဓမ္မရာဇ်ရာဇာ) ဟူ၍ ရေးထိုးခပ်နှိပ်ခဲ့သည်။
ဤကား ပထမ-ဒုတိယ-တတိယ မြောက်ဦးခေတ်၌ စိုးစံအုပ်ချုပ်ခဲ့သော မင်းများသည် (အစဉ်စာ) အတိုင်း ဒင်္ဂါးများကို စဉ် ဆက်မပြတ် ခပ်နှိပ်ခဲ့ကြ သည်ကို ဖော်ပြခြင်းဖြစ်သည်။

အဓိကတင်ပြလိုသည်မှာ ရခိုင်သမိုင်းစာအုပ်စာတမ်းတစ်ချို့တွင် (အက္ခရာ-အစဉ်စာ) နှင့်လည်းကောင်း၊(ဘွဲ့တော်အစဉ် စာ) နှင့်လည်းကောင်း ကွဲလွဲနေေ သာ ဒင်္ဂါးများ ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းဒင်္ဂါးများမှာ -
၁။ ၇၉၂ ရွှေနန်းသခင် နာရမိတ်လှရာဇာ (မင်းစောမွန် ဒင်္ဂါး)၊
၂။ ၇၉၅ ရွှေနန်းသခင် နာရမိတ်လှရာဇာ (မင်းစောမွန်ဒင်္ဂါး)
၃။ ၈၇၇ ရွှေနန်းသခင်စောမွန်ရာဇာ (မင်းစောအိုဒင်္ဂါး) တို့ ဖြစ်ကြသည်။ (ပုံ-၄) 
 

 

တစ်ဘက်တွင်ဖော်ပြခဲ့သော (ပုံ-၄) ဒင်္ဂါးသုံးပြားကို (အက္ခရာ - အစဉ်စာ) ဖြင့်လည်းကောင်း၊ (ဘွဲ့တော်-အစဉ်စာ) ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြပါမည်။
(ပုံ-၄) ဒင်္ဂါးသုံးပြားပါ (၇၉၂-ရွှေနန်းသခင် နရမိတ်လှရာ)၊ (၇၉၅-ရွှေနန်းသခင် နရမိတ်လှရာ)၊ နှင့် (၈၇၇- ရွှေနန်း သခင် စောမွန်ရာဇာ) မင်းအမည်များသည် ပထမ-မြောက်ဦးခေတ်မှ မင်းများ ဖြစ်ကြသည်။ တိတိကျကျ ပြောရလျှင် မင်းစောမွန် ဆိုသည်မှာ မြောက်ဦးမြို့တည် မင်းဖြစ်ပြီး၊ မင်းစောအိုဆိုသည်မှာ မြောက်ဦးမင်းဆက်၌ မင်းစဉ်အမှတ် (၆) မင်းဖြစ်သည်။

(အက္ခရာ-အစဉ်စာ) ဖြင့် တင်ပြခြင်း
=====================

ထိုမင်းစောမွန်နှင့် မင်းစောအို တို့ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ ရေးထိုးပါရှိသော (အက္ခရာ အစဉ်စာ) ကို ဦးစွာ ရှင်းလင်းတင်ပြရလျှင် ထိုဒင်္ဂါးများတွင် နှစ်ဘက်စလုံး၌ “ရက္ခ၀ဏ္ဏ အက္ခရာ” ဖြင့် ရေးထိုးထားသည် ကိုတွေ့မြင်နိုင်သည်။ မြောက်ဦးခေတ်အစော ပိုင်းဒင်္ဂါးများဖြစ်သည့် ဘစောဖြူ မင်းဒင်္ဂါး၊ မင်းဒေါလျာဒင်္ဂါး၊ စလင်္ကာသူ(ခ) သိင်္ဂသူဒင်္ဂါး၊ မင်းရာဇာဒင်္ဂါး၊ ဂဇာပ တိဒင်္ဂါး၊သဇာတမင်း ဒင်္ဂါး၊ မင်းဘာကြီး စသော ဒင်္ဂါးတို့၌ နှစ်ဘက်စလုံးတွင် ပါရှန်စာဖြင့်သာ “အစဉ်စာ” ကို မင်းစဉ်အတိုင်း ရေးထိုးခပ်နှိပ်ကြသည်။
ယခုဖော်ပြပါသော မင်းစောမွန်ဒင်္ဂါးနှင့် မင်းစောအိုဒင်္ဂါးတို့မှာ မြောက်ဦးခေတ်အစောပိုင်းဒင်္ဂါးများဖြစ်သော်လည်း ဒင်္ဂါးနှစ်ဘက် စလုံး၌ “ရက္ခ၀ဏ္ဏအက္ခရာ” ဖြင့် ရေးထိုးထားသည်မှာ မြောက်ဦးခေတ်အစောပိုင်းေ ရးထုံးဖြစ်သော “ ပါရှန် အစဉ်စာ ” နှင့် ကွဲလွဲ နေသည်။ ဒင်္ဂါးပါ လက်ရေး လက်သားမှာလည်း တတိယမြောက်ဦးခေတ်၏ လက်ရေးလက်သားပုံစံဖြင့် တူညီနေသည်ကိုတွေ့မြင် နိုင်သည်။

(ဘွဲ့တော်- အစဉ်စာ) ဖြင့် တင်ပြခြင်း
====================
မြောက်ဦးခေတ်အစောပိုင်းမှ မြောက်ဦးခေတ်အလယ်ပိုင်းထိ တွေ့ရှိပြီးဖြစ်သောဒင်္ဂါးများ၌ “ ဆင်ဖြူသျှင် ” ဟူသော ဘွဲ့ တော် စကားရပ်ကို (အစဉ်စာ) အဖြစ် ဘစောဖြူမင်း ဒင်္ဂါးမှ သီရိသုဓမ္မရာဇာမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးအထိ စဉ်ဆက်မပြတ် ရေးထိုး ခပ်နှိပ်ခဲ့ကြသည်။
“ဆင်ဖြူသျှင်” ခေတ်ပြီးနောက် မြောက်ဦခေတ်လယ်မင်းများဖြစ်သော ၊ မင်းခမောင်း ဒုတိယအကြိမ် ခပ်နှိပ်သောဒင်္ဂါးမှ စ၍ သီရိသုဓမ္မရာမင်းဒင်္ဂါး၊ နရာပတိကြီးမင်းဒင်္ဂါး၊ သတိုးမင်းတရားဒင်္ဂါးအထိ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ လည်း ဘွဲ့တော်၏အမည်ကို “ဆင်ဖြူသခင်၊ ဆင်နီသခင်” ဟူ၍သာ (အစဉ်စာ) အဖြစ် ရေးထိုးခပ်နှိပ်ကြသည်။ 
 
ယခုဖော်ပြသော (ပုံ-၄) မင်းစောမွန်ဒင်္ဂါးနှင့် မင်းစောအိုဒင်္ဂါး တို့မှာ မြောက်ဦးခေတ်အစောပိုင်းဒင်္ဂါးများဖြစ်ကြသော်လည်း “ ရွှေနန်း သခင်”ဟု ရေးထိုးခပ်နှိပ်ထားသည်မှာ ပထမမြောက်ဦးခေတ် (ဆင်ဖြူသျှင်- အစဉ်စာ) နှင့်လည်းကောင်း၊ ဒုတိယမြောက်ဦးခေတ် (ဆင်ဖြူသခင်၊ ဆင်နီသခင်-အစဉ်စာ) နှင့် ကွဲလွဲနေသည်ကို တွေ့မြင်နိုင်သည်။
တတိယ မြောက်ဦးခေတ်၌ စန္ဒသုဓမ္မရာဇာမင်းဒင်္ဂါးတွင် စတင်ရေး ထိုးခပ်နှိပ်ခဲ့သော “ရွှေနန်းသခင်” ဟူသော(အစဉ်စာ) ကို ဆက်ခံလာကြ သည်မှာ မြောက်ဦးခေတ်၏ နောက်ဆုံးမင်းဖြစ်သော မဟာသမတရာဇာ(ခေါ်) အဂ္ဂေါပုညဇောရာဇာမင်းအထိဖြစ် အထိ ဖြစ်လေသည်။
ထိုထိုသောမင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများတွင် “ရွှေနန်းသခင်” ဟူသော ဘွဲ့တော်ကို (အစဉ်စာ) အဖြစ်ရေးထိုးကြသည်။ (အက္ခရာ-အစဉ်စာ) ကိုလည်း ဒင်္ဂါးနှစ်ဘက်စလုံး၌ ရက္ခ၀ဏ္ဏ ဖြင့် ရေးထိုးခပ်နှိပ်ကြသည်။
ပထမ မြောက်ဦးခေတ်မင်းများဖြစ်သော မင်းစောမွန် ဒင်္ဂါးနှစ်ပြားနှင့် မင်းစောအို ဒင်္ဂါးတစ်ပြားတွင် တတိယမြောက်ဦး ခေတ်၏ “ရွှေနန်းသခင်” ဘွဲ့တော် (အစဉ်စာ) ကို ရေးထိုးထားပြီး၊ ဒင်္ဂါးနှစ်ဘက်စလုံး၌လည်း တတိယမြောက်ဦးခေတ် ဒင်္ဂါးများ၏ “ရက္ခ၀ဏ္ဏ အက္ခရာ” (အစဉ်စာ) ဖြင့် ရေးထိုးသည်ကို တွေ့မြင်နိုင်သည်။ 
 
နဂုံးချုပ်အနေဖြင့် ပြောရလျှင်
(၇၉၂-ရွှေနန်းသခင် နရမိတ်လှရာဇာ ) ဒင်္ဂါး၊
(၇၉၂-ရွှေနန်းသခင် နရမိတ်လှရာဇာ )ဒင်္ဂါး၊
(၈၇၇- ရွှေနန်းသခင်စောမွန်ရာဇာ) ဒင်္ဂါးတို့မှာ မြောက်ဦးခေတ်ဘုရင်များ ခပ်နှိပ်ခဲ့သောဒင်္ဂါးများ၏ (အက္ခရာ-အစဉ်စာ) နှင့် ကိုက် ညီခြင်းမရှိသလို၊ (ဘွဲ့တော် - အစဉ်စာ)နှင့်လည်း ကွဲလွဲနေကြသည်မှာ ဧကန်အမှန်ဖြစ်လေသည်။ 
 
ထို့ကြောင့် ရွှေနန်းသခင်နရမိတ်လှရာဇာ ဒင်္ဂါးနှင့် ရွှေနန်းသခင်ေ စာမွန်ရာဇာ ဒင်္ဂါးတို့သည် “အတုလား၊ အစစ်လား” ဆို သည်ကို စာဖတ်သူသာ ခွဲခြမ်းစိပ်ဖြာ ဝေဖန်သုံးသပ် သိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ပါသည်။

ကျမ်းကိုး-
၁။ ရခိုင်ပြည်နယ်၊ ပြည်သူ့ကောင်စီ။ (၁၉၈၄)။ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း။ (ကန့်သတ်)
၂။ ရွှေစံ ၊ဦး။B.Sc.,B.C.S ။ - (၂၀၁၁)။ရခိုင်သမိုင်းအလင်းပြကျမ်း။ Migadawon Myanmar Tample India.
၃။ ဦးဦးသာထွန်း၊ ဦးကျော်ထွန်းအောင် (၂၀၁၇)။ ရခိုင်ကျောက်စာပေါင်းချုပ်။
၎။ စံသာအောင်၊ဦး၊(မဟာဝိဇ္ဂာ-ဟားဗတ်)။- (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။
၅။ စန္ဒမာလာလင်္ကာရ၊အရှင်-ရမ်းဗြဲတောင်ကျောင်း။ (မ-၁၂၉၂)။ ရခိုင်ရာဇ၀င်သစ်ကျမ်း။ မန္တလေးမြို့။ ဟံသာဝတီပုံနှိပ်တိုက်။ ၆။ Mitchiner,Michael. The Land of Water Coinage and History of Bangladesh And Later Arakan Circa 300 BC to the Present day.
၇။ Robinson and Lewis Shaw,(1980), The Coins and Banknotes of Burma.

No comments:

Post a Comment